← Chapters

အခန်း (၂၂၂)

Vol. 15 Ch. 222

အခန်း (၂၂၂)

Vol. 15 Ch. 222

လျိုစစ်ယွီ ခေါင်းညိတ်လိုက်သည်။ သူမ သူ့အစ်ကိုရဲ့ခါးကို လက်ဖြင့် တွန်းလိုက်သည်။ “အစ်ကို၊ အလုပ်သွားတော့။ ညီမ နောက်ကျတော့မယ် သွားတော့ ဘိုင်း။ လမ်းမှာ ဂရုစိုက်ဦး...မပျောက်သွားစေနဲ့။ Bah၊ အလုပ်ကိုအန္တရယ်ကင်းကင်းနဲ့မရောက်ပါစေနဲ့။" သူမ တွေးနေတာတွေကို အမှတ်တမဲ့ ပြောလိုက်မိသွားသည်။

လျိုစစ်ယန်က သူ့ညီမ၏ နဖူးကို လက်ညိုးနဲ့ထိုးလိုက်သည်။ "မင်း ငါ့ကို ပျောက်သွားစေချင်နေတာ မဟုတ်လား"

လျိုစစ်ယွီ အမြန်ငြင်းလိုက်သည်။ "ဒါက ဘယ်လိုဖြစ်မှာလဲ။ အစ်ကိုက ညီမရဲ့အစ်ကိုအရင်းပဲ။ အစ်ကိုပျောက်မသွားနိုင်ပါဘူး။ အစ်ကိုပျောက်ရင် ညီမကို ဘယ်သူက ဆူတော့မှာလဲ။ ညီမကို အပြစ်ပေးမယ့်သူ ရှိမှာမဟုတ်တော့ဘူး။ ညီမကို ပညာပေးမယ့်သူ ရှိမှာမဟုတ်တော့ဘူး။ အစ်ကိုပျောက်သွားရင် ညီမရဲ့ဆွဲဆောင်မှုအရှိဆုံး မင်းသားလေးက ညီမဆီကိုတောင်ရောက်လာလိမ့်မယ်။ ဒါကြောင့် ညီမကို တစ်သက်လုံး single အဖြစ် နေနိုင်စေဖို့အတွက် အစ်ကိုပျောက်မသွားနိုင်ပါဘူး!"

လျိုစစ်ယန် ပြောစရာစကားမဲ့သွားသည်။ သူ့ညီမရဲ့ ပုတ်ခတ်ပြောဆိုမှုက တော်တော်လေးကိုကောင်းသည်။

သူ လျိုစစ်ယွီရဲ့ပါးဖျစ်လိုက်သည်။ “မင်းက ငါ့ညီမ။ တခြားသူရှိလာခဲ့ရင် ငါ မင်းကို နှောင့်ယှက်မှာ မဟုတ်ဘူး!"

လျိုစစ်ယွီပြောလိုက်သည်။ "ညီမတို့မှာ မိသားစု လေးယောက်ရှိတယ် ပြီးတော့ အစ်ကိုက ညီမရှေ့မှာ ပြနေတာ"

ထိုစကားကို ပြောပြီးနောက် အစ်ကိုဖြစ်သူက သူမရဲ့ ခေါင်းကို ထပ်ပြီးရိုက်လိုက်ပြန်သည်။

ဖန့်ရှောင်နွမ် သူမကိုကြည့်ရင်း ခေါင်းခါလိုက်သည်။ " ရှောင်ဝမ် နင်က ရှောင်ယွီနဲ့ တော်တော်တူတယ်လို့ နင်ထင်မိလား"

ကျီဝမ် မေးလိုက်သည်။ "ငါက သူနဲ့ ဘယ်လိုတူတာလဲ"

ဖန့်ရှောင်နွမ် ပြန်ဖြေလိုက်သည်။ "နင်က သူနဲ့တူပေမယ့် နင့်ပါးစပ်က ဆိုးတယ်!"

ကျီဝမ် ဒါကို မချေပနိုင်ခဲ့ပေ။ အမှန်တရားဖြစ်ပုံရသည်။

ထို့နောက် လျိုစစ်ယန် ထွက်သွားခဲ့သည်။ သူ မသွားခင်မှာ သူ သတိပေးခဲ့သည်။ “ဒီနေ့ မင်းကို လာကြိုမယ်။ အဖိုးအတွက် ချိုင်းထောက်သွားဝယ်ရအောင်။ ကျောင်းမှာ ကိုယ့်ဘာသာကိုယ် လိမ်လိမ်မာမာနဲ့နေ ”

ကားက မောင်းထွက်သွားခဲ့သည်။ နောက်ဆုံးတော့ သူတို့ သုံးယောက် ဆုံသွားကြသည်။

" စစ်ယွီ မင်း ဒီတစ်ခါဘာလုပ်လိုက်လို့လဲ။ မင်းအစ်ကို ကျောင်းဂိတ်ပေါက်ဝအထိ lecture ပေးနေတာကို မင်းစိတ်ဆိုးနေတာလား" ကျီဝမ် စိတ်ဝင်တစား မေးလိုက်သည်။

လျိုစစ်ယွီ ဒေါသတကြီးနဲ့ပြောလိုက်သည်။ “သူက ငါ့ကိုရည်းစားထားခွင့် မပေးဘူး။ ဒီနှစ် ငါ့ အသက် ၂၀ ပြည့်ပြီ။ အသက် ၂၀ ပြည့်ပြီဟ! ငါ အရွယ်ရောက်တာ နှစ်နှစ်ပြည့်ပြီ။ သူက Single ဆိုတော့ ငါ့ကို ရည်းစားခွင့်မပေးဘူး!"

ဖန့်ရှောင်နွမ် သူမကိုင်ထားတဲ့ စာအုပ်ကို ကျီဝမ်ရဲ့လက်ထဲ ထည့်ပေးလိုက်ပြီး လျိုစစ်ယွီလည်း အလားတူပင်။

ကျီဝမ် ပြောစရာစကားပျောက်ရှသွားသည်။

ထို့နောက် ညီအစ်မနှစ်ယောက်သား သူ့ရှေ့ကိုလျှောက်ပြီး လက်ချင်းတွဲသွားကြသည်။ "နင့် အစ်ကို ကျန်းကျစ်ရှန်း အကြောင်း တစ်ခုခုပြောနေတာ ကြားလိုက်တယ်။ နင် ဘာလုပ်လိုက်လို့လဲ"

လျိုစစ်ယွီ သက်ပြင်းချလိုက်သည်။ “ငါ WeChat အကောင့်အသစ်ကို ခိုးဖွင့်ခဲ့တာ။ အစ်ကို မသိဘူးလို့ ငါ ထင်ခဲ့တာပေါ့။ အဲဒီ့နေ့မှာပဲ ငါ သူနဲ့တွေ့ဖို့ ရဲစခန်းကိုသွားပြီး အဆက်အသွယ်လုပ်ဖို့ အပြန်အလှန်ပေးကြတာ။ ရက်အနည်းငယ်ကြာအောင် စကားစမြည်ပြောပြီး နောက်ဆုံးမှာတော့ အစ်ကို သိသွားတယ်လေ။ ဒီမနက် အိပ်ရာက နိုးလာတော့ သူက ငါ့ကို စပြီး ဆူနေတော့တာပဲ"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ငါ့မှာ အစ်ကိုမရှိတာ ကောင်းသွားတယ်"

လျိုစစ်ယန် ရဲစခန်းသို့ရောက်ပြီးနောက် သူဝင်လိုက်သည်နှင့် "ကျန်းကျစ်ရှန်း ဘယ်မှာလဲ" လို့ ဒေါသတကြီးမေးလိုက်သည်။

ကျန်းကျစ်ရှန်း လန့်ပြီး အသံမထွက်ရဲပေ။

တစ်စုံတစ်ယောက်က သူ့ဦးတည်ရာကို ညွှန်ပြခဲ့ပြီး လျိုစစ်ယန် က တိုက်ရိုက် လျှောက်လာခဲ့သည်။ သူ ကျန်းကျစ်ရှန်းရဲ့ ကော်လာကို ဆုပ်ကိုင်လိုက်သည်။ "လေ့ကျင့်ဖို့ ငါနဲ့လိုက်ခဲ့!"

အခြားရဲအရာရှိတွေက ကျန်းကျစ်ရှန်း အတွက် ဤအခိုက်အတန့်ရဲ့ တိတ်ဆိတ်မှုကို စောင့်ကြည့်နေကြသည်။

ကျန်းကျစ်ရှန်း ပြောလိုက်သည်။ "ဆရာ ကျွန်တော် ဒီနေ့ နေမကောင်းဘူး။ ကျေးဇူးပြုပြီး တခြားတစ်ယောက်ယောက်ကို ဆရာနဲ့အတူ လေ့ကျင့်ခိုင်းလိုက်ပါလား"

လျိုစစ်ယန်ရဲ့အမူအရာမှာ ဒေါသထွက်လာသည်။ “ငါ့ညီမကို 'မွ' လို့ ပြောတုန်းက နေမကောင်းဘူးလို့ ဘာလို့ မပြောလိုက်တာလဲ။ ငါ့ညီမဆီ 'Love You' ဆိုတဲ့ အီမိုဂျီပို့ရတာကို ပင်ပန်းနေတာလား။ မင်းမှာ emoji တွေအများကြီးရှိတယ်။ မင်းက တော်တော်စကားပြောနိုင်တာပဲ။ မင်းက ငါ့ညီမကိုတောင် ကျောင်းသွားကြိုနေတာ။ သူက မင်းအတွက် အရမ်းကောင်းလွန်းတယ်။ မင်းကိုယ်မင်း ဘယ်သူလို့ထင်တောလဲ!"

ကျန်းကျစ်ရှန် အလွန်တုန်လှုပ်သွားသည်။ 'F*ck၊ သူသိသွားပြီ'

"ဆရာ ရှောင်ယွီနဲ့ ကျွန်တော်က တစ်ယောက်ကိုတစ်ယောက် အရမ်းသဘောကျနေကြတာပါ!"

သူစကားပြောပြီးသည်နှင့် လျိုစစ်ယန်က ကျန်းကျစ်ရှန်းကို ကန်ကျောက်ပြီး ပျံသန်းစေလိုက်သည်။

ကျန်းကျစ်ရှန်း လေ့ကျင့်ရေးကွင်းထဲ လဲကျသွားသည်။ ပြန်မထနိုင်တော့တဲ့အထိ အရိုက်ခံရတာကို သတိရသွားသည်။ ဖြစ်ပျက်သွားတဲ့ နေရာကို ကြည့်လိုက်ရုံနဲ့ သူ့တစ်ကိုယ်လုံး နာကျင်သွားသည်။ “ဆရာ၊ ကျွန်တော် သူ့ကို ထပ်ပြီးမပိုးပန်းတော့ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အဆက်အသွယ် အချက်အလက်တွေကို အခုချက်ချင်းဖျက်ပစ်လိုက်ပါ့မယ်"

လျိုစစ်ယန် သူ့လက်သီးတွေကို ဆုပ်ထားပြီး လက်ဆစ်တွေကိုချိုးလိုက်သည်။ မြေပြင်ပေါ်တွင် လဲလျောင်းနေတဲ့ လူကိုကြည့်ကာ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

မိနစ်အတော်ကြာပြီးနောက် လျိုစစ်ယန် ထွက်လာပြီး ရှိုးကြည့်ရန် အပြင်ဘက်တွင် စောင့်ဆိုင်းနေသော လက်အောက်ငယ်သားတစ်စုကို တွေ့လိုက်ရသည်။ ထို့နောက် ဒေါသတကြီးအော်လိုက်သည်။ “အခု အစည်းအဝေးလုပ်မယ်”

အားလုံးက အစည်းအဝေးခန်းထဲကို ချက်ချင်း ပြေးသွားကြသည်။ ကျန်းကျစ်ရှန်းကလွဲလို့ တခြားလူတိုင်း လာတက်ကြသည်။ မှုခင်းဆရာဝန်တောင် ရောက်လာသည်။

"ဗိုလ်ကြီး၊ ဒီနေ့ အစည်းအဝေးအတွက် အစည်းအဝေးအစီအစဉ်က ဘာလဲ" ရဲအရာရှိငယ်တစ်ဦးက မေးလိုက်သည်။

လျိုစစ်ယန် အသက်ပြင်းပြင်းရှူပြီး စားပွဲပေါ်လက်ကို ဖိလိုက်သည်။ သူလှည့်ပတ်ကြည့်လိုက်သည်။ "မင်းတို့အထဲမှာ ဘယ်သူ့ဆီမှာ ညီမလေးရှိလဲ။ အသက် ၂၈ နှစ်အောက်နဲ့ အသက် ၁၈ နှစ်အထက်ဖြစ်ရမယ်။ Single ဖြစ်ရမယ်။ ရှိရင်လက်မြှောက်"

လူတိုင်း အံ့ဩသွားကြသည်။ "ဗိုလ်ကြီး ဘာလုပ်မလို့လဲ"

လျိုစစ်ယန် ပြောလိုက်သည်။ "ငါ ကျန်းကျစ်ရှန်းကို တခြားတစ်ယောက်နဲ့ မိတ်ဆက်ပေးမို့ "

လူတိုင်း ပြောစရာစကားမဲ့သွားကြသည်။

ထိုအချိန်တွင်၊ ကျန်းကျစ်ရှန်းက မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး မျက်နှာကျက်ကို ငေးကြည့်နေမိသည်။ သူ့ စိတ်ထဲ၌လျိုစစ်ယန်က နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း ပြောခဲ့သည်။ သူ လျိုစစ်ယွီကို မလိုက်နိုင်တော့ပေ။ သူ့မှာ အသက်တစ်ချောင်းပဲရှိတယ်။ သူ့အသက်အတွက် စစ်ယွီနဲ့ ခပ်ဝေးဝေးမှာနေရမည်။

All Chapters