← Chapters

ဆက်သွားပြီ

Vol. 5 Ch. 71

ဆက်သွားပြီ

Vol. 5 Ch. 71

သားရဲတွေ ဒါမှမဟုတ် သားရဲဆိုးတွေကို မဟုတ်ဘူးဆိုရင် သူတို့ဘာကို အမဲလိုက်ကြမှာလဲ?

ရှောက်ရွှမ်က စိတ်ရှုပ်သွားပြီး သူမေးကြည့်မလို့လုပ်တဲ့အချိန်မှာ ထာ့က ပြန်ရောက်လာသည်။

သူတို့သာ အဆင့်မြင့်အဖွဲ့ဖြစ်တဲ့အတွက် အခြားအမဲလိုက်အဖွဲ့များထက် လမ်းကြောင်းရှာဖွေရန်အတွက် ပိုစောစောထွက်ဖို့လိုအပ်လေသည်။

" ကောင်းပြီ..အကုန်လုံး သွားဖို့အသင့်ပဲလား "

ထာ့က အဆင့်မြင့်အဖွဲ့က စစ်သည်တော်တွေကို ခေါ်လိုက်သည်။ သူတို့စထွက်တော့မည့်အချိန်မှာ ထာ့က ရှောက်ရွှမ် ဘက်ကိုလှည့်ကာ

" ငါတို့နဲ့အမှီလိုက်နိုင်လား ၊ အရမ်းဖိအားမထားနဲ့ ၊ အဆင့်မြင့်အဖွဲ့က မိုင်တို့လို အခြားအမဲလိုက်အဖွဲ့တွေနဲ့ မတူဘူး "

ထာ့ ဆိုလိုတာက အဆင့်မြင့်အဖွဲ့က ပိုပြီး အရှိန်မြန်ကြပြီး ရှောက်ရွှမ်သာ အခြားသူတွေနဲ့ အမှီမလိုက်နိုင်ဘူးဆိုရင် သူက နည်းနည်းလောက်တော့ သူ့ကို ကူညီပေးနိုင်ကောင်းပေးနိုင်မည်ဟုပင်ဖြစ်သည်။

" အခုတော့ မလိုသေးပါဘူး ၊ ကျွန်တော့်ဘာသာ ကျွန်တော်ပထမဆုံးကြိုးစားကြည့်သင့်တယ်ထင်တယ် "

ရှောက်ရွှမ်က အဆင့်မြင့်အဖွဲ့ရဲ့အမြန်နှုန်းအကြောင်း မသိပေ။ သူလုပ်နိုင်သည်ဟု သူထင်သော်လည်း သူ့ကိုယ်သူယုံကြည်ချက်မလွန်ကဲဖို့ဆုံးဖြတ်ထားသည်။ အကယ်၍ သူသာ အခြားသူများနဲ့ အမှီမလိုက်နိုင်ရင် ဘယ်လိုလုပ်မလဲ ၊ သူက သူ့စကားနဲ့သူ ဒုက္ခရောက်နေပေလိမ့်မည်။

ထာ့က ရှောက်ရွှမ် အဖြေကို နှုတ်ဆိတ်နေကာ အခြားအဖွဲ့ကခေါင်းဆောင်တွေကို လက်ဟန်ခြေဟန်ပြပြီး စစ်သည်တော်တွေကို တောထဲဦးဆောင်ခေါ်သွားလေသည်။ မျက်စိတမှိတ်အတွင်းမှာ စစ်သည်တော်အယောက်လေးဆယ်တို့က စိမ်းလန်းတဲ့တောင်တောကြီးထဲမှာ ပျောက်ကွယ်သွားသည်။

နောက်ဆုံးတော့ ရှောက်ရွှမ်က အဆင့်မြင့်အဖွဲ့ထဲက တစ်စိတ်တစ်ပိုင်းဖြစ်ရတာ ဘယ်လိုလဲကို သိသွားသည်။ အဆင့်မြင့်အဖွဲ့က အခြားအဖွဲ့တွေနဲ့မတူဘူးဟုပြောသည်။ ရှောက်ရွှမ် အခုသဘောပေါက်သွားတာက ၎င်းတို့က ပုံမှန်လျှပ်စစ်ကားတစ်စီးနဲ့ အရှိန်ပြည့်မောင်းနေတဲ့ ဆိုင်ကယ်တစီးကို နှိုင်းယှဥ်ရခြင်းနဲ့တူလေသည်။ သူ့မှာ ပတ်ဝန်းကျင်ကို အာရုံစိုက်ဖို့ပင် အချိန်မရှိပါပေ။

ကံကောင်းထောက်မစွာနဲ့ ရှောက်ရွှမ် က ဒီရက်တွေမှာ အလျင်အမြန်တိုးတက်ခဲ့သည်။ သူ့အမြန်နှုန်းက သူ နိုးထကာစကနဲ့ယှဥ်ရင် တကယ်ပို၍မြန်လာလေသည်။ မဟုတ်ပါက သူအဆင့်မြင့်အဖွဲ့နောက်တွင် ကျန်ခဲ့ပေလိမ့်မည်။

သူတို့က ဒီနေရာကို အချိန်တိုအတွင်း စစ်သည်တော်တွေကို အန္တရာယ်ရှိစေမည့် အဆင့်မြင့်သားရဲများနဲ့ အခြားအရာများ ရှိနေသလား စစ်ဆေးဖို့လိုအပ်လေသည်။ အဆင့်မြင့်အဖွဲ့က အဖွဲ့ဝင်တိုင်းက သူတို့အစီအစဥ်ချထားတဲ့ ပန်းတိုင်များကိုထွက်သွားကြလေသည်။ ထို့ကြောင့် အယောက်လေးဆယ် အဖွဲ့တစ်ခုလုံး အပိုင်းပိုင်းခွဲကာ စက္ကန့်ပိုင်းအတွင်း ပျောက်သွားကြသည်။ ရှောက်ရွှမ် က ထာ့နဲ့ အားစွော်လို့ခေါ်တဲ့ ထွော်တို့ခဲ့ခဲ့တို့နဲ့ရွယ်တူ အခြားစစ်သည်တော် တယောက်ကိုသာ မြင်လေသည်။

ရှောက်ရွှမ်ကလွဲရင် အခြားစစ်သည်တော်များက နှစ်ယောက်တဖွဲ့အဖွဲ့ခွဲကာ ကင်းထောက်လှမ်းခြင်းလုပ်ကြလေသည်။ သူတို့ကင်းထောက်ရမယ့်နေရာတို့ကိုလည်း အရင်တည်းက သူတို့သိထားကြသည်။

သူတို့ အချိန်တခုအထိ ပြေးပြီးသည့်နောက် ထာ့က သူတို့စုရပ်မှည ရပ်လိုက်သည်။ ထို့နောက် အခြားစစ်သည်တော်များကလည်း ရှာဖွေပြီးတဲ့နောက် ဒီနေရာမှာ လာဆုံကြလေသည်။

" အားစွော်..ငါ ကင်းထောက်နေတဲ့အချိန် မင်းသူ့ကို ဂရုစိုက်ထားလိုက် "

ထာ့က ဤသို့ပြောပြောချင်း ထွက်သွားလေသည်။

ရှောက်ရွှမ် သူတို့ကို အမှီလိုက်နိုင်နေခြင်းမှာ ထာ့က နည်းနည်း အရှိန်နှေးထားသည့်အတွက်ကြောင့်သာဖြစ်သည်။ သူက ရက်စက်တဲ့သားရဲဆိုးတွေနဲ့သာ တွေ့ရရင် သူအသက်ရှင်နိုင်ဖို့အတွက်အားစွော်ကို ရှောက်ရွှမ်နဲ့နေပေးဖို့ အမိန့်ပေးထားသည်။ ထိုအချိန် ထာ့ကတော့ ဒီနယ်မြေကို ကင်းထောက်ဖို့ သူ့ကိုယ်သူ လျာထားလိုက်သည်။

အားစွော်က ထွော်နဲ့အလွန်နီးစပ်သော်လည်း သူကရှောက်ရွှမ်ကို သေချာအသိအမှတ်ပြုခြင်းမရှိပေ။ တောထဲ မဝင်ခင်မှာ သူက ဒီကလေးကိုလှောင်နေသည့်လူထဲက တယောက်ပါပင်။ အခုမှ နိုးထကာစ စစ်သည်တော်လေးက ဘာအကူအညီရမှာတဲ့လဲ ၊ အဖွဲ့ခေါင်းဆောင်ရဲ့ ဖော်ပြချက်ကိုအခြေခံရင် ဒီကလေးက လာဘ်ကောင်ထက် မပိုပါပေ ။ သူက ဘာမှမလုပ်သော်လည်း ကံကောင်းစေတဲ့လာဘ် တစ်ခုဖြစ်ပြီး အခု သူနဲ့တစ်ယောက်ယောက်ကနေကာ သူ့ကိုတစ်လျှောက်လုံးကာကွယ်ပေးနေရတော့မည်။ အားစွော်က စိတ်ထဲကအထင်အမြင်သေးကာ ဒီကလေးက အားဖေးလို နောက်ပြန်ဆွဲမထားဖို့သာ လေးလေးနက်နက်ဆုတောင်းနေမိသည်။

ထာ့ ထွက်သွားတဲ့အခါ အားစွော်က ပတ်ဝန်းကျင်ကို အာရုံစိုက်လိုက်လေသည် ။ သူတို့တောထဲကို ဝင်လာတည်းက သူကရှောက်ရွှမ်ကို ကြည့်ကာ စိတ်အနှောင့်အယှက်မဖြစ်ပေ။

၎င်းမှာ အလွန်တိတ်ဆိတ်နေကာ ရံဖန်ရံခါမှသာ ငှက်များနဲ့တိရိစ္ဆာန်တို့အသံများကြားရလေသည်။ မူလက အားစွော်က ရှောက်ရွှမ်က စကားပြောကာ ကြောင်တောင်တောင်မေးခွန်းများမေးမည်ကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သို့သော် အချိန်အတော်ကြာစောင့်ပြီးသည့်တိုင် အားစွော် ဘာသံမှမကြားရပဲ ဘာမေးခွန်းမှ မကြားရပေ။ သူပထမဆုံးအဆင့်မြင့်အဖွဲ့မှာ ပါရတုန်းက အချိန်အတော်ကြာ သူအလွန်သိချင်နေသည့် ကိစ္စများစွာရှိလေသည်။ အခြားသူများက ဖြစ်နိုင်သမျှ မေးခွန်းများမေးတတ်ကြပြီး ရှောက်ရွှမ်ကတော့ နှုတ်ဆိတ်နေသည့် ပထမဆုံးသူပင်ဖြစ်သည်။

အားစွော်က မထိန်းနိုင်ပဲ သူပတ်ဝန်းကျင်ကို ကြည့်ချင်ဟန်ဆောင်ကာ ရှောက်ရွှမ်ကိုအမြန်ကြည့်လိုက်လေသည် ။ ပြီးတော့ အမြန်အဝေးကို ကြည့်လိုက်ကာ ခဏတွန့်ဆုတ်သွားပြီး နောက်တစ်ခါ ပြန်ကြည့်လိုက်လေသည် ။

ထာ့က တောထဲကို ဝင်ကတည်းက အရှိန်ကုန်ပြေးနေသည်မဟုတ်သော်လည်း အခြားအမဲလိုက်အဖွဲ့များထက်တော့ မြန်လေသည်။

ဒီနှစ်မှာ နိုးထကာစ စစ်သည်တော်တစ်ယောက်အနေနဲ့ဆိုရင် အခြားသူများအကူအညီမပါပဲ အဖွဲ့နဲ့ကပ်လိုက်နေဖို့ အလွန်ခက်ခဲပေသည်။ အားစွော် ပထမဆုံးအကြိမ် အဆင့်မြင့်အဖွဲ့နဲ့တွဲလိုက်တုန်းကသူလည်း အကူအညီမတောင်းခဲ့သော်လည်း စုရပ်မှာစောင့်နေရတဲ့အခါမှာ အသက်ကိုပင် အချိန်တစ်ခုအထိ လုရှူနေရသည်။

စုရပ်ကို စစ်သည်တော်များရောက်လာပြီးမှသာ သူ့အမော အနည်းငယ်ပြေသွားသည်။ သို့သော် ရှောက်ရွှမ်ကတော့ အနည်းငယ် အသက်ရှူမြန်လေသည်။ သူက ချွေးပင်မထွက်ပါပေ။ ဒီမှာရပ်ကာ ပြေးတုန်းက လုံးဝမောဟိုက်မနေသည့်အတွက် သူ့မှာပတ်ဝန်းကျင်ကို စောင့်ကြည့်နေဖို့ပင် စွမ်းအင်များရှိနေသေးသည်။

သူက တကယ်ကော ဒီနှစ်မှ နိုးထတဲ့ စစ်သည်တော်အငယ်လေး ဟုတ်ရဲ့လား ၊ ပြီးတော့ သူက တောင်အောက်က မိဘမဲ့ဂူက လာတာတဲ့လား?

" မင်း မမောဘူးလား "

အားစွော်က မှင်သက်နေသည်။

အားစွော်ရဲ့ ထူးဆန်းတဲ့အကြည့်ကို မြင်ရတဲ့အခါ ရှောက်ရွှမ်က ပြောသည် ။

" ကျွန်တော်က ရပါတယ် "

ပြောရရင် ပြီးခဲ့တဲ့မိနစ်ပိုင်းတုန်းက ရှောက်ရွှမ်မှာမောဟိုက်မှုကြောင့် အသက်ရှူမြန်နေသည်ပင် ၊

ဒါပေမဲ့ သူက ပြန်ကောင်းတာ မြန်ပြီး ချွေးများကလည်း လေထဲတွင်ပင် ခြောက်သွေ့သွားသည်။ အထဲမှာ စွမ်းအင်တွေပြန်တိုးလာတာကိုခံစားရတဲ့အတွက် ရှောက်ရွှမ်က သူ့အားအင်အချို့ကိုပတ်ဝန်းကျင်ကို အာရုံစိုက်လိုက်သည်။

အားစွော် သေချာစစ်ဆေးပြီးတဲ့နောက်မှာ ဒီကလေးက ပင်ပင်ပန်းပန်း ရုန်းကုန်နေရပုံပင်မပေါ်ချေ။ ထူးဆန်းလှ၏။

အားရွှမ်က ဘာမေးခွန်းမှမေးဖို့ စိတ်ဝင်စားပုံမပေါ်တာကို တွေ့ရတဲ့အခါ အားစွော်က ပျင်းလာသည်။ ယခင်ကဆိုလျှင် ထာ့နဲ့အတူလိုက်ရှာဖွေရသော်လည်း ယခု သူက ထိုင်စောင့်နေရသည်။ ဒီနေရာက အန္တရာယ်လုံးလုံး မရှိသည့်အတွက် သူတို့စကားစမြည်ပြောနေသင့်သည်။

" မင်း အဆင့်မြင့်အဖွဲ့တာဝန်တွေကဘာလဲ ဆိုတာ မသိချင်ဘူးလား "

အားစွော် က မေးလေသည်။

" ဘယ်လိုပဲ ဖြစ်ဖြစ် မဖြေဘူးဆိုရင် ဘာလို့ အနှောင့်အယှက်ဖြစ်အောင် မေးနေတော့မှာလဲ "

ရှောက်ရွှမ် အရင်က မေးခဲ့ဖူးပေမဲ့ ထာ့၊ထွော်နဲ့ခဲ့ခဲ့တို့က တိုက်ရိုက်ဖြေဖို့ ရှောင်ရှားကြကာ အားလုံးက ပြောတာက

" အချိန်တန်ရင်သိလာလိမ့်မယ် " ပင်။

" ဒါက ငါတို့အခြားအမဲလိုက်အဖွဲ့မှာ ရှိတုန်းကပါ၊ ဒါကြောင့် အဲ့ဒီတုန်းက ငါတို့မင်းကိုပြောမပြနိုင်ဘူး ၊ မင်းက အခြားသူတွေကိုပြောရန်ဘယ်လိုလုပ်မလဲ ၊ နတ်ဆေးဆရာကတော့ လူတွေအများကြီးသာ ဒါတွေကိုသိရင် ဒေါသထွက်လိမ့်မယ် ၊ ဒီတော့ မင်းသိချင်တယ်ဆိုရင်တောင် ငါတို့က မင်းကိုပြောမပြနိုင်ဘူး " အားစွော် က ဂုဏ်ယူစွာပြောသည်။

သူက ရှောက်ရွှမ် က တစ်နေရာရာမှာတော့ ထူးချွန်မယ်လို့ ယူဆထားတဲ့အတွက် ဖော်ဖော်ရွေရွေ ဆက်ဆံလေသည်။ သူက ဖော်ဖော်ရွေရွေ ဆက်ဆံသော်လည်း သူ့အကျင့်ဟောင်းက ပြန်ပေါ်လာလေသည်။ ၎င်းမှာ အဖွဲ့သားအသစ်များကို အဆင့်မြင့်အဖွဲ့အကြောင်း စကားအများကြီးပြောပြတတ်ခြင်းပင် ။ ဒီလို ဆက်နွယ်နေတဲ့မေးခွန်းတွေကို ဖြေရတာ သူ့ကိုယ်သူဂုဏ်ယူပြီး အထူးသဖြင့် အဖွဲ့သားအသစ်လေးတွေရဲ့ အံ့အားသင့်နေတဲ့မျက်နှာတွေမြင်ရတာ သူ့ကို ပိုနေလို့ကောင်းစေသည်။

" ငါတို့ အဆင့်မြင့်အဖွဲ့ထဲမှာ နတ်ဆေးဆရာကတိုက်ရိုက်ညွှန်ကြားတဲ့ ကိုယ်စီတာဝန်တွေရှိတယ် "

အားစွော် က ရှင်းပြသည်။ ဒါက သူတို့အတွက်အလွန်ဂုဏ်ယူစရာကောင်းပြီး အကျိုးအမြတ်လည်းများလေသည်။

" မျိုးနွယ်စုထဲက အခြားသူတွေမစားနိုင်တဲ့အရာတွေ ငါတို့စားရရင်သူများတွေထက် ငါတို့က နောင်မှာပိုသန်မာလာလိမ့်မယ်"

ရှောက်ရွှမ် က အားစွော် စကားများနေသည်ကို သည်းခံနေပါသော်လည်း အတန်ကြာပြီးသည့်နောက် မထိန်းနိုင်တော့ပဲ စကားဖြတ်ပြောလိုက်သည် ။

" ဒါဆို အတိအကျပြောရင် တာဝန်ကဘာတွေလဲ "

အားစွော် က သူ့ကိုယ်သူ ဂုဏ်ဖော်ရင်းနစ်မြောနေသည်ကို နှောင့်ယှက်ခံလိုက်ရသည့်အတွက် အနည်းငယ်မကျေမနပ်ဖြစ်သွားသည်။

သူက အသံကို တိုးကာ

" မင်းက မျိုးနွယ်စုထဲမှာဆေးပင်တွေက ကြုံရာလူ တွေ့လာတယ်ထင်နေတာလား "

ဆေးပင်တွေလား...

ရှောက်ရွှမ် နတ်ဆေးဆရာဆီက ရတဲ့ဆေးထုပ်ရဲထူးခြားမှုကိုသတိထားမိလိုက်သည်။ ဆေးပင်ရဲ့မူလဇစ်မြစ်ကို သူမသိသော်ခည်း အပင်နဲ့အရွက်တွေကဲ့သို့ အနံ့ရှိတာတော့ သူပြောနိုင်သည် ။ အတိတ်က အမဲလိုက်ခရီးမှာပင် သူဒါမျိုးဆင်တူတာ မတွေ့ဘူးပါပေ ။

" ဒါဖြင့် အချိန်တိုင်း ခင်ဗျားတို့က အပင်တွေကို အမဲလိုက်ပြီး သတ်ကြတာလား "

" အချိန်တိုင်းတော့ မဟုတ်ဘူး ၊ ဒါပေမဲ့ ဟုတ်တယ် "

အားစွော် က ပြောသည်။

ဆိုတော့ ဒါ တကယ် အပင်ပေါ့

ရှောက်ရွှမ် ဆွံ့အသွားသည် ၊ သူတို့က အပင်ကို ဘာလို့ အမဲလိုက်၊သတ်တယ် ဆိုတဲ့စကားလုံးသုံးကြတာပါလိမ့်

ဘယ်လိုအပင်မျိုး မို့လို့ပါလိမ့်..

သူတို့စကားပြောနေကြတုန်း ရှောက်ရွှမ်က အဝေးက လေချွန်သံတိုးတိုးလေးကိုကြားလိုက်သာ် ။ ထို့နောက် တခြားနေရာများကလည်းလေချွန်သံများထွက်လာသည်။ တစ်ချို့က အနီးကဖြစ်ပြီး တစ်ချို့ကတော့ မဟုတ်ပေ ။ အချို့အသံများဆိုရင် အလွန်ဝေးပြီး နားစိုက်ထောင်မှသာလျှင် ကြားရနိုင်သည် ။

လေချွန်သံရပ်သွားတဲ့အခါမှာ စစ်သည်တော်အကုန်လုံး စုရပ်မှာ လာစုကြသည်။ ထာ့က အခြားအမဲလိုက်အဖွဲ့ကို သတင်းသွားပို့ပေးနေရသည့်အတွက် နောက်ဆုံးမှရောက်လာတဲ့သူဖြစ်သည်။ ဒီလောင်အဝေးကနေ သူတို့လေချွန်သံကို မကြားနိုင်ပါပေ။

ခဏနားပြီးတဲ့နောက်မှာ ထာ့က အခြားသူတွေကို အမဲလိုက်ခရီးဆက်ကြဖို့ ဦးဆောင်လိုက်သည်။

အစမှာ လေးစားစရာ အဆင့်မြင့်အဖွဲ့ဖြစ်ကြသည်၊ ထို့နောက်မှာတော့ သူတို့က မျိုးနွယ်ထဲက ဆေးပင်စုဆောင်းတဲ့အဖွဲ့ ဖြစ်လာကာ ၎င်းမှာ နတ်ဆေးဆရာ ညွှန်ကြားတဲ့တာဝန်များပင်ဖြစ်သည်။

All Chapters