← Chapters

မြစ်ထဲကသားရဲ ကျွိဝေ့

Vol. 6 Ch. 88

မြစ်ထဲကသားရဲ ကျွိဝေ့

Vol. 6 Ch. 88

မိုးများက သည်းသည်းမည်းမည်းရွာလေသည်။

ကောင်းကင်မှ ကျလာတဲ့ရေစက်တွေဟာ မြေပြင်ပေါ်ရိုက်ခတ်ကာ ကျယ်လောင်သော ဆူညံသံများထွက်နေလေသည်။

မိုးစက်များနဲ့ရိုက်မိတဲ့ သစ်ရွက်များကလည်း ကုတ်ခြစ်သကဲ့သို့ဆူညံသံများထွက်နေလေရာ သစ်ရွက်များကို ရေကဖောက်ထွက်နေတဲ့အသံမျိုးကဲ့သို့ လူတွေကထင်မှတ်နေကြလေသည်။

သွားကြားထိုးတံကဲ့သို့ကျောက်အပ်များက မိုးစက်များကြားဖောက်ထွက်ကာ သိပ်သည်းတဲ့သစ်ကိုင်းများမှဖောက်ထွက်လာပြီး မိုးစက်ကန့်လန့်ကာများကြား တစ်ခုခုက သစ်တောကိုဖြတ်ကာသွားနေလေသည်။ ' ထုတ် ' ဆိုတဲ့အသံနဲ့အတူ ၎င်းက တွဲလောင်းကျနေတဲ့လက်မောင်းလုံးလောက်ထူသည့်သစ်သားတန်းကိုထိုးလိုက်လေသည်။

တစ်ချိန်တည်းမှာ ကျောက်အပ်ချောင်းများအများအပြားကလည်း သစ်သားတန်းကို နေရာပေါင်းစုံမှထိုးစိုက်သွားကာ တွဲလောင်းကျနေတဲ့အပိုင်းဟာ ဖြူကောင်နဲ့ပင်တူနေလေသည်။

ဤကဲ့သို့သစ်သားချောင်းများက အနီးအနားတွင်တွဲလောင်းကျနေလေသည်။ တချို့က သစ်ပင်ပေါ်မှာ တွဲလောင်းကျနေခြင်းဖြစ်ပြီး တချို့ကပင်ခြေပိတ်ပေါင်းများကြားရောက်နေလေသည်။

" ရှီလာ..."

အမြန်ဆွဲလိုက်တဲ့အသံမျိုးထွက်လာပြီး မတူညီတဲ့နေရာပေါင်းစုံကသစ်သားချောင်းများက အတူတူရွေ့လျားသွားကြသည့်အသံမျိုးထွက်လာလေသည်။ သူတို့ရွေ့လာတဲ့အခါ ကျောက်အပ်ချောင်းများကသူတို့ဆီ ပိုပစ်လာကြသည်။

" ထုတ်..ထုတ်..ထုတ် "

သစ်သားချောင်းများဟာ မြက်ပင်တွေထဲ ၊ ခြုံပုတ်တွေထဲ ၊ လေထဲမှာ ပျံ့နှံ့နေလေသည်။

သူတို့က ဘယ်နေရာမှာဖြစ်ဖြစ် သူတို့ကိုယ်ထည်ပေါ်မှာ ကျောက်အပ်များ များစွာစိုက်နေလေသည်။ ကောင်းကင်ပေါ်က ကျလာတဲ့မိုးပေါက်ကြီးများဟာ ပျံသန်းလာတဲ့ကျောက်အပ်များအပေါ်လုံးဝသက်ရောက်ခြင်းမရှိပါပေ။

" ဝှစ်.."

ထိုအရာက သစ်တောထဲမှာပြေးကာ မိုးစက်များကြားခုန်လိုက်ပြီး သူ့ကိုလမ်းပိတ်ထားတဲ့သစ်ကိုင်းကြီးများအပေါ်က ခုန်ကျော်လိုက်ပြီးမြေပေါ်ကိုဘေးကင်းကင်း ဆင်းလိုက်လေသည်။ မြေပေါ်ကို ကျတဲ့အသံက ပတ်ဝန်းကျင်ကမိုးသံများကြောင့်ကြားဖို့ရာခက်ခဲလေသည်။

ရှောက်ရွှမ်က သူ့မျက်နှာကို သုတ်လိုက်ပြီးနောက် သစ်သားချောင်းများကို ပြန်ကောက်နေသည်။

သူက ဒီလိုလေ့ကျင့်ခန်းများကို ရက်အတော်ကြာပြုလုပ်နေခဲ့သည်။ ပထမကတော့ သူက လှံတိုလေးများကို သုံးသည်၊ ထို့နောက် သူကပိုပါးတဲ့ကျောက်ဓားမြှောင်တိုလေးများကိုသုံးသည်။ သူကအခုကျောက်အပ်များကိုသုံးပြီး သူတို့က ကျောက်ဓားမြှောင်များထက်ပင် ပိုပါးလျ လေသည်။

သူအစိမ်းရောင်တောအုပ်ထဲမှာ တွေ့ခဲ့ရတဲ့အမွေးဖြူများက အလွန်နူးညံ့သည့်တိုင် သူတို့က အလုံးတုတ်တဲ့သစ်သားချောင်းများကိုပင် ဖောက်နိုင်ပြီး အလယ်တန်းစစ်သည်တော် များ၏ကိုယ်လုံးကိုလည်း အတားအဆီးမရှိဖောက်နိုင်ပုံပေါ်လေသည်။ အဓိကအကြောင်းရင်းကတော့ အဖြူရောင်အမွေးလေးဖြစ်ပြီး ထို့ထက်ပိုအရေးကြီးတာက အဖြူရောင်အမွေးလေးရဲ့ အလျင်က အလွန်မြန်ဆန်ခြင်းပင် ။

ရှောက်ရွှမ်က ဒီအချက်ကို စမ်းသပ်နေခဲ့သည်။ သူက နောင်အနာဂါတ်တစ်နေ့နေ့မှာ သစ်သားချောင်းအလုံးတုတ်တုတ်ကို ခပ်ပါးပါးမြက်အပ်များနဲ့ဖောက်နိုင်ပါစေဟု ဆုတောင်းနေမိသည်။ သို့သော် ယခုကတော့ သူက ခြေလှမ်းသေးသေးလေး စလှမ်းကာစပင်ရှိသေးသည်။ သူသာ သစ်သားကိုကျောက်နဲ့မဖောက်နိုင်သေးလျှင် မြက်ပင်များနဲ့စမ်းတောင်မစမ်းသင့်သေးပါပေ။

လျှောက်ဖို့လမ်းမှာ အရှည်ကြီးကျန်နေသေးသည်။

အခုရက်များတွင် မကြာမကြာ မိုးရွာနေလေရာ ရှောက်ရွှမ်က လောင်ခဲ့ကို သူ့အိမ်ထဲကထွက်လာဖို့ မတောင်းဆိုခဲ့ပါပေ ။ ဒီလိုရာသီဥတုမှာ သူအပြင်ထွက်လာခြင်းက သူ့ကိုဒုက္ခခံခိုင်းခြင်းပင်ဖြစ်သည်။

ယခု ကောက လောင်ခဲ့ဆီ ကျောက်ထည်များအတွက် လာလည်တိုင်းမှာ သူတဖြေးဖြေးနူးညံ့လာတဲ့အတွက်လောင်ခဲ့ကို လှောင်ရယ်လေသည်။ အတိတ်တုန်းက လောင်ခဲ့ကတောင်ပေါ်ကိုတက်ဖို့လိုအပ်တိုင်း သူ့တောင်ဝှေးနဲ့ပဲ ရုန်းကန်တက်လေသည်။

ထို့ပြင် သူကဘယ်သူ့ကိုမှလည်း အကူအညီမတောင်းတတ်ပေ ။ ဒါပေမဲ့ အခုတော့ သူက ဆီဆာကျောပေါ်ကိုအပြင်ထွက်တိုင်းလိုက်စီးပြီး သူတောင်ပေါ်တက်ရရင်ရှောက်ရွှမ်ကသူ့ကို သယ်သွားလေသည်။ မိုးရွာတဲ့အခါ လောင်ခဲ့ကအိမ်ပြင်ကိုလုံးဝမထွက်တော့ပေ ။ ဒါ တော်တော်ကို အနုအယွဆန်နေခြင်းပင် ဖြစ်သည်။

လောင်ခဲ့က စိတ်ထဲမထားပဲ သူလုပ်နေကျအတိုင်းဆက်လုပ်ပြီး ကောစကားများကို လျစ်လျူရှုထားလေသည်။ သူ့စိတ်ထဲမှာတော့ ကောက မနာလိုနေတာသာဖြစ်ပြီး မျက်လုံးစိမ်းမိစ္ဆာကဲ့သို့ဟန်ဆောင်နေခြင်းပင်ဖြစ်သည်။

လောင်ခဲ့က ရှောက်ရွှမ်ကသူ့အတွက်နတ်ဆေးဆရာဆီမှာ ဆေးပင်တွေတောင်းပေးတာကိုတော့ ကောကို ပြောပြမည်မဟုတ်။ ယခုဆိုလျှင် လောင်ခဲ့ အားပြန်ဖြည့်ရသည့်ကာလဖြစ်နေသည်။ အတိတ်တုန်းက သူ့စိတ်သဘောထားကဆိုးရွားစွာနေထိုင်ပြီး သူ့ဘဝကိုလည်း သူဂရုမစိုက်နိုင်ပေ။ သို့သော် ယခုတော့ သူရှောက်ရွှမ် တဖြည်းဖြည်း အရွယ်ရောက်လာတာကို သူကြည့်လိုသည့်အတွက် အသက်ရှည်ရှည်နေရဖို့စိတ်ပြင်းပြနေလေသည်။

ဆီဆာနဲ့ချာချာ နှစ်ကောင်လုံးကလောင်ခဲ့အိမ်ကထွက်လာကြသည်။ တစ်ခါတရံ ရှောက်ရွှမ်က လောင်ခဲ့ သူနဲ့အတူလာနေလို့ရအောင် သူ့တဲလေးကိုချဲ့သင့်သည်ဟုတွေးမိသည်။ ပြောရရင် ရှောက်ရွှမ်ကလည်း တစ်ယောက်တည်းနေသူဖြစ်သလို လောင်ခဲ့ကလည်း လတ်တလော ဘယ်သူနဲ့မှ မနေပါပေ ။ သူတို့သာ အတူတူပြောင်းနေရင် ရှောက်ရွှမ်က နေရာနှစ်ခုကြား သွားဖို့မလိုတော့သည့်အတွက် အချိန်ကုန်သက်သာသွားပေမည်။

ထိုသို့တွေးမိတဲ့အတွက် ရှောက်ရွှမ်က သစ်ချောင်းများစုကာ ကောက်ရိုးကြိုးများနဲ့ စည်းနှောင်ထားလေသည် ။ မနှစ်က နောက်အမဲလိုက်ခရီးပြီးမှ မိုးရာသီအစပြုလေသည်။ သို့သော် ကံဆိုးစွာနှင့် ဒီနှစ်မှာတော့ စောလေသည်။ နတ်ဆေးဆရာက အားလုံးကို ပြင်ဆင်ထားဖို့ ပြောပြီး ထွက်ရတော့မည့် အမဲလိုက်အဖွဲ့ကလည်း သူတို့ထွက်ခွာချိန်ကို ခေတ္တရွေ့ဆိုင်းထားလိုက်ရသည်။

ရှောက်ရွှမ်၏ကျော အနောက်ဘက်ရှိ သစ်ပင်ထဲမှထွက်လာသည့် မြွေနှင့်တူသည့်အင်းဆက်ကလေးရှိနေသည် ။ တကယ့်မြွေနဲ့မတူတာက ၎င်းကသူ့ကိုယ်လုံးမှာခြေချောင်းအများကြီးပါလေသည်။ ထိုအကောင်လေးက မြွေကဲ့သို့ နှစ်ခွဖြစ်နေတဲ့လျှာကိုထုတ်ကာ ရှောက်ရွှမ် ကိုအသံတိတ်စိုက်ကြည့်နေသည်။ သူ့ကိုယ်လုံးက သစ်လုံးပေါ်ကနေ တိတ်တဆိတ်လျှောဆင်းလာပေမဲ့ သူ့ခြေထောက်သေးသေးလေးများက သစ်ပင်ကို မြဲနေအောင်ကုတ်ထားလေသည်။

ရှောက်ရွှမ် အနားကပ်လာသောအခါ သူ့ကိုယ်လုံးကို အပင်ကိုယ်ထည်ကနေခွာလိုက်ပြီး S ပုံစံကွေးသွားလေသည် ။ ရှောက်ရွှမ်ကို ချိန်ကာ မြားတစ်စင်း၏အရှိန်မျိုးဖြင့် ရှောက်ရွှမ် လည်ပင်းကို ကိုက်ရန် သူ့ပါးစပ်ကို ဟလိုက်လေသည်။

ရှောက်ရွှမ် နောက်ကို ပြန်မကြည့်တော့ပဲ သူ့လက်ကို မြှောက်လိုက်လေသည်။ သူက သူ့လက်ချောင်းများနှင့်ထိုအကောင်ရဲ့လည်ပင်းကိုတင်းနေအောင်ကိုင်ကာ သူ့ပါးစပ် သူ့လည်ပင်းနားမရောက်ခင် လက်ဝါးတခြမ်းစာအလိုတွင် အင်းဆက်ကို တားဆီးလိုက်လေသည်။

သူ့လက်ချောင်းတွေကို အသာ ဖိချလိုက်သည်။

" ခရက်..ဖတ် "

အင်းဆက်ရဲ့ခေါင်းက ကိုယ်နဲ့တခြားစီဖြစ်သွားလေသည် ။

ရှောက်ရွှမ် သူ့လက်ကို ပြန်ဆွဲလိုက်တဲ့အခါ ခေါင်းမရှိတော့တဲ့ကိုယ်ထည်က သစ်တောထဲအခြားတဖက်ကိုလွင့်စင်သွားပြီး ရှောက်ရွှမ် လက်ကိုခါလိုက်တဲ့အခါ အင်းဆက်ရဲ့ခေါင်းက မြက်ခင်းထဲကျသွားလေသည်။ ဒီဖြစ်စဥ်တစ်ခုလုံးတွင် ရှောက်ရွှမ်ကအင်းဆက်ကောင်ကို တစ်ချက်တောင်မကြည့်ခဲ့ပေ။

သူ ကျောက်အပ်တွေကို အကုန်စုကောက်ပြီးတဲ့နောက် ရှောက်ရွှမ် ထကာ ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ သူ ဒီရက်တွေထဲမှာ ဒီလိုအင်းဆက်များကို အကြိမ်ရေအနည်းငယ်ရင်ဆိုင်ရလေသည်။ မိုးရာသီကိုရောက်လျှင် သူတို့က မြေအောက်ကနေထိုးထွက်လာတတ်သည်ဟု ဆိုကြလေသည်။ ဒီအကောင်မျိုးတင်မဟုတ်ပဲ အခြားအကောင်များလည်း မြေကိုဖောက်၍တက်လာတတ်ကြသည်။ မိုးရာသီမဟုတ်လျှင်တော့ ၎င်းတို့ကို လေ့ကျင့်ရေးကွင်းတောင်များတွင်သာ တွေ့ရတတ်လေသည်။

သူ မျိုးနွယ်စုကို ပြန်ရန်အတွက် ရွှံ့ထူထူလမ်းမပေါ်တွင် လမ်းလျှောက်လာခဲ့သည် ။ ရုတ်တရက် သူခြေထောက်ကိုမြှောက်ကာ ကျောက်ခဲလေးကိုကန်လိုက်သည်။ ကျောက်ခဲက မြက်ပင်ကြားက တစ်နေရာရာကိုလွင့်ပျံသွားလေသည်။ လက်ဖဝါးနှစ်ခုစာအရှည်ရှိတဲ့ ကင်းမြီးကောက်နဲ့တူတဲ့ အင်းဆက်က မြေမှဖောက်ထွက်လာကာစမှာပင် ကျောက်ခဲနှင့်ဖိချေလိုက်ခြင်းအား ချက်ချင်းခံလိုက်ရသည်။

လောင်ခဲ့က ဒီအင်းဆက်က မိုးရာသီမှာပေါ်လာပြီး လူတွေကို အကြမ်းပတမ်းတိုက်ခိုက်တတ်သည်ဟု ဆိုလေသည်။ သူတို့အားလုံးမှာ အဆိပ်ရှိတတ်ပြီး သတိမထားလိုက်ရင် သူတို့ကိုက်တာခံရသည့်အတွက် စစ်သည်တော်များက သူတို့ကိုတွေ့တိုင်း သတ်ပစ်တတ်ကြလေသည်။

အချို့ အင်းဆက်များဆိုလျှင် မျိုးနွယ်စုထဲကိုဝင်လာတတ်လေရာ မိုးရာသီရောက်ရင် သူတို့နတ်စွမ်းအင်များမနိုးထသေးတဲ့ ကလေးများကို အိမ်ထဲတွင် ပိတ်ထားရတတ်လေသည်။ အရွယ်ရောက်လူကြီးများကတော့ သူတို့အိမ်ပတ်ပတ်လည်မှာ ပိုးကောင်များ အဝေးပြေးစေတဲ့ မြက်ရွက်တစ်မျိုးကို ဖြန့်ကျဲထားတတ်လေသည်။

" ဝေါ..."

မြစ်မှထွက်လာသော ကျယ်လောင်သည့်ဆူသံဖြစ်သည်။

လေ့ကျင့်ရေးကွင်းမှာ သူတို့ကျောနဲ့တွားသွားနေတဲ့ စစ်သည်တော်များက အေးကနဲ ခံစားလိုက်ရသည်။ သူတို့လုပ်လက်စအလုပ်များကိုရပ်ကာ ခုန်လိုက်ကြပြီး မြစ်ကမ်းဘေးကိုကြည့်လိုက်ကြသည်။

ရှောက်ရွှမ်က ဒေသခံများနေရာအိမ်များအနီးရောက်နေလေရာ သူ့မြင်ကွင်းကိုကွယ်ထားသော တောင်များမရှိပေ ။ သူက သစ်ပင်ပေါ်တက်ကာ မျိုးနွယ်စုဘေးက မြစ်ရှိရာဘက်ကို ကြည့်လိုက်လေသည်။

မိုးစက်များရဲ့အနောက်မှာ ဝေးတဲ့အတွက် မြစ်ထဲမှာခုန်နေတဲ့အရာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ ။ ခုန်လိုက်တဲ့အရာကြီးက မျိုးနွယ်စုနဲ့အလွန်ဝေးနေပြီး လုံးဝအပြည့်မမြင်ရသေးသည့်တိုင် လူတွေကသူ့အရွယ်အစားကိုကြည့်ကာ ကောက်ချက်ချနိုင်ကြလေသည်။

၎င်းက မျိုးနွယ်စုကလူတွေ မြစ်ထဲကို ရှာဖွေခြင်းမှ ကန့်သတ်ထားသောအကြောင်းရင်းဖြစ်သည်။ ၎င်းက ကျွိဝေ့ လို့ခေါ်တဲ့ မြစ်သားရဲကြီးဖြစ်ကာ အဆုံးမရှိတဲ့မြစ်တကြောမှာ မင်းမူထားတဲ့သတ္တဝါဖြစ်လေသည်။ လူတွေရဲ့အကြောက်တရားကို ကျွိဝေ့ ဟု သူတို့နာမည်ပေးထားပုံကို ကြည့်ရင် သိနိုင်လေသည်။

လူတွေက ကျွိဝေ့ ဘယ်လိုပုံစံရှိလဲကို ဘယ်သူကမှအတိအကျမသိကြပဲ သူ့ရဲ့ဧရာမအရွယ်အစားနဲ့ကြောက်မက်ဖွယ် အသံကြီးကြောင့်ပင် လူတွေက သွားယှဥ်ပြိုင်လို့မရတဲ့ ဖိနှိပ်မှုကြီးအဖြစ်ခံစားရလေသည်။ သူတို့ပေါ်လာလေတိုင်း ၎င်းကမိုးရာသီတကယ်စတင်ပါပြီဟု အဓိပ္ပါယ်ရလေသည်။ နတ်ဆေးဆရာ နိမိတ်ဖတ်သကဲ့သို့ ပုံမှန်မုန်တိုင်းများမဟုတ်ပါပေ။

မိုးရာသီ တကယ် အဝင်စောလေသည်။

ကျွိဝေ့ တွေ အမြင့်ကြီးခုန်တိုင်းမှာ နားစည်များကွဲသွားနိုင်သည့်အလား နား နားမှာကပ်ပြီး ရေနွေးငွေ့ခေါင်းတိုင်က မြည်သံလိုပင် သူတို့အော်ဟစ်သံအကျယ်ကြီး ထွက်လာတတ်သည်။ သို့ပေမဲ့ ဧရာမ ကျွိဝေ့ ကြီးရေထဲတစ်ခါပြန်ကျသွားရင်မိုးကြိုးသံကဲ့သို့ကျယ်လောင်သော ဟိန်းသံကြီးကိုလည်းကြားရပေသည်။

ဒီတစ်ကြိမ်တော့ ဒီလောက်မဆိုးသည့်တိုင် ပိုမိုကာ မသက်မသာခံစားရလေသည်။ လူတွေက သူတို့ရင်ဘတ်ကိုထပ်ကာထပ်ကာ ထိုးခံနေရသလိုခံစားရလေသည်။ အခန်းထဲတွင် ရေခွက်တစ်ခွက်ထား ထားလျှင် ရေများပြင်းပြင်းထန်ထန်တုန်ခါနေသည်ကိုတွေ့နိုင်လေသည်။

မနှစ်က မိုးရာသီက ရှောက်ရွှမ်သည် အခြားသူများကဲ့သို့ သူ့နားကိုလက်များနှင့်အုပ်ကာမိဘမဲ့ဂူထဲ ပုန်းနေလေသည်။ ဒီအသံကသူတို့အတွက် နှိပ်စက်နေသည့်အလား ဖြစ်ကာ ကလေးများကတစ်ချိန်လုံးတုန်ရီနေကြလေသည်။

မိဘမဲ့ဂူက ကလေးများတင်မဟုတ်ဘဲ နှစ်တိုင်းမိုးရာသီရောက်လာလေတိုင်း သူတို့အိမ်မှာနေကြတဲ့ကလေးများကလည်း သူတို့နားကို ပိတ်တဲ့ပစ္စည်းလေးနဲ့ဆို့ထားကြသည်။ ၎င်းကနည်းနည်းတော့ အထောက်အကူဖြစ်သော်လည်း ဒီဆူညံသံကြီးကနေ ခံစားရတာကိုတော့ လွတ်မြောက်အောင်မလုပ်နိုင်ပါပေ ။ တချို့ကလေးများဆိုရင် သူတို့နားနဲ့နှာခေါင်းများကသွေးများပင် ကျလာတတ်သည်။

ဖြစ်နိုင်တာက မိုးရာသီမှာ ကျွိဝေ့များက ပျော်မြူးကြဟန်တူကာ ပျော်ရွှင်နေပုံနှင့်မကြာမကြာ ရေထဲမှ ခုန်တတ်ကြလေသည်။ မျိုးနွယ်စုက မြစ်နဲ့ဝေးတဲ့နေရာမှဖြစ်သော်လည်း ကျွိဝေ့ရဲ့လွှမ်းမိုးမှုကတော့ ထင်ရှားနေဆဲ ပင်ဖြစ်လေသည်။

မျိုးနွယ်စုအတွက်တော့ မိုးရာသီက ကပ်ဘေးတစ်ခုအလားပါပင် ။ ကျွိဝေ့သာ ကုန်းပေါ်တက်လာပါက မျိုးနွယ်စု ရှင်းလင်းခံရသည်မှာကြာလောက်ပြီဖြစ်သည့်အတွက် ကျွိဝေ့ ကမ်းပါးကို ကပ်မလာခြင်းကိုပင် လူတွေက ကံကောင်းသည်ဟုခံစားရလေသည်။

ဧရာမ ကျွိဝေ့များရောက်လာတိုင်း မျိုးနွယ်စုထဲတွင် အရေးပေါ်အစည်းအဝေးကျင်းပရလေသည်။ အမဲလိုက်အဖွဲ့ခေါင်းဆောင်နှစ်ယောက်လုံးက မျိုးနွယ်စု ခံတပ်အတွက် တာဝန်ပေးရန် စစ်သည်တော်အချို့ ပို ထားလိုက်သည်။ ဒါမိုးတွင်းမှာ နှစ်စဥ် အစောင့်တိုက်ပွဲပင်ဖြစ်လေသည်။

မိုးရာသီအတွင်း မြစ်ထဲကအခြားအရာများထွက်လာတတ်လေရာ ထို့အတွက်ကြောင့်အမဲလိုက်အဖွဲ့များက သူတို့အမဲလိုက်အချိန်ဇယားကိုနောက်ရွှေ့ထားရခြင်းပင်ဖြစ်သည်။ သူတို့မြစ်ထဲရှိ သတ္တဝါများရန်မှ မျိုးနွယ်စုကိုကာကွယ်ပေးရမည်ပင်။

All Chapters