← Chapters

အပြန်

Vol. 6 Ch. 83

အပြန်

Vol. 6 Ch. 83

" ကုရှအမြစ်၊ သွေးစီးနေတဲ့သစ်ရွက် ၊ ခုနှစ်မွှာထန်းရွက်၊သွေးကြောပန်း.."

ထာ့ ၊ ထွော် နဲ့ အခြားသူတွေက သူတို့မိထားတဲ့အပင်တွေကို ရေတွက်နေကြလေသည် ။ ရှောက်ရွှမ်ကတော့ သူတို့အမဲလိုက်ထွက်လာတဲ့ရက်တွေကိုသာ တွက်နေသည်။ သေချာသာတွက်ကြည့်မည်ဆိုရင် အမဲလိုက်ခရီးတိုင်းကအချိန်အကန့်အသတ်ရှိသည့်အတွက် အိမ်ပြန်ဖို့စလုပ်ရတော့မည့်နေ့ဆိုတာ သိပေလိမ့်မည်။

အစိမ်းရောင်သူခိုးပင်ကို မိပြီးကတည်းက အမဲလိုက်အဖွဲ့ကလူတွေက နေမဝင်ခင်မှာ ထောင်ခြောက်များဆင်ထားတတ်ကြသည်။ သို့သော် ဘာမှတော့မမိပါချေ။ အသုံးဝင်တဲ့အရာတစ်ခုကိုမှ မမိတော့ပေ။ ထိုညက အစိမ်းရောင်သူခိုးပင်ကို ဖမ်းမိခဲ့ခြင်းမှာ ကံကောင်းထောက်မ၍ပင်ဖြစ်ပါသည်။

အဲ့ဒီနောက်ရက်တွေမှာတော့ တစ်နေကုန် ရှောက်ရွှမ်က အဖွဲ့နောက်ကို လိုက်ရလေသည်။ သူ၏တိုက်ရည်ခိုက်ရည်ကြောင့် တာဝန်တွေမှာ သိပ်တော့အကူအညီမပေးနိုင်ခဲ့ပါပေ။ သို့သော် သူ့ကို အခြားသူများမှ ထိန်းပေးရန်တော့မလိုအပ်ပါပေ။ ပြောရရင် သူက သူ့ကိုယ်သူ စောင့်ရှောက်နိုင်သည်ကပင် အဖွဲ့အတွက် အကူအညီပေးရာပိုရောက်လေသည်။

ဒီရက်များမှာ ရှောက်ရွှမ်က ထူးဆန်းတဲ့အရာတော်တော်များများကိုတော့ တွေ့ခဲ့ရလေသည်။ တစ်ခေါက် သူတို့ ခုနှစ်မွှာထန်းပင်လို့ခေါ်တဲ့အပင်ကို ရှာကြတုန်းက အမဲဖျက်ကောင်များနှင့် ထိပ်တိုက်တွေ့လုနီးနီးဖြစ်ခဲ့သေးသည်။

ခုနှစ်မွှာထန်းပင်က ထူးဆန်းသည့်အပင်တစ်ပင်ပင်။ သူက အန္တရာယ်ရှိသည်ကို အာရုံခံမိပါက သစ်ခေါက်များကဲ့သို့ထူထဲသောသစ်ရွက်များကို ပိတ်လိုက်ကာ အမဲဖျက်ကောင်တွေကိုဆွဲဆောင်နိုင်တဲ့အရည်များကို သိုလှောင်ထားသောသူ့အူတိုင်ကို အခေါက်ထူထူများနှင့် ရစ်ပတ်ပစ်လေသည်။ အမဲလိုက်အဖွဲ့ကသာ စက္ကန့်ပိုင်းလောက် တုန့်ဆိုင်းသွားရင် သူတို့က အမဲဖျက်ကောင်အုပ်ကြီးကို ရင်ဆိုင်ရနိုင်လေသည်။

ထိုအချိန်မှာ ထွော်တို့က ရေတွက်လို့ ပြီးသွားလေသည်။

" ငါတို့ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ရတာတွေနဲ့ယှဥ်ရင်တော့ အခု ငါတို့တွေ့ထားတာက နှစ်ပင်ပိုနည်းနေတယ် ၊ ဒါပေမဲ့ ဒီတစ်ခါ ငါတို့ ယှဥ်လို့မရတဲ့ လေဘောလုံးလေးနဲ့ အစိမ်းရောင်သူခိုးပင်ကိုတွေ့ထားတော့ ဒီတစ်ခေါက်အမဲလိုက်ခရီး အောင်မြင်မှုကြီးအတွက် စိတ်ချထားလို့ရပြီ "

ထာ့ မျက်နှာကိုကြည့်လျှင်ပင် အတော်လေးစိတ်သက်သာရာရနေမှန်း သိနိုင်လေသည်။ အမှန်တော့ သူတို့ဒီတစ်ခါ အမဲလိုက်ခရီးက ပိုအောင်မြင်မှုရခဲ့လေသည်။

" ငါတို့ အားဝေ့နဲ့ ပြန်ဆုံရင် မျိုးကွဲတွေကိုထပ်ရေကြည့်ရမယ်၊ သူတို့အခြား နှစ်မျိုး ရှာတွေ့မလားမသိနိုင်ဘူး "

ဝေ့သည်လည်း ထာ့နဲ့ရွယ်တူ အကြီးတန်းစစ်သည်တော်တစ်ဦးဖြစ်လေသည်။ အဆင့်မြင့်အဖွဲ့ကို နှစ်ဖွဲ့ခွဲလိုက်တဲ့အခါ သူက အခြားစစ်သည်တော်နှစ်ဒါဇင်ကို ဦးဆောင်ရလေသည်။

ထာ့က အခြားသူတွေကိုပြောလိုက်သည်။

" ဒီနေ့တော့ နားကြတာပေါ့ ၊ မနက်ဖြန်ကျ ပြန်ကြမယ် "

" နားလည်ပါပြီ ခေါင်းဆောင် "

ပြန်ဖြေကြသည်။ သူတို့အိမ်ပြန်ချင်စိတ်များ အလွန်ပြင်းပြနေကြလေသည်။ အဆင့်မြင့်အဖွဲ့က အခြား စစ်သည်တော်တွေနဲ့မျိုးနွယ်စုက သူတို့ဆွေမျိုးများကို သူတို့အတွေ့အကြုံများကို ပြန်လည်မျှဝေဖို့အကြောင်းကို မျှော်တွေးနေမိကြသည်။

ရှောက်ရွှမ်လည်း အိမ်ပြန်ရဖို့မစောင့်နိုင်တော့ပေ။ အစိမ်းရောင်သူခိုးပင်များကြောင့်ပင် မဟုတ်ဘဲ သူ့သားရေအိတ်ထဲက ငှက်ဥအချို့ရှိနေသည့်အတွက် အိမ်ကို မကြာခင်ပြန်ရောက်ချင်လှပေသည်။

ထိုနေ့က သူ့သားရေအိတ်ထဲကိုထည့်သိမ်းထားတဲ့ ဥများမှာ တသ်ဒါဇင်ခန့်မျှ ရှိလေသည် ။ အဖွဲ့က အခြားသူများကတော့ ငှက်ဥများအပေါ်သိပ်စိတ်ဝင်စားမှု မရှိပါပေ။

အရင်နေ့တုန်းက သူတို့ အမဲဖျက်ကောင်များနဲ့ရင်ဆိုင်ရတုန်းက ခဲ့ခဲ့က သူ့လက်ကျန်ငှက်ဥများကို ငါးစာအဖြစ်သုံးရန် ပစ်ပေါက်လိုက်သေးသည် ။ အမဲဖျက်ကောင်များက ငှက်ဥများကိုလည်းစားကြလေသည်။ သူထွက်မလာခင်က သစ်ခေါင်းထဲမှာ ဥနည်းနည်းထားခဲ့ပေမဲ့ ယခုတစ်လုံးသာကျန်တော့လေသည်။

ဒီနေ့တော့ အပင်အခေါင်းပေါက်ထဲနေရမည့်အသား ညအတွက် အခြားနေရာအသစ်တစ်ခုမှာ နေကြလိမ့်မည်။ သားရေစာလိပ်ထဲက အခြားအပင်များကိုတွေ့ရဖို့ရာ သူတို့မတူတဲ့နေရာများမှာအိပ်ရန်လိုအပ်ပေသည်။

အခြားညတွေတုန်းကတော့ သစ်ရွက်များနဲ့သူတို့ကိုယ်သူတို့အထဲကိုလှိမ့်လိုက်ပြီး သစ်ရွက်ထဲမှာတစ်ညလုံးကုန်ကြကာ သစ်ရွက်ထဲတွင်အိပ်ကြလေသည်။ ထိုသစ်ရွက်များက ဝက်ပေါင်ခြောက်များနှင့်ဆင်တူလေသည်။ ထိုသစ်ရွက်များက မိုးထိုးနေရမည့်အစား သစ်ရွက် ၂၁ ရွက်က လိပ်ကာ တွဲလောင်းကျနေပြီး အရွက်တစ်ရွက်တိုင်းမှာ အထဲတွင်အိပ်ပျော်နေသာ လူတယောက်ရှိလေသည်။

ထွော်က ဒီထူးဆန်းတဲ့အပင်မှာ ပိုးကောင်တွေပြေးစေတဲ့ အစွမ်းရှိပြီး ဒါသူတို့အမဲလိုက်ရမည့်စာရင်းထဲမှာလည်းပါသည်ဟု ဆိုသည်။ စစ်သည်တော်များက သူတို့ညမှာနေဖို့ သင့်တော်တဲ့အမိုးအကာမတွေ့ပါက ထိုဧရာမသစ်ရွက်ကြီးများနဲ့သူတို့ကိုယ်သူတို့ပတ်ကာ အိပ်တတ်ကြလေသည်။ ဒီလိုလုပ်ခြင်းဖြင့် သူတို့က ညမှကျက်စားတဲ့အင်းဆက်များရန်ကိုလည်း ရှောင်ရှားပြီးဖြစ်သည်။ သို့သော် နေ့အလင်းရောင်တွင် ထိုအပင်ကအရွက်များက မာကြောကာ လိပ်လို့မရသည့်အတွက် နေ့ဘက်တွင်တော့ အသုံးမဝင်လှပါချေ။

ရှောက်ရွှမ် အတွက်တော့ စိတ်ကူးယဥ်ဆန်တဲ့အတွေ့အကြုံတခု ဖြစ်ကာ သူ့သားရေအိတ်ထဲက ငှက်ဥများကိုတော့ သူက စမ်းသပ်ကြည့်ချင်သည့်အတွက် ပြန်ယူသွားဖို့ စိတ်ကူးထားလေသည်။ အပင်အများစုက တောထဲကထွက်လာတဲ့အခါသေဆုံးသွားတတ်ကြသည်။ ဒါဆိုငှက်ဥတွေဆိုရင်ကော ဘာတွေဖြစ်လာနိုင်သလဲ ။

ဒီနေရာက အပင်များဟာ ပုံမှန်မဟုတ်ကြလေရာ သူတို့ကိုစားတဲ့ အင်းဆက်၊ပိုးကောင်တွေကကော ပုံမှန်ထက်ထူးခြားနေကြမည်လား ။ အဲ့ဒါထက် ဒီအသီးတွေနဲ့ ပိုးကောင်တွေကိုစားတဲ့ငှက်တွေကကော ပိုပြီးထူးခြားနေနိုင်မလားလို့တွက်ဆကြည့်နိုင်မလား။ ဒီငှက်တွေမှာ ပိုပြီးအာဟာရ ရှိနေနိုင်သည် ၊ သို့မဟုတ် ပိုပြီးဆေးဖက်ဝင်နိုင်လေသည်။ ဒါဆို သူတို့ဥတွေကရော...

ငှက်ဥ အစိမ်းတွေက ချက်ပြုတ်ပြီးသားဥများထက် ရေရှည်ခံတတ်လေသည်။ သူတို့အပေါ် ရှောက်ရွှမ် တွေးထားတဲ့အတွေးများ မှန်ကန်နေနိုင်သည်ဟုတွေးကာ ဒီထူးဆန်းတဲ့ဥများကို ရှောက်ရွှမ် ချက်မစားခဲ့ပေ။

နောက်တစ်နေ့မှာတော့ ထာ့က အဖွဲ့ကို သူတို့အခြားအမဲလိုက်အဖွဲ့နဲ့ဆုံမည့် ဆုံမှတ်ဆီသို့ ဦးဆောင်ပြေးလာခဲ့လေသည်။ သူတို့ဘက်က တစ်ယောက်ကတော့ ဒဏ်ရာရထားသော်လည်း ကံကောင်းထောက်မစွာနဲ့ မပြင်းထန်လှပါပေ။

အခြားစစ်သည်တော်အယောက် ၂၀ကလည်း အစိမ်းရောင်သူခိုးပင်အကြောင်းကြားရတဲ့အခါ ဆွံ့အသွားကြပြီး သစ်ရွက်တွေဖုံးထားတဲ့ကျောက်ဗူးလေးကို အကြည့်မခွာနိုင်ကြတော့ပေ။ သို့သော် အားလုံးရဲ့စိတ်ထဲမှာ အချိန်မကျသေး ကြောင်းကို သိကြလေသည်။

သူတို့ ဒီနေရာကိုလာကြတုန်းက တောင်ထိပ်ကနေ ဧရာမပုစဥ်းကြီးများကိုစီးကာ လာခဲ့ကြရာ သူတို့ပြန်တဲ့အခါမှာလည်း အကူအညီလိုအပ်လေသည်။

နေဝင်ကာနီးသောအခါ အဆင့်မြင့်အဖွဲ့က စစ်သည်များက တချို့နေရာများမှာစောင့်ဆိုင်းနေကြသည်။ သူတို့ထဲကတစ်ယောက်က အပင်မြင့်တစ်ပင်၏ထိပ်ဖျားကိုတက်ကာ ဧရာမပုစဥ်းအုပ်ကြီး၏တည်နေရာကို ကင်းထောက်ကြည့်နေသည်။ ဆိုရသော် အပြန်လမ်းကတော့ တိတိကျကျ သတ်မှတ်ထားခြင်းမရှိပါပေ။

" ဟိုမှာဟေ့..မြန်မြန် "

" မြန်မြန် ၊ မြန်မြန် လုပ်ကြဟေ့ ၊ မဟုတ်ရင် ဒီနေ့မမှီပဲနေလိမ့်မယ်၊ ငါတို့မနက်ဖြန်အထိမစောင့်ချင်ဘူး "

ရှောက်ရွှမ်က အပင်တွေထည့်ထားတဲ့ဗူးများကို သယ်ရန်မလိုပေ ၊ သူ့အိတ်အများစုကလည်း သူ့သားရေအိတ်ထဲမှာရှိလေသည်။ ထို့ကြောင့် အခြားသူများနဲ့ယှဥ်ပါက သူကပေါ့ပေါ့ပါးပါးသွားလာနိုင်လေသည်။

အဲ့ဒီအချိန်မှာ အချိန်မီ လမ်းကြုံလိုက်နိုင်ဖို့အတွက် ပုစဥ်းကြီးများဆီ အမြန်ပြေးနေကြသည်။ ရှောက်ရွှမ် အရင်ဘဝက ဘတ်စ်ကားမှီအောင် အမြန်ပြေးရသည်နှင့်တူနေသည်။

လူတွေက အပင်မြင့်များအပေါ် အမြန်ပြေးတက်ကြပြီး သူတို့လက်မှာ ကောက်ရိုးနဲ့လုပ်ထားတဲ့ ကျော့ကွင်းကို ချည်နှောင်ထားကြလေသည်။ ပုစဥ်းတွေ သူတို့ခေါင်းပေါ်က ဖြတ်ပျံသွားကြတဲ့အခါ သူတို့က ပုစဥ်းခြေထောက်ကို ကျော့ကွင်းပစ်ကာ ဖမ်းလိုက်ကြသည်။

စစ်သည်တော်တယောက်က လေထဲမြောက်တက်သွားတဲ့အခါ သူ့အောက်မှာ အခြားပုစဥ်းတစ်ကောင်ရောက်လာလျှင် ထိုပုစဥ်းအပေါ်ကိုခုန်ချဖို့ အခွင့်အရေးကို ရှာရပေမည်။ သူတို့သာလေထဲမှာအကြာကြီးတွဲလောင်းခိုနေလျှင် အခြားပုစဥ်းများ၏ အတောင်ပံများနှင့်အလွယ်လေး ရိုက်မိနိုင်လေသည်။

သူတို့က တောင်နားကိုရောက်လာကာနီးတဲ့အခါ ပုစဥ်းများက သူတို့အတောင်ပံများကို အမြင့်ကိုပျံဖို့တဖျက်ဖျက်ခပ်လိုက်ကြလေသည်။ သူတို့ကအမြင့်ကိုရောက်သွားတဲ့အခါမှာမြေပေါ်ကအရာအားလုံးကသေးငယ်၍သွားလေသည်။

အစိမ်းရောင်နယ်မြေက အနောက်မှာကျန်ခဲ့ကာ အပင်မြင့်များအပေါ်က သစ်ရွက်များ ၊ ပန်းပွင့်များဟာ စပြီးပိတ်ဖို့ပြင်ကြပြီး အသံများစွာတို့ကလည်း ညရောက်တော့မည်ကိုညွှန်ပြနေကြလေသည်။

" မင်း ခုန်ရင်သတိထား ၊ အတောင်ပံတွေနဲ့ မရိုက်မိစေနဲ့ "

ထာ့ကရှောက်ရွှမ်ကိုအော်ပြောလိုက်သည် ။

" နားလည်ပါပြီ "

ပုစဥ်းတွေက တောင်ကုန်းနားကိုရောက်တဲ့အခါ ရှောက်ရွှမ်က ပုစဥ်းအမြီးနားကို မြန်မြန်ပြေးကာ ခုန်ချဖို့အခွင့်အရေးကိုရှာလိုက်လေသည်။ သူက သူမတ်တပ်ရပ်လို့ရတဲ့အထိ အဆင်ပြေတဲ့နေရာကိုမတွေ့ခင် တောင်စောင်းတလျှောက်လျှောဆင်းတဲ့အခါမှာ သူ့အရှိန်လျော့သွားအောင် သူ့ကျောက်ဓားကို ကျောက်တုံးတွေကြားစိုက်ပစ်လိုက်လေသည်။

" ဖယ်ကြ ၊ အားလုံးဖယ်ကြ "

ဗန်း....

ခဲ့ခဲ့စီးခဲ့တဲ့ပုစဥ်းက အခြားအကောင်များထက်ပိုမြင့်အောင်ပျံလေရာ သူခုန်ချတဲ့အခါ တောင်စောင်းနဲ့ပင်ရိုက်မိတော့မလို ဖြစ်သွားလေသည်။ သူမြေပေါ်ကျတဲ့အခါ နည်းနည်းလှိမ့်လိုက်ရလေသည်။ ဘေးကင်းကင်း ခုန်ချလိုက်ခြင်းမဟုတ်သော်လည်း ခဲ့ခဲ့က အပင်ထည့်ထားတဲ့ကျောက်ဗူးလေးကိုတော့ ဘာမှမထိခိုက်အောင်ကာကွယ်ပေးလေသည်။

သူက ကောင်းကောင်းမတ်တပ်ရပ်နိုင်တဲ့အခါ သူ့မျက်နှာက နာကျင်လို့ရှုံ့မဲ့နေတာကို သူများတွေကမြင်လိုက်ကြလေသည်။

သူတို့အားလုံးခုန်ချပြီးတဲ့နောက်မှာ ပုစဥ်းအုပ်ကြီးက တောင်ပေါ်ကနေပြန်သွားကာ သူတို့ညအနားယူမယ့်ရေအိုင်ကြီးဆီသို့ ဦးတည်ပျံသန်းသွားကြလေသည်။

" သွားကြစို့ ၊ နောက်ရက်တွေက ပိုအလုပ်ရှုပ်မှာဆိုတော့ အခုအေးအေးဆေးဆေးနားနေကြ " ထာ့က ပြောသည်။

သို့သော် လူများက အစိမ်းရောင်သူခိုးပင်အကြောင်း စိတ်လှုပ်ရှားစွာပြောနေကြပြီး ဘယ်သူကမှ အများကြီးမအိပ်လိုက်ကြရပေ။

သူတို့တောင်ကထွက်လာပြီးနောက်တစ်နေ့မှာ ရှောက်ရွှမ်ကထာ့ပြောသည့် " ဒီနေရာကနေ ဘာမှအဝေးကိုယူသွားလို့မရဘူး " ဆိုတဲ့စကားကို ကောင်းကောင်းနားလည်သွားလေသည်။

သူတို့က အစိမ်းရောင်နယ်မြေကို သူတို့မြင်ကွင်းကနေပျောက်သွားတဲ့အခါ အစိမ်းရောင်သူခိုးပင်ကိုထည့်ထားတဲ့ကျောက်ဗူးကိုပတ်ထားတဲ့ လတ်လတ်ဆတ်ဆတ်သစ်ရွက်ကြီးများဟာ အလျင်အမြန်ပျက်စီးလာကြလေသည်။ အဝါရောင်ပြောင်းသွားကာ ရှောက်ရွှမ် ကြည့်နေရင်းမှာပင် ခြောက်သွေ့သွားလေသည်။

ကျောက်ဗူးလေးပေါ်က ရွှံ့များက အစိမ်းရောင်သူခိုးပင်အနံ့ကိုလုံးလုံးပိတ်ဆို့မပေးနိုင်ပါပေ။ ပြီးတော့ လူတွေရဲ့အမြင်မှာလည်း အစိမ်းရောင်သူခိုးပင်ကို သားရဲဆိုးတော်တော်များများကလည်း လိုချင်တပ်မက်ကြပုံပင်။

အဆင့်မြင့်အဖွဲ့က လူများက ရှောက်ရွှမ်ကိုသူတို့အိမ်အပြန်လမ်းမှာ တစ်ခု၊နှစ်ခုသင်ပေးဖို့တွေးထားကြလေပြီး သူတို့ပြန်ယူသွားဖို့ အမဲတစ်ချို့လိုက်ရန် ပြင်လိုက်လေသည်။ ဒါပေမဲ့ ပြောရရင် လမ်းတစ်လျှောက်လုံး သူတို့တစ်ယောက်နှင့်တစ်ယောက် စကားမပြောနိုင်အောင်အလွန်အလုပ်များကြလေသည်။

အစိမ်းရောင်သူခိုးပင်ကို ကာကွယ်ဖို့ရာ အဆင့်မြင့်အဖွဲ့ကစစ်သည်တော်များမှာ သူတို့အိမ်ပြန်လမ်းမှာ တိုက်ခိုက်ကြရလေသည်။ မျိုးနွယ်စုကို မြန်မြန်ပြန်ရောက်စေရန် အမဲများကိုသူတို့နဲ့အတူယူမလာကြပေ။ သူတို့ကြာကြာနေလေ သူတို့အတွက်ပိုအခက်အခဲများလေပင်ဖြစ်လေသည်။

ပထမကတော့ အစိမ်းရောင်သူခိုးပင်ကို ချဥ်းကပ်လာတဲ့ သားရဲဆိုးများကို ဘာအမျိုးအစားဖြစ်ဖြစ် ဘယ်လောက်အကောင်ရေများများ သတ်ပစ်ကြသည်။

အစိမ်းရောင်သူခိုးပင်ကို ခိုးချင်တယ်ဟုတ်လား,

မဖြစ်နိုင်ဘူး ၊ သွားသေလိုက်ကြ!

သို့ပေမဲ့ တဖြည်းဖြည်း သူတို့နည်းဗျူဟာကိုပြောင်းလိုက်ကြသည်။

ဘာလဲ ၊ အစိမ်းရောင်သူခိုးပင်နောက်ကို သားရဲဆိုးတွေပိုလိုက်လာကြတာလား ၊ ဘယ်လောက်တောင်များတာလဲ?

ပြေး သာပြေးတော့!

အဆင့်မြင့်အဖွဲ့ကလူတွေက အရင်ကတစ်ခါမှ ဒီလောက်အရှက်မရဘူးပါပေ။ အရင်တုန်းကဆိုရင် သူတို့ကို အေးအေးဆေးဆေးအမဲလိုက်ကာ အမဲကနေ အမှတ်တရတချို့ပြန်ယူလာတတ်ကြသည်။ သို့သော် ဒီအချိန်မှာတော့ သူတို့အချိန်လည်းမရသလို စိတ်လည်းမပါပေ။

သူတို့အားလုံးကိုယ်ပေါ်မှာ အဆင့်မြင့်သားရဲကြီးများရဲ့သွေးနံ့များက အနံ့ပြင်းစွာစွဲကပ်နေကြလေသည်။ သူတို့မျက်နှာတွေဆေးဖို့၊ သူတို့ဆံပင်တွေဖြီးဖို့လည်း အချိန်မရှိပေ။

သူတို့ထဲက တချို့ဆိုရင် မိဘမဲ့ဂူက ကလေးများထက်ပင်ပေတိပေစုတ်ဖြစ်နေကြလေသည်။ သွေးတွေက သွေးခဲများဖြစ်လာကာ လေထဲမှာ သွေးအမှုန့်များအဖြစ်ခဲသွားလေသည်။

ညဘက်မှာတောင်ပင် သူတို့မကြာခဏလာအတိုက်ခံရလေသည်။ သူတို့က ပြေးရသလို ၊ လမ်းတစ်လျှောက်မှာလည်းတိုက်ခိုက်ရသည့်အတွက် အလွန်ပင်ပန်းနေကာ အိပ်ရေးပျက်သည့်ဒဏ်ကိုလည်း အလွန်ခံရလေသည်။

ကံကောင်းစွာဖြင့် အဆင့်မြင့်အဖွဲ့ရဲ့အရည်အချင်းက ကောင်းလေသည်။ အခြားသာမန်အမဲလိုက်အဖွဲ့သာဆိုရင် လမ်းတလျှောက်မှာ အထိအခိုက်၊အသေအဆုံးများပေလိမ့်မည်။ ထို့အတွက်ကြောင့် အချိန်တိုအတွင်း သူ့အားအင်နဲ့စွမ်းအားကို ပြန်ဖြည့်တင်းနိုင်လေသည်။

အခြားသူများကတော့ ရှောက်ရွှမ်ကို ထူးဆန်းစွာကြည့်နေကြလေသည်။ ရှောက်ရွှမ်ကသူ့သားရေအိတ်လေးကို တစ်ချက်စစ်ဆေးကြည့်တဲ့အခါ သူ့အိတ်ထဲက ငှက်ဥလေးများအဆင်ပြေပြေဖြစ်နေသေးသည်ကိုတွေ့ရသည်။ ရှောက်ရွှမ်က သူ့အိတ်ထဲကိုသစ်ရွက်ခြောက်များနဲ့မြက်ပင်လေးများကို ထပ်ထည့်ထားလိုက်ပြီး သူတို့စထည့်ထားချိန်မှ အခုထိတစ်လုံးသာကွဲသွားသေးသည်။

အဆင့်မြင့်အဖွဲ့မှာစည်းကမ်းတစ်ခုရှိလေသည်။ အဓိကပစ်မှတ်ထားရသော ပစ္စည်းများမှလွဲရင် ကျန်သည့်အမဲများကို အမဲလိုက်သူကိုယ်တိုင်သိမ်းဆည်းထားနိုင်လေသည်။ ဒီတော့ ရှောက်ရွှမ် ငှက်ဥများသယ်လာခြင်းကို ဘယ်သူကမှ ဘာမှမပြောကြပေ။

သူတို့မှာ တာဝန်ပေးလိုက်တဲ့ပစ္စည်းများလုံလောက်နေပြီဖြစ်သည့်အတွက် ဘယ်သူကမှ ဥများကို စိတ်မဝင်စားကြပေ။ ထို့ပြင် တစ်ချိန်လုံး စားစရာအသီးများလည်းအစုံအလင်ရှိကြပေသည်။

ထို့ပြင် သူတို့အသားများကို ချက်စားကြသည်မှာလည်းရက်အတော်ကြာလေပြီဖြစ်သည်။ ယခုအသားများ ပြန်စားနိုင်သောအခါ ဘယ်သူကမှဥတွေကိုဂရုမစိုက်တော့ပေ ။

သို့သော် လူတွေက ချက်ထားတဲ့အသားကို ဝါးကြရင်း သူတို့ရဲ့ရန်သူတော်ကိုဝါးမြိုနေသကဲ့သို့ပင် စားကြလေသည်။ သူတို့ကအသံကျယ်ကျယ်စားကြပြီး သူတို့အိပ်မက်ထဲမှာပင် ချဥ်းကပ်လာသည့်သားရဲဆိုးများကို ကျိန်ဆဲနေကြပုံပေါက်လေသည်။

All Chapters