တိုက်ကြက်တကောင်
Vol. 6 Ch. 86
ကြီးလာတဲ့အခါ ဘယ်ငှက်အမျိုးအစားဖြစ်မလဲ ၊ ဘယ်လိုအကျင့်ရှိမလဲ ၊ ပျံနိုင်မှာလား စသည်ဖြင့် ရှောက်ရွှမ် မသိပါပေ ။ ကြက်တစ်ကောင်ကဲ့သို့လည်း ဖြစ်နိုင်သလို အသားစားငှက်မျိုးလည်းဖြစ်သွားနိုင်ပါသည်။ ကြက်ကဲ့သို့ ငှက်မျိုးဆိုရင် စားဖို့ကလွဲရင်အခြားသုံးစရာနေရာမရှိပေ။ သားရဲငှက်မျိုးသာ ဆိုရင်တော့ အမဲလိုက်စွန်ရဲ အဖြစ်လေ့ကျင့်ပေးလို့ရနိုင်သည်။ အမဲလိုက်ဖို့ မဟုတ်လျှင်တောင် ကင်းထောက်ဖို့သုံးနိုင်လေသည်။
ယခုကတော့ ဒါတွေပြောဖို့စောပါသေးသည်။ ရှောက်ရွှမ် ဒီငှက်ရဲ့လုပ်နိုင်စွမ်းကို မသိသေးပေ ။ အသုံးမဝင်ဘူးဆိုရင် ရှောက်ရွှမ် ဘာမှမလုပ်ခင်အခြားသူများက အရင်သတ်ပစ်ကြပေလိမ့်မည်။ ပြောရရင် ၎င်းက ဆီဆာမဟုတ်ပေ ။ ဆီဆာက အကောင်ငယ်လေးတည်းက နတ်ဆေးဆရာက လုပ်ပေးထားတဲ့ အမှတ်သင်္ကေတပြား ရှိလေသည်။ အကယ်၍ သူက သူ့စရိုက်များပျောက်သွားပြီး သိမ်မွေ့လာလျှင်ပင် မျိုးနွယ်စုထဲက ဘယ်သူကမှသူ့ကိုထိခိုက်အောင်လုပ်ရဲမည်မဟုတ်ပေ ။
တောင်ထိပ်မှာ ရေခဲဂူတစ်ဂူ ရှိလေကာ လူအများအပြားက ရေခဲဂူထဲမှာ ဆားမနယ်ထားတဲ့အသားတွေကိုသိမ်းဆည်းလေ့ရှိသော်လည်း အဖိုးအခအနေနဲ့ အသားအနည်းငယ်ပေးရလေသည်။
ရှောက်ရွှမ်လည်း ရေခဲဂူမှာ အသားတစ်ချို့သိမ်းဆည်းလေ့ရှိသည်။ သူက သူရလာတဲ့အသားအားလုံးကို ဆားမသိပ်နိုင်သလို ဆီဆာကလည်း ငံတဲ့အရသာကိုမကြိုက်ပေ ။
ထို့ပြင် ဆားသိပ်ထားတဲ့အမဲတွေကိုစားခြင်းက လောင်ခဲ့ကျန်းမာရေးအတွက်လည်းမကောင်းပေ။ ထို့ပြင် သူ့အိမ်ထဲမှာအခု ငှက်ပေါက်ကလေး ရှိနေရာ ဆားငံနေတဲ့အသားတွေချည်း မကျွေးနိုင်ပါပေ ။
" ပြသာနာပဲ "
ရှောက်ရွှမ်ကသက်ပြင်းချလေသည်။ ဒီငှက်ပေါက်လေးကို သူစွန့်ပစ်နိုင်သလို ဆီဆာ့ကို အစာအနေနဲ့လည်းကျွေးနိုင်လေသည်။ သို့သော် အနည်းဆုံးတော့ မွေးဖို့ကြိုးစားကြည့်သင့်သည်ဟုခံစားရလေသည်။
သုံးရက် ကြာပြီးတဲ့နောက်မှာ ငှက်ပေါက်လေးကမျက်လုံးပွင့်လာလေသည်။
၎င်းမှာ ရှောက်ရွှမ် မှန်းထားတာထက် စောလေသည်။ မူလက သူ့အရင်ဘဝကမြင်ဖူးတဲ့ငှက်များလို ၇ ရက်ကနေ ၁၀ရက်လောက်အထိကြာမှသာ မျက်လုံးဖွင့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ဒီငှက်က မျက်လုံးပွင့်ဖို့သုံးရင်သာ ကြာပြီး သူ့ကိုယ်လုံးကလည်း အလွန်အမွေးထူလာလေသည်။ သို့ပေမဲ့ လမ်းတော့မလျှောက်နိုင်သေးပေ ။ သူဗိုက်ဆာပြီဆိုလျှင် မကြားမှာကိုကြောက်သည့်အလား သူ့နှုတ်သီးကိုဖွင့်ကာ ကျယ်ကျယ်လောင်လောင် အော်တတ်လေသည်။
ဒီသုံးရက်အတွင်းမှာ ရှောက်ရွှမ်ကသူ့တဲထဲမှာ ကျောက်ထွင်းနေလေသည်။ သူ့မှာ ယခု ကျောက်ထွင်းဖို့အတွက်အခြေခံပစ္စည်းများရှိနေပြီး သူ့အိမ်မှာပဲ ပုံမှန်ကိရိယာများနဲ့တော်တော်များများကိုလုပ်နိုင်နေလေသည်။ လောင်ခဲ့ကတော့ သူ့ဆီကို မကြာမကြာလာရောက်စစ်ဆေးတတ်သည်။ သူကရှောက်ရွှမ်ကို ရက်နည်းနည်းလောက်နားဖို့ ပြောပြီး အချိန်ရရင် သူတချို့တလေ လုပ်ပေးမည့်အကြောင်းပြောသည်။ သူက သူသိုလှောင်ထားရမယ့်ပစ္စည်းတွေ ပြီးရင် လေ့ကျင့်ရေးကွင်းသို့သွားကာ ပိုလေ့ကျင့်ရေးများလုပ်နိုင်ပေလိမ့်မည်။
ရှောက်ရွှမ်က သူ့စွမ်းအင်များပြန်ပြည့်ဖို့ရာ တစ်ညအိပ်ဖို့သာလိုသည်။ သုံးရက်အတွင်းမှာ သူအတော်လေးထွင်းထုပြီးခဲ့သည်။ တချို့ကိုထောင် ခြောက်ဆင်ဖို့ရာသုံးနိုင်ပြီး တချို့ကိုလေ့ကျင့်ဖို့သုံးနိုင်လေသည်။ သူကနောက်အမဲလိုက်ခရီးအတွက် ပိုမိုရှုပ်ထွေးတဲ့အပြင်အဆင်အချို့ကိုပင်ပြုလုပ်ထားသေးသည်။ နောက်အမဲလိုက်ခရီးကျရင်သူက မိုင်တို့အမဲလိုက်အဖွဲ့နဲ့သွားဖို့ဆုံးဖြတ်ထားလေသည်။
" အားရွှမ် "
အပြင်ဘက်က တစ်ယောက်ယောက်ကသူ့နာမည်ခေါ်သံကြားလိုက်ရသည်။
လာတဲ့သူတွေက ထူ နဲ့ ကျဲပါ့တို့ဖြစ်ပြီး လတ်တလောမှာ မိဘမဲ့ဂူကိုစီမံပေးဖို့တာဝန်ပေးခံထားရသူများဖြစ်သည်။ သူတို့က ရှောက်ရွှမ် အတွက် ငါးလေးကောင်ယူလာလေသည်။ ရှောက်ရွှမ်က မိဘမဲ့ဂူက ကလေးတွေကို အစားအစာများနဲ့အခြားအရာများမကြာမကြာပို့ပေးတတ်လေရာ ကလေးများကလည်း ရှောက်ရွှမ် ဆီကိုသူတို့လတ်လတ်ဆတ်ဆတ်ဖမ်းမိတာများကိုယူလာပေးတတ်သည်။
လူအများစုက ဂူကထွက်သွားလျှင် ဘယ်တော့မှပြန်မလာကြတော့ပေ။ ဥပမာ ခူက ရှောက်ရွှမ် အရှေ့မှာ မိဘမဲ့ဂူကိုစီမံရသော်လည်း အဲ့ကတည်းက ဘယ်တော့မှပြန်မလာတော့ပေ။ သို့သော် ရှောက်ရွှမ် နဲ့အတူတူနိုးထလာတဲ့သူတွေကတော့မကြာမကြာလာလေ့ရှိကြသည်။
သူတို့စွမ်းရည်တွေနဲ့သတ်ဖြတ်ခဲ့တာတွေကို ကြွားချင်၍ပြန်လာသည်ဖြစ်စေ အနည်းဆုံးတော့ မိဘမဲ့ဂူနဲ့သူတို့ပတ်သက်မှုကိုဖြတ်တောက်မပစ်ပါပေ။ ထို့သို့ဖြစ်ရခြင်းမှာ ရှောက်ရွှမ် အစောင့်အရှောက်ခံဖြစ်ရတုန်းက အပြောင်းအလဲတစ်ချို့ပြုလုပ်ပေးခဲ့သောကြောင့်ပင်ဖြစ်သည်။
အခြားသူတွေ မိဘမဲ့ဂူကထွက်သွားပြီးတဲ့နောက် ဘယ်လိုပဲ ပြုမူကြပါစေ ရှောက်ရွှမ်က သူအမဲလိုက်ခရီးကပြန်လာတိုင်း ရှောက်ရွှမ်က အစားအစာများယူလာတတ်လေသည်။ သူ့အတွက် ဘယ်လိုဖြစ်ဖြစ် ရိက္ခာလုံလောက်လေရာ အခြားသူများကိုမျှဝေပေးတာက သူ့ကိုမနာကျင်စေပေ ။ အပြန်အလှန်အနေနဲ့ မိဘမဲ့ဂူမှကလေးများက ရှောက်ရွှမ်ကိုအလွန်ကျေးဇူးတင်ကြလေသည် ။ သူတို့ဘဝတွေကသူ့ကြောင့်အများကြီးပြောင်းလဲလာပြီး ပိုလည်းကျန်းမာလာကြသည်။ ရှောက်ရွှမ်က သူတို့စေတနာကို မငြင်းရက်ပါပေ ။ ငါးများတွင် ပါဝင်သည့်စွမ်းအင်ပမာဏက ရှောက်ရွှမ် လိုအပ်သည့်ပမာဏနှင့်ယှဥ်လျှင်အလွန်နည်းပါသော်လည်း ခဏတဖြုတ် ခံတွင်းအပြောင်းအလဲ ဖြစ်ဖို့ရာတော့မဆိုးပါပေ ။
ကျဲပါ့ နဲ့ ထူလာလေတိုင်း သူတို့အားကျတဲ့အကြည့်ကိုမဖုံးကွယ်နိုင်ကြပါပေ ။ မျိုးနွယ်စုစစ်သည်ဖြစ်လာရခြင်းမှာ အတော်လေးအံ့သြစရာကောင်းလေသည် ။ ၎င်းက ကိုယ်ပိုင်တဲတစ်ခု ပိုင်ဆိုင်နိုင်ပြီး အစားအစာများပိုရအောင်လည်း အမဲလိုက်နိုင်သည်ပင်။ ကြီးထွားနှုန်းက ပိုမြန်လာပေမည်။ အရင်က ရှောက်ရွှမ် ကသူတို့ထက်ပုသော်လည်း မျိုးနွယ်စုစစ်သည်တော်ထဲဝင်ပြီး အချိန်ခဏအတွင်း သူတို့ဂူမှာ အရပ်အရှည်ဆုံး ကျဲပါ့ထက်ပင် အရပ်ရှည်သွားလေသည်။
" ငါ့ကိုမနာလိုပါနဲ့ ၊ နောက်နှစ်ဆိုရင် မင်းတို့အလှည့်ဖြစ်လာမှာပါ "
ရှောက်ရွှမ်က ဆားနယ်ထားတဲ့အသားတွဲအချို့ကို သူတို့ကိုပေးလိုက်သည်။
" ထုံးစံအတိုင်းပဲ၊ ဂူကလူတွေက နည်းနည်းပဲ စားလို့ရမယ်၊ ပိုမစားနဲ့၊များများစားတာက မင်းတို့ကို ဒုက္ခရောက်စေလိမ့်မယ် "
ရှောက်ရွှမ်က သူတို့ခန္ဓာကိုယ်က အဆင့်မြင့်အသားကိုခံနိုင်ရည် ရှိမရှိမသေချာသည့်အတွက် သူတို့ကို အဆင့်အနိမ့်ဆုံးအသားကိုသာပေးလိုက်သည်။ ကလေးတွေက နည်းနည်းသာစုပ်ယူနိုင်သည့်အတွက် သူကအများကြီးလည်းမပေးလိုက်ပါပေ ။ အရင်တုန်းက မိုင်နဲ့လန်ကာ့တို့ ရှောက်ရွှမ်ကိုပေးတဲ့အသားတုံးကလည်း အဆင့်နိမ့်အသားများပင်ဖြစ်သည်။
အစွယ်လေးခုတောဝက် သို့မဟုတ် ဟေးစစ်ဖုန်း ကဲ့သို့ အသားမျိုးကို မိဘမဲ့ဂူက ကလေးများကို ထိပင်မထိခိုင်းပါပေ ။ အတိတ်မှာတုန်းက ရှောက်ရွှမ် ထိုသို့ရှုပ်ထွေးမှုများအကြောင်းသေချာမသိပေ။ သို့သော် ယခုသူသိသွားတဲ့အတွက် သူက ပေးတဲ့အသားပမဏနဲ့ အရည်အသွေးကို လျှော့ထားလေသည်။
ထူနှင့် ကျဲပါ့ထွက်သွားသောအခါ ရှောက်ရွှမ် ကငါးများကို မကာ အပိုင်းပိုင်းခုတ်ထစ်လိုက်လေသည်။ သူက အပိုင်းတစ်ချို့ကို ငှက်ပေါက်လေးပါးစပ်ထဲကို ပစ်ထည့်ပေးသည်။ ခုနက ဖွင့်ထားသောပါးစပ်မှာ ငါးအပိုင်းလေးသူ့အရှေ့မှာချပေးလိုက်တဲ့အခါ နှုတ်သီးကိုတင်းနေအောင်စေ့ပစ်လိုက်ပြီး ငါးတုံးကို အသားတုံးနဲ့အစားထိုးလိုက်သောအခါ သူ့နှုတ်ခမ်းကို တစ်ခါပြန်ဟလိုက်သည်။
" တော်တော် ချေးများတဲ့ကောင်ပဲ "
ရှောက်ရွှမ်က ကျိန်ဆဲလိုက်လေသည် ။
ရှောက်ရွှမ် က ငါးကိုကိုင်ကာ ထောင့်နားမှာ ဆောင့်ကြောင့်ထိုင်နေသည့် ဆီဆာကိုကြည့်လိုက်လေသည် ။ ဆီဆာက ရှောက်ရွှမ် နဲ့သူ့လက်ထဲက ငါးကို ကြည့်လိုက်သည်။ ပြီးတာနဲ့ သူက လှည့်ထွက်သွားပြီး ရှောက်ရွှမ် နဲ့ သူ့လက်ထဲက ငါးကိုလျစ်လျူရှူလိုက်လေသည်။
" သောက်ကျိုးနည်း ၊ မင်းတို့နှစ်ကောင်လုံး ချေးများတဲ့ကောင်တွေပဲ "
မူလက သူက ငါးကို ငှက်ပေါက်လေးအား အစာကျွေးဖို့သုံးလိုသည်။ သို့သော် လက်ရှိအခြေအနေအရဆိုရင် ငါးကို ဒီငတုံးနှစ်ကောင်က အထင်သေးကြပေသည်။ ခုနှစ်ရက်မြောက်သောအခါ ရှောက်ရွှမ်က သူ့ပစ္စည်းများအားလုံး ပြီးလုနီးပါး ဖြစ်သွားလေသည်။ သူက လောင်ခဲ့နဲ့လေ့ကျင့်ရေးကွင်းကို သွားဖို့စီစဥ်ထားလေသည် ။
သေချာဆုံးဖြတ်ပြီးတဲ့နောက် သူသာထားခဲ့လျှင် ဘာတွေဖြစ်နိုင်မလဲ မသိသည့်အတွက် ငှက်ပေါက်ကလေးကို သူနဲ့အတူခေါ်သွားဖို့ဆုံးဖြတ်လိုက်သည် ။
ပြောရရင် ငှက်လေးက ကြီးထွားမှုမြန်လေရာ နေ့တိုင်း အပြောင်းအလဲများကိုလည်း မြင်သာလေသည်။ ဖြစ်နိုင်တာက ပတ်ဝန်းကျင်ကောင်းသည့်အတွက် ငှက်မြန်မြန်ကြီးလာခြင်းလည်းဖြစ်နိုင်လေသည်။
ထို့ပြင် ငှက်ကလေးမှာ အသက်ပြင်းလေသည် ။ ရှောက်ရွှမ်မှာ ငှက်တွေနဲ့ပတ်သက်လျှင် အတွေ့အကြုံမရှိသလို စိတ်ဝင်စားခြင်းလည်းမရှိပါပေ ။ သို့သော်လည်း ငှက်ကလေးက ကျန်းမာစွာကြီးထွားလာလေသည် ။ အစားအသောက်ကောင်းကောင်းစားပြီး ခဏအိပ်ပြီးတိုင်း အစားအစာအတွက် အော်ဟစ်နေတတ်လေသည်။
ငှက်ကလေးကလည်း ယခုဆိုရင် ရှောက်ရွှမ် လုပ်ပေးထားတဲ့အသိုက်ထဲမှာတစ်နေကုန်မနေတော့
ပေ ။ ရှောက်ရွှမ်လျစ်လျူရှူထားတိုင်းမှာ သူက ကုတ်ခြစ်ထွက်လာပြီး စားပွဲအဆုံးထိလမ်းလျှောက်ထွက်လာလေသည်။ အကယ်၍ ဆီဆာသာ စားပွဲအစွန်းနားမှာဖြစ်လျှင် ငှက်ကလေးကိုစားပွဲအဆုံးကနေ လိမ့်ကျလာပြီး ဝံပုလွေကျောကုန်းပေါ်ကနေတဆင့်မြေပေါ်ကျသွားပေလိမ့်မည်။ ဆီဆာကတော့ ဒီလိုအပြုအမူကြောင့် စိတ်ရှုပ်နေရလေသည် ။ အကြိမ်ရေများလာသောအခါ သူက ငှက်ကိုသူ့လက်သည်းများနဲ့သတ်ပစ်လုနီးနီးပင်။
ကံကောင်းထောက်မစွာဖြင့် ဆီဆာက စည်းကမ်းလိုက်နာသင့်ကြောင်းသိလေသည် ။ သူက ရှောက်ရွှမ် ဒီငှက်ကလေးကိုအရှင်ထားချင်သည်ကို သိထားလေသည် ၊ ထို့ကြောင့် ငှက်ကလေးကို ဒီလိုသည်းခံနိုင်ခြင်းပင် ။ မဟုတ်ပါက ၎င်းက သူ့သားရေစာဖြစ်နေလောက်လေပြီ ။
ရှောက်ရွှမ်က ဒီငှက်ကလေးမှာ အသက်ပြင်းရုံတင်မဟုတ်ဘဲ အတော်လေးလည်း သတ္တိရှိလေသည် ။ ရက်သားလေးသာရှိသော်လည်း ဆီဆာ့နှုတ်ခေါင်းကို ပြင်းပြင်းထန်ထန်ဆိတ်ရဲနေလေပြီ ၊ အသက်ငယ်တယ်ဆိုပြီး သနားမိရင်တော့ သူ့မှာအားရှိနေသည်ကိုတွေ့ရမည် ။ ရှောက်ရွှမ် သူ့ကိုအစာကျွေးနေကျ သစ်ချောင်းလေးမှာ နှုတ်သီးအရာလေးများအများအပြားရှိလေသည်။
သူက ဝံပုလွေကျောပေါ်ကို နားဖို့ကိုပင် မကြောက်တော့ပေ ။ ထို့ပြင် သူက တို့ဆိတ်နေပြီး အကြိမ်အတော်များသောအခါ ဆီဆာ၏အမွေးများမှာ ငှက်ဆီမှာပါသွားတော့သည်။ ဒါက ရဲရင့်တာလား ၊ တုံးအတာလားကတော့မည်သူမျှမသိပေ ။ ဆီဆာက တစ်ခါမောင်းထုတ်လေတိုင်း ခဏကြာသော် ပြန်လာပြီးအရင်ကထက်ပိုပြသာနာရှာတတ်သည်။
ငှက်ပေါက်လေးက အလွန်ဆူညံကာ တစ်နေကုန် ကျီကျီကျာကျာ အော်နေတတ်သည် ။ ထို့ကြောင့် ရှောက်ရွှမ်ကသူ့ကို ရိုးရိုးရှင်းရှင်းပင် " ချာချာ " ဟုနာမည်ပေးထားသည် ။
ဆယ်ရက်မြောက်သောအခါ အညိုရင့်ရောင်များက ချာချာ ကိုယ်ပေါ်မှာ အရင်ကထက်ပိုပြီး ထူထပ်သိပ်သည်းလာလေသည်။ ယခု ချာချာက မတ်တပ်ရပ်ကာလမ်းပတ်လျှောက်နိုင်လေပြီ ။ သို့သော် သူလမ်းလျှောက်တာမငြိမ်သေးပဲ သူမြန်မြန်လျှောက်တဲ့အခါတိုင်း မြေပေါ်ကိုလဲကျသွားတတ်သည်။
ခါတိုင်းလိုကဲ့သို့ပင် ရှောက်ရွှမ်က ချာချာနှင့်ဆီဆာကိုလောင်ခဲ့နေရာကိုခေါ်လာပြီး လေ့ကျင့်ရေးကွင်းကိုသူနဲ့အတူသွားလေသည်။
ရှောက်ရွှမ်က လေ့ကျင့်ခန်းလုပ်နေသောအခါ လောင်ခဲ့က ငှက်ပေါက်ကလေးကို ကြည့်ပေးရင်း အဝေးကနေ ကြည့်လိုက်လေသည် ။ နောက်ပိုင်း လူအိုကြီးက တီကောင်လေးများကိုသုံးပြီး ကစားရတာကိုနှစ်သက်နေလေသည်။
ချာချာက ကျောက်တီကောင်များကိုအရသာမတွေ့သော်လည်း သူတို့ကိုဆိတ်ရသည်ကိုတော့ကြိုက်လေသည်။ သူ တို့ဆိတ်ရန် ရှေ့ကိုအားမစိုက်ခင်မှာ သူ့ကိုယ်သူတိုက်ပွဲဝင်သည့်ပုံ ဖြစ်နေစေရန်အတွက် ချာချာက လည်ကိုဆန့်ကာ သူ၏အားမရှိသေးသည့်အတောင်ပံလေးကို ဖြန့်လိုက်ချိန်တွင် လောင်ခဲ့က ကျောက်တီကောင်လေးကို တုတ်ချောင်းလေးနဲ့ကိုင်ပြီး ချာချာအရှေ့မှာလွှဲယမ်းပြလေသည် ။
မကြာမီ လောင်ခဲ့လက်ထဲကသစ်ချောင်းလေးကြားက ကျောက်တီကောင်လေးက အပိုင်းပိုင်းဖြစ်သွားလေသည်။
ရှောက်ရွှင် ထောင်ခြောက်အတွဲလိုက်ကိုဖျက်ဆီးပြီးတဲ့နောက် ထိုနေရာသို့ အနားယူရန် လာခဲ့လေသည်။ လောင်ခဲ့ကိုင်ထားတဲ့သစ်ချောင်းလေးကြားက အပိုင်းပိုင်းဖြစ်နေတဲ့တီကောင်ကို ကြည့်ကာ ပြုံးမိသွားလေသည်။
" သူက အရမ်းကြမ်းတမ်းတာပဲ ၊ သူက တိုက်ကြက်ပုံစံအမျိုးအစားထဲကပဲ ၊ သူ့အရှေ့ကို ဘာလာလာ သူကတိုက်ခိုက်လိမ့်မယ် "
ကြမ်းတမ်းသည်က အကယ်၍ သူသာ မျိုးနွယ်စုကနှင်ထုတ်ခံလိုက်ရရင် ငတ်သေတော့မည်မဟုတ်သည်မှာ သေချာလေသည်။
" တိုက်ကြက်လား "
လောင်ခဲ့က ခဏတော့တုန့်ဆိုင်းသွားပြီး ပြုံးလိုက်သည်။
" နာမည်ကောင်းပဲ ၊ သူကတောထဲက အမြီးလှတဲ့ကြက်တွေထက် ပိုပြီးတော်လောက်မှာသေချာတယ် “
ရှောက်ရွှမ် သူတောထဲမှာ ငှက်ကုလားအုတ်နဲ့တူတဲ့ ရစ်ငှက်များမြင်ဖူးသည်ကို ပြန်လည်ပုံဖော်နေမိသည်။ ချာချာ သာ ထိုရစ်ငှက်များအရွယ်ကဲ့သို့ဖြစ်လာလျှင် ယခုကဲ့သို့ဒေါသကြီးနေလျှင် သူမျိုးနွယ်စုထဲမှာဆက်နေခွင့်ပေးမည်မဟုတ်ပေ ။ သူအဝေးကို နှင်ထုတ်လျှင်ထုတ် ၊ မထုတ်လျှင်တော့ သတ်စားပစ်လိုက်ပေမည်။ မျိုးနွယ်စုအတွင်းမှာလည်း ထိုကဲ့သို့သတ္တဝါမျိုးကို ထားခွင့်ပေးမည်မဟုတ်ပေ။
သူအနာဂါတ်မှာ ကြက်ဖြစ်လာလာ စွန်ရဲဖြစ်လာလာ သူ့ကိုကောင်းကောင်းလေ့ကျင့်ပေးသင့်သည်။
သူနေ့ခင်းဘက်ပြန်လာသောအခါ ကင်းလှည့်တာဝန်ကျနေတဲ့ထွော်နဲ့တွေ့လေသည်။
" အာ..မင်းပါလား ၊ မင်းကိုတွေ့မယ်ထင်မထားဘူး ၊ အဲ့ဒါကြောင့် ငါ စကားအမှာပါးလိုက်ဖို့ သူများကို ပြောခိုင်းတော့မလို့ "
ထွော်ကပြောလေသည်။
" နတ်ဆေးဆရာက မင်းကိုမနက်ဖြန်ကျတောင်ပေါ်လာခဲ့စေချင်တယ်"
" နားလည်ပါပြီ ၊ ကျနော် မနက်ဖြန်တောင်ပေါ်ကိုသွားလိုက်ပါမယ်"
" ကောင်းတာတစ်ခုခုဖြစ်မှာပါ "
ထွော်က တီးတိုးပြောလေသည်၊ သူက သိနေတယ်ဆိုတဲ့အကြည့်မျိုး သူ့ကိုကြည့်လေသည်။
ကောင်းတာတစ်ခုခုဆိုတာက အစိမ်းရောင်သူခိုးပင်အကြောင်းပင်ဖြစ်ပေလိမ့်မည်။ ရှောက်ရွှမ် စိတ်ထဲကသိနေတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောလိုက်လေသည်။
သူပြန်လာတဲ့အခါ ရှောက်ရွှမ် ကသားရေအိတ်ကလေးကို ဖွင့်ကာ အထဲမှာ အိပ်နေတဲ့ငှက်လေးကိုတစ်ချက်ကြည့်လိုက်သည်။ သူမနက်ဖြန်တောင်ပေါ်ကိုသွားတဲ့အခါ ငှက်ကိုခေါ်သွားသင့်လားဆိုတာ သူတွေးမိနေသည်။