← Chapters

ငါးဖမ်းပိုက်ထောင်

Vol. 6 Ch. 89

ငါးဖမ်းပိုက်ထောင်

Vol. 6 Ch. 89

ရှောက်ရွှမ် အိမ်ပြန်ရောက်ပြီး သိပ်မကြာခင်ပဲ လန်ကာ့က ရှောက်ရွှမ် ကင်းလှည့်ရမယ့်အထဲပါဝင်ရမည့်အကြောင်း သတင်းပေးလာသည်။ အမဲလိုက်အဖွဲ့တိုင်းက နယ်ပယ်အသေးတစ်ခုစီ စောင့်ကြည့်ရမည်ဖြစ်ပြီး အဖွဲ့သုံးခုဖွဲ့ကာ အလှည့်ကျ မျိုးနွယ်စုကို ကင်းစောင့်ရပေမည်။

ကင်းလှည့်သည့်အထဲပါသည်ဆိုသည်မှာ အန္တရာယ်ရှိသည်များနှင့်ရင်ဆိုင်ရမည်ဟု ဆိုလိုခြင်းမဟုတ်ပဲ ကြိုတင်ကာကွယ်မှုတစ်ခုသာ။ မြစ်ထဲတွင် မသိနိုင်သော အရာများ ရှိလေရာ ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်းလေသည်။

" မိုင်နဲ့တခြားသူတွေက ဒီညစပြီး ကင်းလှည့်ရမယ်၊ မင်းနဲ့ငါကတော့ မနက်ဖြန်မနက်မှ သူတို့နေရာကိုယူရမှာ "

လန်ကာ့ကပြောသည်။

" ဟုတ်ကဲ့ ၊ ကျွန်တော်နားလည်ပါပြီ ၊ တစ်ခုခုယူလာဖို့လိုသေးလား "

ရှောက်ရွှမ် ကမေးလိုက်သည်။

" အများကြီး ယူလာဖို့မလိုပါဘူး ၊ အသုံးဝင်မယ့်ကျောက်ထည်ပစ္စည်းနည်းနည်းယူလာရင်ရပါပြီ ၊ ကင်းလှည့်တာဝန်တိုင်းက နေ့တစ်ဝက်ပဲ ကြာတတ်တယ် "

လန်ကာ့က တောင်ခြေကို ညွှန်ပြလိုက်သည်။

" မြစ်နားက အဲ့နေရာပဲ ၊ မင်း ငါးဖမ်းသွားလေ့ရှိတဲ့နေရာနဲ့နီးတယ် "

" မင်း မနှစ်က မိဘမဲ့ဂူမှာနေတာဆိုတော့ သိမှာတော့မဟုတ်ဘူး ၊ ဒါပေမဲ့ မနှစ်ကမိုးရာသီတုန်းက မြစ်ရေအရမ်းတက်လာတာ အဲ့ဒီနေရာနားအထိရောက်တယ် "

လန်ကာ့က ရှောက်ရွှမ်ကို ညွှန်ပြလေသည်။

သူ ပြတဲ့နေရာမှာ တဲများအိမ်ခြေများ မရှိပဲ ကျောက်တုံးအတန်းလိုက်ရှိနေလေသည်။ တောင်ခြေဒေသမှာနေတဲ့အိမ်ခြေများက တောင်ခြေအနီးမှာနေကြသော်လည်း တောင်ခြေအောက်တည့်တည့်မှာတော့ မနေကြပေ။ အကြောင်းမှာ မိုးရာသီတွင် ရေက ထိုနေရာအထိ မြင့်တက် တတ်သောကြောင့်ဖြစ်သည်။

အရင်က မြစ်ကမ်းနဖူးနားမှာ ငါးမျှားဖို့အခြေချကြတဲ့သူတွေရှိသော်လည်း ယခုသူတို့က ကုန်းမြင့်ပိုင်းကိုရွှေ့ပြောင်းသွားကြသည်။ မိုးရာသီမပြီးသေးသရွေ့ ဘယ်သူကမှမြစ်ကမ်းနားကို ကပ်မသွားရဲကြပေ ။

ရှောက်ရွှမ်က မိုးရာသီမှာဘာတွေကြုံရတတ်သလဲဆိုတာကို မသိတဲ့အကြောင်း တွေးမိသောအခါ လန်ကာ့က အတိတ်တုန်းကမိုးရာသီမှာဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စများကို ပြောပြလိုက်သည်။

မိုးတိတ်သွားသောအခါ လန်ကာ့ကသူတို့ကင်းစောင့်ရမယ့်နေရာကို ရင်းနှီးနေစေဖို့ ရှောက်ရွှမ် ကိုခေါ်သွားလိုက်သည်။ သူက ရှောက်ရွှမ်ကိုလည်း ကြိုပြင်ထားစေချင်သည်။ သူတို့ကင်းစောင့်ရတဲ့နေရာက အခက်အခဲသိပ်မရှိသော်လည်း သူတို့နိုးနိုးကြားကြားဖြစ်နေဖို့လိုလေသည်။

"ဒီတော့ မိုးရာသီမပြီးသရွေ့ အမဲလိုက်အဖွဲ့က အမဲလိုက်ခရီးကိုမထွက်သေးဘူးလို့ပြောတာလား"

ရှောက်ရွှမ်ကမေးလိုက်သည်။

အစောပိုင်းမှာ သူက အမဲလိုက်အဖွဲ့ကမျိုးနွယ်စုမှာ ခဏနေကြပြီး ပုံမှန်ကိစ္စများမရှိတော့လျှင် အမဲလိုက်ထွက်ကြမည်ဟုထင်ထားခဲ့သည်။ သို့သော် လန်ကာ့ပြောပုံအရဆိုလျှင် အမဲလိုက်အဖွဲ့ကမိုးရာသီတစ်ခုလုံး မျိုးနွယ်စုမှာပင် အချိန်ကုန်မည့်ပုံဖြစ်သည်။ ဒါဆိုသူတို့မှာသိုလှောင်ထားတဲ့ အစားအစာတွေ မလုံလောက်ရင် သူတို့ဘာကိုစားကြမှာလဲ။

" ငါတို့မှာ တခြားရွေးစရာမရှိဘူး "

ဒါ မျိုးနွယ်စုစည်းမျဥ်းပင်ဖြစ်သည်။ တောင်အထက်ပိုင်းက လူများကတော့ အစာကိုအလုံအလောက်သိုလှောင်ထားပြီး သူတို့အမဲများကလည်း အတော်လေးအရည်အသွေးကောင်းကြသည်။ ဒီတော့ သူတို့ကတော့မိုးရာသီကိုသေချာပေါက်ကျော်ဖြတ်နိုင်ကြသည်။

သို့သော် တောင်ခြေကလူများကတော့ ပြောင်းပြန်ဖြစ်သည်။ သူတို့မှာ သိုလှောင်ထားတဲ့အစားအစာရှိရင်တောင် အမဲကလုံလုံလောက်လောက်အားမကောင်းလေရာ သူတို့အစာမှာပါဝင်တဲ့စွမ်းအင်ကန့်သတ်ချက်ရှိလေသည်။

သူတို့က ဘာဖြစ်ဖြစ် ဆာလောင်ကြရမည်ပင်။

" ဒါပေမဲ့ "

လန်ကာ့က တခစ်ခစ်ရယ်သည်။

" ဒါက ဆောင်းတွင်းထက်တော့ အများကြီးပိုကောင်းပါသေးတယ်၊ မိုးတွင်းမှာဆိုရင် မြစ်ထဲကနေ တစ်ခုခုထွက်လာတတ်တယ်၊ အစာအဖြစ်နဲ့သူတို့စုလို့ရတာပေါ့ "

'' တစ်ခုခုလား?"

ရှောက်ရွှမ်က လေ့ကျင့်ရေးကွင်းက အမျိုးမျိုးသောအင်းစက်များအကြောင်းတွေးလိုက်မိပြီး မသိစိတ်အရ မျက်မှောင်ကြုတ်လိုက်မိသည်။ အကယ်၍ စားစရာသာ မရှိရင် သူတို့အဲဒါတွေကိုစားရလိမ့်မည်။

" သူတို့ထွက်လာရင် မင်းမြင်ပါလိမ့်မယ် "

လန်ကာ့က အများကြီးရှင်းမပြတော့ပေ။

" ငါတို့ မငတ်ကြပါဘူး "

ဟမ်!

အခု ရှောက်ရွှမ် ကအလွန်သိချင်လာလေသည်။ လန်ကာ့စကားအရဆိုလျှင် ထိုအရာများက လေ့ကျင့်ရေးကွင်းကထွက်လာတဲ့ အင်းဆက်များတော့ မဟုတ်ပေ။ ဒါဆို သူတို့ကဘာတွေပါလိမ့်၊

" တစ်နှစ်တစ်ခါ ဖြစ်နေကျပါ ၊ အန္တရာယ်များပေမဲ့ ငါတို့သာဂရုစိုက်ရင် အဲ့လောက်အန္တရာယ်မများပါဘူး ၊ အဆင်ပြေတယ်၊ စိတ်မပူနဲ့ "

လန်ကာ့ အားပေးသည့်အနေဖြင့် ရှောက်ရွှမ်ပခုံးအားလက်သီးနဲ့ထိုးလိုက်လေသည်။

ရှောက်ရွှမ် မိုးရေထဲ မြစ်ကိုကြည့်ရင်း သူ့ပခုံးကို ပွတ်လိုက်သည်။ မြစ်ရဲ့အဝေးမှာ ရေဘုရင်ကြီးများ မကြာမကြာ အမြင့်သို့ခုန်နေကြသည်။ ရှောက်ရွှမ် ဒီကျွိဝေ့တွေကို တွေ့ပြီးတဲ့နောက် ဘာတွေဖြစ်မလဲသိချင်လာသည်။

သူတို့ခုန်တာကို ကြည့်ခြင်းဖြင့် ရေဘုရင်ကြီးများက ဦးတည်ရာတစ်ခုတည်းသို့ကူးခပ်နေကြပုံပါပင်။ သူတို့သာ ကူးချင်ရာကူးနေကြလျှင် သူလည်းလျစ်လျူရှုပစ်ပေမည်။ သို့သော် ကျွိဝေ့အကုန်လုံးက ခြွင်းချက်မရှိ ဦးတည်ရာတစ်ခုတည်းသို့ ကူးနေကြလေသည်။

" အဲ့ဒီဘက်ကိုဆိုရင် မြစ်ရေက အစုန်လား ၊ အဆန်လား "

ရှောက်ရွှမ် က ကြောက်စရာကြီးများကူးခပ်သွားကြတဲ့ ဦးတည်ရာဘက်ကိုလက်ညိုးထိုးပြလိုက်သည်။

" အစုန်လား ၊ အဆန်လား ၊ ငါလည်းမသိဘူး ၊ ငါအဲ့ဒီကိုမရောက်ဖူးဘူး ၊ အရမ်းဝေးတယ်လေ "

လန်ကာ့က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ သူ့အတွက်ကတော့ အစုန်လား အဆန်လားဆိုတဲ့စကားများက မကွဲပြားပါပေ။ သူကထိုအကြောင်းကို သိပ်ဂရုမစိုက်ပါပေ ။

ရှောက်ရွှမ် အဲ့ဒီဘက်ကိုကြည့်လိုက်ပြီး အဲဒီနေရာကဘာလဲ ၊ ဘာလို့ ရေဘုရင်ကြီးတွေကအဲ့ဒီဘက်ကို ကူးသွားနေကြသလဲတွေးကြည့်နေမိသည်။ မြစ်ကအလွန်ကျယ်ကာ ရေချိုများသာမဟုတ်လျှင် သူက ထိုမြစ်ကို သမုဒ္ဒရာကြီးဟုပင်ထင်မိပေမည်။

ဒီမြစ်က သမုဒ္ဒရာထဲကိုစီးဆင်းလေသလား?

ရှောက်ရွှမ် အမဲလိုက်ခရီးနှစ်ခုမှာကြုံခဲ့သမျှကိုမှတ်ထားလေရာ အကြမ်းဖျင်းအားဖြင့် နေရာများနှင့်မြေပြင်အနေအထားကို မှန်းဆနိုင်လေသည်။ သူက ရေဘုရင်များက ရေစုန်အတိုင်းကူးနေသည်ဟုတွက်ဆမိလိုက်သည်။ အကယ်၍ မြစ်ကသာ သမုဒ္ဒရာထဲစီးဆင်းရင် ရေဘုရင်များက အဘယ်ကြောင့် မိုးရာသီမှာ ပင််လယ်ဆီကူးကြတာလဲ ။

ငါးအမျိုးအစားအတော်များများမှာ မျိုးပွားရန်၊အစာစားရန်၊ရာသီဥတု ထိုသို့သောအကြောင်းအမျိုးမျိုးကြောင့် တစ်ဖက်တည်းသို့ဦးတည်ကာ ခရီးထွက်တတ်ကြလေသည်။ ၎င်းကိုနေရာရွှေ့ပြောင်းတတ်သော ဗီဇဟုခေါ်ပြီး ရေဘုရင်များမှာလည်းထိုသို့ဗီဇ ရှိတတ်ကြလေသလား?

ရှောက်ရွှမ် ကခေါင်းယမ်းလိုက်သည်။ အားလုံးက မှန်းဆချက်များသာဖြစ်သည်။ လန်ကာ့နဲ့အခြားသူများက သမုဒ္ဒရာကဘာလဲမသိကြသည့်အတွက် သူ ဘာအဖြေမှမရပါချေ။

ရှောက်ရွှမ် အခုအခြေအနေနဲ့ဘာမှမလုပ်နိုင်လေရာ ရေဘုရင်ကြီးများ မိုးရာသီမှာပြောင်းရွှေ့ကြခြင်းက အရေးမကြီးပါပေ ။ သို့သော် သူပြန်သွားရင်တော့ သူရှာတွေ့ခဲ့တဲ့ ဖြစ်စဥ်တွေအကုန်လုံးကိုသူ့မှတ်စုလေးထဲမှာ မှတ်တမ်းတင်ထားလိုက် ပေမည်။

ရှောက်ရွှမ်သည် စာရေးဖို့သင့်တော်သည့်သားရေအချို့ကိုလည်း အသင့်စုဆောင်းပြီးဖြစ်လေသည်။ သူက အဲ့တာတွေကို မိဘမဲ့ဂူမှာသူတွေ့ရတဲ့ပုံများအပါအဝင် မှတ်တမ်းတင်ဖို့သုံးလေသည်။ ထို့နောက် သူ့မှတ်ညဏ်ထဲကအတိုင်း ပုံဆွဲလိုက်လေသည်။ အကယ်၍သားရေပြားများက ကြာရှည်မခံလျှင် သူကနောင်တွင်ကျောက်ပြားများအပေါ်ထွင်းမှတ်ထားပေမည်။

ရှောက်ရွှမ် ကသူ့အကြည့်ကို အဝေးက ဝေဝေဝါးဝါးပုံရိပ်ကိုပြောင်းလိုက်သည်။ သူက မြစ်ကမ်းပါးကိုခဏတော့ကြည့်လိုက်သည်။

သူ လန်ကာ့ကိုရုတ်တရက်မေးလိုက်သည်။

" လန်ကာ့ ၊ ကျွန်တော်သာ ဒီမှာငါးဖမ်းပိုက်ထောင်ထားရင် ခင်ဗျားဘာပြောမလဲ "

လန်ကာ့က ဒီမိုးရာသီမှာသူ အစာဘယ်လောက်စုနိုင်မလဲတွေးနေရင်းနဲ့မှ ရှောက်ရွှမ်မေးခွန်းကိုချက်ချင်းအာရုံရောက်သွားသည်။

သူကသိချင်စိတ်အပြည့်နဲ့မေးလိုက်သည်။

" ငါးဖမ်းပိုက်ထောင်တာ? ၊ အဲ့တာဘာလဲ "

" အဲ့တာက ကျွန်တော်တို့ တုတ်တွေရယ် ပိုက်ကွန်တွေရယ်ကိုသုံးပြီးငါးတွေကိုလမ်းပိတ်ထားတာ "

ရှောက်ရွှမ် ကသူ့စိတ်ထဲမှာရှိတဲ့ငါးဖမ်းပိုက်ထောင်တာကိုပုံဖော်ပြောပြလိုက်သည်။

" ကျွန်တော်တွေးနေတာ ဒီလိုငါးပိုက်ထောင်ပြီး ထောင်ခြောက်ရိုးရိုးလေးတွေဆင်ထားနိုင်မယ်ထင်တယ် "

" ထောင်ခြောက်လား "

လန်ကာ့မျက်လုံးထဲ အရောင်တောက်သွားသည်။

" ပြောရရင် ရိုးရိုးလေးပါ.."

ရှောက်ရွှမ် ကသူယူလာတဲ့ကျောက်ဓားကိုထုတ်ကာမြေပေါ်မှာ ပုံဆွဲပြလိုက်သည်။

လန်ကာ့က ထောင်ခြောက်ဆင်တာနဲ့ပတ်သက်ရင်အတော်လေးစွဲလမ်းနေပြီး ရှောက်ရွှမ် ရှင်းပြသည်ကိုကြားလိုက်ရတဲ့အခါ သူက ရှောက်ရွှမ် မြေပေါ်မှာဆွဲပြတာကိုကြည့်ပြီး ပုံရိပ်တစ်ခုလုံးပုံဖော်ကြည့်နိုင်လေသည်။

လန်ကာ့က သူ့ခေါင်းကိုသူပြန်ရိုက်ကာ နောင်တ တကြီးပြောလိုက်သည်။

" ငါအရင်က ဘာလို့ မတွေးခဲ့မိပါလိမ့် "

ရှောက်ရွှမ် လုပ်ချင်တဲ့အရာက ရိုးရှင်းတဲ့ငါးပိုက်ထောင်ခြင်းထောက်ခြောက်ဖြစ်သည်။ လုပ်ဖို့လည်း မခက်သလို အခြားတိတိကျကျတပ်ဆင်ရခြင်းများလည်းမရှိပေ ။ ၎င်းက ငါးဖမ်းပိုက်ထောင်ခြင်းနဲ့တူသည်။ သစ်သား၊ကျောက်တိုင်တွေကို ဧရိယာတစ်ခုတွင် စည်းရိုးသဖွယ်ပြုလုပ်ထားလိုက်ရုံပါပင် ။

ငါးဖမ်းပိုက်အား ခြင်ဖမ်းဇကာကဲ့သို့ ပတ်ပတ်လည်မှာရစ်ပတ်လိုက်လေမည်။ အချို့ကစက်ဝိုင်းပုံဖြစ်ကာ အချို့ကလေးထောင့်ပုံဖြစ်သည်။ ရှောက်ရွှမ် ကမတူညီတဲ့ပုံစံတွေက မတူညီတဲ့သင်ရောက်မှုများ ရှိမလားသိချင်နေမိသည်။ ငါးဖမ်းပိုက် ထောင်ခြောက်ရဲ့ဝင်ပေါက်ကတော့ မြစ်ဘက်သို့ဦးတည်ထားပေမည်။

သို့မဟုတ် သူက ငါးဖမ်းပိုက်ထောင်ကို နေရာလွတ်တစ်ခုထားကာ Ω အိုမီဂါပုံစံထားလိုက်နိုင်သည်။ ပထမနှစ်ခုနဲ့မတူပဲ ဒီထောင်ခြောက်ဝင်ပေါက်ကတော့ ကမ်းပါးကို မျက်နှာချင်းဆိုင်နေမည်။ ထို့ကြောင့် ဒီရေအတွင်းမှာ ထောင်ခြောက်ထဲမှာရေကူးနေတဲ့ငါးများ ပိတ်မိသွားပေလိမ့်မည်။

ထောင် ခြောက်ထဲဖမ်းမိထားတဲ့ငါးတွေသာ ညဏ်ရည်မမြင့်လျှင် သူတို့ကိုယ်တိုင် အပြင်ကို ရေကူးထွက်လာနိုင်မည်မဟုတ်ပေ။ ရှောက်ရွှမ် အရင်ဘဝတုန်းက ထိုကဲ့သို့ကြိုးစားကြည့်ဖူးရာ အောင်မြင်လေသည်။

သို့သော် ရှောက်ရွှမ် အရင်က မျိုးနွယ်စု ကင်းလှည့်တာဝန်မကျဖူးလေရာ ဒီလိုကိရိယာများကို ယခုဆင်၍ရနိုင်မည်လား သူသေချာမသိပေ ။ ထို့ကြောင့် သူက လန်ကာ့ကိုမေးလိုက်သည်။

" ရပါတယ် ၊ လုပ်လို့ရတယ် ၊ ကိစ္စမရှိဘူး "

လန်ကာ့က ရေမြန်မြန်မတက်လာသေးတဲ့ မြစ်ပြင်ကိုကြည့်ပြီးပြောလိုက်သည်။ သူက ရှောက်ရွှမ် ကို ခေါ်ကာ

" အခု သုံးလို့ရမယ့်ကျောက်တုံးတွေရှာနိုင်သမျှရှာရအောင် ၊ရေသိပ်မတက်သေးခင် ထောင်ခြောက်ဆင်ကြတာပေါ့ "

မြစ်ထဲက တစ်ခုခုက သစ်သားများကိုစားပစ်နိုင်လေရာ ငါးဖမ်းပိုက်ထောင်ဖို့ သစ်သားကိုသူတို့မသုံးနိုင်ချေ။ သူတို့သုံးလို့ရနိုင်တဲ့အရာကတော့ ကျောက်တုံးများပင်ဖြစ်သည်။ ငါးဖမ်းပိုက်ထောင်ဖို့ကျောက်တိုင်များပြုလုပ်ရန်မှာမခက်ခဲလေရာ အခုအခါ ကျောက်တုံးအမျိုးအစားကို ဂရုစိုက်နေရမည့်အချိန်မဟုတ်ပေ ။

ထို့ကြောင့် မိုင်က ကင်းလှည့်ဖို့တာဝန်ကျတဲ့ပထမအဖွဲ့ကို ခေါ်လာတဲ့အခါ သူတို့က လန်ကာ့နဲ့ရှောက်ရွှမ် မြစ်ကမ်းဘေးတစ်လျှောက်တစ်ခုခုလုပ်ရင်း အလုပ်များနေသည်ကိုတွေ့ရလေသည်။ မျိုးနွယ်စုက စီထားတဲ့ကျောက်တန်းလေးကနေ မြစ်ကမ်းပါးအထိ ခပ်ခွာခွာထောင်ထားတဲ့ ငါးဖမ်းပိုက်အချို့ကိုတွေ့ရလေသည်။

အချိန်သိပ်မရှိသည့်အတွက် သူတို့ကငါးဖမ်းပိုက်တို့ရဲ့ပုံစံကို ဂရုစိုက်နေဖို့ မအားလပ်ပါချေ။ ကျောက်တိုင်များကလည်း အထူအပါးမတူကြပဲ တချို့ဆိုလျှင် လူတစ်ယောက်ပေါင်လုံးမျှရှိကာ ထိုအပေါ်တွင်လူများမတ်တပ်ရပ်နေနိုင်လေသည်။

All Chapters