← Chapters

အခန်း (၂၂၁)

Vol. 15 Ch. 221

အခန်း (၂၂၁)

Vol. 15 Ch. 221

လိုင်း၏ အခြားတစ်ဖက်တွင် အခိုက်အတန့်လောက်တိတ်ဆိတ်သွားသည်။ "အဲ့တာ ကျီဝမ် မဟုတ်လား"

ဖန့်ရှောင်နွမ် တိတ်ဆိတ်နေခဲ့သည်။ သူမ ဘာမှ မပြောခဲ့ပေ။

ကျီလင်းချန် ပြောလိုက်သည်။ "တကယ်လို့ မင်းသာဆိုရင် မင်းကိုယ့်ဆီ ချက်ခြင်းဖုန်းဆက် ပြောပြပြီးတော့ မျက်ရည်ကျအောင် တောင်းပန်လိမ့်မယ်။ မင်းက အခုအချိန်မှာ ဒီလိုအခြေအနေမျိုးမှာ ရှိမှာမဟုတ်ဘူး၊ အရမ်းအပြစ်ရှိသလိုမျိုး ဖုန်းကို မကိုင်ရဲတော့တာ"

ဖန့်ရှောင်နွမ် ပဟေဠိဖြစ်သွားသည်။ 'ဒါအမှန်ပဲလား။'

ကျီလင်းချန် ထပ်မေးလိုက်သည် " ကျီဝမ် အမှောင်ခန်းလေးကို ဝင်တိုက်မိတုန်းက မင်း ကားထဲမှာ ထိုင်နေတာလား။"

ဖန့်ရှောင်နွမ်က ကျီဝမ်ပြောတာကို တွေးပြီး မြန်မြန်ပြောလိုက်သည်။ "ကျီဝမ်က ကျွန်မ ဒဏ်ရာရမှာကို ကြောက်ပြီး ရှင် သူ့ကို ရိုက်သတ်ပစ်မှာကို ကြောက်နေတာ။ ကျွန်မကို ကားပေါ်ကနေ အရင် ဆင်းခိုင်းလိုက်တယ် "

ကျီလင်းချန် ပြောလိုက်သည်။ "ကောင်းပြီ ကိုယ် သူ့ကို မသတ်ဘူး"

ဖန့်ရှောင်နွမ်က သူတပါး အာဘော်ကိုပြန်လည်ဖောက်သည်ချပြီး သူမယောကျ်ားရဲ့ စကားများကို ကျီဝမ်ဆီသို့ စကားလုံးတစ်လုံးပြီးတစ်လုံး ပေးပို့ခဲ့သည်။

ကျီဝမ် အနည်းငယ် စူးစမ်းချင်လာသည်။ "F*ck! ငါ့ဦးလေးက နတ်ဘုရားဖြစ်ရမယ်။ မြို့ပြင်ရောက်နေတာကို သူဘယ်လိုလုပ်ပြီးသိတာလဲ”

ဖန့်ရှောင်နွမ်လည်း အနည်းငယ် စပ်စုမိသည်။ "ဟုတ်တယ်၊ သူဘယ်လိုသိတာလဲ။ သူမှန်းလို့ မရဘူး မဟုတ်လား။”

ကျီဝမ်က သူ၏ကျန်ရှိသောနေ့ရက်များကို စိုးရိမ်သောကဖြင့် ဖြတ်သန်းခဲ့သည်။

သိပ်မကြာခင်မှာပဲ ကျီမိသားစုရဲ့ မိသားစုဆရာဝန်ရောက်လာခဲ့သည်။

သခင်ကြီး ကျီက ဆရာဝန်ဝင်လာတာကိုမြင်တော့ အလျင်အမြန် ပြောလိုက်သည်။ “ဒီကလေးနှစ်ယောက် ကားတိုက်မှုဖြစ်သွားတာ။ အထူးသဖြင့် အဲ့မိန်းကလေးကို အမြန်စစ်ဆေးပေး။ သူက ကျီလင်းချန်ရဲ့အမျိုးသမီး။ သူ့မှာ တစ်ခုခု အမှားအယွင်းရှိရင် လင်းချန် သူပြန်လာတဲ့အခါ ငါတို့အားလုံးကို တာဝန်ယူခိုင်းမှာ”

ဆရာဝန်က ဖန့်ရှောင်နွမ်ကိုကြည့်လိုက်သည်။ ဖန့်ရှောင်နွမ်လည်း ဆရာဝန်ကိုကြည့်ဖို့ ခေါင်းကို မော့လိုက်သည်။ သူမ အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်။

စစ်ဆေးမှုအပြီးတွင် နှစ်ဦးစလုံး အဆင်ပြေကြောင်း ဆရာဝန်က တွေ့ရှိခဲ့သည်။ လူတိုင်း စိတ်သက်သာရာ ရသွားကြသည်။

ဒါပေမယ့်လည်း ယာဉ်တိုက်မှုကြောင့် သူတို့ ထိတ်လန့်နေဆဲပင်။

ထို့အတွက်ကြောင့် ဖန့်ရှောင်နွမ်ကိုလည်း ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။

"အဖေ၊ အစ်ကို၊ ယောက်မ၊ ကျွန်မ ရှောင်ဝမ်နဲ့ ကျောင်းလိုက်သွားလိုက်မယ်" ဖန့်ရှောင်နွမ် နံနက်စာစားပြီးနောက် ကျောင်းလွယ်အိတ်ကိုယူကာ တံခါးဝမှာ ဖိနပ်စီးခဲ့သည်။

သခင်ကြီး ကျီက လမ်းလျှောက်တုတ်ဖြင့် လျင်မြန်စွာ ပြေးလာသည်။ လမ်းလျှောက်တုတ်က လက်တွေ့တွင် အသုံးမဝင်ပေ။ "ခဏလေး ၊ ကားသမားက ဒီနေ့ မင်းကိုကျောင်း လိုက်ပို့ပေးလိမ့်မယ်"

ဖန့်ရှောင်နွမ်နဲ့ ကျီဝမ်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “အဖေ၊ ကားမောင်းသမားကို ဒုက္ခပေးစရာ မလိုပါဘူး။ ရှောင်ဝမ်က အရမ်းစိတ်ချရတဲ့ ကားမောင်းတဲ့သူပါ”

ကျီဝမ် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

သခင်ကြီးကျီ ခေါင်းခါလိုက်သည်။ မကြာသေးမီက ယာဉ်တိုက်မှုဖြစ်ပြီးနောက် ၎င်းတို့နှစ်ဦးကို ဘယ်လိုပဲဖြစ်ဖြစ် ကားမောင်းခွင့်မပြုနိုင်ပေ။ “မရဘူး၊ မင်း ကားမောင်းတာကို ငါ စိတ်မချမ်းသာဘူး။ ခဏလေးစောင့်။ကားမောင်းသမား မကြာခင် ဒီရောက်လာလိမ့်မယ်။”

ဖန့်ရှောင်နွမ်နဲ့ ကျီဝမ်တို့ ဆန့်ကျင်ခဲ့ကြသည်။ ကျီဝမ်သည် ကားသော့ကို တိတ်တဆိတ် ခိုးယူကာ ထွက်ပြေးသွားချင်ခဲ့သည်။

"ကျီဝမ် မင်း ပြေးရဲသေးလား!" သခင်ကြီးကျီက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ကျီဝမ်သည် နာခံစွာဖြင့် မတ်တပ်ရပ်ကာ လှည့်ကြည့်ပြီး သခင်ကြီးကျီအား တောင်းပန်ခဲ့သည်။ “အဖိုး ၊ အဲဒါ မတော်တဆမှုတစ်ခုပါပဲ။ အဲဒါ မနေ့က ဖြစ်တာလေ။ ဒီနေ့ ဘာမှဖြစ်မဖြစ်ပါဘူး။ ရေးကြီးခွင်ကျယ်လုပ်မနေပါနဲ့။ ကျွန်တော့် တစ်သက်လုံး ကားမောင်းတာကို ရှောင်လွှဲလို့ မရနိုင်ဘူး။”

ကျီဝမ်သည် ကျီ မိသားစုတွင် တစ်ဦးတည်းသော ကလေးဖြစ်သောကြောင့် သခင်ကြီးကျီက ဘယ်အန္တရယ်မှမဖြစ်စေချင်ပေ။

ထို့နောက် မြို့တော်ဝန် ကျီ ရောက်လာသည်။ " ရှောင်နွမ် နဲ့ ရှောင်ဝမ် ငါနဲ့လိုက်ခဲ့။ မင်းတို့ကို ကျောင်းမှာချခဲ့ပေးမယ်။ လမ်းကြောင်းလည်း တည့်နေတာပဲ ”

သခင်ကြီးကျီက ပြောလိုက်သည်။ “ကောင်းပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ကို ကားမောင်းခွင့်မပေးနိုင်ဘူး!”

ထို့နောက်တွင် ဖန့်ရှောင်နွမ်က မြို့တော်ဝန်ကျီ၏ ကားထဲမှာထိုင်ခဲ့ပြီး သူက သူတို့အား ကျောင်းသို့ ပို့ပေးခဲ့သည်။

လျိုစစ်ယွီနဲ့ လျိုစစ်ယန်တို့က ကျောင်းဂိတ်ပေါက်တွင် စကားပြောနေကြသည်။

နှစ်ပေါင်းများစွာ အတွေ့အကြုံများကို အခြေခံ၍ ကျီဝမ်က ကောက်ချက်ချခဲ့သည်။ "စစ်ယွီနဲ့ သူ့အစ်ကို ရန်ဖြစ်နေကြပြီ"

ဖန့်ရှောင်နွမ်ခေါင်းညိတ်သဘောတူခဲ့သည်။ " ရှောင်ယွီ က အစ်ကို လျိုကို စိတ်ဆိုးအောင် လုပ်လိုက်တဲ့ပုံပဲ"

"မင်းတို့ ဘယ်သူ့အကြောင်း ပြောနေကြတာလဲ" မြို့တော်ဝန် ကျီက စိတ်ဝင်တစား မေးလိုက်သည်။

ဖန့်ရှောင်နွမ်က ကျောင်းဂိတ်ပေါက်ရှိ အဖြူရောင်ဆွယ်တာအင်္ကျီနှင့် ခရမ်းရောင်စကတ်ဝတ်ထားသည့် မိန်းကလေးကို လက်ညှိုးထိုးပြလိုက်သည်။ "ကျွန်မတို့ သူ့အကြောင်းပြောနေတာ!"

မြို့တော်ဝန် ကျီ တချက်ကြည့်လိုက်သည်။ လျိုစစ်ယွီ ရဲ့မျက်နှာကိုမြင်တော့ သူက ပြုံးပြီးပြောလိုက်သည်။ "သူက မင်းနဲ့ ရှောင်ဝမ်တို့ အိမ်မှာ ခဏခဏပြောလေးရှိတဲ့ မိန်းကလေးလား"

ကျီဝမ်ပြောလိုက်သည်။ “သူပဲ၊ သူ့အဖေနဲ့ အဖေတို့က လုပ်ဖော်ကိုင်ဖက်တွေလေ”

မြို့တော်ဝန် ကျီသည် လှပတဲ့ ကလေးမလေးကို ကြည့်ပြီး နားမလည်နိုင်သော ရင်းနှီးမှုကို ခံစားလိုက်ရသည်။ သူ ပြောလိုက်သည်။ "သူက ရှောင်နွမ်လို ထက်မြက်တဲ့ ကလေးမလေး နဲ့တူတယ်။ သူအသက်ဘယ်လောက်ရှိပြီလဲ"

“ကျွန်မတို့ သုံးယောက်လုံးက အသက် အတူတူပဲ” လို့ ဖန့်ရှောင်နွမ် ပြောလိုက်သည်။

မြို့တော်ဝန်ကျီက ကလေးမလေးအား အချိန်အတော်ကြာ ကြည့်နေခဲ့သည်။

“အဖေ၊ သူ့ကို မကြည့်နဲ့။ အဖေ ဘယ်လိုပဲတွေးနေပါစေ သူနဲ့ကျွန်တော် တွဲမှာမဟုတ်ဘူး” ကျီဝမ် ပြောလိုက်သည်

မြို့တော်ဝန် ကျီ ခေါင်းယမ်းလိုက်သည်။ “ဒီကောင်မလေးက အရမ်းတော်တယ်။ မင်းက သူနဲ့ မထိုက်တန်ဘူး။"

ကျီဝမ် ပြောစရာစကားမရှိဖြစ်သွားသည်။ 'သူ့မှာ အခွင့်အရေးရှိရင် သူ့မိဘတွေကို DNA စမ်းသပ်မှုလုပ်လိုက်မှာ သေချာတယ်။ သူလုပ်ကိုလုပ်ရမှာ။'

နှစ်ယောက်သား ကားပေါ်မှ ဆင်းကာ မြို့တော်ဝန် ကျီ ထွက်ခွာသွားတာကို စောင့်ကြည့်နေခဲ့ကြသည်။ သူ့အစ်ကိုနဲ့ ရန်ဖြစ်နေတဲ့ မိန်းကလေးကို တွေ့ဖို့ သွားလိုက်ကြသည်။

လျိုစစ်ယွီက သူမရဲ့ သူငယ်ချင်း နှစ်ယောက်ကို တွေ့ပြီး အစ်ကိုဖြစ်သူအား အလျင်စလို ပြောလိုက်သည်။ “အစ်ကို၊ ဒီအကြောင်းကို ထပ်မပြောနဲ့တော့။ ရှောင်နွမ်နဲ့ ရှောင်ဝမ်တို့ ဒီကိုလာနေကြပြီ။ အစ်ကိုထပ်ပြောရင် ညီမကိုအရှက်ရစေလိမ့်မယ်"

လျိုစစ်ယန်လည်း မဝေးလှသောနေရာမှ လူနှစ်ယောက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ သူ့ဒေါသကို ထိန်းပြီးပြောလိုက်သည်။ "လျိုစစ်ယွီ ၊ မင်း ငါ့နောက်ကွယ်မှာ ကျန်းကျစ်ရှန်းနဲ့ တိတ်တိတ်လေး စကားပြောနေတယ်ဆိုရင် ငါ မင်းကို တကယ်ရိုက်မယ်!"

All Chapters