← Chapters

အဆင့်မြင့်အဖွဲ့မှာ ပါဝင်ခြင်း

Vol. 5 Ch. 69

အဆင့်မြင့်အဖွဲ့မှာ ပါဝင်ခြင်း

Vol. 5 Ch. 69

ရှောက်ရွှမ်က သူ့ဒုတိယအမဲလိုက်ခရီးထွက်ရတော့မည်။ သူက လောင်ခဲ့အသစ်ထွင်ထားတဲ့ အတွဲလိုက်ထောင်ခြောက်တွေနဲ့ လုပ်ချင်သော်လည်း သူ့မှာထောင်ခြောက်တွေ၊ ကြိုးတွေနေရာချဖို့ အချိန်အလုံအလောက်မရှိပါပေ။ နီးကပ်လာပြီဖြစ်သော်လည်း အချိန်အကန့်အသတ်ရှိသည်။ အခြားအဖွဲ့ထွက်သွားသည်မှာ ၁၉ရက်သာ ရှိသေးလေပြီး ရက်အနည်းငယ်အတွင်း သူတို့ပြန်လာလိမ့်မည်။ ယခု ရှောက်ရွှမ် အမဲလိုက်အဖွဲ့က စစ်သည်တော်အားလုံးထွက်ခွာဖို့ ပြင်ဆင်နေကြလေပြီ ။

ဒါက ရှောက်ရွှမ် ပါဝင်တဲ့ ဒုတိယမြောက် အမဲလိုက်ခရီးဖြစ်ပြီး တတိယအမဲလိုက်ခရီးကလည်း ဒီနှစ်ထဲတွင်ပင်ဖြစ်ပေမည်။ ရိုးရာအဆင့်သတ်မှတ်ချက်အရ ယခုအချိန်တွင် စွမ်းအင်နိုးထကာစ စစ်သည်တော်လေးများ ပိုမိုပါဝင်လာကြပေမည်။ စစ်သည်တော်အသစ်လေးများကို ကြည့်ရှူစောင့်ရှောက်ရန် အတွေ့အကြုံရှိစစ်သည်တော်များကိုလည်း သူတို့ကြီးကြပ်သူအဖြစ် တွဲပေးထားသည်။ ထို့အတွက် နောက်ဆုံးတစ်ခါကထက် အမဲလိုက်အုပ်စုထဲမှာ စစ်သည်တော် အယောက်ငါးဆယ်လောက်ပိုပါလာနိုင်သည်ဟု ရှောက်ရွှမ် မျှော်မှန်းထားသည်။

ဥပမာ ရှောက်ရွှမ်နှင့်ပြသာနာဖြစ်ဖူးတဲ့ စိုင်နဲ့ သူ့သားကိုလေ့ကျင့်ပေးဖို့ ပြီးခဲ့တဲ့အမဲလိုက်ခရီးတစ်ချို့ကို မလိုက်ခဲ့တဲ့ သူ့အဖေကလည်း ဒီအမဲလိုက်ခရီးတွင်ပါဝင်လာပေမည်။ ကံကောင်းစွာပင် တောင်ပေါ်နဲ့တောင်ဘေးကလူတွေလို အစားအစာအများအပြား မသိုလှောင်နိုင်တဲ့ တောင်ခြေကလူတွေကငါးဖမ်းထွက်နိုင်ပေသည်။

ထို့ကြောင့် သူတို့က ရေထဲက ငါးတွေကိုသာ အာရုံစိုက်ထားလေသည်။ ငါးများမှာ တောထဲက သားရဲများနှင့်ယှဥ်နိုင်စရာ စွမ်းအင်ပါဝင်မှုမရှိသော်လည်း ဒေသခံများကိုတော့ ဆာလောင်ခြင်းမှ ကင်းစေသည်။

ရှောက်ရွှမ်က ဒီရက်တွေမှာ သူ့အတွက် သုံးဖို့လိုတဲ့ ကျောက်ထည်အပိုင်းအစတွေထွင်းထုနေရသည့်အတွက် လောင်ခဲ့က ရှောက်ရွှမ်ကို လေ့ကျင့်ရေးကွင်းသို့ သွားဖို့မပြောတော့ပေ။ ၎င်းကျောက်တုံးတို့မှာ ဘိုးဘေးတွေကို တွေ့ခဲ့သည့်အတွက် အကြီးအကဲနဲ့နတ်ဆေးဆရာတို့ကပေးတဲ့ ကျောက်တုံးများဖြစ်ပေသည်။ ၎င်းတို့က ထွက်လာတဲ့ ကျောက်ထည်များမှာလည်း သဘာဝကျစွာ အရည်အသွေးကောင်းလေသည်။

ဆီဆာကလည်း ရှောက်ရွှမ် သွားရတော့မည်ကို အာရုံရသည့်အလား ဒီရက်တွေမှာ သူဘယ်သွားသွား သူ့နောက်ကိုသာ ကပ်လိုက်နေလေသည် ။ တခါတလေ သူက ကလေးဆိုးလေးလိုပင် သူ့နှာခေါင်းနဲ့ခေါင်းကို ရှောက်ရွှမ် လက်ကြားထဲ တွယ်ကပ်နေသည်။

ရှောက်ရွှမ်က သူစိတ်ထင်တာလားမသေချာပေမဲ့ ပြီးခဲ့တဲ့ဆယ်ရက်မှာ သားရဲဆိုးကြီးတွေရဲ့အသားကို ကျွေးခဲ့ပြီးတဲ့နောက် ဆီဆာက အရင်ကထက် ပိုထွားလာကာ ပိုအားသန်လာလေသည်။ ဆီဆာကလည်း ထိုအသားများကို အလွန်ကြိုက်လေပြီး အထူးသဖြင့် ဟေးစစ်ဖုန်းအသားကိုပိုကြိုက်လေသည်။ ဒါတွေစားပြီးတဲ့နောက် သူက ငါးစားဖို့ပင်တစ်ခါတစ်လေငြင်းလေသည်။ သူက ချေးများလာလေ၏ ။

သူ့ တဲလေးထဲမှာ အသားအများကြီးကျန်နေသေးရာ အများစုကို ရှောက်ရွှမ်က လောင်ခဲ့နေရာသို့ယူသွားလေသည်။ ၎င်းက ဆယ်ရက်ကျော်မျှပင် စားဖို့လုံလောက်ပါပေသည့်အတွက် ရှောက်ရွှမ်က လောင်ခဲ့နဲ့ဝံပုလွေတို့ရိက္ခာအတွက် သူအမဲလိုက်ခရီးထွက်နေချိန်စိုးရိမ်စရာမလိုတော့ပေ။

ရှောက်ရွှမ်က လောင်ခဲ့နဲ့ ဘယ်သားရဲက ဘယ်ထောင်ခြောက်နဲ့သင့်တော်သလဲ ဆွေးနွေးနေစဥ် အပြင်က သူ့နာမည်ကိုတစ်ယောက်ယောက်ခေါ်သံကြားလိုက်ရသည်။

လောင်ခဲ့က တံခါးဘက်ကို ခေါင်းညိတ်ပြကာ ရှောက်ရွှမ်ကို သွားကြည့်ဖို့ညွှန်ပြလိုက်သည်။ရှောင်ရွှမ် ကန့်လန့်ကာကို မ ကြည့်လိုက်သောအခါ ထွော်က တံခါးအပြင်မှာရပ်နေပြီး ဒီတစ်ခါတော့ ခဲ့ခဲ့မပါပါချေ။

" မင်း တဲကိုအရင်သွားလိုက်သေးတယ် ၊ ဘယ်သူမှမရှိတာနဲ့ ငါထင်တဲ့အတိုင်း ဒီမှာရှိနေတာပဲ "

ထွော်က ရှောက်ရွှမ် ကိုလက်လှမ်းပြသည်။

" နတ်ဆေးဆရာက မင်းကိုခေါ်ခိုင်းလိုက်လို့ "

လောင်ခဲ့ မျက်တောင်ခတ်လိုက်ပြီး လုပ်လက်စအလုပ်ကိုရပ်လိုက်သည်။

နတ်ဆေးဆရာက ခေါ်သည်ဆိုမှတော့ ငြင်းဆန်ဖို့အကြောင်းပြချက်မရှိပေ။ ရှောက်ရွှမ်က လောင်ခဲ့ကိုပြောပြပြီး သူ တောင်ပေါ်ကို ထွော်နဲ့လိုက်သွားတဲ့အချိန် ဆီဆာကိုအထဲဝင်ဖို့ပြောလိုက်သည်။

သူတို့က နောက်အမဲလိုက်ခရီးကို ထွက်ဖို့ပြင်နေချိန် နတ်ဆေးဆရာက ဘာကြောင့်သူ့ကို အခုဆင့်ခေါ်ရသလဲ?

အောက်မေ့ခြင်း အခမ်းအနားတုန်းက သူ့ကိုဘိုးဘေးတွေအကြောင်းမေးတဲ့ ကျောက်အခန်းထဲကို ဝင်လာခဲ့သည်။ ဒါက နတ်ဆေးဆရာရဲ့ဧည့်ခန်းဖြစ်ပြီး ဒီမှာပင် ဧည့်ခံစကားပြောကြသည်။

အဖွဲ့ခေါင်းဆောင် ထာ့က အခန်းအပြင်မှာ ရပ်နေပြီး ရှောက်ရွှမ်ကိုမြင်တဲ့အခါ ခဲခဲယဥ်းယဥ်းပြုံးပြလေသည်။

ထွော်က အခန်းထဲ မဝင်ပဲ နတ်ဆေးဆရာက အထဲမှာစောင့်နေလေသည်။ သူက ကောက်ရိုးမွေ့ရာပေါ်မှာ ထိုင်နေပြီး အလွန်နူးညံ့ကြင်နာတဲ့အပြုံးနဲ့ပြုံးနေလေသည် ။ အနီးကပ်ကြည့်မယ်ဆိုရင်တောင် သူဘာကိုပြောမှာလဲကို ခန့်မှန်းကြည့်ဖို့ရာ မဖြစ်နိုင်ပါပေ။

ရှောက်ရွှမ် ဝင်လာတာကို မြင်တဲ့အခါ နတ်ဆေးဆရာက သူ့ရှေ့က တခြားကောက်ရိုးမွေ့ရာပေါ်မှာ ရှောက်ရွှမ် ထိုင်ဖို့ညွှန်ပြလိုက်သည်။

အရိုအသေပေးပြီးတဲ့နောက်မှာ ရှောက်ရွှမ်က တင်ပုလ္လင်ထိုင်လိုက်ပြီး နတ်ဆေးဆရာ စကားစတာကိုစောင့်နေလိုက်သည်။

နတ်ဆေးဆရာက ရှောက်ရွှမ်ကို အသံတိတ်ကြည့်နေပြီး ဘာမှမပြောပေ။ ရှောက်ရွှမ်ကလည်း အသံတိတ်စောင့်ဆိုင်းနေသည်ပင် ။ သူက စောင့်ဆိုင်းရမည်ကို ကြိုပြင်ဆင်ထားသည့်အတွက် လောခြင်းမရှိပါပေ။

ခဏကြာသော် နတ်ဆေးဆရာ မျက်နှာမှာ အပြုံးရိပ်ပိုထင်လာပြီး သူ့ပါးစပ်ကိုဖြေးဖြေးချင်းဖွင့်ကာ

" မင်း နတ်အမှတ်အသား ပြပါဦး "

သူက ထာ့ကို တံခါးဝမှာ မြင်ကတည်းက ကြိုတင်ပြင်ဆင်ထားသည့်အတွက် အနည်းငယ်မျှ အံ့သြခြင်းမရှိပါပေ ။ သူ့ကိုယ်ထဲက နတ်စွမ်းအင်ကို နှိုးလိုက်သည်နှင့် နတ်အမှတ်အသားတွေက သူ့မျက်နှာမှာပေါ်လာလေသည်။ တချိန်တည်း နတ်အမှတ်အသားက သူဖုံးမထားတဲ့ ပခုံးနဲ့လက်မောင်းတွေပါ တက်လာပြီး အမှတ်အသားက ပခုံးကို လက်တစ်ဖဝါးစာမျှ ကျော်နေလေသည်။

ရှောက်ရွှမ် ပခုံးထက်က နတ်အမှတ်အသားကို မြင်တဲ့အခါ နတ်ဆေးဆရာက ခေါင်းညိတ်ကာ

" အထင်ကြီးစရာပဲ ၊ ထာ့က မင်းကို သူ့အမဲလိုက်အဖွဲ့ထဲ ထည့်ဖို့လာမေးတာ အံ့သြစရာမရှိပါဘူး "

အဆင့်မြင့် အဖွဲ့လားရှောက်ရွှမ်က မျှော်လင့်ချက်များ ရှိသော်လည်း လန်ကာ့နဲ့အခြားသူတွေဆီက အဆင့်မြင့်အဖွဲ့ထဲ ပါရန်အရွေးခံရဖို့ ခက်ခဲသည်ကို သူကြားရတဲ့နောက် သူကအခုမှနိုးထကာစသူမို့လို့ အရွေးခံရမှာမဟုတ်ဟု ခံစားရသည်။ သို့သော် မထင်မှတ်ထားပဲ နတ်ဆေးဆရာက ဒါကြောင့် သူ့ကိုဆင့်ခေါ်လိုက်သည်ပင်။

ရှောက်ရွှမ်က အဆင့်မြင့်နဲ့ရိုးရိုးအဖွဲ့ကြား ကွာခြားချက်များကို မသိပေ ။ အဆင့်မြင့်အဖွဲ့တွေကသာ တာဝန်တွေကို သိရပြီး ဘယ်သူမှမသိရပေ။ သို့သော် လန်ကာ့နှင့်အခြားသူတွေပြောတဲ့ ကောလဟလများအရ အဆင့်မြင့်အဖွဲ့တွေမှာ အခြားအပိုတာဝန်များ ရှိလေသည်။

ဘာပဲဖြစ်ဖြစ် အဆင့်မြင့်အဖွဲ့က အန္တရာယ်တွေ ပိုရင်ဆိုင်ရသည်ဆိုတာကိုတော့ ငြင်းဖွယ်မရှိပေ။ သာမန်အဖွဲ့များတွင် ဖြစ်ပျက်သည့်ကိစ္စတို့ကပင် ရှောက်ရွှမ် အတွက်အာရုံနောက်နေပေသည်။ သူ့ကိုယ်သူလည်း သိပါသည်။ သူက အခြားသူတွေထက် တိုးတက်မှု မြန်သည်ဆိုလျှင်ပင် သူက ဒီနှစ်မှ နိုးထလာတဲ့ အငယ်တန်းမျိုးနွယ်စစ်သည်တော်လေးသာဖြစ်သည်။ ထာ့က သူ့ကို အဖွဲ့ကို နောက်ပြန်ဆွဲထားမယ့်သူဖြစ်မှာကို မစိုးရိမ်ဘူးလား။

သူတို့ဘာတွေ တွေးနေကြပါလိမ့် ၊ ဒီလူတွေကတော့..

" ကျွန်တော့်မှာ အဲ့လိုစွမ်းရည်ရှိမယ်လို့ မထင်ဘူး"

ရှောက်ရွှမ် ကပြောသည်။

'' အမှန်ပဲ ၊ ပုံမှန်ဆိုရင် အဆင့်မြင့်အဖွဲ့ထဲက စစ်သည်တော်တွေအကုန်လုံးက အလယ်တန်းစစ်သည်တော်တွေ ၊ မဟုတ်တောင် အလယ်တန်းစစ်သည်တော်ဖြစ်လုနီးနီးချည်းပဲ ၊ မင်းကတော့ မဟုတ်ဘူး ၊ ဒါပေမဲ့ ထာ့က မင်းစွမ်းရည်ကို တန်ဖိုးထားတယ်၊ ငါ့ဆီ လာပြီး မင်းကို သူ့အမဲလိုက်အဖွဲ့ထဲ ထည့်ဖို့ပြောလာတယ် "

နတ်ဆေးဆရာက ဆိုသည်။

ကျနော့်စွမ်းဆောင်ရည်ကိုတန်ဖိုးထားတယ် ၊ ဘယ်လိုစွမ်းဆောင်ရည်လဲ ၊ ရှောက်ရွှမ် ရှုပ်ထွေးသွားပေမဲ့ သိပ်မကြာမှီ ခန့်မှန်းနိုင်သွားသည်။

ဘာလို့ မျိုးနွယ်စုထဲကလူတွေက သူ့ကိုမနာလိုကြသလဲ။

ဘိုးဘေးတွေရဲ့ကောင်းချီးကြောင့်ပင်။

ရှောက်ရွှမ် စဥ်းစားပြီး နှုတ်ဆိတ်နေသည်ကို မြင်ရသောအခါ နတ်ဆေးဆရာက ဆက်ပြောသည် ။

" မင်း ပူစရာမလိုပါဘူး ၊ ဘယ်သူကမှ မင်းကို အဆင့်မြင့်အဖွဲ့ထဲ အတင်းအကြပ်မဝင်ခိုင်းပါဘူး၊ ထာ့ကိုက ငါမင်းအစားပြောပေးလို့ရတယ် "

သူက ကမ်းလှမ်းတာကို ငြင်းတော့မည်အလုပ်မှာ တခုခုကိုတွေးမိပြီး ခေတ္တတုံ့ဆိုင်းသွားသည်။

" အဆင့်မြင့်အဖွဲ့က လူတွေက ပိုအကျိုးအမြတ်ရလား "

ရှောက်ရွှမ်က မျိုးနွယ်စုထဲမှာ အဆင့်မြင့်အဖွဲ့ဆိုလျှင် တစ်ချို့အခွင့်အရေးတွေရတတ်တာကိုသိလေသည်။ အချို့အကျိုးအမြတ်တွေပိုရတာကို ထားလိုက်ရင်တောင် စွမ်းဆောင်ရည်မြင့်မားတဲ့သူတွေက ပိုကောင်းတဲ့ကုသမှုကို ရကြသည်ပင်ဖြစ်သည်။ ပြီးတော့ မျိုးနွယ်စုခေါင်းဆောင်ပိုင်းတွေကလည်း သူတို့ကိုဆို ဝမ်းသာအားရကူညီတတ်ကြသေးသည်။

" အကျိုးအမြတ်လား "

" ဟုတ်ကဲ့၊ ဥပမာဆို ထွော်မှာ ပိုကောင်းတဲ့ဆေးပင်တွေရှိသလိုမျိုး "

နတ်ဆေးဆရာက ရှောက်ရွှမ်စကားကို ပြုံးကာ

" ဒါပေါ့ ၊ ပိုအကျိုးအမြတ်ရှိပါတယ် ၊ အဆင့်မြင့်အဖွဲ့က စစ်သည်တော်တိုင်း အမဲလိုက်ရင် အကောင်းစားဆေးပင်တစ်ထုပ်ရတယ်၊ ဒါက စစ်သည်တော်တွေရဲ့ ကိုယ်ထဲက ကုသနိုင်စွမ်းကို မြင့်ပေးပြီး ပြန်ကောင်းဖို့ မြန်အောင်လုပ်ပေးတယ်"

" အဲ့ဒီဆေးထုပ်ကို ကြိုပေးတတ်လား "

ရှောက်ရွှမ်ကမေးသည်။

" အမဲလိုက်မထွက်ခင် တစ်ရက်မှာ လူတွေကိုဝေပေးပါတယ် "

နတ်ဆေးဆရာပေးတဲ့ဆေးပင်များက နတ်ဆေးဆရာကသာ ဘယ်လိုအချိုးအဆမှန်မှန်ရောစပ်ရမလဲသိလေသည်။

ရှောက်ရွှမ် က ထိုင်နေဆဲ ဖြစ်ပြီး အလေးအနက်ပြောလေသည်။

" အဖွဲ့ခေါင်းဆောင်ရဲ့ ဗဟုသုတကို လက်ခံရမှာ ကျနော့်အတွက် ဂုဏ်ယူစရာပါ၊ ဒါပေါ့ ကျနော် အဆင့်မြင့်အမဲလိုက်အဖွဲ့ထဲကို ပါပါ့မယ် ၊ ငြင်းစရာအကြောင်း မရှိပါဘူး "

နတ်ဆေးဆရာက ဆွံ့အသွားသည်၊ ဒါဆို ဘာလို့မင်း ခုနကစိတ်ရှုပ်တဲ့ပုံစံလုပ်နေတာလဲဟ?

" ဒါက.."

ရှောက်ရွှမ်ကနည်းနည်းရှက်နေသည့်ပုံ ပြကာ

" ကျွန်တော် တခြားဆေးပင်တစ်မျိုးကော ယူလို့ရမလား "

" တခြားတစ်မျိုးလား ၊ မင်း အမဲလိုက်ခရီးအတွင်းမှာ အလွယ်တကူဒဏ်ရာ ရနိုင်တယ်၊ ပြန်လည်ကုသနိုင်စွမ်းအရှိန်ကလည်း အလွန်အရေးပါတယ် ကုသဆေးပင်သာ မပါရင် အရမ်းအန္တရာယ်များလိမ့်မယ် "

နတ်ဆေးဆရာကပြောသည်။

" သိပါတယ် ၊ ဒါပေမဲ့ ကျနော် တခြားဆေးပင်တစ်မျိုး ရနိုင်မလား "

နတ်ဆေးဆရာက ဒီလိုအသက်ငယ်ငယ်မှာ ဒီလောက်အရေထူတဲ့သူနဲ့မတွေ့ဖူးသည့်အတွက် နည်းနည်းရှုပ်သွားလေသည်။ ရှောက်ရွှမ်အရေထူတဲ့အကြောင်း တစ်ခု၊နှစ်ခုမျှ သိပြီးဖြစ်သော်လည်း ရှောက်ရွှမ် တောင်းဆိုတာနဲ့ ကြုံရတဲ့အခါ နည်းနည်းသာ အံ့သြသွားသည် ။

" ဒီတော့ ဘာလိုချင်လို့လဲ "

နတ်ဆေးဆရာက လေသံပျော့လေးဖြစ်နေတုန်းပင်။

" ကျန်းမာရေးပြန်ကောင်းစေတဲ့ဆေးပင်တွေ ၊ နည်းနည်းလောက်ရှိလား "

သူက ထိုဆေးပင်အမျိုးအစားများကို လောင်ခဲ့အတွက်မေးခြင်းဖြစ်သည် ။ သူ့ထောင်ခြောက်ဆင်သည့် အရည်အချင်းအပေါ်မူတည်လျှင် လောင်ခဲ့စွမ်းရည်တွေက အနည်းငယ်ကျဆင်းနေသည်ကိုသိနိုင်သည်။ သူက အိုစာလာလေပြီ ။ အခန်းထဲမှာ အချိန်ကြာကြာ ကျောက်ထွင်းတတ်သည့်အတွက်လည်း အလုပ်ကြောင့်ရတဲ့ရောဂါရသည်ကလည်းရှိသည်။ ကျန်းမာတဲ့စစ်သည်တော်တွေက ပြန်ကုစားနိုင်စွမ်းရှိပြီး သူတို့ကြံ့ခိုင်တဲ့ခန္ဓာကိုယ်က နာကျင်မှုကိုလျော့ပါးစေနိုင်သည်။ သိူ့သော် လောင်ခဲ့ကတော့ မတူပါချေ။ ရှောက်ရွှမ်က သူမကြာခဏ ခပ်အုပ်အုပ် ချောင်းဆိုးတတ်သံကို ကြားရတတ်လေသည်။

နှစ်အများစုမှာ လောင်ခဲ့က သူ့ကိုယ်သူ သူ့ရဲ့ခပ်မှိန်မှိန်အခန်းထဲမှာ သူ့ကိုယ်သူ ပိတ်ထားလေသည်။ သူ့ခြေထောက်မဆုံးရှုံးခင်က ဤသို့မကြမ်းတမ်းပေ ၊ ပြီးတော့ သူ့ကျောက်ထည်များနဲ့လဲလှယ်တဲ့ အစားအစာမှာ အညံ့စားသားရဲနှင့် အခြားတိရိစ္ဆာန်များပင်ဖြစ်သည်။ လောင်ခဲ့ကအဲ့တုန်းက အလယ်တန်းစစ်သည်တော်လေးသာဖြစ်ပြီး အညံ့စားအစားအသောက်တွေမှာပါတဲ့စွမ်းအင် သူ့လိုအပ်ချက်နဲ့မကိုက်ညီပေ။ အချိန်ကြာလာသောအခါ သန်မာတဲ့အလယ်တန်းစစ်သည်တော်ရဲ့ကိုယ်လုံးကလည်း ယိုယွင်းလာသည်။

ထို့ကြောင့် လောင်ခဲ့က အခြားသူများထက် အရွယ်ကျတာပိုမြန်လေသည်။

ရှောက်ရွှမ် အမဲလိုက်အဖွဲ့တွေမှာ စ ပါနိုင်ကတည်းက သူက အသားအတွက် ပူပင်ရခြင်းမရှိတော့ပေ။ သို့သော် နှစ်ပေါင်းများစွာ နာတာရှည်အဖျား ခံစားလာရလေရာ လောင်ခဲ့က သူပြန်ကျန်းမာစေဖိူ့ သူ့ကိုယ်သူပြုစုရာတွင် ဆေးပင်အတော်များများ သုံးနိုင်လေမည်။ သာမန် ဆေးပင်တွေက အကျိုးမရှိတော့သည့်အတွက် ရှောက်ရွှမ်က ပိုထိရောက်တဲ့ဆေးပင်များကိုနတ်ဆေးဆရာဆီ က ယူချင်ပေသည်။ မျိုးနွယ်စုမှာ အထက်တန်းလွှာများအတွက် ပိုကောင်းသော ကုသမှုမျိုးရှိလေသည်။ ထို့ကြောင့် ပစ္စည်းကောင်းများကို အထက်တန်းလွှာများအတွက်သာ ပေးကြလေသည်။ အခြားသော စစ်သည်တော်များက အကောင်းစားဆေးပင်များ ရခွင့်မရှိပေ ။ အရေအတွက်အကန့်အသတ်နဲ့သာ ရနိုင်ပြီး ရဖို့ကလည်းခက်ခဲပေသည်။ ဒီအချိန်မှာတော့ ရှောက်ရွှမ်မှာလည်း အထက်တန်းအလွှာလို့သတ်မှတ်ခံရနိုင်လေရာ သူကလည်း ၎င်းက အမြတ်ထုတ်ဖို့စဥ်းစားထားသည်။ ထာကြ အဆိုပြုချက်တခုတင်ထားပြီး အကယ်၍ ရှောက်ရွှမ်ကသာ ပယ်ချလိုက်ရင်နောက်တခါထပ်တင်ပေမည်။ အဖွဲ့ခေါင်းဆောင်ဆိုသည်မှာ လွယ်လွယ်လက်လျှော့တတ်သူမဟုတ်ပါပေ။

ရှောက်ရွှမ်က သူ့စိတ်ထဲကနေ သူက အမဲလိုက်ရာမှာ အကူအညီအများကြီးမပေးနိုင်လျှင်ပင် ထာ့ကတော့ သူက ဘိုးဘေးတွေကောင်းချီးပေးခံရတဲ့အတွက်ကြောင့်သာ သူ့ကိုလိုချင်လေရာ သူ့ကိုလုံခြုံအောင်ထားပေမည်ကို သိနေလေသည်။ ထာ့က သူ့လုံခြုံရေးသေချာအောင်လို့ ကျိန်းသေပေါက် အကောင်းဆုံး ကြိုးစားပေမည်။ ဒါ့အပြင် အမဲလိုက်ရလဒ်က သိပ်မကောင်းလျှင်ပင် သူက အမဲလိုက်အဖွဲ့ကအထုတ်ခံရပြီး ပြန်ပြီးပါဝင်ဖို့အခွင့်အရေးက မလွယ်ကူတော့မှန်း မှန်းဆမိသည်။

သို့သော် လောင်ခဲ့က တစ်နေ့တခြား အိုလာပြီးအားနည်းလာလေသည်။

ဒါက အံ့သြစရာအခွင့်အရေးသာဖြစ်သည်။

နတ်ဆေးဆရာက ရှောက်ရွှမ်နဲ့ဧည့်ခန်းထဲမှာ စကားပြောနေလေရာ ထာ့က ကျောက်အခန်းရဲ့ ခပ်ဝေးဝေးကနေ စိတ်ရှည်စွာစောင့်ဆိုင်းနေလေသည်။ သူ သူတို့ဘာပြောနေသည်ကို မကြားရသော်လည်း ရှောက်ရွှမ်ကသာ မပါဖို့ပြောရင် နတ်ဆေးဆရာကလည်း ကျိန်းသေပေါက်သူ့တောင်းဆိူချက်ကို ငြင်းပယ်လိမ့်မည်။

တစ်အောင့်ကြာသော် ရှောက်ရွှမ်က သူ့လက်မှာ သားရေအိတ်လေးကိုင်ကာထွက်လာလေသည်။

ထာ့က ဝင်လာသည်။

" သူပါမယ်လို့ပြောတယ် "

နတ်ဆေးဆရာကပြောသည်။

ထာ့က အတော်လေးပျော်သွားကာ သူရဲ့ကျေးဇူးတင်ခြင်းကို ဖော်ပြရန်ခေါင်းမော့လိုက်သောအခါ နတ်ဆေးဆရာရဲ့ မဲမှောင်နေတဲ့မျက်လုံးများကိုတွေ့ရသည်။

နတ်ဆေးဆရာ မျက်လုံးများကသာမန်သာဖြစ်သော်လည်း ထာ့က များပြားလှတဲ့စိတ်ဖိအားများကိုခံစားလိုက်ရသည်။ နတ်ဆေးဆရာက သူ့အပေါ်ကို အလွန်ဒေါသထွက်နေသည်ကိုလည်း ခံစားရသည်။

နတ်ဆေးဆရာကို ဆက်မကြည့်ရဲသည့်အတွက် သူက တစ်ဖန်ခေါင်းပြန်ငုံ့သွားကာ အရိုအသေပြုလိုက်သည်။

" ကျွန်တော့်ကို ယုံပေးပါ ၊ ကျနော်သူ့ကို လုံလုံခြုံခြုံ ဘေးကင်းကင်း ပြန်ခေါ်လာပါ့မယ် "

နတ်ဆေးဆရာက ဘာမှမပြောပေမဲ့ သူ့လက်ကို ယမ်းကာ ထာ့ကိုထွက်ခွင့်ပြုလိုက်သည်။

သူ ကျောက်အခန်းထဲက ထွက်ပြီးတဲ့နောက် သူ့နဖူးကိုသုတ်လိုက်ရာ ချွေးတွေမှာ လက်ဖဝါးအပြည့်ပင်ဖြစ်နေလေသည်။

All Chapters