မျိုးဖြုတ်ခြင်း
Vol. 6 Ch. 81
ရှောက်ရွှမ်က သူ့မျက်နှာတည့်တည့်ဆီ ချိန်ပြီးလာနေတဲ့ ဖောက်နိုင်တဲ့နွယ်ကို ရှောင်ဖို့ ကြိုးဖြူကို ပြန်ကန်ထွက်လိုက်ပြီး အမြင့်ကိုခုန်လိုက်သည် ။ လေထဲမှာပဲ သူက နောက်ဆုံးကျန်တဲ့လှံတိုလေးကို ထုတ်ပြီး ကျစ်ကျစ်ပါအောင် ကိုင်ထားလိုက်သည်။
နောက်ဆုံး လက်ကျန် ကြိုးဖြူလေးကို လှံတိုကို ပတ်ချည်လိုက်ပြီး ရှောက်ရွှမ်ကခုန်လိုက်သည်။ ကြိုးကို တင်းနေအောင်ဆွဲလိုက်ကာ တင်းအားကို ရှောက်ရွှမ် လှံတိုလေး ကိုယ်ထည်ကနေ ခံစားလိုက်မိသည်။
ရှောက်ရွှမ် အသက်ဝဝရှူကာ သူ့လက်ထဲက လှံတိုလေးကို နောက်ကိုသူ့အားကုန်သုံးပြီး ပြန်မဆွဲခင် ဘယ် ၊ ညာသို့ချက်ချင်းဝှေ့ယမ်းနေလိုက်သည်။
သေစမ်း
ကျွီ.....
သစ်သားကို သံကြီးနဲ့လွှဖြတ်နေသည့်အသံမျိုးထွက်လာလေသည်။
အဲ့ဒီအချိန်မျာ အသံက အဝေးကပင် ကြားနိုင်လောက်လေသည်။ တစ်ချိန်တည်းမှာ ကြောက်စရာကောင်းတဲ့အသံများက နေရာအနှံ့က ထွက်လာပြီး အရင်ကထက်ပိုပြီး စူးစူးရှရှဖြစ်လာလေသည်။ အသံကိုကြားလိုက်ရတဲ့လူတိုင်းက အပင်ကြီးတစ်ပင် သေသည်အထိ ညှစ်သတ်ခံနေရသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့နေရသည်ဟု ခံစားလိုက်ရသည် ။ သူတို့အာရုံကြောများကလည်း အသံနဲ့အမြင်ကြောင့် တောင့်တင်းကုန်ကြသည်။
ထွော်နဲ့ခဲ့ခဲ့ အပြင် အခြားလူများကလည်း ရှောက်ရွှမ် ဘာလုပ်နေသည်ကိုမသိကြသော်လည်း ဒီလိုအရေးပေါ်အခြေအနေအောက်မှာ သူတို့စိတ်ထဲကနေ သူတို့အားလုံးပူးပေါင်းကူညီပေးဖို့လိုတာကို သိလိုက်ကြသည်။ သူတို့စိတ်ထဲမှာ ရှောက်ရွှမ်အောင်မြင်အောင်လုပ်နိုင်မယ်လို့ တကယ်မယုံကြသော်လည်း သူတို့အကောင်းဆုံးပူးပေါင်းကူညီပေးကြဖို့ ဆုံးဖြတ်လိုက်ကြသည်။
သို့သော် သူတို့နောက်ပြန်ဆုတ်ကာ တိုက်ပွဲဖြစ်ရာနေရာက ပြန်ဆုတ်လိုက်ပြီးချင်းမှာပဲ သူတို့အာရုံတွေကို တစ်စုတည်းဖြစ်သွားစေမည့် အသံဆိုးကြီးများကို ကြားလိုက်ရလေသည်။
သူတို့က ဘယ်ကထွက်လာတဲ့အသံလဲလို့ ကြည့်လိုက်ပြီးနောက်မှာပဲ သူတို့ မြင်ရတာကိုကြည့်ကာ မှင်သေသွားကြသည်။
နွယ်ပင်တွေက လေထဲမှာ ရိုက်ပုတ် လွှဲယမ်းနေကြပြီး သူတို့လှုပ်ရှားမှုတွေကို ကြိုးဖြင့်တုတ်နှောင်ထားလေသည်။ ကြိုးရဲ့တင်းအားက နွယ်ပင်ရွေ့လျားလိုက်တိုင်းမှာ ပိုတင်းအောင်ချည်သွားတဲ့ပိုက်ကွန်ဖြစ်သွားလေသည်။ သို့သော် နွယ်ပင်က ဆက်ရုန်းကန်နေလေရာ ကျော့ကွင်းကို ပိုပြီးတင်းကြပ်လာလေဖြစ်လာသည်။
အားလုံး မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်းပေ ။
ဗုန်း..ဗုန်း..ဗုန်း..ဗုန်း...
အက်ကွဲသံများနောက်မှာ သစ်သားနဲ့ ကြိုးတို့ ဖျက်သံများကြားရလေသည်။ စိတ်အခြေအနေတင်းမာနေသည့်ကြားမှာ ဒီအသံများကြောင့် သူတို့စိတ်များပေါက်ကွဲထွက်တော့ပေမည်။
အသံနဲ့အတူ မီးလှံရှည်ပင်ရဲ့သွေးများကလည်း နေရာအနှံ့ ပန်းထွက်လာလေသည်။ လေထုဟာ အနီရောင်အရည်များနဲ့ပြည့်သွားကာ တစ်ပြိုင်တည်း ပန်းထွက်ကုန်ကြသည်။ မြေနဲ့ကပ်နေတဲ့နွယ်ပင်ဖြစ်စေ လေထဲမှာ ယမ်းနေတဲ့နွယ်ဖြစ်စေ ကြိုးများကြောင့် အပိုင်းပိုင်းပြတ်ကုန်ကြသည်။ ရုန်းကန်နေရတဲ့ အမဲဖြတ်ခံရသံနဲ့အတူ သွေး နီရောင် သစ်စေးများ စိမ့်ကျလာကြသည်။
သီးခြားအပင်နှစ်ပင်ဆီက ဖြစ်သည်ကလွဲရင် ပတ်ပတ်လည်မှာ သွေးများက တဖြန်းဖြန်းထွက်နေကြသည်။ ထိုမီးလှံရှည်ပင်များဆီမှ အပင်ရိုင်းများရှိတတ်သည့် အန္တရာယ်ရှိသည့် သားရဲမုဆိုးရနံ့များထွက်လာလေသည်။
မြေပြင်ပေါ်ကသွေးကဲ့သို့ သစ်စေးများနဲ့ခြားနားစွာ သွေးရောင် ဧရာမပန်းပွင့်ကြီးနှစ်ပွင့်က ပွင့်လာလေသည်။ နတ်ဆိုးဝိညာဥ်များကဲ့သို့ပင် ထိုပန်းပွင့်များက မီးလှံရှည်ပင်များထက်ပင်အရောင်အသွေးစုံလင်လှလေသည်။
ထာ့က သားရေစာလိပ်ပေါ်က သွေးရောင်ပန်းပွင့်များကို သွေးကဲ့သို့ဖြစ်နေမည်ဟု ယူဆခဲ့လေသည်။ သို့သော် သူအခု မျက်မြင်တွေ့နေရတဲ့မြင်ကွင်းက သူ့စိတ်ကူးထဲကထက် သာလွန်တယ်ဆိုတာကိုသူတွေ့လိုက်ရသည်။ သူအထင်ကြီးမိသွားတဲ့ အံ့အားသင့်စရာ မြင်ကွင်းကို သူ့မှတ်ညဏ်ထဲမှာ အချိန်အကြာကြီးထွင်းထုထားသကဲ့သို့ စွဲမြဲနေပေလိမ့်မည်။
သွေးနံ့များ မရှိသည့်တိုင် လူတွေက သူတို့ကိုယ်သူတို့ သားသတ်ရုံထဲရောက်နေသကဲ့သို့ခံစားရလေသည်။
ဒါ မျိုးပြုတ်အောင်သတ်တာပဲ ။ ကျော့ကွင်းကလုပ်တဲ့ မျိုးဖြုတ်ခြင်းပေ ။
ရှောက်ရွှမ်က အခု လောင်ခဲ့ သူ့ကိုပြောပြခဲ့ဖူးတဲ့ အသေသတ်နိုင်စွမ်းရှိသည့် သူ့အလိုလိုချုပ်ကိုင်သွားတတ်သော ထောင်ခြောက်အစုကြီးအကြောင်း အနည်းငယ်နားလည်စပြုလာလေသည်။
သို့သော် ဒါက မပြီးသေးတဲ့အတွဲဆက်ထောင်ခြောက်အဖြစ်သာ သတ်မှတ်နိုင်တဲ့ တဝက်တပျက် ထောင်ခြောက်ပါပင်။ ဒါက မပြည့်စုံတဲ့ မျိုးဖြုတ်လက်နက်ဖြစ်လေရာ လောင်ခဲ့ ပြောပြခဲ့တဲ့ သတ်နိုင်စွမ်းအဆင့်ကိုတော့မရောက်ခဲ့ပါပေ ။
ကြိုးအလုံအလောက်သာ ရှိရင် ရှောက်ရွှမ်က ကြိုးထောင်ခြောက်ကို ပိုလုပ်နိုင်ပေလိမ့်မည်။ နောက်ဆုံး ထောင်ခြောက်က လေဘောလုံးလေးပိတ်မိနေတဲ့ ပိုက်ကွန်လိုမျိုးဖြစ်သွားနိုင်လေသည်။ သို့သော် မီးလှံရှည်ပင်က ပမာဏအလွန်ကြီးလေးသည့်အပြင် နှစ်ပင်တောင်ရှိလေသည်။ ပစ္စည်းမစုံလင်မှုကြောင့် ရှောက်ရွှမ်က မီးလှံရှည်ပင်နှစ်ပင်ကို တစ်ဝက်သာပတ်နိုင်သည့် တစ်ဝက်တစ်ပြတ်ထောင်ခြောက်သာ ပြုလုပ်နိုင်ခဲ့သည်။
သို့သော်လည်း သူတို့လတ်တလောရင်ဆိုင်ရနေသည့်အရေးပေါ်ပြသာနာကိုတော့ လိုတာထက်ပိုအောင်ဖြေရှင်းနိုင်လိုက်လေသည်။ ပြတ်သွားတဲ့အဖြူရောင်ကြိုးများက လေထဲလွင့်နေကြသည်။ပြတ်ထွက်သွားတဲ့ နွယ်ပင်များက အပေါ်မြောက်တက်သွားပြီး မြေပေါ်ပြန်ကျလာချိန်မှာ ပန်းပွင့်လာပြီးတဲ့နောက် သွေးစက်များက မြေပေါ်ကျလာလေသည်။
ခုနတုန်းက သောင်းကျန်းနေခဲ့သော မီးလှံရှည်ပင်များက ယခုတော့ ဒဏ်ရာအလိမ်းလိမ်းနဲ့မြေပေါ်မှာ လဲကျနေလေပြီ။
ထောင်ခြောက်ကြောင့် သူတို့ဆိုးဆိုးဝါးဝါး မထိခိုက်ခင်လေးမှာ သူတို့နွယ်ပင်များကိုအကြိမ်ပေါင်းများစွာ ဖြတ်ခုတ်ခံလိုက်ရသေးသည်။ မီးလှံရှည်တစ်ပင်က သူ့ကျိုးပဲ့နေတဲ့နွယ်တွေကို စုလိုက်ကာ မြေကို ဝက်အူလှည့်ကဲ့သို့ အမြန်ထိုးဖောက်ဝင်သွားလေသည်။ မြေကြီးများက ခေတ္တမျှတုန်လှုပ်နေသော်လည်း မီးလှံရှည်ပင် ပျောက်သွားတဲ့နောက်ပြန်တည်ငြိမ်သွားလေသည်။
အခြား မီးလှံရှည်ပင်ကတော့ ပထမတစ်ပင်လောက်ဆိုးဆိုးဝါးဝါး မထိခိုက်သော်လည်း စစ်သည်တော်များကိုဆက်လက်ရစ်ပတ်ခြင်းမရှိတော့ပဲ ခဏကြာတော့ မြေထဲကို ပြန်ထိုးဖောက်ဝင်သွားလေသည်။ ကြည့်ရတာ စောစောကတိုက်ခိုက်မှုကြောင့် သေအောင်ခံစားလိုက်ရခြင်းဖြစ်နိုင်သလို တိုက်ချင်စိတ်မရှိတော့သည်ကြောင့်လည်းဖြစ်နိုင်ပေသည်။
မိုးခြိမ်းသံကဲ့သို့စစ်မြေပြင်က သစ်ကိုင်းအကျိုးအပဲ့များ ၊ မြေပြင်အနှံ့မှာ အနီရောင်အရည်များနှင့် တဖန် ပြန်လည်တိတ်ဆိတ်သွားလေသည်။
သူ့နတ်စွမ်းအားကို သူ့တစ်ကိုယ်လုံးကို လှည့်ပတ်လိုက်ရသည့်အတွက် ရှောက်ရွှမ် အသက်မနည်းလုရှူနေရသည်။ သူထောင်ခြောက်ကိုဆင်တုန်းက သူ့နောက်ဆုံးခံနိုင်ရည်ကိုပင်ရောက်လုနီးနီးဖြစ်ကာ သူ့အားအကုန်လုံးကိုလည်း နောက်ဆုံးရိုက်ချက်တွင် သုံးလိုက်ရသည်။
သူတတ်နိုင်သမျှ ထောင်ခြောက်ကိုအမြန်ဆင်ခဲ့ရလေသည် ။ သူအဲ့ဒီတုန်းကဘာမှမခံစားခဲ့ရသော်လည်း သူနားလိုက်သည့်အခါ သူ့လက်ချောင်းများကထိန်းမရအောင်တုန်ရီနေကာ အချိန်အတော်ကြာကြာအထိတုန်ရီနေမည်ဟု ရှောက်ရွှမ် ခန့်မှန်းလိုက်မိသည်။
ရှောက်ရွှမ် လုံးဝမောပန်းသွားကာ မတ်တပ်ပင်ရပ်နိုင်စွမ်းမရှိတော့ပါပေ ။ သူ့ခြေထောက်က အနီရောင်အရည်များကိုခါချလိုက်ပြီး ပတ်ပတ်လည်ကိုကြည့်လိုက်ရာ သူ့နောက်မှာ တောင်းတစ်ခုစာလောက်ထုတ်သည့် သစ်ကိုင်းကိုတွေ့လိုက်လေသည်။ ၎င်းက မီးလှံရှည်ပင်တွေကြောင့် ကျိုးနေခဲ့သည်။ သူ့အပေါ်မှာ အနီရောင်အရည်များရှိနေသည်ကိုလျစ်လျူရှူလိုက်ကာ သစ်ကိုင်းပေါ်ထိုင်ချလိုက်သည်။ ထို့နောက် သူ့လက်ထဲ တစ်ချိန်လုံးကိုင်ထားသည့် ကျောက်ဗူးလေးကိုလည်းအောက်ချလိုက်သည်။
မြေကြီးနဲ့ကျောက်ဗူးထိလိုက်တဲ့အသံက လူတွေကို သတိပြန်ဝင်လာစေသည်။
ထွော်က မြေပြင်ပေါ်က ပရုတ်သုတ်ခများကို ကြည့်ပြီးနောက် နားနေတဲ့ရှောက်ရွှမ်ကို ကြည့်လိုက်သည်။ သူရှောက်ရွှမ်ကို ဘာမှမမေးခင်မှာ ခဲ့ခဲ့က သူ့လက်မောင်းကိုဆွဲလိုက်လေသည်။ ထွော်က စောစောက အဖြစ်အပျက်များကြောင့် ကြောင်အမ်းနေလေရာ ခဲ့ခဲ့ရုတ်တရက်လာဆွဲသောအခါ ကြောက်လန့်သွားလေသည် ။ သူ့လက်မောင်းက မီးလှံရှည်ပင်ရဲ့နွယ်များဖြစ်ပြီး ခဲ့ခဲ့လက်က ကြိုးများကဲ့သို့ သူ့လက်ကိုလာချုပ်နှောင်လိုက်သည်ဟု ခံစားလိုက်ရသည် ။ သူ ခဲ့ခဲ့လက်ကို အလိုအလျောက်ပြန်ရိုက်မိတော့မလိုပင်ဖြစ်သွားသည်။
" ဘာ..ဘာလဲ "
သူ့လက်မောင်းကနေ ခဲ့ခဲ့လက်ကို ထွော်က ခါချလိုက်ကာ မီးလှံရှည်ပင်ကိုတုတ်နှောင်ခံရတဲ့ကြောက်စရာခံစားချက်များကိုလည်း ဖယ်ထုတ်လိုက်ချင်သည်။
" အာ..ငါ ခြေဖျားတွေအေးနေပြီ "
ခဲ့ခဲ့မျက်နှာက ရှုံ့မဲ့သွားသည်။ ဒီငတုံးကောင်ကြီး ဒီလိုကြောက်နေတာမျိုးက အလွန်မြင်ရခဲလေသည်။ ပြီးခဲ့တုန်းက သူက ထောင်ခြောက်အစွန်ဖက်နားမှာရပ်ကာ နွယ်ပင်တွေကို ခုတ်ဖြတ်ဖို့လုပ်ထားလေသည်။ သို့သော် သူမလုပ်နိုင်ခင်မှာ လူတစ်ယောက်က မျိုးဖြုတ်လိုက်တာကို မြင်လိုက်ရသည်။ သူ့အနားကနွယ်ပင်တွေက သွေးတွေပန်းထုတ်လိုက်ကြရာ ခဲ့ခဲ့တစ်ကိုယ်လုံးသွေးများဖုံးနေလေသည်။ သူကိုယ်တိုင်နွယ်ပင်တွေကို ခုတ်ဖြတ်နေတုန်းကနဲ့မတူပဲ ဒီတစ်ချိန်မှာတော့ သူ့ကိုကြောက်လန့်သွားစေသည်။
" အားရွှမ်..အဲ့တာ ဘာလဲ "
ထွော်က သူ့ကိုယ်သူ အရင်စိတ်တည်ငြိမ်အောင်လုပ်ပြီးတဲ့နောက် မေးလိုက်သည်။ အခြားသူအားလုံးကလည်း ရှောက်ရွှမ်ကိုကြည့်နေကြသည်။
" အဲ့တာလား..အဲ့တာထောင်ခြောက်ပါ "
ရှောက်ရွှမ် ကပြန်ဖြေလေသည်။
ထွော်နဲ့ အခြားသူတွေက ဒါကိုလက်ခံလိုက်ဖို့ရာ အင်တင်တင်ဖြစ်နေသည်။ ဘယ်လိုထောင်ခြောက်မျိုးက ဒီလိုလုပ်နိုင်လို့လဲ
ရှောက်ရွှမ်က ဘာမှထပ်မရှင်းပြတော့ပေ ။
ပြောရရင် ဒီလိုထောင်ခြောက်အကြီးကြီးနဲ့ကျော့ကွင်းအကြီးကြီးက အရင်တုန်းကတည်းကရှိပြီး အချို့စစ်သည်တော်များက မကြာမကြာအသုံးပြုကြ လေ့ ရှိသည်။ သို့သော် လူတွေက နောက်ပိုင်းမှာ ကိုယ်ကာယအားကိုပဲ ပိုပြီး အလေးထားလာကြရာ ဒီလိုပညာရပ်များကိုလျစ်လျူရှူလိုက်ကြလေသည်။
ထို့ပြင် အဆင့်မြင့်သားရဲများကလည်း တစ်ခေတ်ပြီးတစ်ခေတ် ပို သန်မာလာကြာရာ ထိရောက်တဲ့ထောင်ခြောက်တခုဆင်ဖို့ ရှာ ဖွေရခက်သည့် အရည်အသွေးကောင်းတဲ့ကုန်ကြမ်းများလိုအပ်လာသည်။ နောက်ပိုင်းမှာ အတွေ့အကြုံရှိသည့်ထောင်ခြောက်ဆင်သူများက ဒီလိုထောင် ခြောက်တွေ၊ကျော့ကွင်းတွေ မဆင်ဖို့ဆုံးဖြတ်လိုက်ကြသည် ။ ထို့ကြောင့် ထိုစွမ်းရည်က မျိုးဆက်တဆက်ပြီးတဆက် နည်းပါးလာကြခြင်းပင်။
ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ အပင်မြင့်တော်တော်များများကမြေပေါ်လဲကျနေကာ သူတို့ခေါင်းပေါ်မှာ ပြတင်းပေါက်ကြီးတခုကဲ့သို့ဖြစ်နေလေသည်။
ကောင်းကင်ပြာပြာအောက်မှာ သစ်ကိုင်းအကျိုးများ လွှစာများက အောက်ပြုတ်ကျနေပြီး အဖြူရောင်ကြိုးတောက်တောက်ကသာ လေထဲမှာ ကခုန်နေလေသည်။
ရှောက်ရွှမ်က သူ့လက်ကို ဆန့်ကာ ကြိုးတစ်စကို ဖမ်းလိုက်လေသည်။ ပြတ်သွားတဲ့ကြိုးဖြူအစလေးက သူနဂိုအရှည်ရဲ့တဝက်သာ ရှိတော့သည်။ အဖြူရောင်ကြိုးခွေအလိပ်ကြီးက စောစောက တစ်ခုနဲ့တစ်ခုချည်နှောင်ထားသော်လည်း အခုချိန်မှာ အပိုင်းပိုင်းအစစ ပြတ်တောက်သွားလေသည်။ အများစုက ဒီလိုအတိုအစလေးတွေဖြစ်သွားလေသည်။
ပြောရရင် ဒါက သံကြိုးအစစ်မဟုတ်လေရာ ယခုလို ကြိုးပြတ်သွားသည်မှာ အကျိုးအကြောင်းသင့်လေသည်။
ကြိုးဖြူလေးကသာ ပိုပြီးခိုင်မာလျှင် ၊ သို့မဟုတ် ရှောက်ရွှမ်ကသာထောင်ခြောက်ဆင်ဖို့အချိန်လုံလုံလောက်လောက် ရှိရင် သွေးတွေပန်းထွက်တာကို ရှောင်ရှားကာ နွယ်ပင်တွေကို အချိန်တိုအတွင်း ပိုမြန်မြန်ဖြတ်ပစ်နိုင်လောက်ပေသည်။ ထိုသို့ဆိုလျှင် ကျိန်းသေပေါက်သတ်ပစ်နိုင်လိမ့်မည်။
ကြိုးဖြူ ရဲ့ သူ့အကန့်အသတ်နဲ့ အကွေ့အကောက် များကြောင့် သူ့ပုံစံနဲ့ ရုန်းကန်အားက ပိုအားကောင်းသွားလေသည်။
ထာ့နဲ့ တခြားသူတွေကြောင်အမ်းသွားရုံတင်မဟုတ်ပဲ ရှောက်ရွှမ် ကိုယ်တိုင်လည်း မှင်သက်သွားလေသည်။ သူက ဒီလိုရလဒ်ရလာမည်ဟု ထင်မထားပေ။
သူ့အနေနဲ့ ဒီလိုထောင်ခြောက်ကြီးဆင်ခြင်းက ပထမဆုံးအကြိမ်ဖြစ်လေရာ သူထင်ထားတာထက်ပို စွမ်းနေလေသည်။ ကံကောင်းစွာနှင့် သူ့မှာ ကြိုပြင်ထားတဲ့ ကြိုးဖြူများရှိနေသည်။ သိူ့သော် လောင်ခဲ့ပြောသည့်အတိုင်း ဒီလိုကုန်ကြမ်းရဖို့ခက်သည်ကတော့ နှမြောစရာပါပင် ။
ထာ့က ရှောက်ရွှမ် ကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်ပြီး နောက် အခြားသူတွေကို စစ်မြေပြင်ကိုသန့်ရှင်းရေးလုပ်လိုက်ဖို့ပြောလိုက်သည်။ နွယ်ပင်အပဲ့များဟာ စားလို့လည်းမရသလို သားရေစာလိပ်စာရင်းထဲမှာလည်းမပါလေရာ သူတို့လွှင့်ပစ်လိုက်လေသည်။
မြေပြင်ပေါ်က အနီရောင်အရည်များကိုတော့ ထာ့ စိတ်ထဲမရှိပါပေ။ မီးလှံရှည်ပင်များက သစ်တောထဲမှာမုဆိုးများဖြစ်လေရာ မုဆိုးရဲ့သွေးနံ့က အခြားမျိုးစိတ်များကို သွေးများမခြောက်ခင်အထိ အန္တရာယ်အချက်ပေးနေသလို ဖြစ်နေပေမည်။
ကံကောင်းစွာနဲ့ သူတို့မနေ့ညက အိပ်ခဲ့တဲ့အပင်ကတော့အကောင်းပကတိရှိနေသေးသည်။ အစောပိုင်းက သူတို့က အစိမ်းရောင်သူခိုးအစေ့ပင်ပေါက်ကိုရှာဖို့ ခပ်လှမ်းလှမ်းရောက်နေလေရာ မီးလှံရှည်ပင်နဲ့တိုက်ခိုက်ရသည့်အခါ ပိုပြီးအဝေးရောက်လာလေသည်။ သစ်ပင်ကိုယ်ထည်မှာ ခြစ်ရာများ အပေါက်များအနည်းငယ်သာ ရှိပြီး သူတို့မနေ့ညကအိပ်တဲ့နေရာကတော့ အကောင်းအတိုင်းရှိနေလေသည်။