← Chapters

အဖြူရောင်အမွေးများ

Vol. 5 Ch. 75

အဖြူရောင်အမွေးများ

Vol. 5 Ch. 75

ရှောက်ရွှမ် နဖူးပေါ်က ချွေးစေးတစ်စက်ပင် မြေပေါ်ကျသွားသည်။

သူသာ သူ့ခေါင်းကို မမော့လိုက်လျှင် သူ့ မျက်လုံးထဲကိုဖောက်ဝင်သွားလိမ့်မည်။

သူတို့က အန္တရာယ်မရှိတဲ့ အဖြူရောင်အမွေးတွေလို့ သံသယမရှိထင်ချင်စရာကောင်းသော်လည်း သူတို့က သစ်ရွက်အထူကြီးကိုဖောက်နိုင်ကာ သူတို့အလုံပိတ်နေရာကိုပင်ဖောက်ထွင်းနိုင်သည်။

အရွက်တွေကသာ ဒီလောက်မထူပါလျှင် အဖြူရောင်အမွေးများက အထဲကို ဖောက်ဝင်လာပေလိမ့်မည်ဖြစ်ပြီး ရှောက်ရွှမ်လည်းဘယ်လိုဖြစ်ဖြစ် ဒဏ်ရာရသွားပေမည်။ အားစွော်နဲ့အခြားသူများက ဒီနေရာက အလွန်အန္တရာယ်များကာ ဂရုမစိုက်မိလျှင် အသက်ပါ သေသွားနိုင်လေသည် ဟု ပြောသည်မှာမမှားပါပေ ။

စောစောက အကြောင်းကို ပြန်တွေးကြည့်လျှင် သူတို့ ခုန်တဲ့အသီးပင်နား ဝိုင်းထားသည့်အချိန်မှာ တယောက်ယောက်ကသာ ပြန်ဆုတ်ဖို့တုံ့ဆိုင်းနေလျှင် သူကအကာအကွယ်ထဲကို အချိန်မှီရောက်ဖို့အခွင့်အရေးမရှိတော့သည့်အတွက် အဖြူရောင်အမွေးတွေနဲ့ ဖြူကောင်အလား ဖြစ်သွားမည်ကို ရှောက်ရွှမ် သဘောပေါက်လိုက်သည်။ ခုန်တဲ့အသီးပင်အနီးတစ်ဝိုက်တွင် အကာအကွယ်အဖြစ်သုံးရန် အခြားသင့်တော်တဲ့အရာ မရှိပါပေ ။

ရှောက်ရွှမ်က လေထုထဲမှာ သွေးနံ့ရလိုက်ပြီး ဆိုလိုတာက တစ်ချို့စစ်သည်တော်တို့ ထိခိုက်ခဲ့ကြသည်ပင် ။ သို့သော် မည်သူမှ အော်ဟစ်ခြင်းမရှိပါပေ ။ အခြားသူများထက် နှစ်ယောက်ကသာ အသက်ရှူပိုမြန်နေပြီး အခြားသူများက ပုံမှန်အသက်ရှူနေကြလေသည်။

ခဏကြာသော် ထာ့ကပြောသည်။

" အားစွော်..မင်းအပြင်ထွက်ပြီး တစ်ချက်ကြည့်လိုက်"

" ဟုတ်ကဲ့ "

အားစွော်က အရွက်နှစ်ခုကြားက အဟလေးကိုဖွင့်လိုက်ပြီး အပြင်ထွက်ကြည့်လိုက်သည်။

" ကျွန်တော်တို့ အပြင်ထွက်လို့ရပါပြီ "

" ဖွင့်လိုက်တော့ "

ထာ့က အခြားသူများကို ပိတ်ထားတဲ့အရွက်တွေဖွင့်လိုက်ဖို့ပြောသည်။

သစ်သားပြားများ ကျိုးပဲ့သည့်အသံများ ထွက်လာပြီး သူတို့မြင်ကွင်းလည်း အလင်းနဲ့အတူ ပို၍ လင်းလာပေသည်။

ရှောက်ရွှမ် မျက်လုံးကို ခိုက်မိတော့မလို ဖြစ်ခဲ့သည့် အဖြူရောင်အမွေးတစ်ခုတည်းတင် သစ်ရွက်များကို ဖောက်ထားသည်မဟုတ်ပေ။ထိုအရာများ အများအပြားရှိတေပြီး အချို့က နက်နက်နဲနဲဖောက်နေကြသော်လည်း အခြားဟာများကတော့ သိပ်မနက်ပါပေ ။ ရှောက်ရွှမ် ရခဲ့သောသွေးနံ့ကတော့ စစ်သည်တော်နှစ်ဦး၏ လက်မှဖြစ်လေသည်။ သူတို့က လက်ဗလာနဲ့သစ်ရွက်များကိုအတူတကွ ဆွဲခဲ့ကြလေရာ သူတို့လက်တွေက အရင်ဆုံးခုခံကာကွယ်သူများဖြစ်ကြသည်။ ကံသာမကောင်းရင် သူတို့က အဖြူရောင်အမွေးတွေဖောက်တဲ့အတွက်ကြောင့် သူတို့လက်များသွေးထွက်နေပေလိမ့်မည်။

စစ်သည်တော်ငါးယောက်က သစ်ရွက်များကိုဆွဲကာ သူတို့ထဲက နှစ်ယောက်သာ ဒဏ်ရာရသွားလေရာ သူတို့အခြေအနေကလည်း ကောင်းပါသေးသည်။

သို့သော် အဖြူရောင်အမွေးများထိပ်ဖျားမှာ အဆိပ်ရှိလေရာ အဆိပ်က ရေရှည်သွေးယိုစိမ့်မှုကို ဖြစ်စေတတ်သည်။ အကယ်၍ အသေးစားထိခိုက်မိလျှင်ပင် စစ်သည်တော်များက ပြန်အနာမကျက်နိုင်တော့ဘဲ သူတို့ကိုယ်ပိုင်အနာကျက်နိုင်တဲ့အစွမ်းကိုသုံးလျှင်ပင် သွေးမတိတ်တော့ပေ ။

ဒဏ်ရာရစစ်သည်တော်နှစ်ယောက်မှာ လက်မောင်းများထုံကျဥ်နေလေသည်။ အခြားသူများက အစိမ်းဖျော့ဖျော့အရည်များကို ဘူးသီးခြောက်ထဲမှဒဏ်ရာများပေါ်လောင်းချနေသည်။ မကြာမီပင် ဒဏ်ရာများက သွေးတိတ်သွားသည်။

" အခြားသူတွေကကော ဘယ်လိုလဲ "

ထာ့ကမေးသည်။

" ကျနော်တို့ သုံးယောက်သွေးထွက်နေတယ်၊ အခြားဘယ်သူ့မှာ ရေရှိသေးလဲ ၊ ဒီကိုလာပါဦး "

အခြားအပင်ပေါ်က စစ်သည်တော်တယောက်ကလှမ်းအော်သည်။

" ဒီမှာလည်း အခြေအနေကောင်းတယ် ၊ တစ်ယောက်ပဲ ထိခိုက်သွားတယ် "

အကုန်လုံးက ဒဏ်ရာရတဲ့သူတွေနဲ့ပတ်သက်၍ အလုပ်ရှုပ်နေပြီး ရှောက်ရွှမ်ကလည်း သူ့ဘူးသီးခြောက်ထဲက အရည်တချို့ကိုပေးလိုက်လေသည်။ ပတ်ပတ်လည်ကို ကြည့်ရင် ရှောက်ရွှမ် မထိန်းနိုင်ပဲ ကြောက်ရွံ့ခြင်းကြောင့် အသက်ရှူမှားနေလေသည်။

နေရာတခုလုံးက အဖြူရောင်အမွေးများနဲ့ပြည့်နေပြီး အချို့နေရာများမှာ သိပ်မရှိသော်လည်း အချို့နေရာများတွင် အမွေးများပိုများလေသည်။

သို့သော် အဖြူရောင်အမွေးတို့ ထိခိုက်တဲ့ ဧရိယာမှာ ကျယ်ဝန်းလေရာ အင်းဆက်များနဲ့ငှက်များ သေဆုံးသွားသည်ကတော့ ကျေးဇူးတင်ရပေမည်။ အဖြူရောင်အမွေးများကို ဧရာမအပင်ကြီးများ ၊ သစ်ပင်များနဲ့ နွယ်ပင်များ နေရာအနှံ့တွင် တွေ့ရလေသည်။

ဒီလို အရမ်းကာရောတိုက်ခိုက်မှုမျိုးကို အထိအခိုက်များတဲ့ကပ်ဘေးတခု ဟုပင်သတ်မှတ်နိုင်လေသည်။

သစ်တောထဲမှာ အကောင်ကြီးလေ ပစ်မှတ်ကြီးဖြစ်လေဖြစ်သည့်အတဖ်က် ဧရာမသတ္တဝါများအများအပြားမရှိပေ။ ဒီနေရာကို ဧရာမတိရိစ္ဆာန်များအတွက် အကျိုးနည်းပါးလေရာ အပင်များကသာ အုပ်စိုးထားလေသည်။

ဟေးစစ်ဖုန်းကဲ့သို့ သားရဲဆိုးကြီးများသည်ပင် ဤနေရာတွင် ရှင်သန်ရပ်တည်နိုင်စွမ်း မရှိနိုင်ပေ ။ အကောင်ငယ်လေးများနဲ့ ပုစဥ်းနှင့်အမဲဖျက်ကောင်တို့ကဲ့သို့ ဧရာမအင်းဆက်များကဲ့သို့ ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေပြောင်းလဲနိုင်သည့် သတ္တဝါများကလွဲရင် အခြားသတ္တဝါများက ဒီမြေနှင့် အဝေးမှာသာနေကြပေလိမ့်မည်။

ခြုံငုံရသော် ဤသို့အရမ်းကာရော တိုက်ခိုက်မှု၏ အသက်သေစေနိုင်မှုကအလွန်များလေရာ ရှောက်ရွှမ် ကြုံတွေ့ရသည်မှာ ၎င်းတိုက်ခိုက်မှုမျိူးထဲကတခုဖြစ်လေသည်။

မြေပေါ်မှာ ငှက်နှုတ်သီးအကြီးကြီးနဲ့ တစ်မီတာလောက်ရှိသည့်ငှက်ကြီးရှိလေသည်။ အဖြူရောင်အမွေးနှစ်ချောင်း ထိူးမိထားပြီး သူ့အတောင်ပံများကို အားမရှိစွာ တဖျက်ဖျက်ခတ်နေလေသည်။ သို့သော် သူ့ကြွက်သားအကုန်လုံးထုံလာပြီး သူ့လက်သည်း၊ ခြေသည်းများပင် မထိန်းနိုင်တော့လေရာ အတောင်ပံခတ်ခြင်းက အကျိုးမရှိပေ။

ဝူး...

သွေးရောင်နွယ်ပင်တခုက ခြုံပုတ်မြင့်မြင့်များကြားထဲကထွက်လာပြီး ငှက်ကြီးကို ရစ်ပတ်ကာ ဆွဲခေါ်သွားသည် ။ ငှက်က ပြင်းပြင်းထန်ထန်ရုန်းကန်ပါသော်လည်း ဘာမှမတတ်နိုင်တော့ပါပေ။

အဆုံးမှာတော့ နွယ်ပင်နဲ့ငှက် နှစ်ခုစလုံးက ခြုံပုတ်အမြင့်ကြီးတွေကြားထဲမှာ ပျောက်ကွယ်သွားပြီး အတောင်ပံခတ်သံကိုသာ ကြားရတော့လေသည်။

ထို့နောက် ' ဖောက် ' ဆိုတဲ့အသံငယ်လေး ကြားရပြီး အားလုံးတဖန် ပြန်တိတ်ဆိတ်သွားလေသည်။

သူတို့တောထဲ ဝင်ကတည်းက ဘယ်သတ္တဝါအသေကောင်ကိုမှ ရှောက်ရွှမ် မတွေ့ခဲ့ရပေ ။ ဒီတော့ သစ်တောထဲမှာ အသေ တို့ ဒုက္ခိတဖြစ်သွားတဲ့သတ္တဝါများကို အဝေးကိုဆွဲခေါ်သွားကာ အာဟာရအဖြစ်အစာချေပစ်တဲ့ ဒီလိုသန့်ရှင်းရေးလုပ်ပစ် သော သက်ရှိများ သစ်တောထဲ များစွာ ရှိပုံရလေသည်။

" ခဏနားပြီး နောက်မှ ဒီခုန်တဲ့အသီးတွေကိုအမဲလိုက်ကြတာပေါ့ "

ထာ့က အားလုံးကိုပြောလိုက်သည်။

အဖြူရောင်အမွေးမှိုက အတော်ကြီးမားသော တိုက်ခိုက်မှုဖြစ်လေရာ အန္တရာယ်ရှိ သတ္တဝါအများစုကို အဝေးကိုမောင်းထုတ်ပစ်လေသည်။ အနည်းဆုံးတော့ အချိန်တိုအတွင်း အမဲဖျက်ကောင်ကဲ့သို့ ထိုးဖောက်တိုက်ခိုက်တတ်တဲ့အကောင်အုပ်လိုက်ကြီး ဒီဧရိယာအတွင်းတွေ့ရမည်မဟုတ်ပေ ။ ထို့ကြောင့် ထာ့က စစ်သည်တော်များကို ခဏနားရန်ပြောခြင်းပေ ။

" အဖြူရောင်အမွေးထိပ်ဖျားလေးကသာ အဆိပ်ရှိတာပါ "

ထာ့က ဒဏ်ရာရတဲ့စစ်သည်တော်ရဲ့လက်ဖဝါးကို ကုသပေးရင်း ရှင်းပြသည်။ သူက စစ်သည်တော်လက်ထဲကို နက်နေအောင်စိူက်ဝင်နေသော အဖြူရောင်အမွေးကိုဆွဲထုတ်လိုက်ပြီး ရှောက်ရွှမ်ကို ပြလေသည်။

" သူတို့အဆိပ်ရှိတဲ့ထိပ်ဖျားကို မထိသရွေ့ ဒါတွေက အန္တရာယ်မရှိပါဘူး "

ထွော်ကပြောပြသည်။ ရှောက်ရွှမ်က သူအနီးကပ်ကြည့်လိုတဲ့အတွက် လက်ဖဝါးစာ ရှည်တဲ့ အဖြူရောင်အမွေးလေးနဲ့ သူ့လက်ညိုးနဲ့လက်မကိုသုံးကာ ခပ်ဖွဖွ ယူကြည့်လိုက်လေသည်။ မြားထိပ်လေးလို ပုံစံနဲ့ အခွက်အသေးလေး ထိပ်ဖျားတွင်သာရှိလေရာ ၎င်းတွင်သာ အဆိပ်တွေပါဝင်ပြီး အဆိပ်သင့်တဲ့အပိုင်းလေးသာဖြစ်ပေမည်။

အဖြူရောင်အမွေးများက နူးညံ့ပုံပေါက်ကာ အမှန်တကယ်လည်း နူးညံ့ပေလေသည်။ သို့သော် သူတို့က ထူတဲ့ပစ္စည်းများကိုပင် အပ်တချောင်းကဲ့သို့ တချိန်တည်းမှာ ထိုးဖောက်နိုင်ပေလေသည်။

သူတို့က လေထဲမှာ ပျံသွားလျှင်လည်း အလွန်လျင်လျင်မြန်မြန်သွားနိုင်ကြလေသည်။ သူတို့အရွက်တွေနဲ့အလုံပိတ်နေရာလေးထဲကို မဝင်ခင်မှာ ရှောက်ရွှမ်က ဒုဓလီပန်းများနှင့်ဆင်တူသည့်အရာများကိုတွေ့လိုက်ပြီး ၎င်းက အဖြူရောင်အမွေးများနဲ့ဖွဲ့စည်းထားပေသည်။

အဖြူရောင်အမွေးများရဲ့အလုပ်လုပ်ပုံကို မြင်ရပြီးတဲ့နောက်မှာ ရှောက်ရွှမ်က ကျောက်ဓားကိုထုတ်ကာ အဆိပ်ခွက်ပါတဲ့ထိပ်ဖျားကို ဖြတ်လိုက်သည်။

သို့သော် သူ ပုံမှန်အတိုင်းဖြတ်ပစ်တာက အဆိပ်ခွက်လေးကိုလုံးလုံးဖယ်မပစ်နိုင်တာ တွေ့ရလေသည်။ သူ့ အရှေ့နဲ့အနောက်ကို ဆက် ခုတ်ဖြတ်ပစ်လေသည်။ သူများအဆိပ်ခွက်အသေးလေးကို ဖယ်ထုတ်ပစ်နိုင်မလားဟူ၍ ကြိုးစားလုပ်နေသော်လည်း မမျှော်လင့်ပဲ ဤခပ်ပါးပါးအမွေးလေးက ဖြတ်ပစ်ဖို့ရာအလွန်ခက်နေလေသည်။

" ချီး..ဟားဟားဟား "

" ငါ့ကိုအသေသတ်နေတာပဲ ၊ ဟေ့ ဒီငတုံးလေးကို ကြည့်ကြဦး "

" အားရွှမ် ၊ မင်းအကုန်လုံးနဲ့ဆော့လို့မရဘူးလေ ၊ နားလည်လား ၊ မင်း ကြိုးတွေနဲ့ကစားချင်တယ်ဆိုရင် မင်းကို နွယ်ပင်တွေရှာပေးမယ် "

" စစ်သည်တော် အသစ်လေးတွေက ရိုးရိုးပဲ တွေးကြတာပဲ ၊ ပြီးတော့ အကုန်လုံးကို အလွယ်လေး ထင်နေကြတယ် "

" မင်းက ဒါတွေကိုနားလည်ဖို့ အရမ်းငယ်သေးတယ် "

အနားမှာ နားနေကြတဲ့စစ်သည်တော်များက မထိန်းနိုင်တော့ပဲ အကျယ်ကြီးရယ်မိကြလေသည်။ ရှောက်ရွှမ်က ကျောက်ဓားနဲ့လေးလေးနက်နက် အဖြူရောင်အမွေးကို ဖြတ်နေသည်ကို ကြည့်ရသည်မှာ ဟာသပွဲတစ်ခုကို ကြည့်နေရသည့်အလား ခံစားရလေသည်။ ထို့ကြောင့် သူတို့က ရှောက်ရွှမ်ကို လူကြီးတွေအသံမျိုးနဲ့ဆုံးမနေလေသည်။

" အားရွှမ် ၊ မင်း ဒီအဖြူရောင်အမွေးလေးတွေက နူးနူးညံ့ညံ့ သေးသွယ်သွယ်လေးဆိုတာ မြင်တယ်မလား ၊ ဒါပေမဲ့ တကယ်က သူတို့ကဖြတ်ရခက်တယ် ၊ ပြီးတော့ ၁၀ ရက်ကျော်တာနဲ့သူတို့က ပျောက်သွားတတ်တယ် " ထွော်ကပြောသည်။

" ကျွန်တော် နားလည်ပါပြီ "

ရှောက်ရွှမ် က အလှောင်ခံရလို့ လုံးလုံးမရှက်သော်လည်း အဖြူရောင်အမွေးလေးနဲ့ပတ်သက်ပြီး ပိုစိတ်ဝင်စားသွားလေသည်။

အဖွဲ့ခေါင်းဆောင်က အနားယူဖို့ပြောထားလေရာ ရှောက်ရွှမ်မှာတခြားလုပ်စရာလည်းမရှိပါချေ။ ရှောက်ရွှမ်က မြေကြီးမှာစိုက်နေတဲ့ အဖြူရောင်အမွေးများကို ဆွဲနှုတ်ကာ အဆိပ်ရှိတဲ့အဖျားများကို တစ်ဖက်တည်းမှာထားလိုက်လေသည်။

" မင်းဘာလုပ်နေတာလဲ ၊ ဆော့ချင်လို့လား "

ခဲ့ခဲ့က သိချင်နေသည့်အတွက် မေးလာလေသည်။

ရှောက်ရွှမ် က တိုက်ရိုက်မဖြေပဲ ပြန်မေးလိုက်သည်။

" ဒီမှာ မီးမွှေးလို့ရလား "

" မီးပုံလုပ်လို့မရဘူး "

ခဲ့ခဲ့က ကြောင်အမ်းသွားသည်။

" အနီးအနားက မြက်ပင်တွေနဲ့အပင်တွေက မီးကိုမကြိုက်ကြဘူး၊ ဒီမှာ ညကျနားရင်တောင် မီးဖိုလို့မရဘူး ၊ မဟုတ်ရင် အပင်တွေက ငါတို့ကိုတိုက်ခိုက်ကြလိမ့်မယ် "

" မီးတုတ်ဆိုရင်ကော "

ရှောက်ရွှမ်ကမေးလေသည်။

" အသေးလေးပဲဆိုရင်ကော "

ရှောက်ရွှမ်က မီးကို ခပ်သေးသေးမွှေးနေသည်ကို မြင်ရမှသာခဲ့ခဲ့ စိတ်အေးသွားတော့သည်။

ထာ့က သူ့လက်ထဲမှာ သားရေအလိပ်ရှိနေပြီး သူတို့ဘေးမှာ မတ်တပ်ရပ်နေလေသည်။ သူတို့ရှာနေတဲ့ပစ်မှတ်တွေအကုန်လုံး ထိုအထဲမှာ ရှိလေသည်။ သူက ဆူသံကြားရတဲ့ရှောက်ရွှမ်တို့ဘက်ဆီကြည့်လိုက်တဲ့အခါ ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။

ထာ့က ရှောက်ရွှမ်ကို အဆင့်မြင့်အဖွဲ့ထဲ ထည့်ထားပြီးတဲ့နောက် ဒီလို လှည့်ကွက်လေးများနဲ့ဆော့ကစားနေဦးမည်ဟု မျှော်လင့်မထားပေ။

မှန်သည် ။ ထာ့ရဲ့အမြင်မှာ ထောင်ခြောက်၊ကျော့ကွင်းများနဲ့ဆက်စပ်သမျှကို လှည့်ကွက်လေးများဟုမြင်၏ ။ ဒါတွေက အားနည်းတဲ့သူနဲ့ ဒုက္ခတိများအတွက်သုံးဖို့ဟုသာ ယူဆထားသည်။

သူက ၎င်းတို့ကို အသိအမှတ်မပြုပါပေ ။ သူ့စိတ်ထဲမှာ တကယ်စစ်မှန်တဲ့မြင့်မြတ်တဲ့စစ်သည်တော်ဆိုတာ သူ့ကိုယ်ပိုင်စွမ်းရည်နဲ့သာတိုက်ခိုက်ပြီး စစ်မှန်တဲ့အမဲလိုက်ခြင်းဆိုသည်မှာ ဓားနဲ့လှံနဲ့သားကောင်များကို သတ်ဖြတ်ခြင်းပင်။ တကယ့်နည်းလမ်းများကလွဲ၍ လှည့်ကွက်လေးများသုံးကာလုပ်ဆောင်သူသည် စစ်မှန်တဲ့စစ်သည်တော်တယောက်ဖြစ်လာမည်မဟုတ်ပေ ။

သူတွေးလေ မကျေမနပ်ဖြစ်လေပင် ၊ ခဲ့ခဲ့က ရှောက်ရွှမ် ကို မီးတုတ်လုပ်ပေးနေတာကိုမြင်ရတဲ့အခါ ထာ့က သက်ပြင်းရှည် ချလိုက်လေသည်။ အဖွဲ့ခေါင်းဆောင် သဘောထားကိုမြင်ရတဲ့အခါ ရှောက်ရွှမ်လုပ်ဆောင်ချက်တွေကိုစစ်ဆေးကြည့်ဖို့တွေးထားသည့်လူများမှာ အတွေးပြောင်းသွားကြသည်။

အဖွဲ့ခေါင်းဆောင်ကသာ အဆင့်မြင့်အဖွဲ့က သူတို့ကံကို အဆုံးအဖြတ်ပေးနိုင်လေသည်။ အဖွဲ့ခေါင်းဆောင်ကို မကျေနပ်စေမယ့်အဓိပ္ပါယ်မရှိတဲ့ကိစ္စကို သူတို့ဘာကြောင့်လုပ်ရမည်နည်း၊ အားရွှမ် ကလည်း အဖွဲ့ခေါင်းဆောင် ဖိတ်ထားတဲ့ ငတုံးလေးပါပေ ၊ သူကအခု ကစားဖို့တွေးနေသည်တဲ့ ၊ ဘယ်လောက်အနှောင့်အယှက်ဖြစ်ပါလိမ့်။

ခဲ့ခဲ့က အနားမှာ အပင်သေတခုကို တွေ့လေရာ သူက သစ်ကိုင်းတစ်ခုကို ဖြတ်လိုက်ပြီး မီးမွှေးလိုက်သည်။

ရှောက်ရွှမ်က မီးနဲ့ အဆိပ်ခွက်လေးတွေအဖျားကို မီးရှို့လိုက်သည်။

အဖြူရောင်အမွေးများက လောင်သွားတဲ့အခါ ချက်ချင်းမဲသွားပြီးအဖျားများမှာ တွန့်လိပ်သွားကာ ကျုံ့ဝင်သွားလေသည် ။ ရှောက်ရွှမ်က လိုရမယ်ရ အဆိပ်သင့်အဖျားကို ပိုမီးရှို့လိုက်သည်။

" ဒါလေး ကူညီပါဦး "

ရှောက်ရွှမ်က မီးတုတ်ကို ခဲ့ခဲ့ကိုကမ်းပေးလိုက်ပြီး ကျောက်ဓားအတိုလေးကို ထုတ်ကာ မီးကျွမ်းထားတဲ့အဖြူရောင်အမွေးရဲ့ ဘေးမှာ ထားလိုက်ပြီး ကျောက်ဓားကိုသုံးကာ ခုတ်ပစ်လိုက်သည်။

မီးကျွမ်းထားတဲ့အဖျားလေးက အလုံးလေးလိပ်သွားပြီး ရှောက်ရွှမ် က ကျောက်ဓားနဲ့ ခုတ်ပစ်လိုက်သောအခါ အဖြူရောင်အမွေးလေးကနေ ကြွေကျသွားသည်။ ထိုအချိန် ရှောက်ရွှမ် လက်ထဲ အဆိပ်မရှိတဲ့ အဖြူရောင်အမွေးလေးသာ ကျန်တော့လေသည်။

All Chapters