မလှုပ်နဲ့
Vol. 6 Ch. 90
" ဘာတွေလုပ်နေကြတာလဲ ၊ ထောင်ခြောက်ဆင်နေကြတာလား "
မိုင်က ရောက်လာပြီး မေးသည်။
" ရေတက်လာရင် မင်းတို့အဲ့ပေါ်မှာရပ်နေလို့တောင်ရတယ် "
မိုင့်ဘေးကလူများက ရယ်လေသည်။
ရှောက်ရွှမ် နဲ့လန်ကာ့တို့ ဘာလုပ်နေကြသလဲကို သူတို့မသိကြပေမဲ့ အမဲလိုက်အဖွဲ့ ထဲကလူတိုင်းကတော့ လန်ကာ့ကို ထောင်ခြောက်ဆင်ရတာကိုရူးသွပ်မှန်းသိလေသည်။ ပုံမှန်ဆိုရင်တော့ သူက မြားထောင်ခြောက်နဲ့ရိုးရိုးထောင် ခြောက်များကိုသာပြုလုပ်ပြီး ရံဖန်ရံခါမှသာ မတူတာတခုခုကြိုးစားလုပ်တတ်သည်။
လန်ကာ့ကအားလုံးကို သူနဲ့ရှောက်ရွှမ်အကြံကိုပြောပြလိုက်သည်။ အခြားစစ်သည်တော်များက အလွန်သိချင်သွားလေသည်။သို့ပေမဲ့ ဒီမှာ ငါးဖမ်းပိုက်ထောင်များလာဆင်သောအခါ သူတို့အတွက်အတားအဆီးဖြစ်နေရုံတင်မဟူတ်ပဲ ဒီရေမြင့်လာတဲ့အခါ အပေါ်ကခုန်သွားလို့ရတဲ့အတွက် အဆင်ပြေအောင်လည်းကူညီပေးသလိုဖြစ်နေလေသည်။
" အိမ်ပြန်သင့်တယ် ၊ ဒီည ငါတို့ကင်းလှည့်ကြမှာ ၊ ပြီးတော့ လန်ကာ့ မင်းမနက်ဖြန်မနက်စောစောမှာ တခြားသူတွေနဲ့ ဒီကိုလာဖို့လိုတယ် "
မိုင်က ပြောလိုက်သည်။
" ဒါပေါ့..ဒါလုပ်ပြီးရင် ကျနော်တို့ပြန်မှာပါ ၊ အစက အာရုံမထားပေမဲ့ အခုခင်ဗျားကို ဒီမှာတွေ့ရတော့ ကျွန်တော် ဗိုက်ဆာနေတာသတိရသွားပြီ "
လန်ကာ့က သူ့ဗိုက်ကို ကိုင်ထားသည်။ သူက သူလုပ်ထားတာကိုကြည့်ကာ ကျေနပ်သည်ထက်ပိုနေလေသည်။
တစ်ဖက်မှာတော့ ရှောက်ရွှမ်က သူ့နောက်ဆုံးငါးဖမ်းပိုက်ထောင်ခြင်းပြီးသွားလေသည်။ သူကြည့်လိုက်သောအခါ မိုင်တို့အဖွဲ့ကလူတွေမှာ အစားအစာနဲ့ကျောက်ထည်များထည့်တဲ့သားရေအိတ်အပြင် ကောက်ရိုးနဲ့လုပ်ထားသောပိုက်ကွန်များသယ်လာသည်ကိုသတိထားမိလိုက်သည်။
" ဘာလို့ ပိုက်ကွန်တွေသယ်လာတာလဲ ၊ ဦးလေးမိုင်"
ရှောက်ရွှမ်ကမေးလိုက်သည်။
" ဒါကလား " မိုင်ကပြုံးကာ
" ဒါ ကျိန်းသေပေါက်စားဖို့အတွက်ပေါ့ "
ရှောက်ရွှမ် မရှင်းလင်းသည်ကိုတွေ့ရတဲ့အခါမိုင်ကဆက်ပြောသည်။
" မင်း မနက်ဖြန်လာရင်သိပါလိမ့်မယ်၊
အိုး..စကားမစပ် မင်းမနက်ဖြန်လာရင် ပိုက်ကွန်အိတ်အကြီးကြီးယူခဲ့ "
ပိုက်ကွန်အိတ်က ဘာအတွက်မှန်း သူမသိသော်လည်း ရှောက်ရွှမ်ကသူ့အတွက်တစ်ခုပြင်ထားလိုက်သည်။
နောက်တစ်နေ့မှာ ရှောက်ရွှမ်က ချာချာနဲ့ ဆီဆာကိုလောင်ခဲ့အိမ်မှာ သူကင်းစောင့်ရတဲ့နေရာဆီမသွားခင် မနက်စောစောမှာ ဝင်ထားခဲ့လိုက်သည်။
ရှောက်ရွှမ် ရောက်လာတဲ့အခါ လန်ကာ့နဲ့အခြားအဖွဲ့တူသူများကလည်းရောက်နှင့်နေလေသည်။ မိုင်နဲ့အခြားသူတွေရဲ့ ပိုက်ကွန်တွေအားလုံးမှာ ဖရဲသီးလုံးလောက်ရှိတဲ့ခရုများအထဲတွင်ရှိနေလေရာ ရှောက်ရွှမ် အံ့သြသွားလေသည်။
ထိုမျှတင်မက လူတွေက မြစ်ကမ်းပါးအနားမှာ အချိန်ကြာလေပိုကြီးလေဖြစ်လာတဲ့ ချွန်ထက်လာတဲ့ အငူများကို တွေ့နိုင်လေသည်။ ထိုအားလုံးမြစ်ခရုများဖြစ်ကာ ကမ်းစပ်ကိုကူးလာကြလေသည်။
ယခု မြစ်ခရုများ အကောင်ရေကအလွန်မများသော်လည်း သူတို့က ကမ်းစပ်ကို ဆက်ကူးလာကြလျှင် ကင်းစောင့်တာဝန်ပြီးသည်နှင့်စစ်သည်တော်တိုင်းက စုကောက်သွားနိုင်လေသည်။ ဥပမာ မိုင်နဲ့အခြားသူများဆိုရင်အများကြီးကောက်ပြီးသွားချေပြီ ။
မြစ်ခရုများက အခွံထူလေရာ မြစ်ထဲက အသားစားငါးများပင် သူတို့ကို မစားနိုင်ပါပေ ။ သို့သော် မျိုးနွယ်စုထဲက လူများကသူတို့ကိုအခွံထဲက ထုတ်ဖို့ဘယ်လိုကိရိယာကိုသုံးရမလဲ သိကြလေသည်။
" အခွံတွေက မာပြီးကြမ်းတာတွေ့တယ်မလား ၊ ဒါပေမဲ့ အိမ်ပြန်ရောက်ရင် သူတို့ကို ရေထဲဆူနေအောင်ပြုတ်လိုက် ၊ အခွံတွေက မမာတော့ဘူး ၊ အရင်တုန်းကတော့ လူတွေကသူတို့အခွံကိုသုံးဖို့လုပ်ကြသေးတယ် ၊ ဒါပေမဲ့ အခွံတွေက အချိန်တခုကြာလာရင် တော်တော်ကို မ မာတော့တာမို့လို့ လူတွေက အံ့သြကြရသေးတယ် "
မိုင်က ရှောက်ရွှမ် ကိုပြောလေသည်။
မြစ်ခရုများမှာ စွမ်းအင်အများအပြားမပါပေမဲ့ အရေအတွက်တော့ အများကြီးရှိလေရာ လတ်တလော အစာရေစာပြသာနာကိုတော့ကောင်းကောင်းပြေလည်နိုင်စေသည်။ လန်ကာ့က အစားအသောက်ကို စိတ်မပူသည်မှာမထူးဆန်းပေ ။
မိုင် ရှင်းပြချက်အရ ဒီမြစ်ခရုများက ပုံမှန်နေ့တွေဆိုရင် ကမ်းခြေကိုမလာတတ်ပေ ။ မိုးရာသီစတဲ့အချိန်မှသာ သူတို့က ကမ်းစပ်ကိုအုပ်စုလိုက်ကူးလာတတ်သည် ။ ကောင်းတဲ့အချက်က မြစ်ခရုများက တိုက်ခိုက်တတ်ခြင်းမရှိလေရာမိုးရာသီအတွက်အကောင်းဆုံးအစားအစာအရင်းအမြစ်ဖြစ်လေသည်။
ရှောက်ရွှမ်က အထဲမှာကပ်ပါးကောင်များရှိမရှိမသိပါပေ။ သို့ပေမဲ့ မျိုးနွယ်စုထဲကလူများနှစ်ပေါင်းများစွာ စားသောက်လာလေရာ အဆင်ပြေပုံရလောက်ပါသည်။
အဆိုင်းပြောင်းဖို့အချိန်ရောက်လေရာ မိုင်နဲ့အခြားသူတွေက အကြာကြီးမနေကြပါပေ ။ တစ်ညလုံးမိုးထဲနေရပြီးနောက် သူတို့လိုချင်သည်က အိမ်ပြန်တခုခုစားပြီး အိပ်ခွင့်ရဖို့ပင်ဖြစ်သည်။ သူတို့စားပြီး အနားယူပြီးတဲ့အခါမှာတော့ ကင်းစောင့်ဖို့ရာ ဒီကိုတစ်ခါပြန်လာရပေမည် ။
" မင်းတို့ ဒီမှာပဲစောင့် ၊ မင်းတို့မကိုင်တွယ်နိုင်တဲ့ ပုံမှန်မဟုတ်တာတစ်ခုခုကြုံရရင် လေချွန်လိုက်ကြ ၊ ရလား "
မိုင်က လန်ကာ့နဲ့အခြားလူတွေကို မှာလိုက်သည်။
" ရပြီ ၊ နားပါတော့ ၊ အခုမိုးတွင်းမှာ ကင်းလှည့်ရတာ ကျနော်တို့က အသစ်တွေမှမဟုတ်တာ ၊ ကျနော်ရှောက်ရွှမ် လုပ်ရမယ့်အကုန်လုံးကို ပြပေးထားပါတယ် ၊ ကျနော့်သူ့ကိုမျက်စိအောက်က အပျောက်မခံပါဘူး၊ စိတ်မပူပါနဲ့ "
လန်ကာ့က မိုင့်ကိုလက်ယမ်းပြလိုက်ပြီး သူတို့မနေ့က ဆင်ထားတဲ့ငါးဖမ်းပိုက်ထောင်ကို အမြန်သွားကာစစ်ဆေးလေသည်။
မိုးမှာ တချိန်လုံးရွာနေပြီး တစ်ခါတရံ အလွန်သည်းသော်လည်း တစ်ခါတရံတော့ခပ်ဖွဲဖွဲသာရွာလေသည်။ မြစ်ရေက မနေ့ကအများကြီးတက်လာလေသည်။ ကမ်းစပ်နဲ့အနီးဆုံး ငါးဖမ်းပိုက်ထောင်မှာ တစ်ဝက်လောက်မှာရေထဲ မြုပ်နေလေသည်။
ဒီအတိုင်းဆိုရင် ဘယ်ငါးမှ ထိုအထဲကူးလာမည်မဟုတ်ပေ ။ အလွန်စောသေးလေရာ မြစ်ရေမျက်နှာပြင်ပေါ်မှာ ပုံမှန်မဟူတ်တာ ဘာမှမရှိသေးပေ ။ ထို့ကြောင့် အခြားသူတွေလို မြစ်ခရုများကို စကောက်နေလေသည်။
ရှောက်ရွှမ်က မြစ်ခရုများက ဘယ်အမျိုးအစားများလည်းမသိသော်လည်း သူတို့က တခုနဲ့တခု မတူကြပုံပေ ။ ပုံစံအမျိုးမျိုး အရောင်အမျိုးမျိုး ရှိကြလေသည်။ သို့ပေမဲ့ လန်ကာ့ကတော့ အကုန်လုံး စားလို့ရသည်ဟုပြောလေသည်။
ရှောက်ရွှမ်က စိတ်ထဲ ဒီလောက်မထားပါပေ ၊ သူက ၎င်းတို့ကိုဆွဲလိုက် သူတို့ကမ်းစပ်ကို ပြန်ကူးလာတိုင်း ကောက်ရိုးအိတ်ထဲကိုပစ်ထည့်လိုက်သည် ။ သို့သော် သူတို့ကမြေပေါ်မှာ တင်းနေအောင်ကပ်နေကြလေသည်။ သူတို့က ချောနေသောကျောက်တုံးများပေါ်မှာရှိသောအခါ သူတို့ကိုဆွဲခေါ်ဖို့ရာ အတော်အားထုတ်ရလေသည်။
သူတို့ကင်းလှည့်တာ နေ့တစ်ဝက်ရှိသော်လည်း ခရုများကမ်းနားကိုကူးလာသည်မှလွဲရင် ဘာမှ ထူးထူးခြားခြားမရှိပါပေ။ ဘာမှလည်း သတိထားလောက်စရာမရှိပေ ။
ဒီနေ့မှာတော့ ရှောက်ရွှမ်က သူပြန်တဲ့အခါ မိဘမဲ့ဂူက ကလေးတွေနဲ့ လောင်ခဲ့ ကို မြစ်ခရုများကိုအများကြီးပို့ပေးလိုက်သည်။ သူတစ်ယောက်တည်းလည်း အကုန်လုံးကိုမစားနိုင်ပေ ။ ဆီဆာကလည်း မကြိုက်ပေ ။ ချာချာကလည်း ခဏသာသိချင်စိတ်သာ ရှိလေသည်။ သူစိတ်ဝင်စားတာက ထိုအခွံများကိုခွာကြည့်ဖို့ပါပင်။
ရှောက်ရွှမ် ကင်းလှည့်တဲ့တတိယမြောက်နေ့မှာ ပထမငါးပိုက်ထောင်မှာ ရေထဲမှာလုံးလုံးမြုပ်သွားလေသည်။ ပထမငါးဖမ်းပိုက်က သိပ်မကြီးပဲ အချင်းမှာ နှစ်မီတာမျှသာရှိလေသည်။
သူတို့ အကုန်ဆောက်ပြီးသောအခါ ရှောက်ရွှမ်နဲ့လန်ကာ့တို့ နှစ်ယောက်စလုံး အနည်းငယ်သေးသည်ဟုခံစားရလေသည်။ ပြန်တည်ဆောက်မယ့်အစား သူတို့က ဒီတိုင်းထားလိုက်ပြီး ပိုကြီးတဲ့ ဒုတိယငါးပိုက်ထောင်အသစ်ကိုတည်ဆောက်လိုက်လေသည်။
ထို့အတွက်ကြောင့် ပထမငါးဖမ်းပိုက်ထောင်ကလုံးလုံးနစ်မြုပ်နေချိန်မှာ ပထမတစ်ခုနဲ့အပြိုင်ထားသော်လည်း ဒုတိယတစ်ခုက ရေထဲမှာတစ်ဝက်သာမြုပ်နေလေသည်။
" ဘယ်လိုလဲ "
လန်ကာ့က မြစ်ခရုတစ်ခုကို သူ့ကောက်ရိုးအိတ်ထဲပစ်ထည့်ရင်း ရှောက်ရွှမ် ကိုလှမ်းအော်လေသည်။
ရှောက်ရွှမ် က ငါးဖမ်းပိုက်ထောင်ရဲ့ဘေးမှာရပ်ကာ အထဲကိုသေချာကြည့်လိုက်သည်။
ငါးတစ်ကောင်မှ မရှိပေ ။
ထို့ပြင် ပတ်ပတ်လည်မှာ ဧရာမခေါင်းများ၊ချွန်ထက်တဲ့သွားများနဲ့ အသားစားငါးများလည်းမရှိကြပေ ။ ပြောရရင် ဘာငါးတစ်ကောင်မှမတွေ့ရပဲ အားလုံးပျောက်သွားသည်နှင့်တူနေသည်။
ထူးဆန်းစွာဖြင့် ဒီလိုမိုးရာသီမှာ ငါးတစ်ကောင်မှမတွေ့ရပေ။
ဒီတော့ သူတို့ထောင်ထားတဲ့ ငါးပိုက်ထောင်တွေက အလဟာသဖြစ်ပြီလား ၊
မဟုတ်ပေ ၊ သူတို့ငါးကလွဲလို့အခြားအရာများကို မြစ်ထဲတွင်တွေ့ရလေသည်။
သူတို့ကို ဒီတိုင်းထားလိုက်သည်။ ရှောက်ရွှမ် ကသူ့ခြေထောက်အောက်က ငါးဖမ်းပိုက်ထောင်ကိုကြည့်ကာ အခုအချိန်မှာတော့ ဒီအတိုင်းထားလိုက်ပြီး ဒီရေကျသွားမှသာ ပြန်သိမ်းဖို့ဆုံးဖြတ်လိုက်သည် ။ မည်သို့ပင်ဖြစ်စေ ၎င်းတို့က ကင်းလှည့်ရာတွင်လည်း အတားအဆီးမရှိဘူးလေ။
" ဘာမှမရှိဘူး "
ရှောက်ရွှမ်ကပြန်ဖြေလိုက်သည်။ ရှောက်ရွှမ်က ကုန်းပေါ်သို့ပြန်ဖို့အလှည့်မှာ သူ့ကျောဘက်ကနေ အေးစက်စက်ခံစားချက်ကြီးရုတ်တရက်ခံစားလိုက်ရသည်။
အန္တရာယ်တော့ ရှိနေပြီ ။
သူ ငါးဖမ်းပိုက်ထောင်တွေပေါ်ကနေ အဝေးခုန်ကာ ကမ်းဆီသွားမလို့လုပ်တုန်းမှာ လန်ကာ့က အရေးတကြီးအော်ဟစ်လိုက်သံကိုကြားလိုက်ရသည်။
" မလှုပ်နဲ့ ၊ ဘာဖြစ်ဖြစ် မလှုပ်လိုက်နဲ့ "
လှုပ်ရမှာလား ၊ မလှုပ်ရဘူးလား ရှောက်ရွှမ် စိတ်ထဲမှာ အမြန်စဥ်းစားကြည့်နေသည်။
နောက်ဆုံးတော့ သူ လန်ကာ့အမိန့်ပေးတဲ့အတိုင်းနာခံဖို့ဆုံးဖြတ်လိုက်ပြီး ထိုနေရာမှာ မတ်တပ်ရပ်နေလိုက်သည်။
ရှောက်ရွှမ် လူကမလှုပ်သော်လည်း ခန္ဓာကိုယ်တခုလုံးမှာရှိတဲ့ကြွက်သားများကိုအသင့်ပြင်ထားလိုက်သည်။ တစ်ခုခုကသာ လှုပ်ရှားလာရင် သူကချက်ချင်းပြန်တုံ့ပြန်လိုက်မည်ဖြစ်ပြီး သူ့လက်ကလည်း ကျောက်ဓားရှိရာ လှမ်းထားလိုက်လေသည်။
ဟိုဘက်မှာတော့ လန်ကာ့ကတော့ မြစ်ခရုတွေကောက်မနေတော့ဘဲ ရှောက်ရွှမ် ဆီအခြားသူများနဲ့ပြေးလာနေလေသည်။ ပြေးနေရင်းလည်း ရှောက်ရွှမ် ရပ်နေတဲ့နေရာနဲ့ သုံးဆယ်မီတာအကွာလောက်ကို မြစ်ခရုများနဲ့လှမ်းပေါက်နေလေသည်။
ရှောက်ရွှမ်က ရေထဲကို မြစ်ခရုများကျသွားသည်ကိုကြားနေရသည်။ သို့သော် အပ်များစူးနေသကဲ့သို့စူးစိုက်တဲ့အကြည့်ကခံစားနေရဆဲ ဖြစ်သည် ။ ရှောက်ရွှမ်က ဒီနေရာမှာရပ်နေဆဲ ဖြစ်ကာ သူရပ်နေတဲ့ကျောက်တုံးမှာလည်း တည်ငြိမ်နေလေ၏ ။
သူမော့ကြည့်လိုက်လျှင် ထိုအေးစက်စက်အကြည့် ဘယ်ကလာသလဲကိုသိနိုင်လေသည် ။ သို့သော် ထိုခဏမှာပဲ ရှောက်ရွှမ် သူ့သိချင်စိတ်ကိုပြန်ထိန်းထားလိုက်ပြီပတ်ပတ်လည်ကိုမကြည့်တော့ပေ။
ရှောက်ရွှမ် ရဲ့ မဝေးတဲ့နေရာကနေ ဘယ်အချိန်ကတည်းကမှန်းမသိ တြိဂံပုံခေါင်းတစ်ခုက ရေထဲမှာအသံတိတ်ပေါ်လာလေသည်။ ခေါင်းပေါ်မှာ ပြူးကာ စူးစူးစိုက်စိုက်ကြည့်နေတဲ့မျက်လုံးတစ်စုံ ရှိနေလေသည်။
ထိုအချိန်မှာ သိပ်မကျယ်တဲ့အသံလေး ရေထဲမှထွက်လာလေသည်။ မိုးသံကြားထဲမှာ သိပ်မရှင်းလင်းပေမဲ့ ရှောက်ရွှမ် က ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
" ဖားအော်သံ "
“……”
သောက်ကျိုးနည်း!
နောက်ဆုံး လန်ကာ့က သူ့ကို ဘာလို့မလှုပ်ခိုင်းလဲ သဘောပေါက်သွားသည်။