အခန်း (၂၂၅)
Vol. 15 Ch. 225
လျိုစစ်ယွီရဲ့အစ်ကိုဖြစ်သူက သူမအား ဈေးဝယ်ထွက်ဖို့ ကုန်တိုက်ဆီ ဆွဲခေါ်သွားခဲ့ပြီး သူမ ထိုနေရာတွင် ရှိနေဖို့ အလွန်ဝန်လေးခဲ့သည်။
"အစ်ကို ကျန်းကျစ်ရှန်းကို ထပ်ပြီး ရိုက်လာတာလား။" လျိုစစ်ယွီ မေးခွန်းထုတ်လိုက်သည်။
လျိုစစ်ယန်က ဒေါသတကြီးနဲ့ ပြောလိုက်သည်။ “ငါ သူ့ကို ရိုက်ရုံတင်မကဘူး၊ သူ့ကို လက်တွဲဖော်တောင် ရှာပေးလိုက်သေးတယ်”
ထိုစကားကိုကြားတော့ လျိုစစ်ယွီ ဒေါသအရမ်းထွက်ပြီး ငိုတော့မည်ပင်။ “ဘာလို့ ဒီကမ္ဘာပေါ် ရောက်နေတာလဲ။ အစ်ကိုနဲ့ ကျန်းကျစ်ရှန်းက အစ်ကိုရဲ့ ရဲစခန်းမှာ ရုပ်ချောတဲ့ ယောက်ျားလေးတွေပဲ။ ညီမ အစ်ကို့ကိုရည်းစားတော်လို့ မရဘူးလေ ။ အစ်ကိုသာ ညီမအစ်ကိုမဟုတ်ခဲ့ရင် အစ်ကို့ကို ညီမလိုက်ပိုးမှာ။ ဒါပေမယ့် အစ်ကိုက ညီမရဲ့အစ်ကိုမို့ ညီမ ကျန်းကျစ်ရှန်းကိုပဲ ရွေးလို့ရတယ်။ သူလောက်ကောင်းတာ ဘယ်သူမှမရှိဘူး!”
လျိုစစ်ယန်က ဒါကို နားထောင်နေသည်။ သူမကို တစ်ချက်သာကြည့်ပြီး ဘာမှပြန်မပြောပေ။ ထို့နောက် ဈေးဝယ်ထွက်ရင်း သူမကို ဆက်ဆွဲခေါ်သွားခဲ့သည်။
"ပြောတာကြားလား လျိုစစ်ယန် " လျိုစစ်ယွီ စိတ်တိုတိုနဲ့ပြောလိုက်သည်။
လျိုစစ်ယန်က သူမကို လုံးဝလျစ်လျူရှုပြီး သူမကို အမျိုးသမီး အဝတ်အစားဆိုင်သို့ ဆွဲခေါ်သွားခဲ့သည်။ “အဝတ်အစားသွားဝယ်။ မင်း ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်"
လျိုစစ်ယွီ အစ်ကို့လက်ကို ခါချလိုက်သည်။ "ဟမ့်၊ ပစ္စည်းတွေ ဝယ်စေချင်ရင် သွားဝယ်မှာပေါ့။ အစ်ကို့ရဲ့ကတ်ကို ညီမ အကုန်ထုတ်သုံးပစ်မှာ!" ထို့ကြောင့် သူမက အဝတ်အစားအနည်းငယ်ကို ကောက်ကိုင်လိုက်ပြီး အဝတ်လဲခန်းထဲ ဝင်သွားခဲ့သည်။
လျိုစစ်ယန်က အပြင်ဘက်မှ ဆိုဖာပေါ်တွင် စောင့်နေသည်။ ပျင်းလာပြီး ကော်ဖီစားပွဲပေါ်မှ မဂ္ဂဇင်းတစ်စောင်ကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်ပြီး စဖတ်လိုက်သည်။
အရောင်းဝန်ထမ်းက ရေတစ်ခွက် ယူလာပေးခဲ့သည်။ " ဗိုလ်ကြီးလျို၊ ရေ သုံးဆောင်ပါဦး "
လျိုစစ်ယန်က မော့တောင်မကြည့်ပေ။ "ကျေးဇူးတင်ပါတယ်။ အဲဒီမှာပဲ ထားခဲ့လိုက်။ ညီမလေး ထွက်လာရင် သူ ရေငတ်နေမှာ သေချာတယ်။”
ခဏကြာတော့ လျိုစစ်ယွီက စကတ်ဝတ်ပြီး ထွက်လာသည်။ သူမက လျိုစစ်ယန် ရှေ့မှာ ပျော်ရွှင်စွာ လျှောက်သွားပြီး အပြုံးလေးနဲ့မေးလိုက်သည်။ "ကြည့်ကောင်းလား"
လျိုစစ်ယန် ကြည့်လိုက်သည်။ “ကြည့်ကောင်းတယ်။ ထုပ်လိုက်”
လျိုစစ်ယွီ နောက်တစ်ထည်စမ်းကြည့်ဖို့ အဝတ်လဲခန်းထဲ ပြန်သွားခဲ့သည်။
ခဏအကြာတွင် သူမက လျိုစစ်ယန် ကြည့်ဖို့အတွက် အခြားတစ်ထည်ကို လဲလာခဲ့သည်။ "အစ်ကို၊ ဒါကော ဘယ်လိုနေလဲ"
လျိုစစ်ယန် ပြောလိုက်သည်။ "ဒါလည်း ထုပ်လိုက်"
လျိုစစ်ယွီ ဝမ်းသာအားရနဲ့ အဝတ်လဲခန်းဆီ ပြန်သွားခဲ့သည်။
လျိုစစ်ယန် မဂ္ဂဇင်းကို ချလိုက်ပြီး ဆိုဖာပေါ်တွင် မတ်မတ်ထိုင်လိုက်သည်။ သူက ဖြောင့်မတ်ခြင်းအပြည့်ရှိပြီး သူ့အမူအရာက လေးနက်သည်။ သူသည် ရှေးခေတ်က ချီတက်တိုက်ခိုက်ခဲ့သော ဗိုလ်ချုပ်နှင့်တူသည်။
လျိုစစ်ယွီ အဝတ်လဲခန်းမှ ထွက်လာပြန်သည်။ သူ့အစ်ကိုရဲ့ဘေးတစ်စောင်းပုံစံကို ကြည့်လိုက်မိသည်။ "အစ်ကို၊ ဘာလို့အရမ်းချောနေရတာလဲ။ အစ်ကိုသာ ညီမရဲ့အစ်ကိုမဟုတ်ရင်…"
လျိုစစ်ယန် သူမ နဖူးကိုရိုက်လိုက်သည်။ "မင်း ဘာကိုပြောနေတာလဲ။ မင်းကလေ အရိုက်ခံရဖို့ ထိုက်တန်တယ်!”
လျိုစစ်ယွီက လျိုစစ်ယန်ရဲ့ခါးကို အလိုလိုက်ခံထားရတဲ့ကလေးကဲ့သို့ ပွေ့ဖက်ကာ ပြုံးလိုက်သည်။ "အစ်ကို၊ အစ်ကို အရမ်းကြည့်ကောင်းတယ်။ အစ်ကိုနဲ့ချိန်းတွေ့မယ့် ကံကောင်းတဲ့မိန်းကလေးက ဘယ်သူများဖြစ်မလဲနော်။”
လျိုစစ်ယန်က သူ့ညီမ၏ ပွေ့ဖက်မှုမှ လွတ်မြောက်ပြီး ဘဏ်ကတ်ကို ထုတ်ကာ အရောင်းဝန်ထမ်းဆီ ပေးလိုက်သည်။ “ကတ်ဖြတ်လိုက်”
လျိုစစ်ယန်သည် နောက်ဆုံးတွင် သူမ၏ အဝတ်အစားများကို ဝယ်ယူပေးခြင်းဖြင့် လျိုစစ်ယွီ၏ ဒေါသကိုဖြေဖျောက်နိုင်ခဲ့သည်။ ဤနည်းအားဖြင့် သူမသည် ကျန်းကျစ်ရှန်းအကြောင်း မတွေးတော့ပေ။
ကျန်တဲ့အချိန်တွေမှာတော့ လျိုစစ်ယွီက အတော်လေးကို ပျော်ရွှင်နေခဲ့သည်။ သူမရဲ့အဖိုးအတွက် ချိုင်းထောက် ကူဝယ်ပေးပြီး အဲ့တာတွေ ကောက်ယူဖို့တောင် အချိန်အတော်ကြာခဲ့သည်။
“အစ်ကို၊ ညီမတို့ အဖိုးနဲ့ အဖွားဆီ မရောက်တာ ကြာပြီ။ အဖွားအတွက် အဝတ်အစားတွေ ဝယ်သွားရင်ကော " လျိုစစ်ယွီ ပြောလိုက်သည်။
လျိုစစ်ယန် ပြောလိုက်သည်။ “အဖွားက အရောင်စုံတဲ့အဝတ်အစားတွေကို အရမ်းကြိုက်တာ။ ရှော့ပင်းမောလ်မှာ သူကြိုက်တဲ့ အဝတ်အစားတွေကို မရောင်းဘူး။”
လျိုစစ်ယွီက အဖွားမှာ အလှအမြင်၌ အထူးအရသာရှိကြောင်း သတိရမိသွားသည်။ အပြင်သွားတိုင်း သူမက လှလှပပ ၀တ်စားဆင်ယင်တတ်သည်။ သူမက အရောင်စုံတဲ့ အဝတ်အစားများကို အမြဲဝတ်ထားတတ်သည်။ဒေါင်းတွေမှာတောင် သူမ အဖွားလို အရောင်မစုံပေ။
အဖွားကြိုက်တဲ့ အဝတ်အစားတွေ ဝယ်ဖို့မလွယ်ဘူးလို့လည်း သူမ ခံစားရသည်။ "လက်ဝတ်ရတနာဆိုရင်ကော ဘယ်လိုလဲ။ အဖိုးအတွက်က ချိုင်းထောက်တွေ ဝယ်ပြီးပြီ။ အဖွားအတွက် လက်ဆောင်မဝယ်သွားရင် သူ မပျော်မရွှင်ဖြစ်နေမယ်”
လျိုစစ်ယန်က လျိုစစ်ယွီရဲ့လက်ထဲကို ကတ်ကို ထည့်ပေးလိုက်သည်။ "ကတ်ကိုယူလိုက်။ မင်း လိုချင်လောက်ဝယ်။ ငါ အဲဒါအတွက် ပိုက်ဆံပေးမယ်
လျိုစစ်ယွီ ဝမ်းသာသွားသည်။ ကတ်ကိုယူကာ ဇိမ်ခံစတိုးဆိုင်တစ်ခုသို့ ပြေးသွားခဲ့သည်။ သူတို့နှစ်ယောက် အိမ်ပြန်ရောက်တော့ မှောင်နေပြီဖြစ်ပြီး လမ်းမီးတွေလည်း ဖွင့်ထားပြီပင်။ ရှော့ပင်းမောလ်အဝင်ဝက ရေပန်းလည်း ပွင့်နေပြီဖြစ်သည်။
လျိုစစ်ယွီက အစ်ကိုဖြစ်သူ၏ လက်မောင်းကို ကိုင်ကာ ပျော်ရွှင်စွာ ဈေးဝယ်ထွက်ခဲ့သည်။ သူမ၏ လက်ကောက်ဝတ်မှာ တောက်ပနေသော စိန်လက်ကောက်တစ်ခု ရှိသည်။
လမ်းလျှောက်ရင်း ခေါင်းနည်းနည်း ပေါ့သွားသည်။ “ကျွန်မရဲ့အချစ်ရဆုံး အစ်ကိုကြီး၊ နောင်တစ်ချိန်ကျရင် အစ်ကို့ရဲ့စကားကို သေချာနားထောင်ပါ့မယ်။ ညီမ အစ်ကို့ကို ထပ်ပြီး စိတ်မဆိုးတော့ဘူး။ ညီမ ဘယ်သူနဲ့မှလည်း ချိန်းမတွေ့တော့ဘူး။ ညီမ အစ်ကို့ကိုလည်း ပြန်ပြောမှာ မဟုတ်ဘူး။ အခုချိန်ကစပြီး ညီမရဲ့နှလုံးသားထဲမှာ အစ်ကိုတစ်ယောက်ထဲ ရှိတော့မှာ။"
လျိုစစ်ယန် အထင်သေးစွာ နှာမှုတ်လိုက်သည်။ သူမ ထိုဟာကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြောတာကို သူ ကြားရသည်။ ပစ္စည်းတွေဝယ်ဖို့ သူ့ကတ်ကိုသုံးလိုက်တိုင်း သူမက အရမ်းကိုနာခံတတ်သူပါ။ ဒါပေမယ့် သူမကို ချိန်းတွေ့ခြင်းမှ ရပ်စဲခဲ့သော လူဆိုးအဖြစ်သို့ ပြန်သွားရန် အချိန်အတော်ကြာခဲ့ခြင်းမရှိပေ။ သူ နေ့စဥ်ကြားနေရတဲ့ မကျေနပ်ချက်တွေက သူ့ကိုသေစေနိုင်သည်။
သူအလုပ်ရှုပ်နေတိုင်း အချိန်တွေ အရမ်းမြန်တယ်လို့ သူအမြဲတမ်း ခံစားရသည်။
ဖန့်ရှောင်နွမ်သည် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ကားမောင်းလေ့ကျင့်ခဲ့သည်။ သူမ အလေးအနက်ထားကာ ကျင့်သည်။
ကျီဝမ် အိပ်ငိုက်ပြီး ခေါင်းငိုက်စိုက်ကျသွားတိုင်း ဖန့်ရှောင်နွမ်က သူ့ကို ကန်ပြီး အိပ်ရာဝင်ခိုင်းသည်။
"မင်း အိပ်မငိုက်ဘူးလား" ကျီဝမ် မေးလိုက်သည်။
ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ "ငါ ခဏနေမှ ဝင်လာမယ်"
ကျီဝမ်က သူမကို ယုံကြည်ခဲ့သည်။ တစ်ညမှာ သူသည် ညသန်းခေါင်တွင် ရေချိုးခန်းသုံးဖို့ အိပ်ရာထခဲ့ရသည်။ ခြံဝင်းထဲမှာ ကား စက်နှိုးထားသေးတာကို သူမြင်တော့ သူဘောင်းဘီ စိုစွတ်လုမတတ် ကြောက်သွားခဲ့သည်။ ကြောက်စရာကောင်းတာတစ်ခုခုကို သူမ တိုက်မိလိုက်ပြီလာလို့ သူတွေးကာ တုန်တုန်ယင်ယင်ဖြင့် ပြေးထွက်မိခဲ့သည်။ ဒါပေမယ့် တကယ်တော့ ဖန့်ရှောင်နွမ် ကားမောင်းလေ့ကျင့်တုန်းဖြစ်နေသည်။