← Chapters

အခန်း (၂၁၅)

Vol. 15 Ch. 215

အခန်း (၂၁၅)

Vol. 15 Ch. 215

မြို့တော်ဝန်အနေနဲ့ သူ့အစ်ကိုက သူ့ညီမလေးကို မရှာချင်ခဲ့ဘူးလား။ သူ ရှာခဲ့ပေမဲ့ ရှာဖွေမှုကို ဆက်မလုပ်ခဲ့ပေ။

သခင်ကြီးကျီကလည်း သူ့သမီးကို တုန်နေအောင်ချစ်ပေမယ့် နောက်ဆုံးမှာတော့ အရှုံးပေးခဲ့သည်။ ကျီလင်းချန်ကသာ စွဲမြဲနေပြီး သူ ဘယ်တော့မှ လက်မထပ်ဘူးလို့ ကျိန်ဆိုခဲ့သည်။ သူ့မိသားစုက သူ့ကို ချုပ်နှောင်ထားပြီး သူ့ညီမလေးကို ထပ်ပြီးမရှာတော့အောင် တားဆီးချင်ခဲ့သည်။

ထို့နောက် ဖန့်ရှောင်နွမ်ရဲ့ ကျူးကျော်ဝင်ရောက်မှုက ဆယ့်ငါးနှစ်ကြာပြီးနောက် သူ၏အေးခဲနေတဲ့ နှလုံးသားကို အရည်ပျော်စေကာ သူ့ဘဝထဲသို့ အလင်းရောင်တစ်ခု ယူဆောင်လာပေးခဲ့သည်။ သူမကို ချစ်မိသွားကတည်းက သူ့မိသားစုနဲ့ သူမအတွက် ရှာဖွေမှုကို ဟန်ချက်ညီအောင် အစွမ်းကုန်ကြိုးစားနိုင်ခဲ့သည်။

ကျီလင်းချန်၏ စကားကိုကြားတော့ မြို့တော်ဝန် ကျီ လည်း မျက်ရည်တွေ ကျလာသည်။ အခန်းတွင်းရှိ မျက်လုံးသုံးစုံမှာ နီရဲနေခဲ့သည်။

ကျီလင်းချန်က သူ့ဝမ်းနည်းပူဆွေးမှုကို အမြန်မြိုသိပ်လိုက်သည်။ ရက်အနည်းငယ်ကြာလျှင် သူမကို သွားရှာတော့မည်ဟု သူတို့နှစ်ယောက်အား ပြောလိုက်သည်။" ရက်အနည်းလောက် ကျွန်တော် သူမကိုသွားရှာမယ်။ ကျွန်တော် ဒီမှာမရှိတုန်း ကျေးဇူးပြုပြီး ရှောင်နွမ်ကိုဂရုစိုက်ပေးကြပါ။ သူမကို အန္တရာယ်ရှိတာမျိုးတွေ လုပ်ခွင့်မပေးနဲ့။ စကားနားမထောင်ဘူးဆိုရင် ကျွန်တော့်ကို ဖုန်းဆက်ပေး"

သူ့ကြောင်ပေါက်လေးအတွက် သူ အမြဲစိုးရိမ်နေမိသည်။ သူထွက်သွားတိုင်း သူစိတ်သက်သာရာရမနေပေ။ အဲဒါကြောင့် သူ့မိသားစုကို ဒီလိုတောင်းဆိုရတာပါ။

မြို့တော်ဝန် ကျီက ခေါင်းညိတ်ပြီး သူ့ညီရဲ့ တောင်းဆိုမှုကို သဘောတူခဲ့သည်။

သခင်ကြီးကျီ မေးလိုက်သည်။ "ဘယ်သွားမှာလဲ"

“စုစုပေါင်း ပြည်နယ် ၃ ခုနဲ့ မြို့ဆယ်မြို့။ ကျွန်တော် သူတို့အားလုံးကို စစ်ဆေးနေတယ်” ကျီလင်းချန် ပြောလိုက်သည်

သုံးယောက်သား မထသွားခင် ငြိမ်သက်စွာ ထိုင်နေခဲ့ကြသည်။

ကျီလင်းချန်လည်း အိပ်ခန်းထဲပြန်ဝင်သွားသည်။ ကုတင်ပေါ်က နူးညံ့ပြီး ချစ်စရာကောင်းတဲ့ အမျိုးသမီးငယ်လေးကို သူမြင်လိုက်ရသောအခါ သူ့စိတ်နှလုံးလည်း ပျော့ပျောင်းသွားခဲ့သည်။ သူ သူမနဲ့နီးကပ်နေရင် သူမက သူ့ကို နွေးထွေးမှုပေးတယ်လို့ သူခံစားရသည်။

သူ့ကုတင်ဘက်ခြမ်းသို့ပြန်သွားကာ ခေါင်းအုံးကိုယူပြီး ကောင်မလေး၏ ဦးခေါင်းအောက်မှာ သူ့ လက်ကိုထားခဲ့သည်။

ဖန့်ရှောင်နွမ်ကတော့ အလွန်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ သူမ အနမ်းခံရမှန်းတောင် မသိလိုက်ပေ။ သူမ ပါးစပ်နားမှာ ဂျယ်လီတုံးအကြီးကြီး ရှိနေကြောင်းကို အိပ်မက်မက်နေခဲ့သည်။ သူမ တွေးမနေဘဲ ခုန်အုပ်ပြီး ကိုက်လိုက်သည်။ “အွန်း… အရမ်းအရသာရှိတယ်”

အကိုက်ခံလိုက်ရတဲ့ ကျီလင်းချန်က ပြောလိုက်သည်။ "မင်းအိပ်မက်ထဲမှာ ဘာတွေစားနေတာလဲ။ မင်း မင်းယောက်ျားရဲ့ နှုတ်ခမ်းကို ကိုက်လိုက်တာ"

ဖန့်ရှောင်နွမ် မိန်းမောကာ ရေရွတ်ခဲ့သည်။ “ယောကျ်ား၊ အွန်း၊ အရသာရှိတယ်၊ ယောက်ျား”

ကျီလင်းချန် မရယ်ဘဲမနေနိုင်ခဲ့ပေ။ "ဒါဆို မင်းအိပ်မက်ထဲမှာ ကိုယ့်ကိုစားနေတာပေါ့"

ကျီလင်းချန် နံရံကပ်မီးလုံးကို ပိတ်လိုက်ပြီး သူ့မိန်းမကို စောင်အောက်ထဲ သွင်းလိုက်သည်။ နူးညံ့ပြီး မွှေးကြိုင်လှတဲ့ အမျိုးသမီးလေးကို ပွေ့ဖက်ကာ အိပ်ပျော်သွားခဲ့သည်။

မြို့တော်ဝန် ကျီ အိပ်ခန်းထဲသို့ ပြန်မသွားခဲ့ပေ။ အဲဒီအစား သူ့အဖေရဲ့ အခန်းကို ပြန်သွားခဲ့သည်။ "အဖေ၊ အဖေ ကျီလင်းချန်ကို တစ်ခုခုကို ဖုံးကွယ်ထားတာဖြစ်မယ်ဆိုတာ ကျွန်တော်သိတယ်။ အမှန်အတိုင်းပြောပြပါ။ ရှောင်ယွီ ဘယ်မှာလဲဆိုတာ အဖေသိလား"

သခင်ကြီးကျီရဲ့ မျက်ရည်တွေက ချက်ချင်း သူ့ပါးပြင်ပေါ်သို့ စီးကျလာသည်။ သုတ်တောင် မသုတ်နိုင်ခဲ့ပေ။ မြို့တော်ဝန် ကျီက သူ့အဖေကို နားလည်သည်။ သူလွယ်လွယ်နဲ့ အရှုံးမပေးခဲ့ဘူး။ ဒါပေမယ့် သူ့အဖေက ရှောင်ယွီ ကိုရှာဖို့ ဘာကြောင့် စွန့်လွှတ်လိုက်တာလဲ။

" ရှောင်ယွီ ဘယ်မှာရှိနေလဲ" မြို့တော်ဝန် ကျီ မေးလိုက်သည်။

သခင်ကြီးကျီ အထိန်းအကွပ်မရှိ ငိုကြွေးနေလေသည်။ အချိန်အတော်ကြာပြီးနောက် သူ ပြောလိုက်သည်။ " ရှောင်ယွီ မင်းအမေနဲ့အတူရှိနေတယ်"

မြို့တော်ဝန်ကျီရဲ့ မျက်လုံးတွေဆီမှ မျက်ရည်များ ချက်ချင်းစီးကျလာသည်။ "အဖေ! အဓိပ္ပါယ်မရှိတဲ့စကားတွေ မပြောနဲ့!" ဒီအဖြေကို သူ လက်မခံနိုင်ဘူး။

သခင်ကြီးကျီက သူ့မျက်ရည်တွေကို သုတ်ပြီး သူ့ကိုမေးခဲ့သည်။ "သား၊ မင်း အရာရှိလုပ်လာတာ ဘယ်လောက်ကြာပြီလဲ"

မြို့တော်ဝန် ကျီ ခဏလောက် စဉ်းစားခဲ့သည်။ “၂၅ နှစ်ကျော်ပြီ”

သခင်ကြီးကျီ ထပ်မေးလိုက်သည်။ "လင်းချန် ရဲ့ ချမ်းသာကြွယ်ဝမှုက နိုင်ငံတစ်နိုင်ငံနဲ့ ယှဉ်လို့ ပြောရလောက်အောင် များလွန်းနေပြီလား"

မြို့တော်ဝန် ကျီ ငြိမ်ကျသွားသည်။

သူ့ညီလေးရဲ့ နှစ်စဉ်အခွန်ပေးဆောင်မှုက နိုင်ငံများစွာ၏ နှစ်စဉ်ဝင်ငွေနှင့် နှိုင်းယှဉ်နိုင်သည်။ သူ၏ ချမ်းသာမှုသည် နိုင်ငံတစ်နိုင်ငံနှင့် ယှဉ်နိုင်သည်ဟု ဆိုရန် ခက်ခဲလိမ့်မည် မဟုတ်ပေ။

“ဒါဆို မင်းမှာ အာဏာရှိတယ်၊ မင်းညီက ချမ်းသာတယ်။ ငါတို့မိသားစုမှာ အဆက်အသွယ် မရှိဘူးလား။ နှစ်အတော်ကြာအောင် သဲလွန်စတွေ ရှာမတွေ့တာက ဘယ်လိုဖြစ်ရတာလဲ”

သခင်ကြီးကျီရဲ့ စကားကြောင့် မြို့တော်ဝန်ကျီအား တစ်ခုခုကို သဘောပေါက်သွားစေသည်။ သူက လူလတ်ပိုင်းအရွယ်တစ်ယောက်ဖြစ်နေပြီဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ပေါက်ကွဲခဲလှသည်။ ဒါပေမယ့် အခုအချိန်မှာတော့ ကလေးတစ်ယောက်လို ဖခင်ရှေ့မှာ ငိုနေခဲ့သည်။

"ဘယ်တုန်းက သိတာလဲ" မြို့တော်ဝန်ကျီ မေးလိုက်သည်။

သခင်ကြီး ကျီ နာကျင်စွာနဲ့ ပြောခဲ့သည်။ “မင်းအမေက မင်းညီမပျောက်နေလို့ နေမကောင်းဖြစ်တာမဟုတ်ဘူး။ ရှောင်ယွီရဲ့အလောင်းကိုမြင်ခဲ့တာကြောင့် သူမ နေမကောင်းဖြစ်တာ။ သူမ စိတ်မထိန်းနိုင်ဘဲ နောက်တစ်နေ့မှာ ဆုံးသွားတာ။”

"မင်းအမေ ဆုံးသွားပြီ။ ရှောင်ယွီ အကြောင်း မင်းနဲ့ လင်းချန်ကို ငါ ဘယ်လိုပြောရမှာလဲ။" ထိုစကားကို ပြောပြီးနောက် သခင်ကြီးကျီရဲ့ မျက်ရည်တွေက ထိန်းမနိုင်သိမ်းမရ စီးကျလာသည်။

"အဲဒီတုန်းက မင်း ရက်အနည်းငယ်လောက် အိပ်မပျော်ခဲ့ဘဲ နေရာတိုင်းမှာ ရှောင်ယွီကို လိုက်ရှာခဲ့တယ်။ လင်းချန်လည်း ပြိုလဲတော့သွားတော့မှာ။ ငါ မင်းကို အမှန်အတိုင်းပြောပြလိုက်ရင် မင်းလက်မခံနိုင်မှာကို ငါကြောက်တယ်"

ထိုအချိန်တွင် ကျီမိသားစု၏ အကြီးဆုံးသားမှာ မိသားစုရှိနေပြီဖြစ်သောကြောင့် အနည်းငယ်ပိုကောင်းလာသည်။ ဒါပေမယ့် သူတို့ရဲ့အငယ်ဆုံးသားမှာ ရူးသွားပုံရသည်။ သူ့သားအငယ်ဆုံးက အဖြစ်အပျက်ကို လက်မခံနိုင်ဘဲ မိုက်မဲမှုတစ်ခုခု လုပ်လိုက်မိမှာကို ကြောက်ခဲ့သည်။ သူ့ဇနီးက မျှော်လင့်ချက်နှင့် အသက်ရှင်လိုစိတ် ပျောက်ဆုံးသွားသောကြောင့် သေဆုံးသွားခဲ့သည်။

ထို့ကြောင့် သခင်ကြီးကျီက သမီးဖြစ်သူ၏ ဈာပနကို မကျင်းပရဲခဲ့ပေ။ ဒါက သူ့သားတွေအတွက်ပဲ။ သူ့သမီးကို သင်္ဂြိုဟ်တဲ့နေ့မှာ သူနဲ့ သင်းအုပ်ဆရာတစ်ယောက်ပဲ ရှိနေသည်။ ထိုနေ့တွင် သူက ဇနီးနှင့်သမီး၏ အုတ်ဂူဘေးမှာ နေ့ညမပြတ် ထိုင်နေခဲ့သည်။

All Chapters