စိတ်ချလက်ချသာနေပါ
Vol. 5 Ch. 70
နတ်ဆေးဆရာ က ရှောက်ရွှမ် ကို ကျန်းမာရေးပြန်ကောင်းစေတဲ့ ဆေးပင်တစ်ထုပ်ပေးလိုက်ပေမဲ့ ထိခိုက်ဒဏ်ရာရရင် ကုသဖို့လည်း သူ့ကိုယူသွားခိုင်းလိုက်သည်။ သူက ရှောက်ရွှမ်ကို အမဲလိုက်မထွက်ခင်တရက်လောက်အလိုမှာ ထာ့အိမ်ကိုသွားဖို့လည်းမှာလိုက်သည်။
ဆေးကအထုပ်ကြီးမဟုတ်သော်လည်း အလွန်ရှာရခက်တဲ့ ဆေးပင်အမျိုးအစား အစုံပါဝင်လေသည်။ ဒီတော့ ရှောက်ရွှမ်ကအများကြီးမရပေ ၊ သိူ့သော် နတ်ဆေးဆရာက ဆယ်ရက်စာ ဆေးညွှန်းဟုပြောလေသည်။
သူသာလုံလုံခြုံခြုံ ပြန်လာနိုင်လျှင် သူ့မှာနောက်ထပ်အခွင့်အလမ်းတွေ ရှိနေပြီး သူ အဆင့်မြင့်အဖွဲ့ကနှင်ထုတ်ခံရရင်တောင် သူ့အရင်အမဲလိုက်အဖွဲ့မှာ ပြန်ပါဝင်နိုင်သည်။ ပြီးတော့ သူက အဆင့်မြင့်အမဲလိုက်အဖွဲ့ထဲကလူ မဟုတ်လျှင်ပင် နတ်ဆေးဆရာနဲ့ ဆေးပင်များအလဲအလှယ်လုပ်နိုင်ပေသည် ။ သို့သော် သူက ဆေးရဲ့အကျိုးရလဒ်ကိုစောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည် ။ လောင်ခဲ့က ဒီဆေးသောက်ပြီးရင် ပိုကောင်းလာနိုင်သလား သူမသိပါချေ။
ဒုတိယ အမဲလိုက်အဖွဲ့က နှစ်ဆယ့်တစ်ရက်မြောက်နေ့မှာ အမဲလိုက်ခရီးမှ ပြန်လာခဲ့ပြီး သူံးယောက်မှာ ဆိုးဆိုးဝါးဝါး ထိခိုက်ထားပြီး တယောက်မှာ ပျောက်ဆုံးနေလေသည်။ ပျောက်ဆုံးသည်ဟုဆိုလိုသည်မှာ သူသည်သေသွားပြီးဖြစ်ကာ သူ့အလောင်းကိုရှာမတွေပါဟုဆိုလိုသည်။
ဖြစ်နိုင်တာက ဒီတစ်ခါ အမဲလိုက်အဖွဲ့ ပြသာနာကြီးကြီးမားမားတွေ့လာခဲ့ခြင်း ဖြစ်လိမ့်မည် ။ သို့သော် သူတို့ယူလာတဲ့အမဲများက လူထုစိတ်လှုပ်ရှားမှုကိုပိုတက်ကြွစေသည်။ သေသူနဲ့ ဒဏ်ရာရသူတို့ရဲ့အမျိုးများမှလွဲရင် အခြားစစ်သည်တော်များရဲ့မိသားစုများက အော်ဟစ်ချီးမြှောက်ကြလေသည်။ နောက် ရက်နှစ်ဆယ်စာအတွက် သူတို့စားဖို့သောက်ဖို့မပူရတော့ပေ ။
နေဝင်ချိန်မှာ ထွော်က ရှောက်ရွှမ်ရဲ့တဲကို သတင်းလာပို့လေသည်။
" အားရွှမ် ၊ မင်း မနက်ဖြန် အမဲလိုက်ခရီးထွက်ဖို့အတွက် ဆွေးနွေးဖို့ အဖွဲ့ခေါင်းဆောင်အိမ်ကို သွားသင့်တယ် ၊ ငါတို့သဘက်ခါကျ စထွက်ကြမယ် "
" ဟုတ်ကဲ့..ကျနော်သဘောပေါက်ပါပြီ..ကျေးဇူးပါ "
ထွော်က ကင်းလှည့်နေတဲ့ အခြားစစ်သည်တော်တွေကို သတင်းပေးရန်ကျန်သေးတဲ့အတွက် အထဲကိုတော့ မဝင်ပါချေ။
ရှောက်ရွှမ် က ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သောအခါ ညငှက်များက ထိုအချိန်တွင် ပျံဝဲနေကြပြီး တောင်ခြေမှ လူအားလူံးက သူတို့အိမ်သို့ပင် ပြန်ကြလေပြီ ။ အရင်တုန်းကနဲ့မတူဘဲ တောင်ခြေက ကလေးတွေက သူတို့ပထမဆုံး အမဲလိုက်ခရီးကို သွားရတော့မည့်အတွက် အတော်လေး စိတ်လှုပ်ရှားနေကြလေသည်။ နေ့အချိန်မှာ သူတို့က လေ့ကျင့်ခန်းဆင်းကြရပြီး ညမှသာ သူတို့စိတ်လှုပ်ရှားမှုတွေက ပေါ်ထွက်လာသည်။
ရှောက်ရွှမ် က ပြတင်းပေါက်ကို ပိတ်လိုက်ပြီး ဒီနေ့သူထွင်းလာတဲ့ကျောက်မြှားဖူးများကို နေရာချလိုက်လေသည်။ ပြောကြတာက အဆင့်မြင့်အဖွဲ့က အန္တရာယ်ပိုများတဲ့ တောထဲကို နက်အောင်အမဲလိုက်ထွက်ကြပေမည်။ သိူ့သော် ကွာခြားချက်က ဘာလဲကို ရှောက်ရွှမ် မသိပါပေ ။ ပိုပြီးရက်စက်ကြမ်းတမ်းတဲ့သားရေများလား၊ မဟူတ်ရင် တခြားတခုလား ၊ အဆင့်မြင့်အဖွဲ့ယူလာတဲ့ အမဲများက အတူတူပင်ဖြစ်ပြီး ဘာထူးခြားတာကိုမှ ရှောက်ရွှမ် မတွေ့မိပါချေ။
နောက်တစ်နေ့တွင် ရှောက်ရွှမ်က တောင်ထိပ်က အဆင့်မြင့်အဖွဲ့ထဲက စစ်သည်တော်အများအပြားဆုံကြမည့် ထာ့ရဲ့နေရာကိုသွားလေသည်။
ထူးခြားမှုကို သတိမထားမိခဲ့ကြတဲ့ စစ်သည်တော်အများစုက ရှောက်ရွှမ်ကို သူတို့အမဲလိုက်အဖွဲ့ထဲမှာ ဒီတကြိမ်မြင်ရသည်ကိူ အတော်လေးအံ့သြနေကြလေသည်။ အချို့က သူတ်ို့ပူပင်မှုတွေမြင့်တက်လာပြီး ဆုံးဖြတ်ချက်ကို သံသယဝင်နေကြသည်။ သို့သော် ဆန့်ကျင်မှုအားလုံးကို ထာ့က ဖိနှိပ်ထားလိုက်သည်။
ဆေးပင်အရောအထုပ်ကို ယူပြီးတဲ့နောက် ရှောက်ရွှမ်က အဆင့်မြင့်အဖွဲ့ထဲက အခြားစစ်သည်တော်များနဲ့တွေ့ဆုံလေသည် ။ သိူ့သော် သူတို့က စစ်သည်တော်တယောက်ထက် ကလေးတယောက်အဖြစ်သာ ရှောက်ရွှမ် ကိုမြင်ကြသည့်အတွက် စကားပြောကြခြင်းသိပ်မရှိပါပေ ။ အင်အားချင်းယှဥ်ရင်ပင် ရှောက်ရွှမ် က အမှန်တကယ်အားအနည်းဆုံးဖြစ်ပြီး သူတို့ရဲ့သံသယများ လှောင်ပြောင်မှုများကို ရင်ဆိုင်ရလေသည်။
အမဲလိုက်ခရီးထွက်မယ့်နေ့မှာ ရှောက်ရွှမ်က ဆီဆာကို လောင်ခဲ့အိမ်မှာ ထားခဲ့လေသည်။ လောင်ခဲ့ရဲ့စိုးရိမ်နေတဲ့မျက်နှာကို မြင်ရတဲ့အခါ ရှောက်ရွှမ်က လက်သီးဆုပ်လိုက်ပြီး
" ကျနော့်ကို ယုံပါ ၊ စိတ်ချလက်ချနားနေလို့ရပါတယ် "
သို့သော် ရှောက်ရွှမ် ကတိက လောင်ခဲ့မျှော်လင့်ချက်ကိုရိုက်ချိုးစေကာ ပိုပင် စိုးရိမ်မိသွားလေသည်။
နောက်ဆုံး ဒီကလေး အမဲလိုက်ခရီးမထွက်ခင်ကလည်း စိတ်ချထားလို့ရပါတယ်လို့ပြောခဲ့သည်ပင် ၊ သို့သော် ဟေးစစ်ဖုန်းနဲ့တွေ့ကာ တောင်မှာလည်း လမ်းပျောက်သွားသေးသည် ၊ ပြောကြတာက မိုင်နဲ့အခြားသူတွေ ကသူ့ကိုရှာတွေ့တော့ သူတို့မျက်နှာတွေ ဖြူဖျော့နေကြသည်ပင် ၊ ဒီတခါ အဆင့်မြင့်အဖွဲ့နဲ့ တွဲသွားရပေမည် ၊ ဒါ သူ့ အန္တရာယ်တွေ ပိုရင်ဆိုင်ရမယ်လို့ ဆိုလိုတာမဟူတ်ပါလား ။
စိတ်ချနေပါ တဲ့လား ၊ သောက်ကျိုးနည်းစိတ်ချလက်ချနေပါလား
တောင်ပေါ်ကို ကိရိယာတွေနဲ့တက်ရင်း ရှောက်ရွှမ် ကျောကိုမြင်ရတဲ့အခါ လောင်ခဲ့က တံခါးအရှေ့မှာထိုင်ရင်း စိုးရိမ်ပူပင်မှုတွေနဲ့သူ့စိတ်ထဲမှာ ပြည့်နေလေသည်။
နောက်ဆုံးတစ်ခါတုန်းက အလေ့အထလိုပင် ၊ အားလုံးကစုစည်းကာ မထွက်ခွာခင်မှာ သီချင်းဆိုဖို့လိုအပ်လေသည်။
ရှောက်ရွှမ်က သူပထမအမဲလိုက်ခရီးက ပြန်လာချိန်တည်းက အမဲလိုက်သီချင်းအပေါ် အာရုံအပြည့်အဝထားလိုက်လေသည်။ ဒီအချိန်တော့ သူက သီချင်းဆိုချင်ဟန်ဆောင်မနေတော့ပါချေ။
နတ်ဆရာက သူတို့သီချင်းဆိုနေကြချိန်မှာ အရင်တခါကလို သီချင်းဆိုချင်ဟန်ဆောင်နေသလားသေချာအောင်လို့ ရှောက်ရွှမ် ရှိရာသို့ကြည့်နေလေသည် ။ နတ်ဆေးဆရာကအတော်လေး ကျေနပ်သွားသည်။
သိူ့သော်လည်း နတ်ဆေးဆရာတောင်မှ သူ့ကိုစိုက်မကြည့်နေလျှင်တောင်မှ ရှောက်ရွှမ်က လူအများအာရုံကို ဆွဲဆောင်ပြီးသားဖြစ်နေသည်။ စစ်သည်တော်အားလုံးက သူတို့အစုနဲ့သူတို့ မတ်တပ်ရပ်နေကြလေသည်။ နောက်ဆုံးတခါတုန်းက ရှောက်ရွှမ်က လန်ခါ့ဘေးနားရပ်နေပြီး အခုချိန်မှာတော့ ထွော်နဲ့ခဲ့ခဲ့တို့နှင့်အတူရပ်နေလေသည်။ အခြားစစ်သည်တော်များက ထွော်နဲ့ခဲ့ခဲ့ရဲ့ အဆင့်အတန်းကို သိကြလေရာ ဒါကြောင့်လည်း သူတို့က အံ့သြနေကြခြင်းပေ ။
ဒါက အဆင့်မြင့်အဖွဲ့ပါပင် ၊ ဒီကလေးအားရွှမ်က ပါဖို့များ မေးကြည့်တာလား ၊ အဖွဲ့ခေါင်းဆောင်ကကော ဘာလို့သဘောတူရတာလဲ
ကျိန်းသေတာက လူအတော်များများက ရှောက်ရွှမ်ရဲ့အနေအထားကို မနာလိုကြပေ ။ အထူးသဖြင့် အသစ်ဝင်လာသည့်စစ်သည်တော်များပင် ။ သူတို့အားလုံး အတူတူ နိုးထလာပေမဲ့ ရှောက်ရွှမ်ကတော့ အမဲလိုက်အဖွဲ့ထဲ ဝင်နေရပြီး သူတို့ကတော့ သင်တန်းသားပင်ရှိသေးသည်။ အခု သူတို့ စစ်သည်တော်အသစ်များဖြစ်လာချိန်တွင် ရှောက်ရွှမ်က အဆင့်မြင့်အဖွဲ့ထဲသို့ပင်ရောက်နေလေသည်။ အံ့သြလွန်းလို့ သူတို့မေးရိုးများပင် မြေပေါ်ပြုတ်ကျတော့မည်ပင်။
မောင် တောင်မှပဲ ဒီနှစ်ထဲမှာ စွမ်းရည်အရှိဆုံးအဖြစ် သတ်မှတ်ခံရသော်လည်း သူ့အဖေက အဆင့်မြင့်အဖွဲ့ထဲသို့ မထည့်ပေးရာ ရှောက်ရွှမ်က ဘယ်လိုများအရွေးချယ်ခံရပါလိမ့်။
စစ်သည်တော်တွေက အသင်းခေါင်းဆောင် ဘာတွေးနေသလဲ မသိကြပေမဲ့ သူတို့ကလေးတွေကို မှာကြားခြင်းကိုမရပ်ပါပေ။ ဥပမာစိုင်းဆိုရင် သူ့အဖိူးဆီမှာ အတော်ခက်ခက်ခဲခဲ သင်ပေးခြင်းခံရလေသည်။
အားဖေးက ဒီတကြိမ်တော့ အသင်းထဲပါမလာပေ ။ ရှောက်ရွှမ် အမဲလိုက်ခရီးကပြန်လာသောအခါ သူကအားဖေးဖင်ကို ကန်ကာ သူ့နံရိုးနည်းနည်းချိုးပစ်လိုက်သည် ။ အားဖေးက ဆယ်ရက်လောက်အိပ်ရာထဲလဲနေပြီး သူ အပြင်ပြန်ထွက်နိုင်ချိန်မှာ မောင်က ရိုက်နှက်လေသည်။ အားဖေးမိသားစုက လောင်ခဲ့နဲ့သွားပြီး စာရင်းရှုပ်နေမည်ကို စိုးရိမ်နေသည့်အတွက် ရှောက်ရွှမ်က သူ့ကိုယ်သူပြန်ထိန်းလိုက်သည် ။ ဒါပေမဲ့ မောင်ကတော့ သူ့အဖေနဲ့ အဖိုးကသူ့နောက်မှာ ရှိလေသည့်အတွက် သူကပိုပြီး အထိန်းအကွပ်မဲ့လေသည်။ ထို့ကြောင့် သူ့ဒဏ်ရာများမှာ လုံးလုံးမသက်သာသေးချိန်တွင် အားဖေးက ထပ်အကန်ခံရလေသည်။ သူကအခုအိမ်မှာ နားနေရပြီး တွဲလိုက်ဖို့ပင် မတတ်နိုင်ပါပေ ။
လူတွေက အားဖေးကသာ ပြသာနာစရှာတာကို သိနေသည့်အတွက် ရှောက်ရွှမ် နဲ့မောင့် လက်စားချေတာကို ဘယ်သူကမှ ဝင်မပါကြပါပေ။
ထို့ကြောင့် အသင်းခေါင်းဆောင်က အားဖေးနဲ့သူ့အဖေကိုအိမ်မှာနေခိုင်းလိုက်ပြီး သူတို့လုပ်ရပ်အပေါ်သူတို့ရောင်ပြန်ဟပ်ခြင်းပင်။
ကျန်းမာတဲ့စစ်သည်တော်တွေတောင်မှ သူတို့သွားနိုင်၊ မသွားနိုင်နဲ့ပတ်သတ်တဲ့စည်းမျဥ်းတွေရှိတဲ့အတွက် အမဲလိုက်တာဝန်တိုင်းကို အတူတွဲသွားခြင်းမရှိပေ။ အုပ်စုခေါင်းဆောင်တိုင်းက သူတို့အုပ်စုရဲ့လူနာမည်စာရင်းကို အသင်းခေါင်းဆောင် ဆုံးဖြတ်ရန်အတွက် အသင်းခေါင်းဆောင်ဆီ သတင်းပို့ရလေသည်။ထို့ကြောင့် အသင်းခေါင်းဆောင်ရဲ့နောက်ဆုံးစစ်ဆေးခြင်းကို မအောင်မြင်တဲ့ဘယ်သူမဆို အိမ်မှာ အေးအေးချမ်းချမ်းနေတာကသာ ပိုကောင်းပေမည်။
ဘာလဲ..သိမ်းထားတဲ့ရိက္ခာတွေမလောက်ဘူးလား
ဒါဆို မင်း ဆာလောင်နေသင့်တယ် ၊ မဆာလောင်ဘူးဆိုတာ ဘာသင်ခန်းစာမှမရဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ
အဖွဲ့ခေါင်းဆောင်ဖြစ်သည့်အလျောက် ထာ့က သူ့အမဲလိုက်အဖွဲ့ရလဒ်က အခြားအဖွဲ့လောက် မကောင်းနိုင်ဘူးဆိုတာကို သူသိနေသည်။ ဒါ့ကြောင့် သူက အခြားသူများ သူ့ကို လှောင်ရယ်စရာဖြစ်နေအောင် အဖွဲ့ကိုနောက်ပြန်ဆွဲနေမယ့်သူကိုသည်းခံမည်မဟူတ်ပါချေ။
ဒီနှစ်မှာ အားဖေးနဲ့သူ့အဖေသည် အမဲလိုက်ခရီးအတွင်းမှာ ဥပမာအဖြစ် ပြောပြနေသည်။ အားဖေးကို ဥပမာထားကာ သတိပေးခြင်းဖြစ်ပြီး တွဲ ပေးထားသောစစ်သည်တော်အသစ်များသည် ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းပြုမူသင့်ပေသည်။
သူတို့အောင်မြင်မှုလမ်းမကနေ ဆင်းလာကြသောအခါ နှစ်ဖက်လူံးကလူများက အလွန်စိတ်လှုပ်ရှားနေကြသည် ။ အထူးသဖြင့် အမဲလိုက်အုပ်စုထဲမှာ သူတို့သားတွေ ၊ ယောကျ်ားတွေပါတဲ့မိန်းမတွေဆို အရမ်းကို အော်ဟစ်နေကြပေသည်။
ရှောက်ရွှမ် သူတို့ကို ကြည့်လိုက်တဲ့အခါ သူက မိန်းမတွေ သူတို့အသံနဲ့ပြိုင်နေကြတယ်လို့ခံစားရသည်။ အချို့ဆို အော်ဟစ်ရင်းပင် အချင်းချင်းရန်ဖြစ်နေကြသေးသည်။ ၎င်းက လူတွေရဲ့ ရိုင်းစိုင်းကြမ်းကြုတ်တဲ့စရိုက်၏ အကောင်းဆုံးဥပမာပင်ဖြစ်သည်။ မျိုးနွယ်စုထဲမှာတော့ ပြသာနာအားလုံးကို အကြမ်းဖက်နည်းနဲ့သာဖြေရှင်းကြလေသည်။
သူတို့တောင်ခြေကိုရောက်တဲ့အခါ ရှောက်ရွှမ်က ဆီဆာ့ကျောပေါ်က လောင်ခဲ့ကို သတိထားမိကာ လက်လှမ်းပြလိုက်ပြီးနောက် အမဲလိုက်အဖွဲ့နဲ့ထွက်ခွာသွားလေသည်။
နောက်ဆုံးတစ်ခါက အတွေ့အကြုံအရ အရှိန်နဲ့ လိုက်ဖို့ မခက်ပါပေ။ သူတို့ အောင်မြင်ခြင်းလမ်းမကို ကျော်သွားတဲ့အခါ အရှိန်စ တင်လိုက်ကြပြီး မျိုးနွယ်စုဒေသခံနေထိုင်ရာ နေရာတို့ကို ကျောခိုင်းခဲ့လေသည်။ သူတို့ မြန်သထက်မြန်အောင် ပြေးကြပြီး ဘယ်သူကမှနောက်မှာ မကျန်ခဲ့ပါပေ ။ စွမ်းအင်နိုးထကာစ စစ်သည်တော် များကိုလည်း ပြီးခဲ့တဲ့ရက်များအတွင်း ကောင်းကောင်းလေ့ကျင့်ပြီးခဲ့ပေသည်။
သူတို့ မျိုးနွယ်စုရဲ့ ကင်းလှည့်တဲ့ဧရိယာကိုကျော်လာပြီးတဲ့နောက် ထာ့က ရပ်ဖို့ပြောပြီး တောထဲမဝင်ခင် ခဏနားကြလေသည်။
ရှောက်ရွှမ်က သူဘာလုပ်ရမလဲကို သိချင်နေသည်၊ သို့သော် ထ့ာစကားကိုနားထောင်ပြီးသည့်နောက် သူလုပ်စရာဘာမှမရှိဘူးဆိုတာကို သဘောပေါက်သွားသည်။ အခြားသူများက သူတို့ကိုယ်ပိုင်တာဝန်များကို လက်ခံယူလိုက်ကြပြီး သူတို့တောထဲဝင်သွားတဲ့အခါ ဘယ်လမ်းကြောင်းကို ဘယ်သူ ကိုင်တွယ်ရမည်ကိုရှင်းရှင်းလင်းလင်းခွဲခြားထားပါသည်။ သို့သော် ရှောက်ရွှမ်မှာတခုလုပ်စရာ ရှိသည်က ထာ့ဘေးနားနေကာ ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်ပင် ။
ရှောက်ရွှမ်က သူက အခြားသူတွေလောက် မသန်မာသေးဘူးဆိုတာကို ဝန်ခံပါသည် ။ ထို့ကြောင့် " ကာကွယ်ပေးမည့်သူလိုသေးတယ် " ဆိုပြီးရယ်နေကြတဲ့သူကိုတော့ ပြန်ငြင်းခုံခြင်းမပြုပဲ ကြည့်နေလိုက်သည်။
ထွော်က ရှောက်ရွှမ်ကိုရယ်နေတဲ့သူတွေကို ကန်လိုက်သည်။ အဖွဲ့ခေါင်းဆောင်က အခြားအဖွဲ့ခေါင်းဆောင်ကို တာဝန်ခွဲဝေပေးနေသည့်အတွက် သူတို့ကို အာရုံမစိုက်နိုင်လေရာ အချို့စစ်သည်တော်များက အတင့်ရဲလာကြသည်။
ဘယ်သူကမှ မတားလျှင် သူတို့စည်းကျော်လာပေလိမ့်မည်။
'' သူတို့ကို လျစ်လျူရှုလိုက် ၊ မင်းဆယ်စုနှစ်တခုလောက်ကြာရင် သူတို့ကို နိုင်သွားလိမ့်မယ် " ထွော်ကသူ့ကို နှစ်သိမ့်ပေးသည်။
" ကိစ္စမရှိဘူး "
ရှောက်ရွှမ်က သရော်ပြုံးပြုံးနေတဲ့ လူအချို့ကို ကြည့်လိုက်ပြီးနောက် ထွော်ဘက်ကို လှည့်လိုက်ကာ
" အဆင့်မြင့်အမဲလိုက်အဖွဲ့က ပိုရက်စက်ပြီးကြမ်းတန်းတဲ့ အဆင့်မြင့်သားရဲတွေကို အမဲလိုက်ကြတာလား "
ထွော်က မေးခွန်းကြောင့် ကြက်သေသေသွားကာ တစ်ခုကို လေးလေးနက်နက်ပြောလိုက်သည် ။
" ငါတို့ အမဲလိုက်ကြတာက သားရဲတွေနဲ့ အဆင့်မြင့်သားရဲတွေပဲလို့ မင်းကို ဘယ်သူပြောလဲ “