← Chapters

သေးသေးလေးလို့ခံစားရခြင်း

Vol. 5 Ch. 73

သေးသေးလေးလို့ခံစားရခြင်း

Vol. 5 Ch. 73

ဒီ ဧရာမပုစဥ်းကောင်ကြီးတွေက ဒေါသနည်းကြပုံရလေသည်။ မဟုတ်ပါက အဆင့်မြင့်အဖွဲ့က စစ်သည်တော်များကို သူတို့ကျောပေါ်ကိုလိုက်အစီးခံမည်မဟုတ်ပါပေ။

အဆင့်မြင့်အဖွဲ့ရဲ့ အပြုအမူတွေကိုကြည့်ရင် သူတို့ဒီနည်းနဲ့တောင်အောက်ကိုဆင်းကြတာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူးဆိုတာ ရှောက်ရွှမ် သိလိုက်သည် ။ပြောရရင် ဒီ ဧရာမပုစဥ်းကောင်ကြီးတွေကလည်း ဒီလူတွေနဲ့ပတ်သက်ရင် ဝေဝေဝါးဝါး မှတ်မိနေလောက်ပေမည်။ ထာ့အယူအဆရဆိုရင် သူတို့ကိုသာ ဝင်မနှောင့်ယှက်ရင် ၊ ရည်ရွယ်ပြီး မတိုက်ခိုက်ရက် သူတို့က သူတို့ကျောပေါ်မှာ လမ်းကြုံတင်ခေါ်သွားဖို့ ခွင့်ပြုပေးမည်ပင်ဖြစ်သည်။

ဧရာမပုစဥ်းကောင်ကြီးတွေကျောပေါ်ကနေ ကြည့်ရရင် တောအုပ်က အတော်လေး အေးချမ်းစိတ်ငြိမ်စရာပင် ။ ဒါက အထင်အမြင်ပုံရိပ်သာဖြစ်ပြီး ဒီတောအုပ်က ရှောက်ရွှမ်အရင်က အမဲလိုက်ခရီးထက်ပင် ပို၍အန္တရာယ်များပေလေသည်။ တောတွင်းဥပဒေသလည်း ဒီနေရာမှာကျင့်သုံးကြပြီး တောထူတဲ့နေရာများမှာ နေရောင်ရရှိဖို့ အာဟာရချက်လုပ်ဖို့ကလည်း အပြိုင်အဆိုင်ပင်ဖြစ်သည်။ ရှောက်ရွှမ် တစ်ချို့ညိုးခြောက်နေသော အပင်များကိုလည်းတွေ့ရသေးသည်။

သူတို့အမြစ်တွေက ကြီးမားနက်ရှိုင်းပြီး နှစ်ရာကျော်သက်တမ်းရှိမှန်းမြင်သာလေသည်။ သူတို့အမြှစ်တွေက လိမ်ယှက်နေပြီး အကိုင်းများကလည်း ဖုထစ်လိမ်ကျစ်နေကြလေသော်လည်း ခြောက်သွေ့သေဆုံးနေကြ၏ ။ ပိုးကောင်အပေါက်များ အက်ကွဲရာများမရှိသော်လည်း အပင်များမှာသေဆုံးနေ၏ ။ ထာ့ကတော့ အနီးအနားကအပင်တွေရဲ့ အဆစ်အမြစ်တွေကြောင့် သေကုန်ကြတာဟု ပြောသည်။

အပင်တို့တိုက်ပွဲမှာ မြေပေါ်နှင့်မြေအောက်နှစ်ခုလုံးဖြစ်ကြလေသည်။ အကယ်၍ မြေကိုသာ လှန်ကြည့်ရင် အပင်သေများရဲ့အမြှစ်တွေက အခြားအပင်တို့အမြစ်တွေ ရစ်ပတ်ညှစ်လိမ်ထားသည်ကိုတွေ့နိုင်လေသည်။

" အားလုံးနားထောင်ကြ..ဆင်းဖို့ပြင်တော့ "

ထာ့က ရှောက်ရွှမ်ကိုသတိပေးလေသည်။

သူတို့က ပန်းတိုင်မတူကြသည့်အတွက် ဧရာမပုစဥ်းကြီးများနောက် ဆက်မလိုက်နိုင်တော့ပေ။ လမ်းကြုံခေတ္တလိုက်ပြီးသည့်နောက် သူတို့ လမ်းခွဲရတော့ပေမည်။

ပုစဥ်းအုပ်ကြီးမှာ အတော်ကြီးမားပြီး စစ်သည်တော်အယောက် လေးဆယ်တို့မှာ အတူတူမဟုတ်ကြ။ သူတို့တစ်ချိန်တည်းတူစီးကြလျှင်ပင် ပုစဥ်းများပျံတဲ့ပုံစံကြောင့် တကွဲစီဖြစ်သွားလိမ့်မည်။ မကြာမီပင် တယောက်နဲ့တယောက် မြင်ရတော့မည်မဟုတ်ပေ ။

“ အခုခုန်လိုက်တော့ "

ထာ့သည် ရှောက်ရွှမ်ကို မသယ်ကာ သူနဲ့အတူခုန်ချလိုက်သည့်အတွက် သူ ဘာမှပြောချိန်မရလိုက်ပေ ။

ထာ့ရွေးထားတဲ့ မြေပေါ်ဆင်းတဲ့နေရာက အဆောက်အအုံ အမြင့်ကြီးလို မားမားမတ်မတ်ရပ်နေတဲ့ အပင်ကြီးပေါ်သို့ပင် ။ သူတို့က ထိပ်ဖျားနားက ဧရာမ သစ်ရွက်ကြီးများပေါ်ဆင်းလိုက်ပြီး နူးညံ့တဲ့အရွက်များက သူတို့အရှိန်ကို အောင်လုပ်ပေးကြသည်။ ပုစဥ်းများနိမ့်နိမ့် ပျံကြချိန်တွင် ခုန်ချလိုက်သည့်အတွက် သူတို့မနာကြပေ။ အထိအခိုက်မရှိကြပဲ ရှောက်ရွှမ်လည်း နောက်ဆုံး သူ့ခြေထောက်ပေါ်သူခြေချနိုင်လေပြီ ။

သူ့ခြေထောက်အောက်က သစ်ရွက်က အေးစက်နေသော်လည်း ချော်ထွက်နေခြင်းမရှိပေ။

အခြားစစ်သည်တော်များကလည်း သင့်တော်တဲ့ဆင်းစရာနေရာ ရွေးနေပြီး မကြာခင်ပဲ ခုန်ချလိုက်ကြလေသည်။

" သွားကြစို့ "

ရှောက်ရွှမ်ကို ထာ့က လိုက်ခဲ့ဖို့ပြောသည်။ ဒီတစ်ကြိမ်တော့ သူရှောက်ရွှမ်ကို သွားခွင့်ပြုထားသည်။ သို့ပေမဲ့ သူက နတ်ဆေးဆရာကို ရှောက်ရွှမ်ကို ဘေးကင်းလုံခြုံစွာပြန်ခေါ်လာဖို့ကတိပေးထားတဲ့အတွက် သူ့ကိုတစ်ချိန်လုံးစောင့်ကြည့်နေဖို့တော့လိုလေသည်။

" ပတ်ဝန်းကျင်ကို သေချာစောင့်ကြည့်ပြီး မြန်မြန် တုံ့ပြန်နိုင်အောင်နေ "

ထာ့က သူ့ကိုသတိပေးလေသည်။

" ဟုတ်ကဲ့ "

ရှောက်ရွှမ်က ထာ့နောက်ကနေ လိုက်လာပြီး သူတို့ရပ်နေတဲ့သစ်ရွက်ကနေ အခြားသစ်ရွက်များကိုခုန်ကူးကာ ချော်လဲပြီးမကျစေရန်သတိထားရင် အထက်မှအောက်သို့ ဆင်းလာကြသည်။

အပင်ရဲ့အပေါ်ပိုင်း သုံးပုံတစ်ပုံက သစ်ရွက်များနဲ့ဖုံးအုပ်နေပြီး ကျန်သုံးပုံနှစ်ပုံကတော့ တုတ်ခိုင်သော ကိုယ်ထည်ပင်စည်ကြီးပင်ဖြစ်သည်။ ထာ့က ဖြေးဖြေးချင်းဆင်းပြီး ရှောက်ရွှမ်ကသူ့နောက်က ခပ်နီးနီးက ကပ်လိုက်ကာ ပင်စည်လုံးတစ်လျှောက် လျှောဆင်းလာကြသည်။

မြေပြင်မှာ အပင်ထိပ်ဖျားကဲ့သို့ လင်းလင်းချင်းချင်း မရှိပဲ ပြွတ်သိပ်တဲ့အကိုင်းများနဲ့ အပင်များစွာရှိနေသည့်အတွက် နေရောင်အများစုကို ကွယ်ထားတော့လေသည်။

တစ်ချို့နေရောင်များသာ မြေပေါ်ရောက်လေသည်။ အောက်ခြေပိုင်းမှာ အရိပ်ရ အေးမြကာ ရှောက်ရွှမ်တို့ပတ်ဝန်းကျင်ပြတ်ပြတ်သာသားသား မြင်နိုင်သည့်အထိတော့ လင်းပေသည်။

ရှောက်ရွှမ် ဒီမှာ သေးသေးလေးဖြစ်နေသည်လို့ခံစားရပြီး လောကကြီးကတော့ အရွယ်အစားပိုကြီးလာလေသည်ဟုခံစားရသည်။

သူ အရင်အမဲလိုက်ခရီးမှာ နှစ်ရှည်အပင်ကြီးများနဲ့ သားရဲအကောင်ကြီးတွေကို မြင်ဖူးခဲ့သော်လည်း ယခုကဲ့သို့ သေးသေးလေးဖြစ်နေသည်ဟု မခံစားခဲ့ရပေ ။ မှိုများပင်လျှင် တဲတခုစာလောက်ရှိနေလေရာ မည်သူမဆို သေးသွားမည်ဟု ခံစားရပေမည်။

ထာ့က အပင်အူတိုင်ကို သူ့ကျောနဲ့ကပ်လိုက်ကာ လေချွန်လိုက်လေသည် ။ ဒါ သူတို့အဆင့်မြင့်အဖွဲ့ကစစ်သည်တော်တွေ အတူလာကြဖို့အချက်ပြခြင်းပင် ။ အခြား သမင်တို့ငှက်တို့လေချွန်သံနှင့်မတူပဲ ၎င်းအသံမှာ အနိမ့်သံဖြစ်လေပြီး ဒီနေရာအတွက် သီးသန့်ပြုလုပ်ထားခြင်းပင် ဖြစ်သည်။

မကြာမီပင် အဝေးမှ ဆင်တူတဲ့လေချွန်သံများထွက်လာပြီး အာရုံစိုက်နားမထောင်ဘူးဆိုရင် ကြားရဖို့မလွယ်ပါချေ။

ရှောက်ရွှမ် ဘေးကိုကြည့်လိုက်တဲ့အခါ ခပ်သွယ်သွယ် ကျူရိုးပုံနွယ်ပင်က သူ့ဆီကို အရှိန်နဲ့လာနေသည်ကိုတွေ့ရသည်။

ရှောက်ရွှမ်နဲ့ထာ့ နှစ်ယောက်လုံး အရှေ့ကိုဦးတည်ကာ ရပ်နေကြပေမဲ့ ဒီနွယ်တွေက သူ့ဆီကိုသာ ဦးတည်နေပြီး သူတယောက်တည်းဆီသာ လာနေသည်ကိုရှင်းရှင်းလင်းလင်း သိလိုက်သည်။

ဝှစ်..

ကျောက်ဓားအသေးလေးက ဆန့်ထွက်လာတဲ့နွယ်ပင်ထိပ်ဖျားကို ဖြတ်ပစ်လိုက်ပြီးနောက် မြေပေါ်စိုက်နေလေသည်။

ချက်ချင်းဆိုသလို နွယ်ပင်က သူတို့ဆီလာနေတာ ရပ်လိုက်ပြီး ရှေ့မတိုးတော့ပဲ ကြောက်သွားသည့်အလား အမြန်နောက်ဆုတ်သွားလေသည်။

ထာ့က ကျောက်ဓားကို ဆွဲနှုတ်ဖို့သွားလိုက်ရင်း ရှောက်ရွှမ်ကိုပြောလေသည်။

" သူတို့ကို သက်မဲ့တွေလို့ထင်လိုက်ရင် သေသွားတဲ့သူကမင်းဖြစ်လိမ့်မယ် ၊ သူတို့ထဲကအများစုက အားနည်းတဲ့အရာဆိုရင်တိုက်ခိုက်ပြီး အားကြီးတဲ့အရာဆိုခပ်ဝေးဝေးကရှောင်ဖို့သိကြတယ် ၊ မင်းက ငါတို့အဖွဲ့ထဲ အားအနည်းဆုံးပဲ "

ကြောက်စရာပင် ၊ သူက ယခု ပစ်မှတ်ဖြစ်နေပြန်သည်။

တောင်ပေါ်ကသစ်တောမှာတုန်းက အခြားမျိုးနွယ်ရဲ့ကလေးတွေကို သားရဲကြီးတွေက တိုက်ခိုက်ကြတတ်ပြီး ဒီမှာဆိုရင် အပင်တောင်မှ အားနည်းသူကိုတိုက်ပြီး အားကြီးသူကို ရှောင်ဖို့အသိရှိလေသည်။

သူ့အရင်ဘဝတုန်းက အခြားသူများဆီက အပင်တွေမှာတောင်မှ အ မြင်၊အကြား၊အနံ့၊အရသာ၊အတွေ့ဆိုတဲ့ အာရုံငါးပါးရှိကြောင်း ကြားဖူးသည်။ အများစုက ဂရုမထားကြခြင်းသာ ဖြစ်သည်။ သို့သော် ရှောက်ရွှမ်ကတော့ အပင်တွေရဲ့အာရုံငါးပါးအကြောင်း ကောင်းစွာ နားလည်သည်။

မကြာမီ နေရာအသီးသီးမှာ ဆင်းခဲ့ကြတဲ့ စစ်သည်တော်များအတူတကွစုစည်းကြလေသည်။ လူစစ်ပြီးတဲ့နောက် ထာ့က ဆက်သွားဖို့အမိန့်ပေးလေသည်။ ဒီတစ်ခါတော့ အဖွဲ့သေးနှစ်ခုဖွဲ့ကာ နတ်ဆေးဆရာပေးလိုက်တဲ့တာဝန်များကို လုပ်ဆောင်ဖို့ လမ်းခွဲသွားကြလေသည်။

ထို့ကြောင့် ရှောက်ရွှမ် တို့အုပ်စုမှာ စစ်သည်တော်အယောက် ၂၀ ရှိလေသည်။

ဒီနေရာက အလွယ်ကျယ်ပြန့်တဲ့အစိမ်းရောင်နယ်မြေဖြစ်ကာ အဆင့်မြင့်အဖွဲ့က စစ်သည်တော်အားလုံးပင် ဒီမြေအကြောင်းအလုံးစုံသိနေဖို့ရာမဖြစ်နိုင်ပေ။ သို့သော် သူတို့ကလားရာများကိုကောင်းစွာခွဲခြားတတ်လေရာ လမ်းကြောင်းမှာ အပြောင်းအလဲမရှိသည့်အတွက် နေရောင်ရှိနေသရွေ့ သူတို့လမ်းပျောက်လိမ့်မည်မဟုတ်ပါ။

သစ်တောထဲမှာ ငှက်နဲ့အင်းဆက်တို့အသံကိုကြားနိုင်လေသည်။ ပြီးတော့ အပင်များကထွက်လာတဲ့ အသံအမျိုးမျိုးလည်း ရှိသေးသည်။ တချို့က တံခါးခေါက်သံနှင့်တူပြီး တစ်ချို့က ပဲ့တင့်သံများနှင်တူလေသည်။

ရှောက်ရွှမ်က ထာ့နောက်ကသူ ပြေးလိုက်နေချိန်တွင် အန္တရာယ်ရှိတဲ့မျိုးစိတ်များအများအပြားတွေ့ရပြီး သေစေနိုင်တဲ့အပင်များပင်တွေ့ရသေးသည်။ ပထမတွင် တည်ငြိမ်အေးချမ်းနေနိုင်ပြီး ချက်ချင်းပင် သွေးအိုင်ထဲနစ်နေရသည့်မြင်ကွင်းမျိုးအဖြစ်ပြောင်းသွားနိုင်သည်။

ရှောက်ရွှမ် အမဲလိုက်တတ်တဲ့အပင်မျိုးမြင်ဖူးသည်။ သူ့ရဲ့နူးညံ့တဲ့အရွက်များက တခဏအတွင်း လွှာသွား၊ဓားသွားများအဖြစ်ပြောင်းလဲကာ အပင်နဲ့တိရိစ္ဆာန်များကို အပိုင်းပိုင်းခုတ်ဖြတ်ပစ်နိုင်ပေသည်။ သူတို့အလောင်းများကို ကြီးထွားဖို့အထောက်အကူပေးတဲ့အာဟာရမြေသြဇာဖြစ်သွားအောင် မြေထဲမြုပ်ပစ်တတ်သည်။

အချို့အပင်များဆိုရင် အသားကိုပင် တိုက်ရိုက်စားကြလေသည်။ သူ့အရင်ဘဝက ရှောက်ရွှမ် ဒရိုစီရာတို့လို အပင်မျိုးများကို မြင်ဖူးခဲ့သည်။ အချို့အပင်များဆိုရင် ပို၍ရက်စက်ကာ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်တတ်ကြလေသည်။ စစ်သည်တော်တွေကတော့ ထိုအပင်တွေက သွားရှုပ်ဖို့မသင့်သည်မို့ သူတို့ကို ရှောင်ကွင်းသွားကြလေသည်။

" ခဏနားကြရအောင်..ထွော်နဲ့ ခဲ့ခဲ့..မင်းတို့နှစ်ယောက်က ရေသွားရှာကြချေ "

နေ့တစ်ဝက်မျှ ချီတက်လာပြီးတဲ့နောက် ထာ့ကပြောလိုက်သည်။

နတ်ဆေးဆရာ လိုအပ်သည်က ဤနေရာတပတ်လည်တွင် မရှိပဲ အဲ့ဒီနေရာရောက်ဖို့ဆိုရင် အချိန်တစ်ခုအထိဆက်ပြေးရပေဦးမည်။

အနီးအနားမှာ မြစ်ချောင်း မရှိလေရာ ထာ့အမိန့်နဲ့ပတ်သက်၍ ရှောက်ရွှမ် ခေါင်းရှုပ်သွားသည်။ ထို့နောက် သူက ထွော်နဲ့ခဲ့ခဲ့က အရွက်ထူထူရှိတဲ့အပင်တပင်ဆီကိုသွားကာ သူတို့ကျောက်ဓားတွေနဲ့ အူတိုင်ကို ထိုးကြပြီး အကြိမ်အနည်းငယ်ပြုလုပ်ပြီး နောက်ဆုံး တွင်အက်ကွဲရာခပ်ပါးပါးကလေးပြုလုပ်လိုက်နိုင်လေသည်။

အူတိုင်အပြင်ဘက်အလွှာက အလွန်ထူကာ သူတို့သာတကြိမ်ထဲထိုးလျှင် အက်ကွဲကြောင်းကအလွန်သေးပြီး မကြာမီပင် သူ့အလိုလို ပြန်ပိတ်သွားပေလိမ့်မည်။

အစိမ်းရောင်ဖျော့ဖျော့အရည်များအက်ကွဲကြောင်းကထွက်လာပြီး ချိုမြိန်တဲ့ရနံ့ဖျော့ဖျော့လေး ရလာသည်။ ထွော်နဲ့ခဲ့ခဲ့က ခွက်တချို့နဲ့အရည်ကိုခံလိုက်ကြသည်။

ဒီအရည်က အင်းဆက်တွေကို ဆွဲဆောင်နိုင်သည့်အတွက် ရှောက်ရွှမ် နှင့် အရည်ခံနေသည့် ထွော်နဲ့ခဲ့ခဲ့ကလွဲရင် အခြားသူများက ဟအနားကပ်လာတဲ့ အင်းဆက်များကိုစောင့်ကြည့်နေကြလေသည်။

အနားကပ်လာတဲ့အင်းဆက်တိုင်း သေသွားကြမည်ပင်၊ အချို့စစ်သည်တွေက တောထဲက အရပ်မျက်နှာအစုံစောင့်ကြည့်ကြပြီး အချို့က လေထဲကိုစောင့်ကြည့်နေကြသည်။ တပ်ဖြန့်ကာစောင့်ရှောက်ကြသည့်အတွက် စစ်သည်နှစ်ယောက်သာလျှင် ရေကိုဖြေးဖြေးချင်းစုဆောင်းနိုင်လေသည်။

" မင်းခွက် ပစ်ပေးလိုက်..အားရွှမ် "

ထွော်က အရည်စုနေရင်း ပြောလေသည်။

ထွော်က ရှောက်ရွှမ်ကို အပင်နားကပ်မလာခိုင်းသည့်အတွက် သူက အပင်နဲ့ဆယ်မီတာအကွာလောက်မှာနေပြီး ထွော်မှာတဲ့အတိုင်း မြေအလွတ်ပေါ် လှမ်းပစ်လိုက်လေသည်။

ဖြည့်ပြီးတဲ့အခါ ထွော်က ခွက်ကိုရှောက်ရွှမ်ဆီ ပြန်ပစ်ပေးလိုက်ပြီး သူ့ကိုပစ်ပေးတဲ့အခြားစစ်သည်တော်တစ်ဦး၏ခွက်ကို ဖြည့်ပေးနေလေသည်။

အစိမ်းဖျော့ဖျော့အရည်က အင်းဆက်အများအပြားကိုဆွဲဆောင်နိုင်ပြီး အများစုမှာ အတော်လေးကြီးမားရာ ဘယ်အင်းဆက်မဆို တမီတာထက် ပိုကြီးကြလေသည်။

" မြန်မြန် "

ထာ့က သူတို့ကို လောလိုက်သည်။

အဝေးမှာ သူတို့ဆီ ဦးတည်ပျံလာနေတဲ့ ပိုးကောင်အုပ်တစ်အုပ်ရှိသည် ။ သူတို့အယောက်နှစ်ဆယ်တည်းက ဒီပိုးကောင်များကို ခုခံနိုင်မည်မဟုတ်ပေ။ နောက်ဆုံးခွက်ကို ဖြည့်ပြီးတဲ့အခါမှာ ပိုးကောင်တွေက မီတာ ၂၀၀ လောက်သာ ဝေးပြီး သူတို့ထွက်ခွာဖို့အတွက်တော့လုံလောက်ပေသည်။

" သွားကြ "

သူတို့ ဖြည့်ပြီးသည်နှင့်ထွက်ခွာကြလေသည်။

" အဲ့တာ ဘာတွေလဲ "

အနည်းငယ်ဝေးသွားသောအခါ သူတို့ကသစ်ရွက်ပေါ်မှာ မတ်တပ်ရင်းနားနေကြရင်း ရှောက်ရွှမ်ကမေးလေသည်။

" ငါတို့ကတော့ သူတို့ကို အမဲဖျက်ကောင်တွေလို့ခေါ်တယ် ၊ ခုနငါတို့ရေရတဲ့အပင်ကို မြင်တယ်မလား၊ သူ့အက်ကွဲရာက ခဏနေရင် ပြန်စေ့သွားပြီး အက်ကွဲရာရှိတော့မှာ မဟုတ်ဘူး၊ ခုနကထွက်လာတဲ့အရည်တွေက ပြန်ခြောက်သွားပြီး အခွံထူကြီးတွေက ကာပေးလိမ့်မယ် ၊ အင်းဆက်တော်တော်များများက ဘာမှလုပ်နိုင်မှာမဟုတ်တော့ အနံ့ပျောက်သွားတာနဲ့ပြန်ထွက်သွားကြလိမ့်မယ်၊ ဒါပေမဲ့ အမဲဖျက်ကောင်တွေက ပုံမှန်အင်းဆက်မဟုတ်ဘူး၊ အမဲဖျက်ကောင်တွေလာပြီဆိုတာနဲ့ အဲ့ဒီအပင်မကြာဘူးသေတာပဲ "

ထွော်ကရှင်းပြသည်။

အမဲဖျက်ကောင်လို့ခေါ်တဲ့ အင်းဆက်ဆွေက သူတို့နာမည်နဲ့လိုက်အောင် သူတို့မှာ ဖြတ်တောက်ရာတွင်သုံးမည့် ချွန်ထက်တဲ့ဓားသွားလို ရှေ့ခြေထောက်များရှိလေသည်။ ၎င်းက အသားရောအပင်ရောစားသည့်ပိုးများပင်။ သစ်ရည်များနှင့် တိရိစ္ဆာန် သွေးတို့မှာ သူတို့အတွက်စားကောင်းသောက်ဖွယ်များဖြစ်ပြီး သူတို့ကအုပ်စုလိုက်သွားလာတတ်ကြသည်။

အဆင့်မြင့်အဖွဲ့က စစ်သည်တော်များက အမဲဖျက်ကောင်များနှင့် မရင်ဆိုင်ဖို့စိတ်ကူးကြသည်။ သူတို့က အန္တရာယ်များသည့်အပြင် သူတို့မှာ အလွန်နံစော်လေသည်။ စိတ်ပျက်ဖွယ်ရနံ့က သူတို့အမဲလိုက်ခရီးကပြန်လာပြီး သူတို့ဆေးကြောပစ်လျှင်ပင် အနံ့ပျောက်မသွားတတ်ပါပေ ။

All Chapters