ညမှာချီတက်တဲ့ အစိမ်းရောင်သူခိုးတွေ
Vol. 6 Ch. 78
အခြားသူများက အစိမ်းရောင်သူခိုးနဲ့ ညအမြင်အာရုံအကြောင်းကြားမှာ မျောနေစဥ် ရှောက်ရွှမ်က သူမနေ့က ထောင်ခဲ့တဲ့ ထောင်ခြောက်များကို သေချာစစ်ဆေးနေသည်။
ပြောရရင် သစ်ပင်က သစ်စေးအများကြီးစိမ့်ထွက်နေလေသည် ။ သို့သော်လည်း ပမာဏအနည်းငယ်ကသာ ထောင် ခြောက်ဆင်ဖို့သုံးနိုင်လေသည်။ ရှောက်ရွှမ်က သစ်စေးများက သစ်ပင်ရဲ့နေရာအလိုက် စေးကပ်မှုအဆင့်ချင်းလည်း ကွဲကြသည်ကို သိသွားသည်။
သစ်ခေါက်ကို ခုတ်ထစ်လိုက်မှသာလျှင် ထောင်ခြောက်ဆင်လို့ရနိုင်တဲ့စေးကပ်တဲ့ သစ်စေးအနည်းငယ်သာ ရနိုင်သည်။ သူက သစ်စေးများကိုစုကာ ကျော့ကွင်းပတ်ပတ်လည်တွင်သုံးလေသည်။ သို့သော်လည်း ကျော့ကွင်းနှစ်ခုတွင်သာ သုံးနိုင်ခဲ့သည်။
မနေ့က သူတို့ ပိုးကောင်အသေများကို ရှင်းလင်းတုန်းကစစ်သည်တော်များက ရေညှိနဲ့မြက်တွေကိုအဝေးကိုကော်ပစ်လိုက်သည်။
ထို့ကြောင့် သူတို့အနားယူကြတဲ့ပတ်ဝန်းကျင်တဝိုက်မှာ ရှင်းလင်းနေကာ ကျန်သေးတဲ့မီးမြှိက်ထားတဲ့အသီးအနံ့အများကလည်း တိရိစ္ဆာန်အတော်များများကို မောင်းထုတ်ပစ်လိုက်သည်။
အကျိုးဆက်အနေနဲ့ ရှောက်ရွှမ်က မြေပေါ်က သစ်စေးများမှာ အမှတ်အသားတော်တော်များများတွေ့ရလေသည်။ သူမနေ့က ခုတ်လိုက်တဲ့အပင်က သစ်စေးတွေအများကြီးလျှံစီးကျနေပေမဲ့ အများစုက အရမ်းမစေးကပ်ကြပါပေ။
သစ်စေးရဲ့ အစွန်းဖက်က အမှတ်အသားများကတော့ တစ်ခုခုဆွဲခံရသည့် ခြေရာလက်ရာမှန်းသိသာပေရာ တစ်ခုခုတော့ တက်နင်းသွားခဲ့သည်။ အဆင့်မြင့်အဖွဲ့ထဲက ဘယ်စစ်သည်တော်မှ မထိရသေးပေ ၊ မဟုတ်ပါက ခြေရာများ ရှိနေပေလိမ့်မည် ။
ရှောက်ရွှမ် ခဏလောက်တွေးကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည် ။ သူက အနားက ပွင့်နေတဲ့ အပင်ပေါ်ကို အကြည့်ရောက်သွားသည်။ လေတိုက်လျှင် သူ့ထိပ်က ဝတ်မှုန်များသည် မြေပေါ်ပြန့်ကျဲသွားပေလိမ့်မည်။
" ကျွန်တော် ဒီပန်းတွေ ခူးလာလို့ရမလား၊ အဖွဲ့ခေါင်းဆောင်"
ရှောက်ရွှမ်ကမေးသည်။ ခွင့်ပြုချက်မရှိပဲ လူပ်ခြင်းက လုံးဝတားမြစ်ထားသည့်အတွက် တခုခုမလုပ်ခင်မှာ သတင်းပို့ဖို့ ရှောက်ရွှမ် ကို ထာ့က သတိပေးထားဖူးသည်။
ထာ့က ရှောက်ရွှမ်ကို ခဏကြည့်ကာ သဘောတူလိုက်သည်။
" ရတယ်..သွား "
အရင်တုန်းကဆိုရင် ထာ့က ရှောက်ရွှမ် ကို ဒီလုပ်ရပ်တွေက သူ့မျက်လုံးထဲမှာ အလွန်ညဏ်နည်းပုံပေါက်လေရာ ဒီပန်းတွခူးဖို့ခွင့်ပြုမည်မဟုတ်ပေ ။ သို့သော် ယခု သူက ရှောက်ရွှမ် တစ်ခုခုကို သိသွားတာဖြစ်မည်ဟု ခံစားရလေသည်။
ရှောက်ရွှမ်က အပင်ပေါ်တက်ကာ ပန်းတွေကို သူ့လက်နဲ့ချိုးဖို့ကြိုးစားလိုက်သည်။ သို့သော် မအောင်မြင်သည့်အတွက် သူ့ကျောက်ဓားကိုထုတ်ကာ ရိုးတံကိုဖြတ်လိုက်သည်။ သူ့လက်နဲ့ ပန်းကိုကာကွယ်ထားတဲ့အောက်ခြေက အစိမ်းရောင် ပွင့်ပပ်များကိုကိုင်ကာ ဂရုတစိုက်နဲ့ အပက်အောက်ရပ်နေတဲ့ထွော်ကိုလှမ်းပေးလိုက်သည်။
ပန်းနှစ်ပွင့်ကို ဖြတ်ပြီးတဲ့နောက် ရှောက်ရွှမ်က အပင်ပေါ်ကပြန်ဆင်းလာသည်။ ရှောက်ရွှမ် ပေးတဲ့ပန်းတွေကို ဖမ်းရတဲ့ထွော်ကတော့ သူ့တစ်ကိုယ်လုံး ဝတ်မှုန်များကပ်နေတော့သည်။ ပန်းပွင့်ဟာ ဝတ်မှုန်များ ပေါလွန်းသည့်အတွက် ရှောင်ရှားဖို့အတွက် မဖြစ်နိုင်ပေ။
" ဒါတွေနဲ့ ဘာလုပ်မလို့လဲ အားရွှမ်"
ထွော်ကမေးသည်။
" မြေပေါ်မှာ ခြေရာတွေ တွေ့မလား ကြည့်ချင်လို့ပါ "
ရှောက်ရွှမ် ကဖြေသည်။
" ခြေရာတွေ "
အစိမ်းရောင်သူခိုးအနားဝိုင်းနေတဲ့အခြားသူများကလည်း ရှောက်ရွှမ် ကိုကြည့်လိုက်ကြသည်။ ရှောက်ရွှမ် က ပွင့်ဖက်ကို ကိုင်ကာ မြေပေါ်စောင်းလိုက်ပြီး မြေပေါ်မှာ လိမ္မော်ရောင်ဝတ်မှုန်ကို ညင်ညင်သာသာစိုက်လိုက်လေသည့်။
လူတွေက ရှောက်ရွှမ် သစ်စေးပင်အနားမှာ ပတ်နေသည်ကိုတွေ့လေသည်။ သူက ပန်းကိုကိုင်ကာ ဝတ်မှုန်များကိုခါချနေလေသည်။ တစ်အောင့်ကြာသော် သူ့ခြေထောက်အောက်က မြေကြီးက လိမ္မော်ရောင်ဝတ်မှုန်များနဲ့အုပ်သွားလေသည်။
ဝတ်မှုန်တွေ ဖြူးပြီးတဲ့နောက် ရှောက်ရွှမ်က သစ်ရွက်ကြီးတစ်ခုကိုရှာကာ ယပ်တောင်ကဲ့သို့ တဖျက်ဖျက်ခပ်လိုက်လေသည်။
မြေပေါ်က ဝတ်မှုန်အလွှာက လေထဲလွင့်သွားပြီး အချို့ကတော့မြေပေါ်မှာကျန်ခဲ့လေသည်။
လိမ္မော်ရောင်ဝတ်မှုန်များက ထင်ရှားကာ မြေပေါ်မှာ ခြေရာများအဖြစ် ကျန်ခဲ့လေသည်။ ထိုခြေရာများက ကျော့ကွင်းမိထားတဲ့အစိမ်းရောင်သူခိုးခြေရာများနဲ့ဆင်တူလေသည်။
မြေပေါ်က ခြေရာများကို မြင်တဲ့အခါ ထာ့က လူတွေကို ကြည့်ပြီး ပြောသည်။ " သူ့လိုလိုက်လုပ်ကြ ၊ သစ်စေးတွေနဲ့နေရာကို ပိုအာရုံစိုက်ကြ "
ရှောက်ရွှမ် ဖြတ်ခဲ့တဲ့အပင်တစ်ခုတည်းတင် သစ်စေးရှိသည်မဟုတ်ပေ။ မနေ့က ထာ့က ပတ်ဝန်းကျင်ကို စစ်ဆေးခိုင်းတုန်းက သစ်စေးပင် နည်းနည်းကို သူ သတိထားမိခဲ့သည်။ အပင်အကုန်လုံးက တစ်နည်းနည်းနဲ့သစ်စေးတွေ စိမ့်ထွက်နေကြကာ နေရာအကျယ်ကြီးကို ဖုံးအုပ်ထားလေသည်။
ထာ့အမိန့်နဲ့မနက်စောစောပွင့်နေတဲ့ ပန်းပင်မှန်သမျှ ဝတ်မှုန်ရဖို့အတွက် စစ်သည်တော်များခုတ်ခြင်းကိုခံလိုက်ရသည်။
တစ်ခဏအတွင်း သစ်တောကို ဝတ်မှုန်များနဲ့ ပြည့်သွားလေသည်။ ကံကောင်းထောက်မစွာနဲ့ ၎င်းက ပတ်ဝန်းကျင်အတွက် အန္တရာယ်တော့ မရှိပါပေ ။
အချိန်အတော်ကြာပြီးတဲ့နောက် သူတို့က ဖြန့်ဖြူးခြင်းပြီးသွားကာ ဝတ်မှုန်များကို မှုတ်ထုတ်လိုက်ကြသည်။
မြေပေါ်မှာ ပြန့်နေတဲ့သစ်စေးပေါ်မှာ ခြေရာများအများအပြားပေါ်လာပြီး ၎င်းတို့မှာ ရေညှိများ မြက်ပင်များကြောင့်သာ မသိသာခဲ့ခြင်းပင်။ အချို့က ခြေသုံးချောင်းပုံအတိအကျ မဟုတ်ကျလျှင်တောင်မှ စစ်သည်တော်များက ဒါ အစိမ်းရောင်သူခိုးခြေရာနဲ့အတူတူပဲဆိုတာကိုသိပြီး ၎င်းတို့က တစ်နေရာတည်းကို ဦးတည်နေလေသည်။
လိမ္မော်ရောင် ခြေရာများက ပမဏအတော်များကာ ပြွတ်သိပ်နေကြသည် ။ နေရာအများစုမှာ သစ်ရွက်ကြွေများ ၊ ပေါင်းပင်များနဲ့ဖုံးအုပ်ထားလေရာ ဝတ်မှုန်များက အရာထင်ဖို့ခက်လေသည်။ လူတွေက သူတို့စိတ်ကူးကြည့်ဖူးသမျှထက် ခြေရာများ ပိုများကြောင်းကို တွက်ကြည့်နေကြလေသည်။
ကြည့်ရတာ မ နေ့ညက သူတို့အနားယူတဲ့ အပင်တွေအောက်မှာ ညမှကျက်စားတဲ့အကောင်တွေအုပ်လိုက်ကြီး ချီတက်သွားကြပုံပင်။ သို့သော် ညက အစောင့်များက ရှောက်ရွှမ် ထောင်ခြောက်ထဲ မိသွားတာကလွဲရင် ဘာသံမှမကြားရပေ ။
ထာ့က အဆင့်မြင့်အဖွဲ့မှာ နှစ်ပေါင်းများစွာကြာခဲ့လေပြီဖြစ်သော်လည်း ထိုကဲ့သိူ့ ညမှာ ကျက်စားတဲ့အပင်အုပ်ကြီး မမြင်ဖူးပါချေ။
အစိမ်းရောင်သူခိုးက ညမှာ အသံတိတ်ချီတက်ကြလေသည်။
အစိမ်းရောင်သူခိုးက သားရေစာလိပ်ထဲ မပါရခြင်းမှာ ၎င်းကရှာဖို့အလွန်ခက်လေသောကြောင့်ပင် ။ ထို့ပြင် အလွန်စွန့်စားရာ ကျလေကာ ဘိုးဘေးများမှာ ညအခါအမဲလိုက်ခြင်းက ဘယ်လောက်အန္တရာယ်များလဲကိုသိကြလေသည်။
ရဲရင့်တဲ့စစ်သည်တော် တော်တော်များများမှာ အမှောင်ထဲမှာ အမဲလိုက်ရင်းသေဆုံးခဲ့ရသည်။ ထို့ကြောင့် သူတို့မှာ ရွေးချယ်စရာမရှိပဲ သူတို့အမဲလိုက်စာရင်းကနေ ၎င်းကိုပယ်ထုတ်လိုက်ရလေသည်။ နောက်ပိုင်းမှာတော့ အစိမ်းရောင်သူခိုးကဲ့သို့ရှာရခက်သည့်အပင်များကို သားရေစာလိပ်ပေါ်တွင် မတွေ့ရတော့ချေ။
ပြီးခဲ့တဲ့ရာစုနှစ်များမှာ အဆင့်မြင့်အဖွဲ့က မည်သူကမှ အစိမ်းရောင်သူခိုးနဲ့ မတွေ့ဖူးပါချေ။ ထာ့ကသာ သူတို့အဖိုးနဲ့ မျိုးနွယ်စု သက်ကြီးရွယ်အိုများဆီက ပုံပြင်များကိုသာ အာရုံမစိုက်ခဲ့လျှင် သူက အစိမ်းရောင်သူခိုးဆိုတာကို ဆက်စပ်မိမည်မဟုတ်ပေ ။ ထိုအပင်က သူ့အတွက် ဒဏ္ဍာရီတခုပင်ဖြစ်ကာ သူကအတိတ်က အစိမ်းရောင်သူခိုးကို မြင်ဖူးကြသည့်ဘိုးဘေးများကို အလွန်လေးစားလေသည်။
မမျှော်လင့်ထားပဲ ဒီနေ့မှာတော့ သူတို့အရှင်တကောင်ဖမ်းမိလေပြီ။
ဒါက ရှောက်ရွှမ်ထောင်ခြောက်မှာ မိသည်ဆိုသော်လည်း ထာ့စိတ်ထဲမှာ သူ့အထင်သေးမှုအတွက် ပါးပြန်အရိုက်ခံရသလို ခံစားနေရလေသည်။ သို့သော် သူ့မျက်စိနဲ့ အစိမ်းရောင်သူခိုးကို မြင်ရသည့်အတွက် တန်သည်ဟုခံစားရလေသည်။
ထာ့က အခုထိဖြစ်ပျက်သမျှအပေါ်မှာ သေချာစိတ်မထိန်းနိုင်သေးပေ။
" အစိမ်းရောင်သူခိုးက ညမှာချီတက်တယ်..အစိမ်းရောင်သူခိုးက ညမှာ အသံတိတ်ချီတက်တယ်..ဒါ အစိမ်းရောင်သူခိုးပဲ "
" ဒါဆိုလည်း ကျော့ကွင်းကိုဖြည်ပြီး သိမ်းလိုက်ရအောင်လေ..ဆရာ..တခြားတိရိစ္ဆာန်လက်ထဲပါသွားလို့မရဘူးလေ "
" ဟုတ်တာပေါ့..ဟုတ်တာပေါ့..ငါ သစ်ခေါင်းပေါက်ထဲက သစ်သားဗူးလေးသွားယူလိုက်မယ် "
" သစ်သားဗူးနဲ့ရပါ့မလား ၊ ကျနော်တို့ ကျောက်ဗူးကိုသုံးရင်ကော "
" ဒါမှမဟုတ် နှစ်ခုလုံး ယူလာရင်ကော "
" ဒါပေမဲ့ အစိမ်းရောင်သူခိုးက တစ်ပင်တည်းမလား ၊ ငါတို့သာ နှစ်ပိုင်းဖြတ်မပစ်ရင် ဘာလို့နှစ်ဗူးလိုမှာလဲ "
" အစိမ်းရောင်သူခိုးက အပြင်ယူလို့ရမရဆိုတာကော ဘယ်သူသိလဲ ၊ ငါတို့ အပြင်ယူလာလို့ သေသွားရင်ဘယ်လိုလုပ်မလဲ"
ခဲ့ခဲ့က တတွတ်တွတ်ပြောနေသည်။
" ခဲ့ခဲ့ ပါးစပ်ပိတ်ထား "
အခြားသူများက အော်လိုက်ကြသည်။
" ဒါပေမဲ့ ကျော့ကွင်းက ဖြည်ဖို့ခက်လွန်းနေတယ်..မင်းကျော့ကွင်းကိုဘယ်လိုဖြည်ရမလဲ..အားရွှမ် "
ထွော်က သူနဲ့မနီးမဝေးမှာ ရပ်နေတဲ့ရှောက်ရွှမ်ကိုလှမ်းကြည့်လိုက်သည်။
သို့သော် ရှောက်ရွှမ် ကသူတို့ကိုအာရုံမရှိပေ။ အခု သူတစ်ခုခုကို မြင်လိုက်သည် ။ ဝေဝေဝါးဝါး ဖြစ်နေကာ သူ့အနားကအသံအားလုံးကလည်း အသံပိတ်ထားသကဲ့သို့ ဘာသံမှမကြားရပေ ။
တစ်..နှစ်..တစ်ဆယ်..တစ်ရာ
တစ်ထောင် ၊ ထောင်ပေါင်းများစွာ
သူတို့က အဲ့ဒီ့ထက်ပင်ပိုနိုင်လေသည်။
ဒီအစိမ်းရောင်အကောင်လေးများက တစ်နေရာတည်းကို ဦးတည်ကာ လမ်းလျှောက်နေကြလေသည်။ သူဖမ်းမိထားတဲ့ အစိမ်းရောင်သူခိုးနဲ့ယှဥ်ရင် ဒီအစိမ်းရောင်သူခိုးတွေမှာ ခေါင်းတွေရှိပြီး သူတို့ခေါင်းတွေက ကြမ်းတိုက်အဝတ်ကို ဇောက်ထိုးလှန်ထားသည်နှင့်တူလေသည်။ ထိုစိမ်းပြာရောင်သူခိုးများက ရှောက်ရွှမ်နဲ့အရပ်တူတူပင်ဖြစ်ပြီး ဝါးပင်များကဲ့သို့ ပိန်သွယ်လေသည်။ သူတို့က သစ်တောထဲမှာ အသံမထွက်ပဲ လမ်းလျှောက်နေကြသည်။
" အားရွှမ် "
" ဟေ့..ဘာဖြစ်နေတာလဲ "
စစ်သည်တော်များက သူ့ကိုဆက်ခေါ်ဖို့တွေးထားသော်လည်း ထာ့က တားလိုက်သည်။
" သူတစ်ခုခုတွေ့ထားလို့လား " အားစွော်ကမေးသည်။
တစ်ခုခုတွေ့တာလား
အဲ့ဒီဘက်မှာ အပင်တွေလွဲပြီး ဘာမှမရှိပေ ။
မဟုတ်မှလွဲရော ဘိုးဘေးတွေကြွလာကြတာလား?
ဒီအကြောင်းတွေးမိတော့ စစ်သည်တော်အကုန်လုံး သတိမပေးပဲ ကြောက်လန့်သွားကြသည် ။ သူတို့ဆူညံဖို့မရဲတော့ပေ ။
" ဟေ့..သူ လှုပ်ရှားလာပြီ "
ခဲ့ခဲ့က တီးတိုးပြောသည် ။
ရှောက်ရွှမ်က ရှေ့ကိုခြေလှမ်းလိုက်သည်။ သူက စိမ်းပြာရောင်သူခိုးတွေဦးတည်တဲ့ဘက်ကို လိုက်လျှောက်နေသည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးတဲ့နောက် သူကထောင်ခြောက်တွေကို တစ်ဖန်နောက်လှည့်ကြည့်လိုက်သည်။
" သူနောက်ပြန်ကြည့်ပြန်ပြီ "
ခဲ့ခဲ့က ထပ်ပြောသည်။
" မင်းပါးစပ်ပိတ်ထားစမ်း ခဲ့ခဲ့ "
ထာ့က ဟောက်လေသည်။
မူလက ရှောက်ရွှမ်က စိမ်းပြာရောင်သူခိုးများသူ့ဘေးမှာ လမ်းလျှောက်နေသည်ကို မြင်လိုက်သည်။ အချို့က သူမရှိသည့်အလား သူ့ကိုယ်လုံးကိုပင်ဖြတ်သွားကြလေသည်။ ရှောက်ရွှမ်လည်းမထိန်းနိုင်ပဲသူတို့နဲ့အတူ လိုက်လျှောက်မိသည်။ သို့သော် စိမ်းပြာရောင်သူခိုးတို့က သူအမှီလိုက်ဖို့ရာ မြန်လွန်းလှသည်။
ရှောက်ရွှမ်က သူ့ကို သူတို့နဲ့အံ့ဝင်ခွင်ကျဖြစ်အောင်လုပ် နေသည်ကို ခံစားရပေမဲ့ အလျင်အမြန်ပဲ ထိုခံစားချက်ကိုခုခံလိုက်လေသည် ။ ထို့ကြောင့် သူနောက်ကထောင်ခြောက်ကို လုံးလုံးစိတ်ရှုပ်ထွေးစွာလှည့်ကြည့်လိုက်သည်။
အခြားသူတွေက ရှောက်ရွှမ် သူတို့ကိုကြည့်နေတယ်လို့ယူဆသော်လည်း တကယ်က သူက မြေမှာချည်ထားတဲ့ အစိမ်းရောင်သူခိုးကို ကြည့်လိုက်ခြင်းပင်ဖြစ်သည်။
ထောင်ခြောက်မိပြီးတဲ့နောက် အစိမ်းရောင်သူခိုးက သူမလွတ်နိူင်မှန်းသိသွားလေသည်။ ထို့ကြောင့် သူ့ခေါင်းကို သူ့ကိုယ်လုံးကနေ ခြွေချလိုက်လေသည်။ ၎င်းက မသေသေးပေ၊ သို့သော် သူ့အဓိကအပိုင်းရှင်သန်ဖို့ သူ့ကိုယ်လုံးပိုင်းကို ချန်ထားခဲ့လေသည်။ ၎င်းက အမြီးမရှိတဲ့ အိမ်မြှောင်တွေနဲ့အတူတူဖြစ်ပြီး အချိန်ကျလာရင် တစ်ဖန် တစ်ကိုယ်လုံးပြန်ကြီးထွားလာပေလိမ့်မည်။
ရှောက်ရွှမ်က ထောင်ခြောက်ကနေ အကြည့်ခွာလိုက်ပြီး စိမ်းပြာရောင်သူခိုးများချီတက်သွားသည့်ဘက်ကို လိုက်ကြည့်လိုက်သည်။
သူကအစိမ်းရောင်သူခိုးက သူ့ခြေထောက်လေးကို သစ်ပင်မှာညှပ်ကာ အပင်ပေါ်တက်သွားသည်ကိုတွေ့လိုက်ရသည်။ သူက အပင်ကိုယ်ထည်နဲ့ထောင့်မတ်ကျနေကာ မြေပေါ်မှာ လမ်းလျှောက်သည့်အတိုင်း လျှောက်နေလေသည်။
သူက အပေါ်ကို ၁၅ မီတာလောက်တက်သွားကာ သူ့လက်တွေက သစ်ပင်ကိုယ်ထည်ကို ထိဖို့ မမှီတော့တာအခါ မြန်မြန်နောက်ပြန်ဆုတ်လာပြီး ခုနကလိုပင် အပင်အောက်ကို ပြန်ဆင်းလာပြီး ညချီတက်တဲ့အုပ်ထဲ ပြန်ဝင်သွားသည်။
အဲ့ဒီမှာ ဘာရှိလို့လဲ?
ရှောက်ရွှမ်ကသစ်ပင်ကို ခဏကြည့်လိုက်ပြီး သစ်ပင်ပေါ်ကို စတက်လေသည်။
စစ်သည်တော်အားလုံးကို ထာ့က ရှောက်ရွှမ် ကို မတော်တဆ ၊ အရေးပေါ်တစ်ခုခုဖြစ်တာကိုကာကွယ်ဖို့ ဝိုင်းထားခိုင်းလိုက်လေသည်။ သူ့အကြည့်ကတော့ ရှောက်ရွှမ်ဆီမှမခွာချေ။
အမှန်တော့ သူက ရှောက်ရွှမ်ရဲ့အကူအညီနဲ့တစ်ခုခုရှာလိုသော်လည်း နတ်ဆေးဆရာကို သူက ဘေးကင်းလုံခြုံစွာနဲ့ ပြန်ခေါ်လာဖို့ကတိပေးထားလေသည်။
အဲ့ဒီမှာ ရှောက်ရွှမ်က အစိမ်းရောင်သူခိုးထိခဲ့တဲ့သစ်ပင်ကိုယ်ထည်နေရာလေးမှာ အခေါင်းပေါက်သေးသေးလေးတွေ့လေသည်။ အထဲမှာလည်း ပဲပင်ပေါက်လိုအစိမ်းရောင်လေးကိုတွေ့ရလေ၏ ။
ပဲပင်ပေါက်လိုအရာလေးကိုကြည့်ရင်း ရှောက်ရွှမ်ကသူ့ထိပ်ပိုင်းလေးကို လက်ချောင်းလေးနဲ့ဖိကာ ရုတ်တရက်ဆွဲထုတ်လိုက်သည်။ ပဲပင်ပေါက်လေးမှာ သေးသော်လည်း သူအားသုံးကာ ဆွဲထုတ်လိုက်ရသည်။
ရှောက်ရွှမ်က အစိမ်းရောင်သူခိုးနဲ့အရောင်တူ တဲ့အရာလေးကိုဆွဲထုတ်တာကို မြင်လိုက်ရတဲ့အခါ ၊ သူ့မျက်လုံးတွေအရောင်လက်သွားပြီး
" ဒါ အစိမ်းရောင်သူခိုး အပင်ပေါက်လေးလား "
အစိမ်းရောင် သူခိုး ၊ ညအခါမှာ သူ့အစိမ်းရောင်ကိုယ်လုံးနဲ့လမ်းလျှောက်တယ် ။ သူ့သားပေါက်တွေကို မွေးဖို့ တခြားအပင်ရဲ့အသက်ကို ခိုးယူတယ်။
ပြောကြတာက အစိမ်းရောင်သူခိုးအုပ်လိုက်ကြီးက တစ်နှစ်မှာတစ်ခါပဲ ရှိတတ်ကြတာတဲ့
ဒါဆို ဒါကတကယ် ဘိုးဘေးတွေကောင်းချီးပေးခြင်းများလား?