← Chapters

အခန်း (၂၁၇)

Vol. 15 Ch. 217

အခန်း (၂၁၇)

Vol. 15 Ch. 217

ကျီလင်းချန် ပြောစရာစကားမဲ့သွားသည်။ သူ အဲဒီနေ့က အဖြစ်အပျက်ကို ချက်ချင်းပြန်သတိရသွားသည်။ ဇနီးဖြစ်သူကို နမ်းလိုက်တာ အဲ့ဒါပထမဆုံးအကြိမ်ပဲ။ သူ အရက်မူးပြီး ဆူညံလွန်းသည်ဟု ခံစားမိသောကြောင့် သူမကို စနမ်းခဲ့သည်။ သူမကို နမ်းပြီးနောက် ခံစားချက်ကို စွဲလန်းသွားခဲ့သည်။

ကျီလင်းချန်ရဲ့ အကြည့်က လေးနက်လာသည်။ သူ သူ့ဇနီးလေးရဲ့ မျက်လုံးတွေကို ကြည့်ပြီး လေးနက်စွာ ကတိပေးခဲ့သည်။ “ကိုယ် မသောက်ဘူး”

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ရှင်ဘာသာ ပြောတာနော်။ ကျွန်မ ရှင့်ကို အမှတ်တမဲ့ စစ်ဆေးမှာ!”

ကျီလင်းချန် ခေါင်းညိတ်လိုက်သည်။

ကားမောင်းနေတဲ့ ကျီဝမ်က နေရာလွတ်သွားသလို ခံစားလိုက်ရသည်။ "အတိတ်ဘဝတုန်းက ငါ ဘာဆိုးရွားတာတွေများ လုပ်ခဲ့မိလို့လဲ။ ဒီဘဝမှာ ဘာလို့ ဦးလေးရဲ့တူလေး ဖြစ်လာရတာလဲ"

သူတို့ လေဆိပ်ကိုရောက်လာကြပြီး ကျီလင်းချန်က လုံခြုံရေးကို ဖြတ်သွားတော့မည်။

ဖန့်ရှောင်နွမ်က သူမယောကျ်ားရဲ့လက်ကို လွှတ်ပေးဖို့ ဆန္ဒမရှိဘဲ သူ့လက်မောင်းကို တင်းကျပ်စွာ ဖက်ထားသည်။ "ယောကျ်ား၊ ကျွန်မကို ပြန်ဖက်ထားပေး!"

ကျီလင်းချန် က သူ့မိန်းမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ “ရက်အနည်းငယ်နေရင် ကိုယ်ပြန်လာမှာ။ အိမ်မှာလိမ်လိမ်မာမာနေ"

ဖန့်ရှောင်နွမ် နှုတ်ခမ်းစူလိုက်သည်။ "ယောကျ်ား၊ နှုတ်ဆက်အနမ်းပေး"

ကျီလင်းချန် ပြုံးပြီး သူ့မိန်းမကို ငုံ့နမ်းလိုက်သည်။ နောက်ဆုံးတော့ သူတို့ဟာ အများသူငှာ တစ်နေရာတည်းမှာ ရှိနေတဲ့အတွက် သူမကို ခဏလောက်သာ နမ်းနိုင်ခဲ့သည်။ “အိမ်ပြန်လိုက်တော့။ နောက်ရက်အနည်းငယ်အတွက် မင်းကို ပေးချင်တဲ့ အနမ်းတွေအားလုံးကို ကိုယ်သိမ်းထားပြီး ကိုယ်ပြန်လာတဲ့အခါမှ ပို့ပေးမယ်။"

ဖန့်ရှောင်နွမ်က ကြောင်တစ်ကောင်နဲ့ ပို၍တူလာသည်။ ကျီလင်းချန်ကို သူမအနားမှာ အမြဲရှိနေစေချင်သလိုမျိုး သူမက အလွန်အမင်း တွယ်ကပ်နေခဲ့သည်။

ကျီဝမ် တကယ်ကို သည်းမခံနိုင်တော့ဘူး။ ဒီလူနှစ်ယောက်က တကယ်ကို တွယ်ကပ်နေကြတာပဲ။ အိမ်ထောင်သည်စုံတွဲတွေက တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်။

သူ ဖန့်ရှောင်နွမ်ကို ဆွဲထုတ်လိုက်သည်။ “အဲဒီလောက် မတွယ်ကပ်နဲ့။ သူ့လေယာဉ် လွတ်သွားလိမ့်မယ်။ ပြီးတော့မင်း အတန်းနောက်ကျလိမ့်မယ်!"

ထိုမှသာ ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူအား တွန့်ဆုတ်စွာ နှုတ်ဆက်ခဲ့သည်။

ကားထဲပြန်ဝင်လာတော့ ဖန့်ရှောင်နွမ်က သူမကိုယ်သူမ ခုခံခဲ့သည်။ “အား၊ နင့်ဦးလေးနဲ့ ငါက ကြင်စဦးတွေလေ။ ငါ သူနဲ့ ခွဲပြီးမနေနိုင်တာ မှန်တယ်”

ကျီဝမ် ပြောလိုက်သည်။ "ရှောင်နွမ်၊ မင်းတို့နှစ်ယောက် တစ်ရက် ခွဲနေပြီးပြီ။ အခု သူနဲ့ လုံးဝမခွဲနိုင်တော့ဘူးလား"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ငါ့ယောကျ်ားမရှိရင် ငါမနေနိုင်တာ သာမာန်ပဲလေ ဟုတ်တယ်မလား"

ကျီဝမ် ခေါင်းခါလိုက်သည်။ အချစ်က ဖန့်ရှောင်နွမ်ကို ငတုံးအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။ ဒါပေမယ့်လည်း သူမက ယခင်ကကဲ့သို့ပင် ဒေါသအိုးဖြစ်နေသေးသည်။

ကျောင်းသွားရာလမ်းတွင် ဖန့်ရှောင်နွမ် ကားပြတင်းပေါက်ကို ဖွင့်လိုက်ပြီး သူမ၏မျက်နှာကို တိုက်ခတ်လာသော အေးမြသောလေနုအေးကို ခံစားလိုက်သည်။ သူမ ရှုခင်းတွေပြေးနေကို ကြည့်ရင်း အကြာကြီး ပြုံးကာ သူမရဲ့အချစ်စစ်အကြောင်း တွေးနေမိသည်။

သူမ ရုတ်တရက် ပြုံးပြီးပြောခဲ့သည်။ "ရှောင်ဝမ်၊ ငါ့ယောကျ်ားအတွက် surprise တစ်ခု ပြင်ဆင်ချင်တယ်"

ကျီဝမ် ပြောလိုက်သည်။ "ဒါပေမယ့် ပုံမှန်အခြေအနေအရ မင်းပေးတဲ့ surprise က များသောအားဖြင့် ထိတ်လန့်စရာတွေချည်းပဲ "

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "တကယ်တမ်းပြောရရင်၊ ငါ့ယောကျ်ားက ငါ့ကို အလင်းသစ်တစ်ခုနဲ့ ကြည့်ပြီး ငါ့အတွက် သူဂုဏ်ယူအောင် ငါလုပ်မယ်ဆိုတာ သေချာတယ်"

ကျောင်းသို့ရောက်သောအခါ ဖန့်ရှောင်နွမ်က လျိုစစ်ယွီ ကို သူမ၏ စိတ်ကူးတွေကို ပြောပြခဲ့သည်။

"အာ။ နင် ကားမောင်းနည်း သင်ချင်တာလား"လျိုစစ်ယွီ အံ့သြစွာမေးလိုက်သည်။

ဖန့်ရှောင်နွမ် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ “ငါ့ယောကျ်ားက ငါ့အတွက် ကားတစ်စီးဝယ်ပေးချင်ခဲ့တာ။ အဲဒါကြောင့် ငါ ကားမောင်းနည်းကို လေ့လာချင်တယ်။ အနာဂတ်မှာ ငါ သူဝယ်ပေးထားတဲ့ ကားကိုမောင်းပြီး သူ့အလုပ်ကိုသွားကြိုပေးလို့ရတယ် ”

လျိုစစ်ယွီ ဖန့်ရှောင်နွမ်ရဲ့နဖူးကိုထိလိုက်သည်။ “နင် အဖျားလည်း မရှိပါဘူး။ နင်ဘာလို့ အဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ"

ကျီဝမ်လည်း ပြောလိုက်သည်။ “မင်း တခြားအရာတွေကိုပဲ သင်ဖို့ ကြိုးစားသင့်တယ်။ ကားတွေက မင်းအတွက် မကောင်းဘူး။ မင်း အတွေးလွန်နေတာကို ရပ်လို့မရဘူးလား!"

ဖန့်ရှောင်နွမ် အလွန်စိတ်ပိုင်းဖြတ်ခဲ့သည်။ ကားမောင်းနည်းကို သင်ယူချင်တယ်လို့ သူမ ပြောခဲ့တာကြောင့် ယခုအောင်မြင်အောင်လုပ်ဖို့ သူမ စိတ်ပိုင်းဖြတ်ထားသည်။ သူမကို ဘယ်သူမှ မတားနိုင်ပေ!

ဖန့်ရှောင်နွမ်က အရာရာတိုင်းမှာ ကောင်းမွန်သော်လည်း သူမက အနည်းငယ် စိတ်ဆက်သည်။ ၎င်းသည် သူမအား တိုက်ခိုက်ရာတွင် ကောင်းစွာ စွမ်းဆောင်နိုင်ခဲ့သော်လည်း ကားမောင်းသောအခါတွင် ပြဿနာများ ရှိလာခဲ့သည်။သူမ ကားမောင်းဖို့ ကျရှုံးပြီးနောက် လူတိုင်းက သူမကို ကားမမောင်းဖို့ အကြံပေးခဲ့သည်။ သူမ သူ့ကိုယ်သူ အတွက် တာဝန်ယူပေမယ့် လမ်းသွားလမ်းလာတွေကို တွေးနေခဲ့သည်။

ပထမတော့ လူတစ်ယောက်က သူမကို ကားမောင်းတာကို ရပ်တန့်ဖို့ အကြံပေးခဲ့သည်။ ပြီးတော့ တခြားလူအနည်းငယ်က သူမကို အကြံပေးခဲ့ကြသည်။ ခဏကြာတော့ သူမဘေးနားက လူတွေအားလုံးက အတူတူ ပြောလာကြသည်။ ဖန့်ရှောင်နွမ်သည် သူမ ကားမမောင်းနိုင်ကြောင်း ဖြေးဖြေးချင်း သိလိုက်ရသည်။ ကားမောင်းတာ အန္တရာယ်ရှိတယ်။ အချိန်ကြာလာသည်နှင့်အမျှ ကားမောင်းဖို့ သူမ ကြောက်လာသည်။

ဖန့်ရှောင်နွမ်က လက်ဝှေ့မှာ ထူးချွန်သော်လည်း ကားမောင်းရာတွင် ကျီဝမ်က သူမထက်သာလွန်ဆဲဖြစ်သည်။

ဖန့်ရှောင်နွမ်က သူမပြောထားတဲ့အတိုင်း လုပ်ခဲ့သည်။ အိမ်ပြန်ရောက်သောအခါ ကားမောင်းနည်းကို သင်ယူချင်ကြောင်း ပြောပြခဲ့သည်။

သခင်ကြီးကျီက သူ့ရဲ့ ထောက်ခံမှုကို ပြသခဲ့ပြီး ကျီဝမ်က သူ့ကို အသံတိုးတိုးဖြင့် သတိပေးခဲ့သည်။ "အဖိုး၊ ဒါကို သေချာစဉ်းစားမှရမယ်နော်။ အချိန်တန်မှ နောင်တမရနဲ့။"

သခင်ကြီးကျီ အနည်းငယ် စိတ်ရှုပ်သွားသည်။ သူ့မြေးက ဘာကိုဆိုလိုမှန်းကို သူ မသိပေ။

ကျီဝမ် ပြောလိုက်သည်။ “အဲ့တာက....…”

ဖန့်ရှောင်နွမ် အမြန်ဖြတ်ပြောလိုက်သည်။ "အဖေ၊ ကျွန်မ ကားမောင်းနည်းကို သင်ပြီးရင် kebab စားဖို့ လိုက်ပို့ပေးမယ်!"

သခင်ကြီးကျီ ပြောလိုက်သည်။ "မင်း ကားဂိုဒေါင်မှာ ဘယ်ကားကိုမဆို ရွေးလိုက်!" သူ kebabs ကို တောင့်တနေတာ ကြာပြီ။

ဖန်ချီက ဖန့်ရှောင်နွမ်ကို ထုံးစံအတိုင်း ထောက်ခံခဲ့သည်။

ညစာစားပြီးနောက် ကျီဝမ်က နည်းပြအဖြစ် ပထမဆုံးပွဲဦးထွက်ခဲ့သည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “စိတ်မပူပါနဲ့။ နင် ငါ့ကိုမဆူဘူးဆိုရင် ငါ နင့်ကိုမရိုက်ဘူး!"

ကျီဝမ် ပြောစရာစကားမဲ့သွားသည်။ “အဲ့အသံက မဟုတ်တော့ဘူး။ 'ဘူး ' ဆိုတဲ့ စကားလုံးမပါဘဲ ပြောသင့်တယ်!”

ဖန့်ရှောင်နွမ်က သူ့ကိုယ်သူ ရေရွတ်ခဲ့သည်။ "နင် ငါ့ကိုလာဆူရင် ငါ နင့်ကို ရိုက်မှာ မဟုတ်ဘူး"

ဖန့်ရှောင်နွမ်က သူမကို လှည့်စားနေမှန်း သိလိုက်သည်နှင့် သူမလက်ကို မြှောက်လိုက်ပြီး ကျီဝမ်ကို ရိုက်တော့မည်ပင်။ ကျီဝမ် လျင်မြန်စွာ ထွက်ပြေးသွားပြီး ဖန့်ရှောင်နွမ်က သူ့နောက်ကို လိုက်ခဲ့သည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "နင် လုပ်နိုင်မယ်ထင်ရင် မပြေးနဲ့!"

ကျီဝမ် ပြောလိုက်သည်။ "ငါ လုပ်နိုင်မယ်မထင်ဘူး"

ဖန့်ရှောင်နွမ် ခေါ်လိုက်သည်။ "ကျီဝမ်၊ နင်က အရိုက်ခံရဖို့ ထိုက်တန်တယ်!"

ကျီဝမ် ပြောလိုက်သည်။ " ဖန့်ရှောင်နွမ်၊ နင့်ရဲ့ သဘာဝဗီဇအမှန်ကို ထုတ်ဖော်လိုက်ပြီပဲ!"

All Chapters