← Chapters

အခန်း (၂၁၆)

Vol. 15 Ch. 216

အခန်း (၂၁၆)

Vol. 15 Ch. 216

ကျီလင်းချန်က ရှောင်ယွီကို လိုက်ရှာတိုင်း သူ့မှာ မျှော်လင့်ချက်တွေ အမြဲရှိနေသည်။ သို့သော် နောက်ဆုံးတွင် သူ အမြဲတမ်း စိတ်ပျက်ခဲ့ရသည်။

အချိန်ကြာလာသည်နှင့်အမျှ သခင်ကြီးကျီက ထိုကိစ္စနှင့်ပတ်သက်ပြီး ပြောတာ နည်းသည်ထက်နည်းပါးသွားခဲ့သည်။ သူ့ညီမ အသက်ရှင်နေသေးတယ်လို့ ဒုတိယသားဖြစ်သူက ထင်ထားတာကြောင့် သူ့စိတ်အခြေအနေ နည်းနည်းလေး တည်ငြိမ်နေဖို့ သူ ပိုလိုလားခဲ့သည်။ စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားလျှင် သူ လမ်းလျှောက်နေတဲ့ အလောင်းကဲ့သို့ ဖြစ်လာလိမ့်မည်။

သခင်ကြီးကျီက သူ့သားတွေအတွက် ဒါကို ခံနိုင်ရည်ရှိခဲ့သည်။ သားဖြစ်သူကို မျှော်လင့်ချက် ပေးထားပြီး စိတ်ပျက်အားငယ်မှုကိုလည်း သူကိုယ်တိုင် ခံယူခဲ့သည်။

ဒါကလည်း သူ့သားအငယ်ဆုံးကို သူ့မိသားစုကို စတင်စေချင်တဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။ ဒီလိုနဲ့ သူဆုံးပါးသွားတဲ့အချိန်ကျရင် သူ့သားအငယ်ဆုံး တစ်ယောက်တည်း နေရတော့မှာ မဟုတ်ဘူး။ သူ့မှာ အိမ်ရှိလာမယ်။ သူ့သားအကြီးဆုံးက လူလတ်ပိုင်းအရွယ်ဖြစ်နေပြီ။ ဤအရာများအကြောင်း အမှန်အတိုင်း သင်ယူဖို့ အချိန်တန်ပြီ။ သူကွယ်လွန်ပြီးနောက်တွင်၊ သူ၏ သားအကြီးဆုံးကို သူ့ဇနီးနဲ့သမီးတို့ရဲ့ သင်္ချိုင်းတွေကို ပြုစုစောင့်ရှောက်ရန် တာဝန်ပေးထားခဲ့မည်ဖြစ်သည်။

သခင်ကြီးကျီနဲ့ မြို့တော်ဝန် ကျီတို့ ညဉ့်နက်သည်အထိ စကားပြောကြသည်။ မြို့တော်ဝန် ကျီက နောက်ဆုံးတွင် သူ့အဖေ၏ ရည်ရွယ်ချက်ကောင်းများကို နားလည်ခဲ့သည်။ နီရဲနေတဲ့ မျက်လုံးများဖြင့် သူ့အခန်းသို့ ပြန်သွားခဲ့သည်။

ဖန်ချီက သူ့ကို စောင့်နေပေမယ့် သူမ အိပ်ပျော်သွားခဲ့သည်။ သူမရဲ့ ကိုယ်ဟန်အနေအထားက မပြောင်းလဲသွားပေ။ သူမ စာအုပ်တစ်အုပ်ကိုင်ထားသော်လည်း အခုတော့ အိပ်ပျော်နေပြီ။

မြို့တော်ဝန် ကျီ လမ်းလျှောက်လာကာ စောင်ကို မကာ ဇနီးဖြစ်သူကို အိပ်ရာပေါ်သို့ သယ်ဆောင်သွားခဲ့သည်။ သူနဲ့ နှစ်ပေါင်းများစွာ အတူနေခဲ့ပြီး သူ့ကိုမိသားစုတစ်ခုပေးခဲ့တဲ့ သူ့ရှေ့က အမျိုးသမီးကို ကြည့်လိုက်သည်။ သူ အပေါ်ဘက်ကို ကိုင်းပြီး နဖူးကို နမ်းလိုက်သည်။

ဖန်ချီ ချက်ချင်းနိုးလာပြီး မျက်လုံးများနီရဲနေပြီး ရောင်နေတဲ့ သူမရဲ့ခင်ပွန်းကို ကြည့်လိုက်သည်။ "ဟန်နီ၊ ဘာလို့ငိုနေတာလဲ" သူမ ချက်ခြင်းထပြီး မေးလိုက်သည်။

မြို့တော်ဝန် ကျီက ခေါင်းခါခဲ့သည်။ “မငိုပါဘူး မျက်လုံးအောက်နားကို ပိုးကောင်ကိုက်သွားလို့။ ရောင်နေတာက မနက်ဖြန်ကျရင် အရောင်ကျသွားလိမ့်မယ်။ အိပ်တော့"

ဖန်ချီက သူမယောကျ်ား ဘာမှ မပြောချင်နေကြောင်းကို သိသောကြောင့် သူမ နောက်ထပ် မေးခွန်းတွေ မမေးတော့ပေ။ သူမ ထလိုက်ပြီး သူ့အတွက် ရောင်တာ သက်သာစေဖို့ ရေခဲအိတ်သွားယူခဲ့သည်။

မြို့တော်ဝန် ကျီက ဇနီးဖြစ်သူ၏ ပေါင်ပေါ်၌ လှဲနေသည်။ သူမျက်ရည်တွေ စီးကျလာပြီး ဇနီးဖြစ်သူရဲ့ ပေါင်ပေါ်ကို စီးကျသွားတဲ့ မျက်ရည်တွေကို သူ မထိန်းနိုင်ခဲ့ပေ။ ဖန်ချီ အသည်းကွဲနေခဲ့ပေမယ့် သူမ ဘာမှ မပြောသေးပေ။ သူမ ငုံ့ပြီး သူ့ယောက်ျားကို နမ်းရုံပဲနမ်းခဲ့သည်။ သူမရဲ့ယောကျ်ားကို သူ့နည်းသူ့ဟန်နဲ့ နှစ်သိမ့်ပေးနေခဲ့သည်။

နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် ကျီလင်းချန် နံနက်စောစော ပြေးခဲ့သည်။ လမ်းမှာ သူ ကျီဝမ်ရဲ့ အိပ်ခန်းဆီသွားပြီး သူ့တူလေးကို ကုတင်ပေါ်ကနေ ဆွဲထုတ်ခဲ့သည်။

ကျီဝမ်သည် မနေ့ညက အမှောင်ခန်းထဲတွင် ပြစ်ဒဏ်မှလွတ်မြောက်ခဲ့သည်။ သူက ရှုပ်ထွေးနေတဲ့အမူအရာနဲ့ မေးလိုက်သည်။ “ဦးလေး ဘာလုပ်တာလဲ”

ကျီလင်းချန် ပြောလိုက်သည်။ "မနက်ခင်း ပြေးတဲ့လေ့ကျင့်ခန်းလုပ်မလို့ ငါနဲ့ လိုက်ခဲ့"

သူ့ဦးလေးက သူ့ကို ဒုက္ခထပ်ပေးမယ်ဆိုတာကို ကျီဝမ် ချက်ချင်းနားလည်လိုက်သည်။ သူ သူ့အဝတ်အစားတွေကိုသာ နာခံစွာလဲပြီး သူ့ဦးလေးနှင့် အပြင်ထွက်ခဲ့သည်။

နှစ်ယောက်သား အိမ်ခြံဝင်းထဲ ပြေးခဲ့ကြသည်။

ကျီလင်းချန် သတိပေးလိုက်သည်။ "ငါ အိမ်မှာ နောက်ထပ် ရက်အနည်းငယ်လောက် ရှိမှာမဟုတ်ဘူး။ မင်းရဲ့ကျောင်းကိစ္စတွေကို ဂရုစိုက်။ ဒါ့အပြင် Silver Field ကို မသွားနဲ့။ မင်း အဲဒီကို ထပ်သွားရဲရင် ငါအိမ်ပြန်လာပြီး မင်းခြေထောက်တွေကို ချိုးပစ်မှာ"

ကျီဝမ် နှုတ်ဆိတ်နေခဲ့သည်။

ကျီလင်းချန် ဆက်ပြောခဲ့သည်။ "နောက်ပြီး ဖန့်ရှောင်နွမ် ဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာနဲ့ လှုပ်ရှားမှုတွေကို နေ့တိုင်း ငါ့ဆီ သတင်းပို့ဖို့ မမေ့နဲ့"

“အဲဒါမဟုတ်ဘူး။ ဒါဆို ကျွန်တော် သစ္စာဖောက်ဖြစ်သွားမှာ မဟုတ်ဘူးလား" ကျီဝမ် ငြင်းလိုက်သည်။

ပြောပြီးသည်နှင့် ဦးလေးဖြစ်သူက သူ့ခေါင်းနောက်ကို ရိုက်ခဲ့သည်။ "သူ့ကို ကောင်းကောင်းကာကွယ်ပေးဖို့ မင်းကိုတောင်းဆိုနေတာ"

ကျီဝမ်က သူ့ခေါင်းနောက်ကို တင်းတင်းဆုပ်လိုက်ပြီး နာကျင်စွာ မျက်နှာမဲ့လိုက်သည်။ “သူ့ကို ကာကွယ်ဖို့ သူ ကျွန်တော့်ကို မလိုအပ်ဘူး။ သူက ကျွန်တော့်ကို ကာကွယ်ပေးတာနဲ့ ပိုပြီးတူနေတာ ”

ကျီလင်းချန် မေးလိုက်သည်။ "မင်းက အသုံးကောဝင်လား။ ငါပြန်လာရင် ဆရာရှာပေးမယ်။ Sanda ကို မင်းကျွမ်းကျင်အောင် သင်"

ကျီဝမ် အရှက်မဲ့စွာပြောလိုက်သည်။ "ကျွန်တော် ဒါကို သင်ရင်တောင် သူ့ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး"

ကျီလင်းချန် ရပ်လိုက်ပြီး ကျီဝမ်ကို လှည့်ကြည့်လိုက်သည်။ "မင်း ဘာမှမတတ်ချင်ဘူးလား"

ကျီဝမ် ခေါင်းယမ်းလိုက်သည်။

ကျီလင်းချန် တိတ်ဆိတ်နေခဲ့သည်။ သူက တော်တော် အသုံးမကျပေမယ့် သူက သူ့ရဲ့တူလေးဖြစ်နေသည်။ တကယ်ပဲ သူ့ကို သေအောင် မရိုက်နိုင်ဘူး။

အဲဒီနောက်မှာတော့ ကျီလင်းချန်က အိမ်ထဲပြန်မဝင်ခင် ကျီဝမ် နောက်ထပ် အနည်းငယ် ဆွဲသွားခဲ့သည်။

ဗီလာထဲမှာ ဖန့်ရှောင်နွမ် နိုးလာခဲ့သည်။ သူမနိုးလာတော့ ပထမဆုံးလုပ်ခဲ့သောအရာမှာ ခင်ပွန်းဖြစ်သူကို ရှာဖွေခြင်းဖြစ်သည်။ သူမရဲ့ ညအိတ်ဝတ်စုံနဲ့ အောက်ထပ်ကိုဆင်းလာပြီး သူမနဲ့တွေ့တဲ့သူတိုင်းကို မေးခဲ့သည်။ "ကျွန်မ ယောကျ်ားကော "

အိမ်ဖော်က ပြန်ဖြေခဲ့သည်။ “သခင်မလေးရဲ့နောက်မှာ ရပ်နေပါတယ်”

ဖန့်ရှောင်နွမ် လှည့်ကြည့်လိုက်တော့ ပြုံးနေတဲ့ သူမယောကျ်ားကို တွေ့လိုက်ရသည်။ သူက အားကစားဝတ်စုံကို ၀တ်ဆင်ထားပြီး သူ့မျက်လုံးတွေမှာလည်း ချစ်ခင်မှုအပြည့်ရှိသည်။ "ကိုယ့်ရဲ့တွယ်ကပ်တတ်တဲ့မိန်းမက ကိုယ့်ကို နေရာတိုင်းမှာလိုက် ရှာနေပြန်ပြီပေါ့ ဟုတ်လား"

ကျီလင်းချန်က ယခုအချိန်အထိ သူ့ဇနီးကိုပေးခဲ့သော နာမည်ပြောင်တိုင်းသည် အထူးသင့်လျော်ကြောင်း နားလည်သဘောပေါက်ခဲ့သည်။

ဖန့်ရှောင်နွမ်က နှုတ်ခမ်းစူပြီး သူမယောကျ်ားရဲ့ ရင်ခွင်ထဲ ပစ်ဝင်လိုက်သည်။ "ရှင် ကျွန်မကို နှုတ်မဆက်ဘဲ အလုပ်ကိစ္စနဲ့ ခရီးထွက်သွားပြီလို့ ထင်လိုက်တာလေ။ ကျွန်မ ရှင့်ကို လေဆိပ်ထိလိုက်ပို့ချင်တယ်"

“မနက်စာစားပြီးတာနဲ့ မင်း ကိုယ့်ကို နှုတ်ဆက်လို့ရပြီ ” ကျီလင်းချန် ပြောလိုက်သည်။

"ဒါဆို ကျွန်မ ရှင့်ကို လိုက်ပို့မယ်!" ဖန့်ရှောင်နွမ် ပြောလိုက်သည်။

ကျီလင်းချန် ခဏပဲ ပြုံးပြီးပြောခဲ့သည်။ "ကောင်းပြီ ဒါဆို မြန်မြန်စားမှရမယ်။ မင်း ကိုယ့်ကို လိုက်ပို့ပြီးရင် မင်း အတန်းတက်ရမှာနော်"

စားပြီးသွားသောအခါ ကျီဝမ်က ထပ်ပြီး ကား ဒါရိုက်ဘာ လုပ်ပေးရပြန်သည်။ အချစ်ငှက်လေးတွေက အနောက်ခန်းမှာ ပွေ့ဖက်နေကြသည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ယောကျ်ား၊ ရှင် ကျွန်မဆီ နေ့တိုင်း ဖုန်းဆက်ရမယ်နော်။ ရှင့်အနားမှာ ယောက်ျားလေးတွေချည်းပဲ ရှိနေပါစေ!"

ကျီလင်းချန် အမျိုးသမီးငယ်လေးကို သူ့ရင်ခွင်ထဲမှာပွေ့ဖက်ထားသည်။ “ကောင်းပါပြီ။”

ဖန့်ရှောင်နွမ် စိုးရိမ်တကြီးနဲ့ပြောလိုက်သည်။ "အမျိုးသမီးတစ်ယောက်က ရှင့်ကိုဆက်သွယ်ဖို့အချက်အလက် တောင်းခဲ့ရင် မိန်းမက ခွင့်မပြုဘူးလို့သာ ပြောလိုက်!"

ကျီလင်းချန် ပြောလိုက်သည်။ "ကိစ္စမရှိဘူး!"

ဖန့်ရှောင်နွမ် သူ့ကို သတိပေးလိုက်သည်။ "နောက်ပြီး ကျွန်မ ရှင့်အနားမှာ မရှိနေတဲ့အချိန် အရမ်းသောက်မနေနဲ့။ အမျိုးသားတွေက အရက်သောက်ပြီးသွားရင် လိင်ဆက်ဆံတာအစပြုဖို့ အလားအလာများတယ်။ အရက်အလွန်အကျွံသောက်ခဲ့တုန်းက ရှင် ကျွန်မကို နမ်းခဲ့တယ် !”

All Chapters