ငှက်ဥများ
Vol. 6 Ch. 82
ထာ့ အသိအရဆိုရင် မီးလှံရှည်ပင်ကဲ့သို့ အပင်များသည် တစ်ခါဆိုးဆိုးဝါးဝါး ထိခိုက်ထားလျှင် အချိန်တခုအထိ သူတို့အနားကပ်ဦးမည်မဟုတ်ပါပေ ။ ထို့ပြင် ထိုအပင်တို့သွေးများကလည်း အခြားသတ္တဝါများအနားကပ်မလာစေရန်လည်းကာကွယ်ပေးနိုင်သည်။ တစ်ခဏတော့ သစ်ပင်ပေါက်များကလုံခြုံလေသည်။ ပြောရရင် အရင်ကထက်ပင် ပို၍လုံခြုံပေလေသည်။
ဒီမီးလှံရှည်ပင်များက အစိမ်းရောင်သူခိုးပင်များနောက်ကို လိုက်လာကြသည်လို့အားလုံးကတွက်ဆကြလေရာ ထို့အတွက်ကြောင့်ထာ့က အချိန်မဖြုန်းတော့ဘဲ စစ်သည်တော်အချို့ကို ရွှံ့ညွှန်အိုင်သိူ့ခေါ်သွားကာ ရွှံ့အချို့ပြန်ယူလာခဲ့သည်။
သူတို့က အစိမ်းရောင်သူခိုးအပင်ထည့်ထားတဲ့ကျောက်ဗူးကို ရွှံ့တစ်ထပ်အုပ်လိုက်လေသည်။ အဲ့ဒီနောက် သူတို့က လတ်ဆတ်တဲ့ရနံ့ရှိတဲ့ သစ်ရွက်တွေနဲ့ပတ်လိုက်ကာ ကောက်ရိုးကြိုးများနဲ့ခပ်တင်းတင်းချည်နှောင်လိုက်လေသည်။
ထိုသို့လုပ်ခြင်းအားဖြင့် အစိမ်းရောင်သူခိုးပင်ရဲ့အနံ့တော်တော်များများကို ဖုံးထားနိုင်ပေလိမ့်မည်။ ဒါ သူတို့ အရင်ကအနံ့ပြင်းတဲ့အပင်များတွေ့လျှင် ဒီနည်းလမ်းကိုပင်သုံးနေကျဖြစ်လေသည်။ လူတွေအတွက် အစိမ်းရောင်သူခိုးပင်ရနံ့ကို ရဖို့ခက်ခဲသော်လည်း အပင်နဲ့သတ္တဝါများမှာတော့ သူတို့ကိုယ်ပိုင်အနံ့ခံနိုင်တဲ့ အထူးနည်းလမ်းများရှိလေသည်။ ဒီနေရာမှာ နည်းနည်းအကာအကွယ်ပြုလုပ်ထားသည်က မမှားပါပေ။
အခုတော့ ဘယ်သူကမှ ရှောက်ရွှမ်ကို အထင်မသေးတော့ပါပေ။ သူတို့က ထောင်ခြောက်ဆင်ခြင်းကို လှည့်ကွက်ကလေးများဟု သူတို့ထင်ကြသေးသော်လည်း ၎င်းက ရသောအကျိုးကိုတော့ သူတို့မငြင်းဆန်နိုင်ပါပေ။ ထို့ကြောင့် ရှောက်ရွှမ်ကို ယခုအခြားသူများက ပိုကောင်းကောင်းမွန်မွန်ဆက်ဆံကြလေသည်။
သူတို့ အစိမ်းရောင်သူခိုး ရှာတွေ့အောင်ကူညီပေးလေရာ ရှောက်ရွှမ်ကိုဘိုးဘေးများက ကောင်းချီးပေးထားသည်ဆိုသည်မှာ အမှန်ဖြစ်ပုံရလေသည်။ တစ်ချိန်တည်းမှာပင် ရှောက်ရွှမ်ရဲ့ကိုယ်ပိုင်စွမ်းရည်ကိုလည်း လျစ်လျူရှုမထားနိုင်ပါပေ။ အနည်းဆုံးတော့ သူတို့အဖွဲ့ အမြင်မှာတော့ မျိုးနွယ်စုထဲက နိုးထကာစ စစ်သည်တော်လေးများထက် အောင်မြင်မှုအများကြီး ရှိနေသည်။
အချိန်အတော်ကြာ အနားယူပြီးသည့်နောက် ထွော်နဲ့ခဲ့ခဲ့နောက် ရှောက်ရွှမ် လိုက်ကာအပင်ပေါ်တက်သွားတဲ့အချိန်မှာ ထာ့က သူတို့ကံကောင်းထောက်မစွာနဲ့ အစိမ်းရောင်သူခိုးအစေ့ပင်ပေါက်ကလေးများတွေ့မလားဆိုပြီး အနီးနားကိုပတ်ရှာဖို့ စစ်သည်တော်အချို့ကိုခေါ်သွားလေသည်။ သစ်ခေါင်းပေါက်ကတော့ သစ်ပင်ကိုယ်ထည်၏အလယ်တွင်ရှိလေသည်။ ၎င်းအပေါ်မှာတော့ သစ်ရွက်များနဲ့စိမ်းစိုနေတဲ့သစ်ပင်ထိပ်ပိုင်းတွင် ငှက်မျိုးကွဲပေါင်းများစွာ ကျက်စားနေကြလေသည်။ အကြီးဆုံးအကောင်သည်ပင် အတောင်ဖြန့်ကာမှ တစ်မီတာမျှပင်ရှိလေရာ သူတို့မှာ အကောင်သေးကြပြီး အကောင်ရေကတော့အများကြီးရှိလေသည်။ ထို့ကြောင့် ပုံမှန်ဆိုရင် အကြောင်းပြချက်မရှိပဲ သူတို့ကို မနှောင့်ယှက်ပါပေ။
စောစောက ပြင်းထန်တဲ့တိုက်ပွဲကြောင့် ထိုငှက်အများစုက ကြောက်ပြီးထွက်ပြေးသွားကြလေပြီ။ ပုံမှန်ဆိုရင် အသိုက်ထဲမှာ နားနေ ၊ စောင့်ရှောက်နေကြတဲ့ငှက်များဟာ တောမီးကြောင့်သာ ကြောက်ပြီးထွက်ပြေးတတ်ကြလေသည်။ ထို့ကြောင့် စစ်သည်တော်များအပင်ကိုပြန်လာသောအခါ ထွော်နဲ့ခဲ့ခဲ့နောက်ကိုအသိုက်တွေကို နှိုက်ကြည့်ဖို့လိုက်သွားတဲ့ ရှောက်ရွှမ်တို့ ငှက်ဥများစွာရလာကြသည်။
ဒီနေရာမှာ ငှက်ဥတွေစားကြတဲ့အခါ ထာ့နဲ့အခြားသူများကအစိမ်းစားကြလေသည်။
ရှောက်ရွှမ် က အသိုက်တစ်ခုထဲက ငှက်ဥသုံးလုံးယူလာခဲ့သည်။
သို့ပေမဲ့ ထူးဆန်းစွာပင် ၎င်းတို့က အသိုက်တစ်ခုထဲကဖြစ်သော်လည်း အရွယ်အစားမတူညီကြပေ။ အကြီးဆုံးတစ်ခုက လူကြီးလက်သီးအရွယ်လောက်ရှိပြီး အသေးဆုံးကတော့ ရှောက်ရွှမ် အရင်ဘဝက ကြက်ဥအရွယ်အစားလောက်သာရှိလေသည်။ ထို့ပြင်သူတို့က အရောင်လည်းကွဲကြလေသည်။ တစ်ခုက ခရမ်းနီရောင်ဖြစ်ပြီး တစ်ခုကတော့ အပြာရောင်ကိုအဖြူစက်များနှင့်ပေ ၊ ကျန်တစ်ခုကတော့ ကာကီရောင်ဖြစ်ပြီး အဝိုင်းလေးများပါလေသည်။
" ဒါတွေ အကုန်စားလို့ရလား "
ရှောက်ရွှမ်ကမေးလေသည်။
ခဲ့ခဲ့က နောက်လှည့်ကြည့်ကာ
" ရပါတယ် ၊ ငါအကုန်စားကြည့်ဖူးတယ် "
" ဘာလို့ အသိုက်တစ်ခုထဲဖြစ်ပြီး ဥတွေမတူကြတာလဲ "
ရှောက်ရွှမ်က သားရေအိတ်ထဲကို ဥတွေကို ဂရုတစိုက်ထည့်လိုက်လေသည် ။ ပြီးတော့သူက သစ်ရွက်တွေအများကြီးပါထည့်လိုက်လေသည်။
" ကြည့်ရတာ ဥတွေက တခြားနေရာက ခိုးလာတာဖြစ်မယ်"
ခဲ့ခဲ့က ဂရုစိုက်ပုံမရပေ။
" အခိုးခံရတယ်လား "
ရှောက်ရွှမ်က အံ့သြသွားလေသည်။
" သူတို့အရွယ်နဲ့ ဒီလို ဥကြီးဘယ်ဥနိုင်ပါ့မလဲ ၊ အသိုက်ထဲက ငှက်တွေက ဒီလောက်လောက်ပဲ ရှိတာ "
ခဲ့ခဲ့က သူ့လက်နဲ့အရွယ်အစားကို ပုံဖော်ပြလေသည်။
" ဒီလောက်ငှက်လေးက ဒီလိုလက်သီးဆုပ် လောက် ဥကြီး ဘယ်ဥနိုင်ပါ့မလဲ ၊ ဖြစ်မှမဖြစ်နိုင်တာ ၊ ဒါပေမဲ့ ဒီငှက်တွေက ရှည်ရှည်ပါးပါးနှုတ်သီးတွေ ရှိတော့ တခြားငှက်ဥတွေခိုးဖို့အဆင်ပြေတယ် "
" ဒီငှက်ဥတွေအကုန်လုံးက အခိုးခံရတုန်းလား "
ရှောက်ရွှမ် ကနောက်တစ်ခါထပ်အံ့သြသွားလေသည်။
" ဖြစ်နိုင်တယ် "
ခဲ့ခဲ့က ပြောလေသည်။
လှပတဲ့ငှက်မွေးများကို စုတတ်ကြတဲ့ ငှက်များရှိကြသကဲ့သို့ ၎င်းတို့က မျိုးစိတ်ကွဲတဲ့ ဥခိုးတဲ့ငှက်များဖြစ်လေသည်။ သူတို့က သူတို့ကိုယ်ပိုင်ဥမဟူတ်တဲ့အတွက် အခြားငှက်များလာခိုးမည်ကိုလည်း မပူမပင်ဘဲ အတူတူနေတတ်ကြလေသည်။ သူတို့က ဒီဥတွေပျောက်သွားရင်တောင် ခံစားရမည်မဟုတ်ပေ။
၎င်းကိုတွေးမိတဲ့အတွက် တချို့ငှက်တွေက သူတို့ဥချဖို့အတွက် လျှို့ဝှက်နေရာများရှိကြလေသည်။ တချို့ကအလုံပိတ်နေရာများဖြစ်ကြသည် ၊ သို့မဟုတ် မျိုးပွားဖို့ အထူးနည်းလမ်းများလည်းရှိလေသည်။
ဥတွေလိုက်ရှာရင်းက အပိုင်းပိုင်းကွဲအက်နေလေတဲ့ဥအများအပြားတွေ့သေးသည်။ တချို့ဥအကွဲများမှာ အကောင်ပေါက်အသေလေးများရှိပြီး တချို့ကတော့ အဖြူရောင်အနှစ်များဖြစ်ကြလေသည်။ သို့သော် ဒီဥတွေအကုန်လုံးက အစာအဖြစ် အခိုးခံလိုက်ရသည်။
ရှောက်ရွှမ်က သူ့သားရေအိတ်ကိုဖြည့်လိုက်ကာ သစ်ခေါင်းပေါက်ကနေ အောက်ဆင်းလိုက်လေသည်။ ထာ့နဲ့အခြားသူများက အကြာကြီးရှာဖွေကြသော်လည်း ဘယ်သူကမှ အစိမ်းရောင်သူခိုးအပင်ပေါက်လေးများကို ရှာမတွေ့ကြပေ။
အခြား သတ္တဝါများ ယူသွားခြင်းလည်းဖြစ်နိုင်လိုက်လေသည်။ မီးလှံရှည်ပင်တို့ရဲ့အပြုအမူကိုကြည့်ရင် အစိမ်းရောင်သူခိုးပင်တို့က အမှန်တကယ်တန်ဖိုးရှိပုံရလေသည်။ ကံကောင်းစွာနဲ့ ရှောက်ရွှမ်ထောင်ခဲ့တဲ့ထောင်ခြောက်မှာ ညဘက်တွင် အစိမ်းရောင်သူခိုးကိုမိသွားပေသည်။ ထို့ပြင် အခြားအရာများက လုယူမသွားခံရခင် သူတို့စောစောထကာ ရလိုက်သည့်အတွက် တော်သေးသည်။
တစ်ချိန်တည်းမှာ အစိမ်းရောင်သူခိုးပင်များကို ညမှာကျက်စားတဲ့သတ္တဝါများက အထူးစိတ်မဝင်စားကြသော်လည်း နေ့မှာကျက်စားတဲ့သတ္တဝါအများစုကတော့ အတော်လေးစိတ်ဝင်စားနေကြကြောင်းကို တွက်ချက်နိုင်လေသည်။ မည်သို့ပင်ဆိုစေကာမူ သူတိူ့က အစေ့ပင်ပေါက်လေးတချို့နဲ့အစိမ်းရောင်သူခိုးအရွယ်ရောက်ပင်တပင်တွေကိုတော့ ကံကောင်းစွာနဲ့သူတို့ရှာတွေ့ခဲ့လေသည်။
" ဆရာ အစိမ်းရောင်သူခိုးပင်ပေါက်လေးတွေက ခူးပြီးပြီးချင်း ခြောက်သေသွားမှာလား "
အားစွော်က စိမ်းပြာရောင်အစေ့ပင်ပေါက်လေးများကို ကြည့်ကာ သူ့စိုးရိမ်ပူပင်မှုကို အခြားသူများအားပြောပြလေသည်။
အခြားသူများက အားစွော်ပြောသည်ကို သဘောပေါက်လေသည်။ သူတို့အရင်က ဒီလိုအခြေအနေမျိုးကြုံဖူးကြလေသည်။ သူတို့က မြေကြီးကနေ အစေ့ပင်ပေါက်လေးကိုနှုတ်ကြတိုင်း သူတို့မြေကြီးခဲများနဲ့ပတ်ထားရင်တောင်မှပဲ မည်သို့ပင်ဂရုစိုက်စိုက် မြန်မြန်ခြောက်သွေ့သွားတတ်လေသည်။ နှုတ်ယူထားတဲ့အစေ့ပင်ပေါက်လေးများရဲ့သက်တမ်းက အရွယ်ရောက်အပင်ပေါက်များထက် တိုလေသည်။
" ဖြစ်နိုင်တယ် "
" အခု အစေ့ပင်ပေါက်လေးကိုဘာလို့မစားကြတာလဲ ၊ မဟုတ်ရင် နှမြောစရာကောင်းနေလိမ့်မယ် "
" ဟုတ်တယ် ၊ ဟုတ်တယ် ၊ ငါလည်းသဘောတူတယ် ၊ ငါတို့နောက်နေ့မနက်နိုးလာရင် အပင်ပေါက်လေးတွေသေနေတာတွေ့ရရင်ဘယ်လိုလုပ်မလဲ ၊ အစေ့ပေါက်လေးတွေက အရွယ်မရောက်ကြသေးဘူး ။ အကြာကြီး သိမ်းထားလို့မရဘူး"
အားလုံးက အတူတူစုကာ ဆွေးနွေးကြသည် ။ အရင်က အခြားအပင်များဆိုရင်တော့ သူတို့ဒီလောက်စိတ်လှုပ်ရှားကြမည်မဟုတ်ပေ။ ဒါပေမဲ့ အစိမ်းရောင်သူခိုးပင်က နတ်ဘုရားမစခြင်းပေ။ ထိုအပင်ရှိသည်ကို မတွေ့ရသည်မှာ နှစ်ရာပေါင်းများစွာ ရှိလေသည်။ ဒီအစေ့ပေါက်ကလေးသာ ပစ်ရသွားရင် အဆုံးအရှုံးကြီးတခုဖြစ်ပေလိမ့်မည်။
နောက်ဆုံး ထာ့က သူ့လက်ထဲက အစေ့ပေါက်ကလေးကို မျှပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ ထာ့ကသူတို့အဖွဲ့ခွဲလေးနှင့် ပြန်ဆုံမယ့်အချိန်အထိဆုံဖို့တွေးထားသော်လည်း သူသာ အစိမ်းရောင်သူခိုးအစေ့ပင်ပေါက်လေးများကို သူ့လက်ထဲကိုင်ထားရင် ၎င်းက အသက်မဲ့လာနိုင်သည်ကို ခံစားမိလေသည်။
ထာ့က သစ်ရွက်လေးတစ်ဝက်ကို ဆွဲလိုက်ပြီး အရင် မျိုချလိုက်သည်။ သူက အားလုံးထဲမှာ အသန်မာဆုံးစစ်သည်တော်ဖြစ်သည့်အပြင် သူတို့အဖွဲ့ခေါင်းဆောင်လည်းဖြစ်လေသည်။ သူက သူ့ကိုယ်သူ ပထမဆုံးကြိုးစားကြည့်သင့်လေသည်။ ပြီးမှ ဘေးကင်းကြောင်းသေချာကာမှသာ အခြားသူတွေကို အစေ့ပင်ပေါက်လေးပေးဖို့ ဆုံးဖြတ်ထားသည်။
စစ်သည်တော်များက ထာ့ကို ငေးကြည့်နေကြသည်။ သူတို့က သူ အစေ့ရွက်တစ်ဝက်ကို မျိုချတာကို ကြည့်နေကြပြီး သူတို့တစ်ခုခုမမြင်လိုက်မှာစိုးသည့်အလား မျက်တောင်ပင်မခတ်ဝံ့ကြချေ။
" ခေါင်းဆောင် ဘယ်လိုလဲ ၊ တခုခုထူးခြားလား "
အားစွော်က အားကြိုးမာန်တက်မေးလေသည်။
ထာ့က သူ့ကိုယ်လုံးကို သေချာစစ်ဆေးကြည့်ပြီး သူ့ခေါင်းထဲမှာ ကြောင်သွားလေသည်။
" ငါ နည်းနည်းလေး ပင်ပန်းသလိုဖြစ်သွားတာကလွဲရင် ဘာမှမခံစားရဘူး "
အဖွဲ့က စိတ်ပျက်သွားလေသည် ။ သို့တိုင်အောင် သူတို့ကို အစေ့ပေါက်လေးများ ၆စေ့ကို မျှဝေပေးလေသည်။ ရှောက်ရွှမ်ကတော့ သစ်ရွက်တစ်ခုလုံးရလေသည်။ အခြားသူများထက်ဝေစုများသော်လည်း ဘယ်သူကမှ စောဒကမတက်ကြပါပေ ။ သေချာတွက်ရင် ရှောက်ရွှမ်ဝေစုက အခြားသူများအကုန်ပေါင်းတာထက်ပိုလေသည်။
အမဲလိုက်အဖွဲ့စည်းမျဥ်းအရ သားကောင်အားလုံးရသမျှကို မျှဝေရမည်သာမဟုတ်လျှင် ရှောက်ရွှမ်က အစိမ်းရောင်သူခိုးပင်ကို သူ့အတွက်သိမ်းထားနိုင်လေသည်။ နောက်ဆုံးတစ်ခေါက် သူဟေးစစ်ဖုန်းကို သတ်တုန်းကလိုပင် အစိမ်းရောင်သူခိုးပင်ကို သူ့အမဲအဖြစ်နဲ့သိမ်းဆည်းထားနိုင်လေသည်။
ထို့ကြောင့် အဖွဲ့က သူတို့က ရှောက်ရွှမ် အောင်မြင်မှုကနေ အကျိုးရသူများသာဖြစ်ကြောင်း သိကြလေသည်။ သူတို့အပြန်ကျရင် ရှောက်ရွှမ်အတွက် သားရဲများကို အမဲလိုက်ပေးကြဖို့တွေးထားလေသည်။
နေကမြန်မြန်ဝင်သွားလေသည်။ ငှက်များကသူတို့အသိုက်ကိုတော်တော်များများ ပြန်မလာကြသည့်အတွက် ငှက်သံများက တစ်ဝက်လောက်သာကြားရတော့သည်။ သူတို့မှာအခြားနေရာမှာ နောက်အသိုက်တစ်ခု ရှိကြသေးသည်။ အသိုက်တစ်ခုက အန္တရာယ်ရှိလျှင် အန္တရာယ်မကင်းသေးသရွေ့ အခြားအသိုက်တစ်ခုမှပုန်းနေကြလေသည်။
မမှောင်ခင်မှာ သူတို့အခြားတစ်ကောင်ကောင်များ ဖမ်းမိမလားသိရအောင် ခဲ့ခဲ့က ရှောက်ရွှမ်ကိုအနီးအနားမှာ ထောင် ခြောက်တွေဆင်ထားဖို့ပြောလေသည်။ ကြိုးဖြူများ မကျန်တော့သော်လည်း ရှောက်ရွှမ်က နွယ်ကြိုးအသေးလေးများ ၊ ကောက်ရိုးကြိုးများနဲ့အစားထိုးပစ်နိုင်လေသည်။
သို့သော်လည်း ရှောက်ရွှမ် သူတို့ဒီညဘာမှထပ်မိမှာမဟုတ်ဘူးလို့ ခံစားရလေသည်။ ညရောက်လာတဲ့အခါ အားလုံးကအိပ်ရမယ့်အစား အပင်ပေါက်အရှေ့မှာ တတွတ်တွတ်ပြောနေကြလေသည်။
" ဘာလို့ အစေ့ပင်ပေါက်လေးက အစွမ်းပြနေတယ်လို့ခံစားနေရတာလဲ " ထွော်က သစ်ခေါင်းပေါက်နဲ့ဆယ်မီတာအဝေးက ကမူလေးကို ကြည့်ပြီး စိတ်လှုပ်ရှားစွာပြောလေသည်။
" ငါလည်းခံစားရတယ် "
" ပြတ်ပြတ်သားသား မမြင်ရပေမဲ့ အရင်ကထက်တော့ပိုမြင်လာရတာတော့ အမှန်ပဲ "
" အမှန်ပဲ ၊ ဒါတောင် အစေ့ပေါက်ကလေးရှိသေးတာ ၊ အကြီးပင်သာ စားလိုက်တဲ့သူဆိုဘယ်လိုနေမလဲမသိဘူး ၊ သူညဆိုရင် ကောင်းကောင်းသွားနိုင်တော့မှာလား "
ထာ့တောင်မှ ညဆိုလျှင် လွတ်လွတ်လပ်လပ်သွားနိုင်တဲ့အဆင့်ကို မရောက်သေးပေ ။ ညမှာကျက်စားတဲ့အကောင်တွေလို ညအမြင်မျိုးမရှိရင် အမှောင်ကြားထဲမှာသွားလာဖို့ရာခက်ခဲမှာအမှန်ပင်။
အစိမ်းရောင်သူခိုးပင်ပေါက် ရလဒ်မှာ သူတို့အားလုံးအတွက် ပျော်ရွှင်ကျေနပ်စရာဖြစ်သော်လည်း သူတို့အတွက်တော့ သိမ်းမထားပေ ။ သူတို့က အစိမ်းရောင်သူခိုးပင်ကို ကျောက်သေတ္တာလေးထဲမှာ လုံလုံခြုံခြုံ သိမ်းကာ မျိုးနွယ်စုပြန်ယူသွားပြီး နတ်ဆေးဆရာ လက်ထဲသို့ အပ်လိုက်မည်ပင်။
ရှောက်ရွှမ်က နတ်ဆေးဆရာကို ဒီ့အတွက်တော့ ပိုလေးစားသွားလေသည်။ သူတို့မက်လောက်စရာကြီးကို တွေ့ရသော်လည်း စစ်သည်တော်အားလုံးက စည်းကမ်းများကို ဦးထိပ်ထားလေသည်။ ဒါတွေအကုန်လုံးက နတ်ဆေးဆရာ၏ သင်ပြမှုကြောင့်ပါပင်။
ညက အတော်လေးတိတ်ဆိတ်လေသည်။ ညစောင့်များကတော့ အောက်ကထောင်ခြောက်များကို အထူးသတိထားကြည့်နေကြကာ ကျန်သူအားလုံးကတော့ အိပ်မက်လှလှမက်နေကြသည်။ သူတို့အားလုံးက အစိမ်းရောင်သူခိုးပင်ကို ထပ်မိဖို့ဆုတောင်းနေကြသည်။
ရှောက်ရွှမ်က ဒီည ကောင်းကောင်းအိပ်ပျော်လေသည်။ ဒါပေမဲ့ သူကအိပ်မက်တော့ မမက်ပါပေ ။ သူ့အိပ်မက်ထဲ အစိမ်းရောင်အလင်းများဝင်မလာပါပေ။
မနက်စောစောမှာ စစ်သည်တော်အားလုံးက နေမထွက်ခင်မှာ အပင်အောက်ကိုအလောတကြီးဆင်းကာ ရှောက်ရွှမ် ထောင်ခြောက်များကိုကြည့်လေသည်။ ရှောက်ရွှမ်ထောင်ခြောက်များအပြင် ထောင်ခြောက်ဆင်တဲ့အကြောင်းသိတဲ့အခြားသူများက ကျော့ကွင်းအနည်းငယ်ပြုလုပ်လေသည်။
သို့သော် ဒီနေ့တော့ သူတို့ စိတ်ပျက်သွားကြသည်။ ဘာမှမမိချေ ။ သို့သော် မနေ့က အနီရောင်များဖုံးနေသည့်နေရာမှာ အစိမ်းရောင်များဖြင့် အစားထိုးလေသည်။ မြက်ပင်စိမ်းများက သိပ်သည်းစွာကြီးထွားလာပြီး တစ်ညနှင့် လူတွေရဲ့ဒူးလောက်အထိ မြင့်လာကြသည်။ မီးလှံရှည်ပင်ရဲ့သွေးများက သူတို့အတွက် အာဟာရများဖြစ်သွားလေသည်။