← Chapters

အခန်း (၂၂၄)

Vol. 15 Ch. 224

အခန်း (၂၂၄)

Vol. 15 Ch. 224

ဖန့်ရှောင်နွမ် ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ “အဆင်ပြေပါတယ်။ ငါ့ယောကျ်ား ကျောင်းက ဆရာတွေထက် အများကြီး ပိုတော်တယ်။ စာမေးပွဲမဖြေခင် စာကူလုပ်ခိုင်းလိုက်မှာပေါ့။ ဒါဆိုရင် ကျိန်းသေပေါက် ငါကျမှာ မဟုတ်ဘူး။ ရှောင်ဝမ်၊ နင့်ဦးလေးအိမ်ပြန်ရောက်ရင် နင့်ဘာလုပ်မှာလဲ။ နင့်အတွက် အခေါင်းကောင်းကောင်းတစ်ခု ငါပြင်ပေးထားရမလား"

ကျီဝမ် လျိုစစ်ယွီကို ပြောလိုက်သည်။ "စစ်ယွီ၊ ငါ့ကို ကူညီပါဦး။ မင်းအိမ်ပြန်ရောက်ရင် မင်းအစ်ကိုကို တစ်ခုခုမေးပေးဦး။ တူဖြစ်သူက သူ့ဦးလေး ရိုက်နှက်တာကိုခံရရင် သူ့ဦးလေးကို ပြစ်မှုအတွက် သူ့ကိုအသက်ပေးခိုင်းလို့ရလားလို့ "

လျိုစစ်ယွီ ပြောလိုက်သည်။ “ပြဿနာမရှိဘူး။ ငါသိရရင် နင်ကိုပြောပြမယ်"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ရှောင်ယွီ၊ ငါ့ကိုကူမေးပေး။ လူသတ်မှုကို ကျူးလွန်တဲ့သူကို ကာကွယ်ရင် ထောင်ထဲမှာ ဘယ်နှစ်နှစ်နေရမလဲလို့”

လျိုစစ်ယွီ ပြောလိုက်သည်။ "နင်တို့မိသားစုမှာ ဘယ်သူ့ကိုမှသာမန်ဖြစ်နေတယ်လို့ ငါ မထင်ဘူး"

တစ်ယောက်က သေအောင်အရိုက်ခံရတော့မှာ၊ နောက်တစ်ယောက်က လူသတ်တာကို ကာကွယ်ချင်နေတယ်။ လျိုစစ်ယွီ သူမ၏ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်က အနည်းငယ် ကြောက်စရာကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

အတန်းပြီးတဲ့နောက် လျိုစစ်ယန်က ကျောင်းဂိတ်ပေါက်ဝသို့ ရောက်လာသည်။ သူ လျိုစစ်ယွီကို ကြိုပြီး ထွက်သွားသည်။

ကျီဝမ် သက်ပြင်းချလိုက်သည်။ "အစ်ကို လျို က အရမ်းတင်းကြပ်တာပဲ။ စစ်ယွီတော့ သူ့တစ်ဘဝလုံး ရည်စားထားဖို့ကို မေ့သွားနိုင်တယ်။”

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ငါ သူတို့ကို ဂရုမစိုက်ဘူး။ မြန်မြန်အိမ်ပြန်မယ်။ ငါ ကားမောင်းလေ့ကျင့်ရဦးမယ်!"

သူတို့နှစ်ယောက် အိမ်ပြန်ရောက်တော့ ကားဂိုဒေါင်ထဲက ကားတွေအားလုံး မရှိတော့ပေ။

ကားတွေကကော။ ဖန့်ရှောင်နွမ် သခင်ကြီးကျီကို မေးလိုက်သည်။ “အဖေ၊ ကျွန်မတို့ ကားဂိုဒေါင်ထဲက ကားတွေကော ”

သခင်ကြီး ကျီ ပြောလိုက်သည်။ "ငါဖွက်ထားတယ်"

အားလုံး တိတ်ဆိတ်သွားကြသည်။

သခင်ကြီးကျီက အနည်းငယ် ရှက်သွားတာကြောင့် ရှင်းပြလိုက်သည်။ “အာ ရှောင်နွမ်၊ ငါနဲ့ တီဗီလာကြည့်။ တီဗီက ကားမောင်းတာထက် ပိုစိတ်ဝင်စားဖို့ကောင်းတယ်။”

ဖန့်ရှောင်နွမ် နှုတ်ခမ်းစူလိုက်သည်။ “တီဗီ မကြည့်ချင်ဘူး။ ကားမောင်းနည်း လေ့လာချင်တာ"

သခင်ကြီးကျီက ချန်နယ်ကို ပြောင်းလိုက်ပြန်သည်။ “မြန်မြန်၊ ငါနဲ့ အမေရိကန် ဒရာမာဇာတ်ကား လာကြည့်။ မင်းရဲ့ အင်္ဂလိပ်စကားပြောကိုလည်း လေ့ကျင့်လို့ရတာပေါ့။ ဒီဒရာမာက မဆိုးဘူး။ ဒီမှာ ပြင်းထန်တဲ့ အလှတရားရှိပြီး မင်းအတွက် အထူးသင့်တော်တယ်"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "အဲ့တာ မကြည့်ချင်ဘူး"

သခင်ကြီး ကျီ ပြောလိုက်သည်။ "ငါတို့ ကိုရီးယားဒရာမာကားကြည့်ကြမလား။ ဒီလို ချိုမြိန်တဲ့ အချစ်ဒရာမာကားတွေကို မိန်းကလေး တော်တော်များများ ကြိုက်ကြတယ်မလား”

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ကျွန်မ စိတ်မဝင်စားဘူး"

သခင်ကြီးကျီ လက်မလျှော့ခဲ့ပေ။ “ဂျပန်ဒရာမာကားတွေကို ဘာလို့မပြောင်းကြည့်ရမှာလဲ။ ဂျပန်ဒရာမာတွေက အရမ်းကောင်းတယ်။”

ဖန့်ရှောင်နွမ် ပြန်ဖြေလ်ုက်သည်။ "မကြည့်ဘူး"

သခင်ကြီးကျီ ချန်နယ်ကို ပြောင်းလိုက်ပြန်သည်။ “ထိုင်းဒရာမာတွေက ကောင်းတယ်၊ ဒါတွေအားလုံးက ထိမ်းမြားလက်ထပ်တာနဲ့ ဆိုင်တယ်။ မင်းနဲ့လင်းချန်းတို့လည်း အလားတူအရာတစ်ခုကို ဖြတ်သန်းခဲ့ကြတာပဲ။ မင်းတို့နှစ်ယောက်မှာ တူတာတွေ အများကြီးရှိတယ်လေ ဟုတ်တယ်မလား။"

ဖန့်ရှောင်နွမ် တီဗီကို ပိတ်လိုက်သည်။ “အဖေ၊ ရည်းစားမထားခင် အတွဲတွေ လက်ထပ်တာကို တကယ်ကြည့်ချင်တယ်ဆိုရင် တီဗီဖွင့်ဖို့ လိုသေးလား။ ကျွန်မနဲ့ ကျွန်မယောကျ်ားကိုပဲ စောင့်ကြည့်နေ။ အဖေ့အတွက် သရုပ်ဆောင်ပေးမယ်။ ဒါပေမယ့် အဖေ ကျွန်မကို ကားပြန်ပေးရမယ်။ ကျွန်မ ကားမောင်းလေ့ကျင့်ရမယ် မဟုတ်ရင် ကျွန်မယောက်ျားကို surprise လုပ်လို့ မရတော့ဘူး!”

သခင်ကြီးကျီ နောက်ဆုံးတွင် သူ၏ မှန်ကန်သော အတွေးအမြင်များကို ထုတ်ပြောခဲ့သည်။ "ကားမောင်းနေရင်း တစ်ခုခုဖြစ်သွားမှာကို ငါစိုးရိမ်တယ်။"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ကျွန်မက အဲ့လောက်မဆိုးပါဘူး"

သခင်ကြီးကျီက စိတ်လျှော့ဖို့ ငြင်းဆန်ခဲ့သည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ပုဇွန်ထုပ်အမြီး!"

သခင်ကြီးကျီက ဂုဏ်ယူစွာဖြင့် လှည့်သွားသည်။ "ငါက အချိန်တိုင်းစားနေတဲ့လူလို့ မင်းထင်နေတာလား"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ပုဇွန်ထုပ်အမြီးနှစ်ခု!"

“မင်းက ငါ့ကို အစားနဲ့ လာဘ်ထိုးဖို့ ကြိုးစားနေတာပဲ။ မင်း ငါ့ကို အထင်သေးနေတာလား။" သခင်ကြီးကျီပြောလိုက်သည်။

ဖန့်ရှောင်နွမ် လက်ငါးချောင်းကို ဆန့်ထုတ်လိုက်သည်။ "ပုဇွန်အမြီးငါးခု၊ ဘာဘီကျူးကော၊ ပူစပ်စပ်ဟင်းတစ်ခွက်။ ဒါတွေအားလုံးလိုချင်ရင် ကျွန်မကို ကားပေး။ မဟုတ်ရင် ကျွန်မကိုယ်တိုင် ကားဝယ်လိုက်မှာ။ ကျွန်မယောက်ျားက ပိုက်ဆံအများကြီး ပေးထားတယ် ဒါပေမယ့် ကျွန်မ ခုထိမသုံးရသေးဘူး!"

သခင်ကြီးကျီ အဲဒါကို စဉ်းစားလိုက်သည်။ “hot pot ပူပူစပ်စပ်လေးကော …”

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "သဘောတူတယ်!"

သက်သေအဖြစ် နှစ်ယောက်သား high-five လုပ်ပြီး ခဏအကြာတွင် အိမ်ထိန်းက ကားသော့တွေကို ဖန့်ရှောင်နွမ်အား ပေးလိုက်သည်။ "ဒုတိယသခင်မလေး မင်းသတိထားရမယ်နော်"

"စိတ်မပူပါနဲ့ ကျွန်မ သိပါတယ်။" ဖန့်ရှောင်နွမ် ပျော်ရွှင်စွာဖြင့် ကားသော့ကို ယူကာ သူမနှင့်အတူ ကားမောင်းလေ့ကျင့်ဖို့ ကျီဝမ်ရဲ့ ကော်လာကို ဆောင့်ဆွဲလိုက်သည်။

ဖန်ချီ အနည်းငယ် စိုးရိမ်နေတာကြောင့် သူမနောက်သို့ လိုက်သွားခဲ့သည်။

သခင်ကြီးကျီ က ဆိုဖာပေါ်တွင် ထိုင်ကာ တုံ့ဆိုင်းနေသည်။ 'ငါ ဘယ်ဟာ အရင်စားရမလဲ'

မြို့တော်ဝန် ကျီ အလုပ်က ပြန်လာပြီးနောက် သူ့ခယ်မ ကားမောင်းလေ့ကျင့်တာကို ကြည့်ဖို့ အိမ်နောက်ဖေးကို ပြေးသွားခဲ့သည်။

လင်မယားနှစ်ယောက်က ကလေးကစားကွင်းထဲ၌ ကားနောက်ကို လျှောက်လိုက်ရင်း အတူတူ အချိန်ဖြုန်းကာ လန်းဆန်းတဲ့ လေနုအေးကို ခံစားလိုက်ကြသည်။

စကားပြောနေစဉ်တွင် ဖန်ချီက ဖန့်ရှောင်နွမ်အကြောင်း ပြောခဲ့သည်။ "ယောကျ်ား၊ ကျွန်မတို့အိမ်မှာ ရှောင်နွမ် ရှိကိုရှိမှရမယ်။ သူမ အခုလို အကြိမ်ကြိမ် ရူးကြောင်ကြောင်နိုင်တာတွေ မလုပ်ဘဲနေရင် အိမ်လို့ မခံစားရဘူး”

မြို့တော်ဝန် ကျီက သူ့ဇနီးရဲ့လက်ကို ဆုပ်ကိုင်လိုက်သည်။ "ဟုတ်တယ်၊ ဘုရားသခင်က ရှောင်နွမ် ကိုယ်တို့အိမ် ရောက်လာဖို့ အထူးစီစဉ်ထားတာပဲ"

ဖန်ချီ ပြောလိုက်သည်။ "သူမက လင်းချန် ရဲ့နှလုံးသားထဲကိုတောင် ဝင်သွားခဲ့တယ်။ ဒီနေ့မွန်းလွဲပိုင်းတုန်းကလေ လင်းချန်က ကားမောင်းလေ့ကျင့်နေတဲ့အချိန် ရှောင်နွမ်ကို စောင့်ကြည့်ဖို့ ကျွန်မဆီ တမင် ဖုန်းဆက်ခဲ့သေးတယ်။ သူမ တကယ်ကောင်းကောင်းမလုပ်နိုင်ခဲ့ရင် သူ ဘာ surprise မှ မလိုချင်ဘူးတဲ့”

မြို့တော်ဝန် ကျီ အံ့အားသင့်သွားသည်။ "လင်းချန် ဒီအကြောင်းကို သိတာလား"

ဖန်ချီ ပြုံးလိုက်သည်။ “ဒီဟာတွေကို သူ့ဆီကနေ ဘယ်လို ဖုံးကွယ်နိုင်မှာလဲ။ မနေ့က အမှောင်ခန်းကျဉ်းလေးကို တိုက်လိုက်မိတာကို သူသိသွားပြီးနောက် ရှောင်နွမ်ရဲ့ surprise က ဘာလဲဆိုတာကို သူ မှန်းလိုက်တာ။ ဖုန်းပြောပြီးတော့ သူ surprise ဆိုတာကို မှန်းမိပြီး ရှောင်နွမ်ကို ခွင့်မပြုဖို့ အသေအချာ ပြောခဲ့တယ်။ သူ ရှောင်နွမ် စိတ်ပျက်သွားမှာကို စိုးရိမ်နေတာလေ"

ထိုသို့ပြောပြီးနောက် ဖန်ချီ ပြုံးလိုက်သည်။ "လင်းချန်က တကယ်ကို သေချာဂရုစိုက်ပေးတာ။ ယောကျ်ား၊လင်းချန်က ရှောင်နွမ်ကို အရမ်းဂရုစိုက်တာပဲနော်"

"ဒါက နှစ်ယောက်စလုံးပါပဲ။" မြို့တော်ဝန် ကျီက ခက်ခက်ခဲခဲ လေ့ကျင့်နေတဲ့ ကလေးမလေးကို ကြည့်ပြီး မပြုံးဘဲမနေနိုင်ခဲ့ပေ။

All Chapters