ခုန်တဲ့အသီးပင်များ
Vol. 5 Ch. 74
ရှောက်ရွှမ် သူ့ဘူးသီးခြောက်ထဲက အရည်ကိုသောက်ပြီးတဲ့နောက် သက်တောင့်သက်သာ ခံစားရသည်။ ၎င်းက အေးမြလန်းဆန်းစေကာ အကြာကြီးချီတက်ခဲ့ရသည့်မောပန်းမှုတို့ကိုပြေပျောက်စေသည်။ သူ့စိတ်ကြည်လင်သွားကာ သူ့ကိုယ်လုံးသည်ပင်ပျော်ရွှင်မှုကြောင့်တုန်ရီနေပေသည်။
" ဘယ်လိုလဲ..ကောင်းရဲ့လား "
အားစွော်က ရှောက်ရွှမ်ကို အသီးတစ်လုံးပစ်ပေးကာထပ်ပြောသည်။
" ဒါလည်း မဆိုးဘူး "
ရှောက်ရွှမ် က ဘယ်အပင်အမျိုးအစားက စားလို့ရလဲမသိသည့်အတွက် ဘာကိုမှ မထိပေ ။ စောစောတူန်းက သူတို့ရေရှာနေတုန်းက အားစွော်နဲ့အခြားစစ်သည်တော်တွေ တခြားကိုထွက်သွားတာ သတိထားမိလိုက်သည်။ ကြည့်ရတာ သူတို့အသီးတွေသွားရှာကြသည်ပင် ။
" ဒါတွေက အကောင်းစားတွေချည်းပဲ "
အားစွော်က ရှင်းပြသည်။
" ငါ အပိုတွေပြောနေတာမဟုတ်ဘူး ၊ ဒါကိုစားရင် အခြားသူတွေထက် ပိုတိုးတက်တာ မြန်တယ် မင်း သိလား ငါတို့အဆင့်မြင့်အဖွဲ့မှာ ဆိုရိုးတခုရှိတယ် "
အသံကိုနှိမ့်ကာ အားစွော်က ဆက်ပြောသည်။
" အဆင့်မြင့်အဖွဲ့ထဲကသူတွေကပဲ အကြီးတန်းစစ်သည်တော် ဖြစ်လာကြတယ်၊ အကြီးတန်းစစ်သည်တော်တိုင်းကလည်း အဆင့်မြင့်အဖွဲ့မှာ အချိန်တခုအထိ တာဝန်ထမ်းဆောင်ဖူးကြတယ်"
အပင် အများစုက နှစ်ရာဂဏန်းသက်တမ်း ရှိကြလေသည်။ ထို့ကြောင့် သူတို့သစ်ရည်၊သစ်သီးများမှာ ခြင်ဆီတိုးပွားစေပြီး အရိုးတွေကိုသန့်စင်ပေးတဲ့အတွက် လူ့ခန္ဓာကိုယ်အတွက်အကျိုးရှိသည်။ စစ်သည်တော်များက တိကျတဲ့အကျိုးသက်ရောက်မှုကို မပြောနိုင်လျှင်တောင် သူတို့ခန္ဓာကိုယ်ကအပြောင်းအလဲကိုတော့ သိရှိပြီး သူတိူ့စားတဲ့အရာက ကောင်းကျိုးဆိုတာကို သိရှိကြလေသည်။
" ကျနော်တို့ မျိုးနွယ်စုကို ပြန်ယူသွားလို့မရဘူးလား "
ရှောက်ရွှမ်ကမေးသည်။
" အဲ့လောက်မလွယ်ဘူး "
အားစွော်က သူ့မျက်နှာရှုံ့မဲ့သွားသည်။
" ငါလည်း ငါ့အကိုတွေ၊ညီမတွေအတွက် ပြန်ယူသွားချင်တာပဲ ၊ ဒါပေမဲ့ မဖြစ်နိုင်ဘူးကွ "
မျိူးရိုးအစဥ်အဆက် အဆင့်မြင့်အဖွဲ့ခေါင်းဆောင်နဲ့အဖွဲ့သားအကုန် ကြိုးစားခဲ့ဖူးကြသည်။ အချို့က အပင်ကိုရေခဲရိုက်သည်။ အချို့က အပင်အမြစ်ကို ရွှံ့တွေနဲ့လူးပြီးထုတ်ယူလာဖူးသည်။
သူတို့ တတ်နိုင်သမျှ ကြိုးစားခဲ့သည့်တိုင် မအောင်မြင်ခဲ့ပေ ။ သူတို့အပြင်ယူလာလျှင် တရက်နှစ်ရက်အတွင်းပုပ်သိုး ပျက်ဆီးသွားတတ်သည်။ သူတို့နေနဲ့ အခြောက်ခံလိုက်ရင်ကော..ထိုနည်းက အပင်တိုင်းအတွက် မသင့်တော်ပါပေ။
" ဒီနေ့အထိ ငါတို့မျိုးစိတ်နည်းနည်းပဲ ယူလာနိုင်သေးတယ်၊ ငါတို့ကိုနတ်ဆေးဆရာ က ဒါတွေပြန်ယူလာဖို့ ညွှန်ကြားထားတယ်၊ အချို့အပင်တွေက ရှာရခက်တယ် ၊ အချိန်အပေါ်လည်းမူတည်သေးတယ် ။အချို့အသီးတွေ ၊ အပွင့်တွေက တစ်နှစ်မှာတစ်ခါပဲတွေ့ရတယ် ၊ တစ်ချို့ရှားပါးတာတွေဆို ပုံမှန်အလေ့ကိုမရှိတာ..တစ်ခါတစ်လေ မင်းတဘဝလုံးစောင့်နေရင် သူ့အပွင့်ကိုမတွေ့ရတာမျိုးရှိတတ်တယ်၊ အကုန်လုံးက ကံပါပဲ "
ရှောက်ရွှမ် ဆွံ့အသွားသည်။
ကြည့်ရတာ ဒီကအပင်တွေက နှစ်တစ်ရာမှ တစ်ခါသီးပုံရသည်၊ သို့မဟုတ် ဒီရှားပါးအသီးတွေမှာသာ ကျိန်းသေအစွမ်းထက်နေပုံရသည်။ တစ်ချိန်တည်းမှာပင် အပင်အများစုက အခြားနေရာမှာမပေါက်နိုင်သည့်အတွက် နှုတ်လိုက်သည်နှင့် ချက်ချင်းသေသွားလိမ့်မည်။
ဖြစ်နိုင်တာက အရင်တည်းက အချို့လူများက ဟိုးရှေးရှေးတုန်းကတည်းက အပင်စိုက်ဖို့ကြိုးစားခဲ့ကြပေမည်ဖြစ်သော်လည်း မအောင်မြင်ခဲ့ကြပေ ။ ထို့ကြောင့် အခုထိ မျိုးနွယ်စုထဲက စစ်သည်တော်တွေက ဒီနေရာကို အန္တရာယ်ရှိလျက်နှင့် လူကိုယ်တိုင်လာနေရခြင်းပေ ။
၎င်းက မျိုးနွယ်စုကိုတာဝန်ထမ်းရွက်ရန် အဆင့်မြင့်အဖွဲ့၏ ဂုဏ်သိက္ခာပေပင် ။ နတ်ဆေးဆရာက ဖျားနာမှုတွေ၊ဒဏ်ရာတွေကိုကုသဖို့ ရောစပ်ရသည့်ဆေးပင်အကုန်လုံးသည် အဆင့်မြင့်အဖွဲ့က ယူဆောင်ခဲ့ခြင်းပင် ။ သူတို့ရဲ့မျိုးနွယ်စုအပေါ် အထောက်အပံ့ကို မည်သူကမျှ မငြင်းဆန်နိုင်ပါပေ ။
ဂုဏ်သိက္ခာအပြင် အဆင့်မြင့်အဖွဲ့ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ရခြင်းသည် အပြင်ကို ယူလာလို့မရတဲ့ ဆေးဖက်ဝင်အပင်များကို သုံးစွဲနိုင်သည်ဟု ဆိုလိုပေးသည်။ ၎င်းက စစ်သည်တော်ရဲ့ဖွဲ့ဖြိုးတိုးတက်မှုအတွက် အလွန်ကောင်းလေသည်။
ထို့ကြောင့် အဆင့်မြင့်အဖွဲ့ကနေ အသက်ကြီး၍ဖြစ်စေ ၊ ဒဏ်ရာရ၍ ဖြစ်စေ အနားယူရသူတိုင်းက သူတို့သားနဲ့မြေးတို့ကို အဆင့် မြင့်အဖွဲ့မှာပါနိုင်ခွင့်ရဖို့ အကောင်းဆုံးကြိုးစားဖို့ပြောကြခြင်းပင်ဖြစ်သည်။ အဆင့်မြင့်အဖွဲ့က စစ်သည်တော်များက အလားအလာအကောင်းဆုံး အခွင့်ထူးခံအဖွဲ့ဟု သတ်မှတ်ခံရသည့်အတွက် ပိုပြီး ပိုပြီး စွမ်းအားကြီးနိုင်သည်ကို သူတို့က သိကြလေသည်။
သို့သော် ယခု မျိုးနွယ်စု အတွင်းစည်းမျဥ်းအရ အဆင့်မြင့်အဖွဲ့က ရာထူးနေရာအားလုံးကို အဖွဲ့ခေါင်းဆောင်က စီမံနိုင်လေသည်။
ပုံမှန်ဆိုရင် နတ်ဆေးဆရာက ၎င်းကို ဝင်ရောက်ပတ်သက်ခြင်းမရှိပေ။ ပြောရရင် ရှောက်ရွှမ်ကဲ့သို့ အံ့ဖွယ်အထူးကိစ္စများကိုသာ နတ်ဆေးဆရာက အာရုံစိုက်ပေလိမ့်မည်။ အချိန်အများစုမှာ အဖွဲ့ခေါင်းဆောင်က သူနဲ့ရင်းနှီးပြီး အရည်အချင်းရှိသည့်တယောက်ယောက်ကိုသာ ရွေးချယ်တတ်သည်။ ဒီစစ်သည်တော်များကလည်း သူက အကြီးအကဲနေရာအတွက် လှုံ့ဆော်ရေးလုပ်ရသောအခါ သူ့ကိုထောက်ခံသူများဖြစ်လာကြသည်။
အဆင့်မြင့်အဖွဲ့ထဲမှာ အရွေးခံသူဆိုရင် အကျိုးအမြတ်ကို တခါခံစားဖူးသွားပြီဆိုရင် မည်သူကမှနှုတ်ထွက်သွားဖို့စဥ်းစားလိမ့်မည်နည်း။
ဘယ်သူကမှ မလုပ်ကြပေ ။
တစ်ယောက်ထက်ပိုသော စစ်သည်တော်များလည်း အဆင့်မြင့်အဖွဲ့ထဲမှ ထုတ်ပယ်ခံရနိုင်သည်ဟု ဆိုလိုသည်။ အဖွဲ့ခေါင်းဆောင်တွင် အကြွင်းမဲ့အာဏာရှိသည်ဆိုလျှင်တောင် ဘိုးဘေးများသတ်မှတ်ထားသော စည်းမျဥ်းဥပဒေများဖြင့် အဖွဲ့ခေါင်းဆောင်ကို ကန့်သတ်ထားပေသည်။
အဆင့်မြင့်အဖွဲ့ကို ထိန်းချုပ်ထားသော စည်းမျဥ်းတခုလည်းရှိပေသည်။ ၎င်းက အဆင့်မြင့်အဖွဲ့က အမဲလိုက်အဖွဲ့ကြီးရဲ့ ငါးပုံတစ်ပုံ အရေအတွက်ပဲ ရှိရမည်ပင် ။ ဖြစ်နိုင်တာက စည်းမျဥ်းတွေပြုလုပ်ခဲ့တဲ့ အဖွဲ့ခေါင်းဆောင်က အချို့သော နောက်ဆက်တွဲပြသာနာတွေကြုံခဲ့ရသည့်အတွက် အကြီးအကဲနဲ့နတ်ဆေးဆရာကို ဥပဒေသတ်မှတ်ဖို့တင်ပြခဲ့ခြင်းဖြစ်နိုင်သည်။
ဒီအကြောင်းကို တွေးရင်း သူအဆင့်မြင့်အဖွဲ့ထဲပါတော့ လူတွေက သူ့ကို ဝေဖန်တဲ့အကြည့်များစွာ ဘာကြောင့်ကြည့်ကြသလဲကိုသဘောပေါက်သွားသည်။ အခြားသူများက သူ့စွမ်းဆောင်ရည်ကို သံသယဖြစ်ရုံတင်မဟုတ်ပဲ သူ့ကိုအလားအလာရှိသော ပြိုင်ဘက်အဖြစ်တွေးကြလေသည်။
ထို့ပြင် အဆင့်မြင့်အဖွဲ့ထဲက စစ်သည်တော်အများစုက တောင်ထိပ်ပိုင်းတွင်နေကြသည်ကိုလည်း ရှောက်ရွှမ် သတိထားမိသည်။ သူတို့အထဲက အနည်းငယ်ကသာ တောင်နံရံအခြမ်းတွေမှာနေကြခြင်းဖြစ်သည် ။
မိုင်ကဲ့သို့လူများက အဆင့်မြင့်အဖွဲ့ကိုဝင်ဖို့ အရည်အချင်းမရှိဘူးလား၊ လုံးဝမဟုတ်ပေ ။ သို့သော် အဖွဲ့ခေါင်းဆောင်ကသာခွင့်မပြုလျှင် မိုင်ကအဆင့်မြင့်အဖွဲ့ဝင် မဖြစ်လာနိုင်ပေ ။
အကြွင်းမဲ့မျှတမှုတော့ မရှိပေ ။ ရှောက်ရွှမ် ဝင်ရောက်လာခြင်းကတော့ ဘာမှမဟုတ်သော်လည်း တိုက်ဆိုင်မှုသက်သက်ပါပေ ။ သူက ပါလာခြင်းမှာ ထာ့တို့အမဲလိုက်အဖွဲ့က အခုရက်တွေမှာ ရလဒ်သိပ်မကောင်းကြချိန်တွင် သူက ဘိုးဘေးတွေကောင်းချီးပေးခံထားရခြင်းကြောင့်ပေ ။
ဘိုးဘေးများကောင်းချီးပေးခြင်းကြောင့်သာ မဟုတ်ရင် ရှောက်ရွှမ်လိုကလေးမျိုးက လုံးဝအခွင့်အရေးမရှိပါပေ ။ သူက မိဘမဲ့ဂူကဖြစ်သည့်အပြင် သူနိုးထလာတဲ့အခါ သူက လောင်ခဲ့ဆီကထောင် ခြောက်ဆင်ခြင်းကိုသာသင်ခဲ့သည်။
ထာ့က ၎င်းကို လုံးဝအသိအမှတ်မပြုပေ။ ရှောက်ရွှမ်သာ အနာဂါတ်မှာ တကယ်အရည်အချင်းရှိတဲ့သူဖြစ်မလာလျှင် အဆင့်မြင့်အဖွဲ့ကလုံးဝထွက်သွားရနိုင်ပေသည်။
အားကြီးသူနဲ့အားနည်းသူကြားက ကွာဟချက်ကြီးမားလေသည်။ တောင်ထိပ်နှင့်တောင်ခြေတို့၏ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း ဘိုးဘေးတို့ကြိုတင်မှန်းဆထားသော အစီအစဥ်တစ်ခုပင် ဖြစ်ပေလိမ့်မည်။ တောင်ခြေကလူများက အစားအစာ ဘယ်လိုရအောင်လုပ်ရမလံတွေးနေချိန်တွင် တောင်ထိပ်ကသူများကတော့ ဘယ်လိုအားအင်များလာအောင်လုပ်ရမည်လဲကို အဖြေရှာနေကြလေသည်။
အခြားမျိုးနွယ်စုမှ ခြိမ်းခြောက်မှု မရှိသော်လည်း အတွင်းထဲမှာ ပဋိပက္ခဖြစ်နေလေသည်။ အချို့က ဘေးထွက်နေသော်လည်း မျက်နှာပြင်မှာတော့ သိသာခြင်းမရှိပေ။ ရှောက်ရွှမ် ဘူးသီးခြောက်ထဲက အရည်ကို နောက်ထပ်နည်းနည်းစုပ်သောက်ပြီးတဲ့နောက် ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ သူတို့က အတော်မြင့်မြင့်မှာရောက်နေသည့်အတွက် ထူးဆန်းတဲ့ပုံစံရှိတဲ့ အချို့အပင်များကို သူမြင်နိုင်ပေလေသည်။
" ဒါက ဘာလဲ "
ရှောက်ရွှမ်ကအဝေးက အရာတခုကို လက်ညိုးထိုးကာ အားစွော်ကိုမေးသည်။ အားစွော်က သူညွှန်ပြရာကို ကြည့်ကာ အဓိပ္ပါယ်ပါပါနဲ့ရယ်လေသည်။
" အဲ့တာ လူခေါင်းပင် လို့ခေါ်တယ် ၊ သူတို့ထဲက အပင်တိုင်း အနည်းဆုံး လူခေါင်းတစ်ခေါင်းတော့စားဖူးကြတယ်"
ရှောက်ရွှမ်က ဘာမှမပြောပေမဲ့ ကြောက်လည်းမသွားပေ။ သူကဒီအပင်တွေကို ငေးကြည့်နေသည်။ သူတို့ကိုလူခေါင်းပင်လို့ခေါ်တာ မမှားပေ။ အပင်က ခေါင်းနဲ့တူပြီး လေထဲမှာဆံပင်ရှည်လေးတွေ ကခုန်နေတာနှင့်ပင်တူသေးသည်။
သို့သော် လူခေါင်းတို့ကို စားတဲ့ဇာတ်လမ်းအကြောင်းတော့ စိတ်မဝင်စားပါပေ။
အားစွော်က ရှောက်ရွှမ် မကြောက်တာကိုမြင်ရတော့ နည်းနည်းပျင်းလာပေမဲ့ သူကဆက်ပြောသည်။
" သူ့ထိပ်ပိုင်းမှာ ပန်းမပွင့်တာတော့နှမြောစရာပဲသူသာ သူ့ထိပ်မှာသာ တစ်ပင်လုံးကို ဖုံးနေမယ့်ပန်းမျိုးပွင့်မယ်ဆိုရင် ပန်းပွင့်မယ်ဆိုရင် တကယ်လှမှာပဲ "
ရှောက်ရွှမ် တခါ ဆွံ့အသွားသည်။
အားစွော်ပြောပုံအရ ရှောက်ရွှမ် စိတ်ထဲပုံဖော်ကြည့်မိသည်။ မည်သို့ပင်ဖြစ်စေ သူကတော့ ဧရာမလူခေါင်းကြီးမှာ ဧရာမပန်းကြီးအုပ်နေသည်ကိုလှမည်ဟုမထင်ပါပေ။
" ရှေ့ကျရင် ငါတို့ ခုန်တဲ့သစ်သီးပင်ကြီးတဲ့နေရာရောက်တော့မယ် ၊ အဲ့ကျရင် ခပ်ခွာခွာနေ ၊ အနားကပ်မလာနဲ့ "
အားစွော်ကပြောသည်။
" နားလည်ပြီ "
ရှောက်ရွှမ်က ပင်ကိုယ်အသိ မရှိသူတော့ မဟုတ်ရပါပေ ။
ခဏအနားယူပြီးသည့်နောက် ထာ့က သူတို့ ခုန်တဲ့သစ်သီးပင်များဆီသွားဖို့ညွှန်ကြားလိုက်သည်။
ရှေ့ဆက်သွားသောအခါ သစ်ပင်များရဲ့သိပ်သည်းမှုက အရင်လောက်မများတော့ပေ ။ လူများက သူတို့အရှေ့ကမြင်ကွင်းကို အမြင့်ပေါ်တက်မကြည့်လည်း မြင်နိုင်ပေလေသည်။
အားစွော်ပြောခဲ့တဲ့ ခုန်တဲ့အသီးပင်များက ညွှတ်ကျနေတဲ့ မိုးမခပင်များနှင့်တူလေသည်။ ကွဲပြားတာတခုက ညွှတ်ကျနေတဲ့အကိုင်းတစ်လျှောက်မှာ လူကြီးတစ်ယောက်လက်သီးစုပ်မျှ လုံးဝန်းသောအသီးများရှိခြင်းပေ ။
အားလုံးအသက်ရှူခြင်းကိုအသံတိတ်လုပ်ထားကြသည်ကိုတွေ့ရတဲ့အခါ ရှောက်ရွှမ်လည်းကိုယ်ယောင်ဖျက်ထားလိုက်သည်။ သူ့အထင် ဒီအပင်က အသံနဲ့ပတ်သက်၍ အာရုံခံအားကောင်းလို့ဖြစ်မည်။
ထာ့က သူ့လက်ကိုမြှောက်ကာ ရှောက်ရွှမ်ကို ညွှန်ပြပြီး သူ့လက်ဖဝါးကို ဖြန့်ကာ လေကိုဖိပြလိုက်သည်။ သူက ပင်စည်ကြီးနောက်မှ ရှောက်ရွှမ်ကိုနေခဲ့ဖို့ညွှန်ပြခြင်းပင်။
ရှောက်ရွှမ်လည်းသူနားလည်ကြောင်းခေါင်းညိတ်ပြသည်။ သို့သော် တစ်ခုခုမကောင်းတာဖြစ်တော့မည်ဟု သူခံစားရသည်။ သူကသတိပေးချင်သော်လည်း အခြားသူများက ထာ့အမိန့်ကိုစောင့်နေကြကာ ထာ့မှာရှောက်ရွှမ်အတွက်အချိန်မရှိပေ။ ပတ်ပတ်လည်ကိုကြည့်ကာ ထာ့ကိုလက်ကိုယမ်းပြသည်။ စစ်သည်တော် အယောက်နှစ်ဆယ်လောက် က သစ်ပင်ဆီကို မိုးကြိုးလို ချက်ချင်း ပြေးသွားကြလေသည်။ သူတို့က ခြေဖျားနဲ့ပြေးကြပြီး ဘာသံမှမထွက်ကြသော်လည်း အလျင်က မြန်လေသည် ။ သူတို့က အပင်ကိုဝိုင်းထားလိုက်သည်။ သို့သော် သူတို့ ခုန်တဲ့အသီးပင်နားရောက်သည့်အချိန်တွင်ပင် ထာ့က အမြန်အော်လိုက်တာကို ရှောက်ရွှမ် ကြားလိုက်ရသည်။
" ပြန်ဆုတ် "
အခြားသူများက တုံ့ဆိုင်းခြင်းမရှိ ၊ အချို့စစ်သည်များဆိုရင် ခုန်တဲ့အသီးပင်နားရောက်ခါနီးမှာပင် ထာ့အမိန့်ကိုကြားသည်နှင့်အားလုံးပြန်ဆုတ်လာကြသည်။ စောစောက အပင်မှာ ခိုင်ခိုင်မာမာအကိုင်းပေါ်ပေါက်နေသော အသီးအချို့မှာ သူတို့ဘာသာ ကြွေကျလာသည်။ သူတို့သေရေးရှင်ရေးပြေးရသလိုပင် အသီးများက အရှိန်နဲ့ ထွက်ပြေးကုန်ကြသည်။
ရှောက်ရွှမ်က ဘာဖြစ်သွားမှန်းမသိလိုက်ပေ ။ သူက ထာ့က အခြားသူတွေနဲ့ ပြန်ပြေးလာတာကို တွေ့ရပြီး နောက်တော့ သူ့ကိုထာ့က မ သွားလေသည်။
သူတို့က တစ်ခုခုက ရှောင်ရသည့်အလား အမြန်ပြေးနေကြသည်။
သူ့ကိုထာ့က မ သွားချိန် ရှောက်ရွှမ် နောက်ပြန်ကြည့်သောအခါ လေထဲမှာ တခုခုကသူတို့နောက်ကို ပျံလာနေသည်ကိုတွေသည်။ လေကပိုတိုက်လာပြီး လေထဲက ထိုအရာက စစ်သည်တော်များနဲ့ပိုနီးလာလေသည်။
ရှောက်ရွှမ်က အပင်မြင့်တခုပေါ်ကို ခေါ်သွားခံရသည်။ စစ်သည်တော်တွေက ငါးယောက်တစ်ဖွဲ့ခွဲကာ နှစ်ဖွဲ့က သစ်ရွက်ထူကြီးကို ဒိုင်းအဖြစ်သူံးဖို့အတူတူ ကြိုးစားဆွဲယူနေကြလေသည်။ သူတို့က အလုံပိတ်နေရာအသေးလေးကို သစ်ရွက်များနဲ့လုပ်လိုက်ကြသည် ။ သူတို့ကဆွဲလိုက်ကြသောအခါ ရှောင်ရွှမ်က သစ်ပြားအထူများကို ချိုးလိုက်သလိုအသံမျိုးပင် ရှောက်ရွှမ် ကြားလိုက်ရသည်။
သစ်ရွက်တွေခေါက်လိုက်တဲ့နောက်ဆုံးအခိုက်မှာ ရှောက်ရွှမ်က လေထဲကအရာများကို မြင်လိုက်လေသည်။ ၎င်းတို့က ဒုဓလီပန်းများနှင့်တူကာ ပျော့ပြောင်းတဲ့အဖြူရောင်အမွေးများနှင့်ပင်ဖြစ်သည်။ အမွေးများက လက်ဖဝါးနှစ်ခုစာအရှည်ရှိလေသည်။
သူတို့က လေထဲမှာ ပြွတ်သိပ်နေကြပြီး ကောင်းကင်နဲ့သစ်တောနေရာအနှံ့ပြန့်သွားလေသည်။ ထို့နောက် " ဖောက် " ဆိုသော အသံများထွက်လာလေသည်။ အရွက်တွေအချင်းချင်းစုမိသွားသောအခါ အထဲမှာမှောင်သွားလေသည်။ ထိုအရွက်ထူထူများကို အလင်းများများမဖောက်နိုင်ပါပေ ။ စစ်သည်တော်တို့အမြင်များလည်းဝေဝါးသွားသည်။
အလုံပိတ်နေရာလေးက ကျဥ်းမြောင်းကာ ရှောက်ရွှမ်က လူတွေရဲ့အသက်ပြင်းပြင်းရှူသံများကိုကြားရလေသည်။ ကြည့်ရတာ သူတို့ဒီနေရာကို ပြေးလာဖို့ အင်အားအများကြီးသုံးခဲ့ရပေမည်။
အခြားသူများတင် မဟုတ် ၊ ရှောက်ရွှမ်လည်း အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်။ သူမျက်ခုံးများတွန့်ချိုးသွားပြီး သူမထိန်းနိုင်ပဲ သူ့ခေါင်းကိုမော့လိုက်မိသည်။
သူတွေးထားသည့်အတိုင်း ရှောက်ရွှမ် သူတို့ပတ်ပတ်လည်မှာ " ဖောက် " ဆိုသောအသံများကြားနေရသည်။ ထိုအသံများနှင့်မတူ မရေမတွက်နိုင်သော အဖြူရောင်အမွေးများက ဆူးများအလား သစ်ရွက်ထူများကို ဖောက်ထွင်းလာကြသည်။ အမွေးထဲကတစ်ခုဆိုလျှင် ရှောက်ရွှမ် မျက်လုံးနဲ့တစ်လက်မအကွာသို့ပင် ရောက်လာလေသည်။