← Chapters

ထောင်ခြောက်မိခြင်း

Vol. 6 Ch. 80

ထောင်ခြောက်မိခြင်း

Vol. 6 Ch. 80

ချက်ချင်းဆိုသလို ရှောက်ရွှမ်က အစိမ်းရောင်သူခိုးပင်ပါတဲ့ ကျောက်ဗူးလေးကိုကိုင်ကာ ပြန်ပြေးလာခဲ့သည်။ ပထမကတော့ သူက သူသာဒီမှာ ရှိနေရင် သူ့စွမ်းရည်အကန့်အသတ်ကြောင့် ဝန်ထုပ်ဝန်ပိုးတခုသာဖြစ်နေမယ်ဆိုတာကို သူ့စိတ်ထဲကသိနေသည့်အတွက် ဒီတိုက်ပွဲ ဖြစ်နေရာနှင့်တတ်နိုင်သမျှ ဝေးရာကို ပြေးဖို့ပင်။

သို့သော် သူအန္တရာယ်ကို ရုတ်တရက်ခံစားမိလိုက်တဲ့အတွက် သူဝေးရာ မပြေးခဲ့ပါ ။ သူ့အထူးအမြင်ကိုသုံးလိုက်တဲ့အခါ သူတို့ရင်ဆိုင်နေရတဲ့ မီးလှံရှည်ပင်တွေနဲ့ပုံစံတူတဲ့ တောက်ပတဲ့ အစိမ်းရောင်သတ္တဝါတစ်ကောင်က မြေအောက်ကနေသူ့ဆီကို ချဉ်းကပ်လာတာကို တွေ့လိုက်ရသည်။

သူ မနက်နိုးကတည်းက သူ့အထူးအမြင်တွင် အပင်အားလုံးမှာ အစိမ်းရောင် ဖြစ်နေသည်အား သူသဘောပေါက်လိုက်သည်။ သို့သော် အများစုက အစိမ်းရောင်ခပ်မှိန်မှိန်ဖြစ်ပြီး တစ်ချို့မှာ သလင်းကျောက်များကဲ့သို့ပင် ၊ ဒါပေမဲ့ မီးလှံရှည်ပင်ရဲ့အရောင်ကတော့ အစိမ်းရောင်တောက်တောက်ပါပင် ။

သူ့ လွတ်လမ်းက ပိတ်ဆို့ထားလေပြီ ၊ ရှောက်ရွှမ်က ချဉ်းကပ်လာတဲ့မီးလှံရှည်ပင်က သူ့ကိုအဓိကပစ်မှတ်ထားနေသည်ကိုတွေ့ရတဲ့အတွက် သူ့လမ်းကြောင်းကို ပြောင်းလိုက်ရသည်။ ဒါဆိုရင် ပထမမီးလှံရှည်ပင်ကကော ၊ သူက သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်သည်ပေါ့။

ဒါ အစိမ်းရောင်သူခိုးပင်ကြောင့်လား?

ဒါမှမဟုတ် ရှောက်ရွှမ် ရဲ့နောက်ကိုပဲ တမင်လိုက်ကြတာလား?

သူတို့ပစ်မှတ်က အစိမ်းရောင်သူခိုးပင်ဖြစ်ဖြစ် ရှောက်ရွှမ် ဖြစ်ဖြစ် သူကတော့ သူတို့တိုက်ခိုက်မှုကို ဘယ်လိုမှမခုခံနိုင်ပါပေ။ သူလုပ်နိုင်တာက အကူအညီတောင်းဖို့ရာ ရှောင်ရှားနေရုံပင် ။

ရှောက်ရွှမ်က သူ့ခါးက သားရေအိတ်ကို ကိုင်ကာ သူ့အရှိန်ကို မြှင့်လိုက်လေသည်။ ထာ့က မီးလှံရှည်ပင်တစ်ပင်ကို နှိမ်နင်းဖို့ရာ ယုံကြည်ချက်ရှိလေသည် ။ သူ မသတ်နိုင်လျှင်ပင် မောင်းထုတ်နိုင်ပေသည် ။ သို့သော် ယခုက နောက်တစ်ပင်ပါ ရှိနေသေးသည်။ အခြေအနေက ပိုပြီး ရှုပ်ထွေးလာကာ မီးလှံရှည်ပင်နှစ်ပင်လုံးကလည်း အလွန် ကြမ်းတမ်းခက်ထန်နေလေသည်။

ထာ့က နွယ်ပင်တစ်ပိုင်းဖြတ်ချလိုက်သည် ။ သူ့မှာ မျက်နှာပေါ်က သွေးများကို သုတ်ပစ်ရန် အချိန်မရှိပေ ။ သူကအခြားစစ်သည်တော်များကို အော်ဟစ်လိုက်သည်။

" မင်းတို့သွားပြီး နောက်တစ်ကောင်နဲ့တိုက်လိုက် "

သို့သော်..ထာ့မှာ စစ်သည်တော် နှစ်ဆယ်မျှလောက်သာ ရှိလေရာ အချိန်တိုအတွင်း မီးလှံရှည် နှစ်ပင်လုံးကို တစ်ချိန်တည်း မထိန်းနိုင်ပါပေ။ ထိုအချိန်မှာ လူတွေက တစ်ခြား တတိယ ၊ စတုတ္ထတကောင်များ ရှိနေကြမလား စိုးရိမ်လာကြသည်။ ဒီလိုသာဆိုရင် သူတို့ဒီနေရာကို လက်လျော့ရုံကလွဲပြီး ရွေးစရာမရှိတော့ပြီ ။

သူတို့စိတ်တွေ မတည်ငြိမ်တော့ပေ။ သူတို့လက်တွေက နှေးမသွားသည့်တိုင် သူတို့က စိတ်မရှည်ကြတော့ပေ ။

အပင်တပစ်င်ရဲ့ အရေးကြီးဆုံးကဘာလဲ?

အမြစ်တွေပင် ။

သို့သော် ဒီအပင်တွေက လွတ်လွတ်လပ်လပ် မပြေးနိုင်ကြောင်းကောင်းကောင်းသိလေရာ သူတို့အမြစ်ကို ဘယ်လိုကာကွယ်ရမလဲကောင်းကောင်းသိလေသည်။ အချို့ဆိုရင် သူတို့အမြစ်တွေကို မြေအောက် အတော်နက်နက်တွင် အခြားသူများတိုက်ခိုက်ဖို့အခွင့်အရေးမရှိအောင် နှစ်မြှုပ်ထားတတ်ကြလေသည်။

သားရဲဆိုးကြီးများကို ကြမ်းတမ်းခက်ထန်သော အပင်မျိုးနဲ့ဆိုရင် သူတို့အားနည်းချက်ကိုတိုက်ခိုက်ဖို့ကြိုးစားပါက အသေသာ မသတ်နိုင်လိုက်လျှင် ကိုယ့်အသက်ကို ဖက်နဲ့ထုပ်ထားဖို့လိုလေသည်။

ကံဆိုးစွာ ဘယ်သူကမှ ဒီလိုယုံကြည်ချက်မျိုးမရှိကြပါချေ။ ထာ့နဲ့အခြားသူများလို မီးလှံရှည်နဲ့တိုက်ခိုက်ရာတွင် အတော်အတွေ့အကြုံများသူများပင် သူတို့ကို ဖိအားပေးမှသာ ပြန်လည်တိုက်ခိုက်ကြမည်ဖြစ်ပြီး မဟုတ်ပါက ထွက်ပြေးကြမည်ပင် ။

ထာ့နဲ့ အခြားသူများက မီးလှံရှည်ပင်နှစ်ပင်ကို ဘယ်လိုမောင်းထုတ်ရမလဲ အဖြေရှာနေကြစဥ် ရှောက်ရွှမ်စိတ်ထဲမှာ အထူးပြုလုပ်ထားတဲ့ကျော့ကွင်းပုံပေါ်လာလေသည်။ သူ့မှာ ကြိုးအလုံအလောက်မရှိသည့်အတွက် မပြည့်စုံတဲ့တစ်ခုတော့ပြုလုပ်ကြည့်နိုင်လေသည်။

သူ အခု ထာ့နဲ့အခြားသူများအပေါ် လုံးလုံးမှီခိုမနေသင့်ပေ ။ သူတို့ဟာ အဖွဲ့ ဖြစ်တဲ့အတွက် ရှောက်ရွှမ်ကလည်း သူ့ကိုယ်ပိုင် အကူအညီ၊အထောက်အပံ့ပေးချင်လှသည်။ သူတို့က အနိုင်အရှုံးကို မျှဝေခံစားရပေမည်။ သူ့စိတ်ထဲမှာ အောင်မြင်နိုင်ချေကိုတွက်ချက်မှုအရ မပြည့်စုံတဲ့ကျော့ကွင်းကို ကြိုးစားကြည့်သင့်သည်။

သူက ဒီလို ကျော့ကွင်းအကြီးကြီး ဆင်ဖို့တစ်ခါမှမကြိုးစားဖူးပေ ။ ထို့ကြောင့် သူက ထိရောက်မှု ရှိမရှိကို သေချာမသိပါပေ ။ သို့သော် အထင်နဲ့အမြင်က ထပ်တူမကျနိုင်ပါပေ ။ ဘယ်လောက်ထိရောက်ရောက်မရောက်ရောက် ကြိုးစားကြည့်သင့်ပေသည်။ ဒီလိုအခြေအနေမှာ အကူအညီနည်းနည်းလေးကပင် လိုအပ်ပေသည်။ ထို့ပြင် ဒီလိုနေရာ ၊ ဒီလိုအခြေအနေမှာ မြန်မြန်ခုခံတာကလည်း အကောင်းဆုံးဗျူဟာတစ်ခုပင်ဖြစ်သည်။

ရှောက်ရွှမ် က ကျောက်ဗူးလေးကို လက်တဖက်ကသယ်ကာ အခြားလက်တဖက်နဲ့ လှံထိပ်ဖူးနဲ့ ကြိုးဖြူကို အမြန်ထုတ်လိုက်လေသည်။ သူက လက်တစ်ဖက်တည်းနဲ့လုပ်နေရသော်လည်း သူကြိုးချည်စွမ်းရည်မှာတော့ အတော်ကျွမ်းကျင်လေသည်။ သူ့လက်ချောင်းများကို အပေါ်တက်၊အောက်ဆင်း ကလိပြီးတဲ့နောက် ကြိုးဖြူလေးက လှံတိုလေးအစွန်းတစ်ဖက်နဲ့ တင်းနေအောင်ချည်ပြီးသွားလေပြီ ။

ဝှစ်..

ရှောက်ရွှမ်က ယမ်းနေတဲ့နွယ်ပင်ကိုရှောင်ကာ လှံထိပ်ဖူးကို အားပြင်းပြင်း ပစ်လိုက်သည်။ သူက နွယ်ပင်ကို ချိန်တာမဟုတ်ပဲ မြေပေါ်ကတစ်ချို့နေရာတွေကိုချိန်ပစ်လိုက်သည်။ လှံတိုလေးက မြေပြင်ကိုနက်နေအောင်စိုက်ဝင်သွားသည်။ ပထမအမှတ်နေရာချပြီးတဲ့နောက် ဒုတိယတစ်ခုကို မြန်မြန်နေရာချဖို့လိုလေသည်။

ထာ့နဲ့အခြားသူတွေက မီးလှံရှည်ပင်တို့ကို တိုက်ခိုက်ရင်း သူတို့ကိုလည်းထိန်းဖို့ကြိုးစားသည့်အတွက် သူတို့လက်မအားကြပါပေ ။ ထို့ကြောင့် ရှောက်ရွှမ် က အခြေအနေကို အမြန်ဆောင်ရွက်နိုင်လေသည်။

ရှောက်ရွှမ်ရဲ့ရှောင်ရှားပုံက အနုပညာဆန်လှပေသည်။ သူက အမြင့်ကိုခုန်ကာ အနိမ့်ပြန်ဆင်းသည်။ သူ့လှုပ်ရှားပုံက အများအမြင်တွင် အဓိပ္ပါယ်မရှိလျှောက်လုပ်နေကာ သူသွားပုံက ပုံသေမရှိဟု ထင်ရသော်လည်း လှုပ်ရှားမှုတိုင်းက သေချာတွက်ချက်ထားသည်ပင်။ တစ်ခဏအတွင်းမှာပင် အားလုံး ပြီးသွားလေသည်။

မိုးခြိမ်းသံကဲ့သို့ အသံများကြားမှာ ဝှေ့ယမ်းနေသော နွယ်ပင်များက လေထဲမှာ အရိုင်းဆန်စွာ ကခုန်နေကြလေသည်။ ဖုန်မှုန့်များနဲ့ ကျောက်တုံးများဟာ နွယ်ပင်များကြောင့် အဝေးသို့လွင့်ကုန်ကြသည်။

နွယ်ပင်တွေကို ခုတ်ချလိုက်တဲ့အသံများကြားမှာ လွင့်ပျံနေတဲ့ ဖုန်မှုန့်တွေ သစ်ကိုင်းကျိုးတွေနဲ့ သစ်ပင်လဲသံများ ညံစီနေသည်။ ထို့ကြောင့် လှံထိပ်က မြေထဲ၊သစ်ပင်ကိုယ်ထည်များနဲ့ နွယ်ပင်များကို ဖောက်ထွက်သွားသောအသံမှာ ကြားရဖို့မလွယ်ပေ။ ရှောက်ရွှမ်က အလွန်လျင်မြန်ကာ အနီးကပ်သာမကြည့်ပါက သူဘာလုပ်နေသလဲ ဘယ်သူမှမသိနိုင်ပေ။

ရှောက်ရွှမ်က သူ့လက်ချောင်းများကို မြန်မြန်လိမ်လှည့်ပြီး သူ့ခြေထောက်များကလည်း မြန်မြန်သွားနေလေသည်။ သူ လှံတံထိပ်စိုက်ဖို့နေရာတခုကိုရောက်လေတိုင်း မျက်စိတစ်မှိတ်အတွင်း ကြိုးထုံးကိုချည်လေသည်။

ကြိုးချည်ခြင်း ၊ ချိတ်တွဲခြင်းက အခအချိန်အကန့်အသတ်ရှိသည့်အတွက် တချိန်တည်းမှာ ပြီးအောင်လုပ်ရလေသည်။ သူ့တစ်ကိုယ်လုံးက ကြွက်သားတွေက အလုပ်လုပ်နေရပြီး တစ်ချိန်လုံး သူ့မရမ်ဒမ်ကို အသုံးပြုနေရသည့်အတွက် သူ့မျိုးနွယ်စုနတ်စွမ်းအင်ကိုလည်း အစွမ်းကုန်သုံးနေရသည်။

အနီးကပ်သာ ကြည့်ရင် သူထောင်ခြောက်ဆင်ရတဲ့သူ့လက်မောင်းပတ်လည်မှာ လေစီးကြောင်းဖြစ်နေသည်ကိုပင်တွေ့ရလိမ့်မည်။

ရှောက်ရွှမ် က ပြန်ပြေးလာပြီး သူ့လက်ထဲမှာ ကျောက်ဗူးလေးကိုပိုက်ပြီး မီးလှံရှည်အပင်နှစ်ခုရှေ့မှာ ရပ်လိုက်သည်။

ကွစ်..ကွစ်..ကွစ်

အထူးသဖြင့် အမဲလိုက်ချိန်တွင် ထောင်ခြောက်ကို မြန်မြန်ဆင်ဖို့လိုလေသည်။ အသေးစားလှုပ်ရှားမှုတစ်ခုကပင် မထင်ထားတဲ့အပြောင်းအလဲကို ဖြစ်စေနိုင်သည်။

ရှောက်ရွှမ်က စက္ကန့်အနည်းငယ်အတွင်း အဖျားအနားပိုင်းတွေဆင်ပြီးသွားပြီး အလယ်မှာ တစ်ချက်ဆင်ဖို့တော့လိုအပ်သေးသည်။

ရှောက်ရွှမ် က သူ့ခြေထောက်ကို နွယ်ပင်ကို အားကုန်ဆောင့်နင်းကာ သူ့ခြေထောက်ကို ဆံချည်မျှင်အတက်အလက်များက သူ့ခြေထောက်ကိုလာမရစ်ပတ်ခင် ခုန်ထွက်လိုက်လေသည်။

" အားရွှမ် ဘာတွေလုပ်နေတာလဲ "

" ဟေး..ဂရုစိုက်သွား ၊ ပတ်ပြေးမနေနဲ့ "

ရှောက်ရွှမ်က အစွန်ဖက်တွေကို ပတ်ပြေးနေတဲ့အတွက် ထွော်နဲ့အခြားသူတွေက ခေါင်းရှူပ်သွားသည်။ သူအဝေးကို ပြေးမသွားသင့်ဘူးလား ။

" သူက အစိမ်းရောင်သူခိုးပင်ကို လိုချင်နေတာ "

ရှောက်ရွှမ် ကအော်ပြောလိုက်သည်။

အစိမ်းရောင်သူခိုးပင်ကို လိုချင်တယ်ပေါ့၊ မီးလှံရှည်ပင်က အစိမ်းရောင်သူခိုးပင်ကိုပစ်မှတ်ထားတာလား ။

ဘယ်သူကမှ ဘာမှမပြောသေးခင် သူတို့က ရှောက်ရွှမ်အော်ပြောတာကို ကြားလိုက်ရသည်။

" ကျွန်တော် ထောင်ခြောက်ဆင်နေတာ..ခဏနေရင် အားလုံး ဘေးဖယ်နေဖို့ လိုတယ် "

သူက မီးလှံရှည်ပင်နှစ်ခုအလယ်ကို တဟုန်ထိုး ပြေးသွားလိုက်ပြီး သူအော်လိုက်သည်။

" အားရွှမ်..ရပ်လိုက် ၊ ဘာတွေလုပ်နေတာလဲ "

ထာ့ကဒေါသတကြီးအော်လိုက်သည်။

မီးလှံရှည်ပင် နှစ်ပင်ကြားမှာ တိုက်ပွဲကမပြင်းထန်ပေ ။ ဒီအပင်နှစ်ခုက အချင်းချင်းတိုက်ဖို့စိတ်ကူးမရှိကြတာသိသာလေသည် ။ ထို့အတွက်ကြောင့်လည်း သူတို့ကြားထဲသို့ သူပြေးဝင်သွားရဲခြင်းပါပေ ။

ရှောက်ရွှမ်ကပြေးရာတွင် အတော်မြန်လေသည်။ သူက မီးလှံရှည်ပင်တွေကို ပြန်မတိုက်နိုင်သော်လည်း သူ့မှာသူတို့တိုက်ခိုက်မှုကိုကောင်းကောင်း ရှောင်နိုင်စွမ်းရှိလေသည်။

ရှောက်ရွှမ် က နွယ်ပင်တွေကိုတက်နင်းကာ အမြင့်ကိုခုန်လိုက်သည်။ သူလှံထိပ်ဖူးတွေကို အချို့အမှတ်တွေကို ပစ်လိုက်ချိန် သူ့လှုပ်ရှားမှုတွေက မြင်နိုင်ဖို့ရန်ပင်မလွယ်အောင်မြန်လေသည်။ ကြိုးချည်ဖို့လိုရင်လည်း သူက စက္ကန့်ပိုင်းအတွင်းအပြီးလုပ်လေသည်။

ပြီးသွားပြီ

သို့ပေမဲ့ ရှောက်ရွှမ်ကပြေးတာကိုမရပ်ပေ ။

ရှောက်ရွှမ်နဲ့သူ့လက်ထဲက ကျောက်ဗူးလေးက ပြည့်စုံတဲ့တည်ကြက်ပင်။ သူဘယ်ကိုပြေးပြေး မီးလှံရှည်ပင်တို့ကို သူ့နောက်လိုက်ကာ တိုက်ခိုက်ကြသည်။ ထို့ကြောင့် ထာ့နဲ့ အခြားသူတွေကလည်း ရှောက်ရွှမ်နောက်ကိုလိုက်ကာ နွယ်ပင်အများစုကို ခံတိုက်ပေးနေကြသည်။

နွယ်တစ်ပင်က သူ့အောက်တည့်တည့်ကနေထိုးထွက်လာ၏ ။

ရှောက်ရွှမ်က ရှောင်ဖို့မကြိုးစားပဲ သူ့ကျောက်ဓားကိုထုတ်ကာ ကာကွယ်လိုက်လေသည်။

ဗုန်း

ကျောက်တုံးနှစ်တုံးရိုက်မိသည့်အသံမျိုးထွက်လာလေသည်။

ထွော်နဲ့ အခြားသူများက ပြန်ကန်တဲ့အားကြောင့် ရှောက်ရွှမ် လေထဲလွင့်ပျံသွားသည်ကိုတွေ့လိုက်ရသည်။

ခဲ့ခဲ့က ရှောက်ရွှမ်နဲ့ အနီးဆုံးဖြစ်တဲ့အတွက် သူ့ကိုဖမ်းပြီးကယ်လိုက်ဖို့တွေးထားလေသည်။ ဘယ်သူမှသာ မကူညီလျှင် သူမြေပေါ်ကိုတိုက်ရိုက်ကျသွားပေမည်။

သို့သော် ကောင်လေးက လေထဲမှာ ရပ်နေသည်ကို ခဲ့ခဲ့ အံ့အားသင့်စွာတွေ့လိုက်ရသည်။ သူက စောက်ထိုးကျလာရမည်ပင်ဖြစ်လေရာ အခု သူက လေထဲမှာ ရပ်နေလေသည် ။

တည်ငြိမ်နေပြီး မြဲနေလေသည်။

အဲ့ဒီအချိန်မှာ လူအားလုံးအသံတစ်ခုကြားလိုက်ရသည်။ ၎င်းက သစ်သားတွေတင်းတင်းကြပ်ကြပ် စည်းနှောင်ခံလိုက်ရသည့်အသံမျိုးပင်။

ခဲ့ခဲ့တင်မဟုတ်ပဲ ထာ့နဲ့အခြားသူများလည်း မျက်လုံးများပြူးကျယ်ကာ အံ့သြတကြီး ကြည့်နေလေသည်။ သို့သော် ထပ်ကြည့်လိုက်မှ ရှောက်ရွှမ် ကလေထဲမှာရပ်နေခြင်းမဟုတ်ပဲ ကြိုးဖြူလေးပေါ်မှာရပ်နေခြင်းပင်။

ဘယ်တုန်းက ကြိုးဖြူလေးကအဲ့မှာရှိနေတာလဲ?

စစ်သည်တော်အကုန်လုံးက ခေါင်းရှုပ်သွားပေမဲ့ စောစောတုန်းက ရှောက်ရွှမ် ထောင်ခြောက်ဆင်တဲ့အကြောင်းကိုတွေးမိလိုက်ကြသည်။ အခြေအနေကြည့်ရတာ အောင်မြင်သွားပုံပင်။

" အားလုံးနောက်ဆုတ်ကြ ၊ ထွော် ၊ ခဲ့ခဲ့ ၊ စွော် ခင်ဗျားတို့နောက်နည်းနည်းဆုတ်ကြ "

ရှောက်ရွှမ် က ထောက်ခြောက်ထဲကို ခြေနင်းမိတော့မည့်သူများကိုပြောလိုက်လေသည် ။ သူတို့အတွက် အန္တရာယ်မရှိလျှင်တောင် သူက ဘေးကင်းစေချင်သည်။

ကြိုးဖြူလေးပေါ်ရပ်နေရင်း ရှောက်ရွှမ် စိတ်ထဲကထောင်ခြောက်က ပိုပြီး ရှင်းလင်း၍လာလေသည်။ သူ့ဆီကို အချို့နွယ်များရိုက်ခတ်လာကြသော်လည်း သူတို့ထဲကအနည်းဆုံးတစ်ခုကတော့ ထောင်ခြောက်ထဲရောက်သွားလေသည်။

သူတို့က သပ်သပ်မီးရှည်လှံပင်နှစ်ပင်ဖြစ်သော်လည်း သူတို့နွယ်ပင်တစ်ဝက်လောက်က ရှောက်ရွှမ် ဆင်ထားတဲ့ထောင်ခြောက်ထဲ ချည်ထားခံရလေသည်။ ထောင်ခြောက်မိသွားတဲ့ဘယ်နွယ်ပင်မဆို ကျော့ကွင်းရဲ့အတန်းလိုက်တုံ့ပြန်မှုကိုခံရမည်ပင် ။ ၎င်းမှာ အတွဲလိုက်ထောင်ခြောက်ပါပေ ။

ရှောက်ရွှမ်က အရာအားလုံးပုံမှန်ထက် နှေးလာသလိုခံစားရလေပြီး အချိန်များကလည်း ရပ်တန့်နေသည့်အလားပင် ။ ယခု သူ အခြားသူများအမြင်မှာ ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့ ကြိုးများနဲ့ နွယ်ပင်အချို့သူ့ဆီလှမ်းလာနေသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်လေပြီး ရှောက်ရွှမ် အမြင်မှာပိုပို ပြတ်သားလာလေသည်။ ထို့အပြင် အခြားကျန်တဲ့အရာများက ဝေဝေဝါးဝါးနောက်ခံ ပုံရိပ်များအဖြစ်ပေါင်းစပ်သွားသည်။

နီးနေပြီ။

နီးလာပြီ။

နွယ်ပင်တစ်ချောင်းက လိမ်ကောက်ကာ ရှောက်ရွှမ် အမြင်မှာ ကြိုးတွေကိုဖြတ်ပြီး လာနေပြီပင်။

ထောင်ခြောက်မိသွားပြီ!

All Chapters