← Chapters

အခန်း (၂၁၁)

Vol. 15 Ch. 211

အခန်း (၂၁၁)

Vol. 15 Ch. 211

မထင်မှတ်ပဲ ဖန်ချီက သူတို့နှစ်ယောက်ဆီ လှမ်းလာပြီး ပြောခဲ့သည်။ "လင်းချန်၊ ရှောင်နွမ်က ငယ်ပါသေးတယ်။ မနေ့ညက ဘယ်လိုမောင်းထုတ်ပြီး သူ့ကို တံခါးမှာ ငိုနေအောင် ထားခဲ့ရတာလဲ”

ကျီလင်းချန် မျက်မှောင်ကြုတ်ပြီး သူ့မိန်းမကို ကြည့်လိုက်သည်။ "မနေ့ညက ကိုယ် ထွက်သွားတော့ ငိုနေခဲ့တာလား"

ခင်ပွန်းသည်၏ အင်္ကျီထောင့်ကို ကိုင်ကာ ခေါင်းညိတ်ခဲ့သည်။ "ကျွန်မ စိတ်မကောင်းဖြစ်သွားလို့။ ရှင် ကျွန်မကို စကားမပြောချင်တော့ဘူးလို့ထင်သွားတာ"

ကျီလင်းချန်က မနေ့ညကလို အဖြစ်အပျက်တစ်ခုကို မသိခဲ့ပေ။ သူ သိခဲ့ရင် ဘယ်လိုလုပ်ပြီး ထွက်သွားမှာလဲ။

"မင်းက သူ့လူပဲ။ မင်း သူ့ကို ပိုပြီးကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်။ သူ့ကို ခဏခဏ မငိုစေနဲ့။ မင်းရဲ့ဆက်ဆံရေးကို ရေရှည်တည်မြဲဖို့အတွက် မင်း သာယာတဲ့အိမ်ထောင်ရေးတစ်ခုကို ဦးဆောင်ရမယ်။" ဖန်ချီက စိတ်အားထက်သန်စွာ ပြောလ်ုက်သည်။

ကျီလင်းချန်သည် မနေ့ညက ဖန့်ရှောင်နွမ်ကို အနိုင်ကျင့်ပြီး သူမကို ငိုစေသည်ဟု ဖန်ချီက လွဲမှားစွာ ထင်မြင်ခဲ့သည်။ သူမ ဆက်ပြောလိုက်သည်။ "မင်း နောင်ကျ ရှောင်နွမ်ကို အလိုလိုက်မှဖြစ်မယ်။ သူမ ဒေါသထွက်ပြီး ထွက်ပြေးသွားရင် သူ့လို ဇနီးကောင်းတစ်ယောက်ကို မင်း နောက်ထပ် ရှာတွေ့နိုင်မှာ မဟုတ်ဘူး”

CEO ကျီက သူ့ရဲ့ “ဇနီးကောင်းလေး” ကို တစ်ချက်ကြည့်လိုက်သည်။

သူ့မိန်းမက အပြစ်ရှိစွာနဲ့ ခေါင်းငုံ့ထားသည်။ သူမသည် ဤတစ်ကြိမ်တွင် သူမ အဲ့တာကို စတင်ခဲ့တာကို သိသော်လည်း ဘယ်လိုရှင်းပြရမလဲဆိုတာကို မသိခဲ့ပေ။

“ယောက်မ၊ ကျွန်မယောကျ်ားနဲ့ ကျွန်မ ညှိနှိုင်းပြီးပြီ” ဖန့်ရှောင်နွမ် ပြောလိုက်သည်။

ဖန်ချီက အနိုင်ကျင့်ခံရသည့် သနားစရာ ကလေးမလေးကို ကြည့်နေသလိုမျိုး ကျီလင်းချန်ကို အားကိုးတကြီး မှီနေတဲ့ သူ့ယောက်မကို ကြည့်လိုက်သည်။ ဖန့်ရှောင်နွမ် ကသာ သူမကို သနားချင်ယောင်ဆောင်နေမှန်းကို သိသည်။

သူမ မှားခဲ့ရင်တောင် ငိုနေသရွေ့ သူမက လူတိုင်းရဲ့ သားကောင်လို ဖြစ်နေမှာ။

" ယောကျ်ားက ကျွန်မကို နမ်းပြီးတော့ ကျွန်မကိုတောင် ဖက်ထားပေးတယ်" ဖန့်ရှောင်နွမ် ရှက်ရွံ့စွာပြောလိုက်သည်။

CEO ကျီ နှုတ်ဆိတ်နေသည်။

ဖန်ချီ သူ့ဘာသာ တွေးလိုက်သည်။ 'ခုခေတ်လူငယ်တွေက တကယ်ကို ပွင့်လင်းကြတယ်' ဖန်ချီက ပြုံးပြီး ခေါင်းခါကာ နောက်လှည့်ပြီး ထွက်သွားခဲ့သည်။

ဖန့်ရှောင်နွမ် အနည်းငယ် စိတ်ရှုပ်သွားသည်။ သူမရဲ့ယောက်မက ကျီဝမ်ရဲ့ လွတ်မြောက်မှုအတွက် အသနားခံဖို့ လာခဲ့တာ မဟုတ်ဘူးလား။ သူမ ဘာကြောင့် ဒီလိုမျိုး ထားခဲ့တာလဲ။

သိပ်မကြာခင်မှာပဲ မြို့တော်ဝန် ကျီလည်း စာကြည့်ခန်းတံခါးဆီကို ရောက်လာသည်။ တံခါးကို အနည်းငယ်ဖွင့်လိုက်ပြီး ဝင်သွားတော့မယ့်အချိန်မှာ ညီလေးဖြစ်သူ၏ခြေထောက်ပေါ်၌ ကြီးမားသော “အလှဆင်ခြင်း” ကိုတွေ့သွားခဲ့သည်။

ဖန့်ရှောင်နွမ် ချက်ခြင်းထရပ်ပြီး ရှက်ကိုးရှက်ကန်းဖြင့် ခင်ပွန်းဖြစ်သူဆီမှ ဝေးရာသို့ ထွက်သွားခဲ့သည်။

"အဆင်ပြေကြလား" မြို့တော်ဝန် ကျီက တိုက်ရိုက်မေးလိုက်သည်။

ကျီလင်းချန် ခေါင်းညိတ်လိုက်သည်။ “ပြီးပြီ”

"ပြီးပြီ" ဆိုတဲ့ အဓိပ္ပါယ်မှာ ကနဦးတွင် ပဋိပက္ခဖြစ်ထားသည်။ "ပြီးပြီ" ဆိုလိုတာက သူက ရှောင်နွမ်ကို အရင်က အနိုင်ကျင့်ခဲ့ဖူးတာ။

ကျီလင်းချန် စကားကိုကြားတော့ မြို့တော်ဝန် ကျီ က ဘာမှထပ်မပြောတော့ပေ။ သူလှည့်ပြီး တံခါးကိုပိတ်လိုက်သည်။ ထွက်မသွားခင်မှာပင် တံခါးကို လောခ့်ချပေးခဲ့သည်။ ထိုအခြေအနေမျိုးတွင် သူတို့နှစ်ဦး အတွင်း၌ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ရုန်းကန်နေပါစေ သူတို့ကို ဘယ်သူမှ မနှောင့်ယှက်နိုင်တော့ပေ။

မြို့တော်ဝန် ကျီက အိမ်ရှိ အိမ်ဖော်တွေကိုတောင် တမင်ညွှန်ကြားခဲ့သည်။ "သခင်လေးရဲ့ 'အလုပ်' ကိုနှောင့်ယှက်ဖို့ စာကြည့်ခန်းကို မသွားကြနဲ့"

စာကြည့်ခန်း၌

ဖန့်ရှောင်နွမ်က ခင်ပွန်းသည်၏ ပေါင်ပေါ်တွင် ထိုင်နေပြန်သည်။ ကျီလင်းချန်ရဲ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်ထားသည်။ "ယောကျ်ား၊ နားလည်မှုလွဲသွားလိမ့်မယ်..."

ကျီလင်းချန် ပြောလိုက်သည်။ "ဒါက ပုံမှန်ပါပဲ။"

သူ့ရင်ခွင်ထဲက ကြောင်ပေါင်လေးက သူမရဲ့လျှာကို ထုတ်ခဲ့သည်။ သူမ ပြောလိုက်သည်။ “ယောကျ်ား၊ ကျွန်မ တစ်စုံတစ်ခုကို သဘောပေါက်သွားပြီ။ အိမ်ဖော်တွေပြောတာ မှန်တယ်။ ကျွန်မက ကပ်နေတာပဲ။ ရှင့်ကို တွယ်ကပ်ရတာကို ကြိုက်တယ်။ ရှင်အိမ်မှာမရှိတဲ့အခါ ရှင့်ကိုလိုက်ရှာချင်တယ်။ ရှင့်ကိုမတွေ့ရင် ရှင်ရှိတဲ့နေရာကို သွားချင်တယ်။ ကျွန်မက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းနေလား"

CEO ကျီ အရမ်းပျော်သွားသည်။ သူ ဘယ်လိုလုပ် စိတ်အနှောင့်အယှက်ဖြစ်နိုင်မှာလဲ။

ခေါင်းငုံ့ပြီး သူ့မိန်းမကို နမ်းလိုက်သည်။ သူ့အလိုဆန္ဒကို ဤနည်းဖြင့်သာ ဖြည့်ဆည်းနိုင်ခဲ့သည်။

စိတ်အားထက်သန်စွာ နမ်းပြီးနောက် ကျီလင်းချန်သည် သူမ၏ နှုတ်ခမ်းများကို လွှတ်ပေးခဲ့ခြင်းမရှိပေ။ သူ ရှူထုတ်လိုက်တဲ့ လေပူက ဖန့်ရှောင်နွမ်ရဲ့ နှုတ်ခမ်းကို ထိသွားသည်။ "ရှောင်နွမ်၊ မင်းတစ်သက်လုံး ကိုယ့်ကို တွယ်ကပ်ရမယ်နော် နားလည်လား" အဲဒါနဲ့ သူ နမ်းလိုက်ပြန်သည်။

ဖန့်ရှောင်နွမ် ညည်းညူခဲ့သည်။ "ရှင် ကျွန်မကို ထပ်နမ်းနေမယ်ဆိုရင် ကျွန်မ နှုတ်ခမ်း စုတ်ပြတ်သတ်ကုန်လိမ့်မယ်"

ဒါကိုကြားတော့ CEO ကျီက သူမရဲ့ လျှာလေးကို စတင်တိုက်ခိုက်ပါတော့သည်။

ဤတစ်ကြိမ်တွင် ဖန့်ရှောင်နွမ်၏ အသံက ညည်းသံအဖြစ်သို့ ပြောင်းလဲသွားသည်။

သူမ၏ လျှာလေးက သူ့ဆီကနေ မလွတ်မြောက်နိုင်ခဲ့ပေ။ သိပ်မကြာခင်မှာပဲ သူမ မိန်းမောစွာ နမ်းခံလိုက်ရသည်။ သူမရဲ့ခါးပတ်ပတ်လည်ကို ကြီးမားတဲ့ လက်နှစ်ဖက်ဖြင့်ဖက်လိုက်သည့်တိုင် သူမ လုံးဝ သတိမထားမိခဲ့ပေ။

သူမရဲ့ ရင်ဘတ်နွေးလာသည်အထိ လက်နှစ်ဖက်က သူမကို ဆက်ခံစားရအောင်လုပ်နေခဲ့သည်။ ထိုမှသာ ဖန့်ရှောင်နွမ်က တစ်ခုခုမှားနေပြီဆိုတာကို သိလိုက်သည်။ ချက်ချင်း ခင်ပွန်းသည်၏ လက်ကို တွန်းဖယ်လိုက်သည်။ "ယောကျ်ား၊ ရှင် နှာဘူးတစ်ယောက်လို လုပ်နေတာပဲ!"

CEO ကျီက သူ့ဇနီးကို ဆိုဖာပေါ်တင်ကာ သူမအပေါ်မှာ လှဲလိုက်ပြီး သူမကို အနိုင်ကျင့်ချင်တာကြောင့် အနမ်းကို စွဲစွဲမြဲမြဲ စွဲလန်းနေခဲ့သည်။

လင်မယားနှစ်ယောက် ပြန်လည်သင့်မြတ်ခဲ့ကြသော်လည်း အနမ်းတစ်ခုကြောင့် သံလမ်းပေါ်မှ ရုန်းထွက်လုနီးပါးဖြစ်ခဲ့ကြသည်။

အိပ်ခန်းထဲသို့ပြန်ရောက်ပြီးနောက် ကျီလင်းချန်သည် ရေချိုးခန်းသို့ ချက်ချင်းသွားကာ ရေအေးနဲ့ ရေချိုးခဲ့သည်။ ဖန့်ရှောင်နွမ်က စောင်ခြုံထားပြီး သူမကိုယ်သူမ ရေရွတ်ခဲ့သည်။ “ဒါအတွက် ရှင် ကျွန်မကို အပြစ်ပြောလို့ မရဘူး။ ရှင်က အနမ်းအတွက် အရမ်းစိတ်လှုပ်ရှားနေတဲ့သူပဲ!"

ရေချိုးနေတဲ့ ကျီလင်းချန်က မျက်လုံးတွေကိုမှိတ်လိုက်သည်။ အရင်တုန်းကတော့ ရည်းစားထားဖို့ ရည်ရွယ်ချက်မရှိခဲ့ဘဲ အဲ့တာက အတော်လေး အဆင်ပြေခဲ့သည်။ ဒါပေမယ့် သူ လက်ထပ်ပြီးကတည်းက ထိုနှစ်သိမ့်မှုမှာ ပျောက်ကွယ်သွားခဲ့သည်။

အရင်တုန်းကတော့ ဒီလို ဆန္ဒတွေ မရှိခဲ့ပါပေ။ အခုတော့ သူမရဲ့ခန္ဓာကိုယ်ကို နေ့တိုင်း တောင့်တနေခဲ့သည်။ ဒါပေမယ့် သူမရဲ့ ခန္ဓာကိုယ်ကို သူ့ရင်ခွင်ထဲထည့်ထားသော်လည်း သူမကို ကိုင်ခွင့် မရခဲ့ပေ။ ကောင်းကင်ဘုံက သူ့ထိန်းချုပ်မှုကို စမ်းသပ်နေတာများလား။

All Chapters