အခန်း (၂၁၂)
Vol. 15 Ch. 212
ကျီလင်းချန် ရေချိုးပြီးတာနဲ့ သူ့ခန္ဓာကိုယ်ကို သဘက်ပတ်ပြီး ထွက်လာခဲ့သည်။
တကယ်တော့ ဖန့်ရှောင်နွမ်လည်း ခင်ပွန်းဖြစ်သူရဲ့ ခန္ဓာကိုယ်ကို မက်မောပါတယ်။ သူမက ခင်ပွန်းသည်၏ ရင်ဘတ်ကြွက်သားများကို တိတ်တဆိတ် စိုက်ကြည့်ကာ သူ့မှာ ရင်အုပ်ကြွက်သားဘယ်လောက်ရှိလဲဆိုတာကို ပြင်းပြင်းထန်ထန် ရေတွက်ခဲ့သည်။ ဒါပေမယ့် သူမ အရမ်းကြီးတော့ မရဲတင်းလွန်းရဲပေ။
ကျီလင်းချန်က သဘက်ကို ပတ်ထားပြီး အိပ်ခန်းတစ်ဝိုက်ကို တမင်တကာ လျှောက်သွားခဲ့သည်။
ဖန့်ရှောင်နွမ် အနည်းငယ် သဘောမကျဖြစ်နေသည်။ “ယောကျ်ား၊ အဝတ်အစား ဝတ်တော့။ ရှင် ကျွန်မကို ဒီလိုမသွေးဆောင်သင့်ဘူး"
CEO ကျီက အိပ်ယာပေါ်ရှိ သူ့ဇနီးလေးကို တစ်ချက်ကြည့်လိုက်သည်။ သူမကို နှစ်သိမ့်ပေးပြီးနောက် သူမက ချက်ချင်းပင် လျှာစောင်းထက်လာပြန်သည်။
“ကိုယ် အခုကစပြီး ညတိုင်း ကို့ရဲ့ထိန်းချုပ်တဲ့ လေ့ကျင့်ခန်းလုပ်တော့မှာ။ မင်းလည်း လေ့ကျင့်ခန်း မလုပ်သင့်ဘူးလား" ကျီလင်းချန် လျစ်လျူရှုစွာ ပြောလိုက်သည်။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "အရှက်မရှိတဲ့သူ"
CEO ကျီ မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။
ဒီအချိန်မှာ သူ့ဖုန်း မြည်လာသည်။ CEO ကျီဖုန်းကိုင်လိုက်သည်။ "ဟယ်လို"
ဖန့်ရှောင်နွမ် ကုတင်ပေါ်မှ ဆင်းကာ စူးစမ်းချင်စိတ်ဖြင့် သူ့ဆီ ပြေးသွားခဲ့သည်။ သူမ ကုတင်ပေါ်မှ လျင်မြန်စွာ တွားသွားကာ ဖုန်းပြောနေတဲ့ သူမယောကျ်ားဆီ ချဉ်းကပ်ခဲ့သည်။
ကျီလင်းချန်က သူ့ဇနီး အနားကပ်သည်ထက်ကပ်လာ သည်ကို တွေ့လိုက်ရသည်။ သူက ဖုန်းရဲ့အခြားတစ်ဖက်ကလူကို ချက်ခြင်းပြောလိုက်သည်။ “မနက်ဖြန်သွားလိုက်မယ်။ ဒီနေ့ ငါ့ကြောင်လေးကို ချော့သိပ်ပေးရဦးမှာမို့။ ဒီညတော့ ငါသူ့ကို နည်းနည်း ချော့ပေးရဦးမယ်။ အရင်ဆုံး အေးအေးဆေးဆေးနေကြရအောင်။"
ဖန့်ရှောင်နွမ် မျက်မှောင်ကြုတ်ကာ တိုးတိုးလေးပြောခဲ့သည်။ “ယောကျ်ား၊ ဘယ်သူပြောနေတာလဲ။ ရှင် ကျွန်မကို ရှင့်ရဲ့ကြောင်လေးလို့ ထပ်ခေါ်ပြန်ပြီလား"
သူမရဲ့ ခင်ပွန်းသည်က ဒီလိုမျိုး ထုတ်ဖော်ပြသလိုက်တာနဲ့ စီးပွားရေးလောကရဲ့ ဘုရင် ကျီလင်းချန်က ကြောင်လေးတစ်ကောင်နဲ့ လက်ထပ်လိုက်ပြီဆိုတာ မကြာခင်မှာ လူတိုင်းသိသွားကြတော့မှာ။
ဖန့်ရှောင်နွမ်က သူ့ဘက်မှ စကားဝိုင်းကို ဆက်နားထောင်နေခဲ့သည်။
ကျီလင်းချန်က သူမကို လျစ်လျူရှုပြီး ဆက်ပြောခဲ့သည်။ “မနေ့ညက ငါ အိမ်မပြန်ခဲ့ဘူး။ အိမ်မှာနေနေတဲ့တစ်ယောက်က တစ်ညလုံး ငါ့ကို လွမ်းပြီး ငိုထားလို့ မျက်လုံးတွေ ရောင်နေတယ်။ ဒီည ငါ အိမ်ကနေ ထွက်သွားရင် သူ့မျက်လုံးတွေက ရှင်သန်နိုင်မယ် မထင်ဘူး”
မေးခဲ့တဲ့ အမျိုးသမီးမှာ စကားလုံးတွေ ပျောက်ရှသွားသည်။
“သူ စိတ်အခြေအနေမကောင်းရင် ငါ ဘာအလုပ်မှလုပ်ချင်စိတ်ရှိမှာ မဟုတ်ဘူး။ ငါ သူ့အကြောင်းပဲ တွေးနေမိမှာ"
ခင်ပွန်းဖြစ်သူ လွတ်သွားခဲ့တဲ့ ကြောင်ကလေးက သူ့ခါးကိုသူမရဲ့လက်တွေနဲ့ဖက်ဖို့ အစပြုခဲ့သည်။ သူမယောကျ်ား အဝတ် ဝတ်ထားလား မ၀တ်ထားလား ဂရုမစိုက်တော့ပေ။ ယခုအချိန်တွင် ခင်ပွန်းသည်အား ပွေ့ဖက်ကာ သူ့ကိုသာ ကြည့်ချင်တော့သည်။
ကျီလင်းချန် ဖုန်းမချခင်ထိ ခဏလောက် စကားစမြည်ပြောခဲ့သည်။
ဖန့်ရှောင်နွမ်က ထိုယောက်ျား၏ ချောမောလှတဲ့ မျက်နှာကို ကြည့်ပြီး ပြုံးကာမေးလိုက်သည်။ "ယောကျ်ား၊ ရှင် ဘယ်သွားမလို့လဲ"
"ကိုယ် အလုပ်ကိစ္စနဲ့ ခရီး သွားရမယ်။"
ကျီလင်းချန် ဘာမှထပ်မပြောခဲ့ပေ။ သူ့ခါးဆီမှ နူးညံ့တဲ့လက်တွေကို ဖယ်လိုက်သည်။ “ပြန်သွားပြီး အိပ်ရာကို နွေးအောင်လုပ်ထား။ ကိုယ် ခရီးဆောင်အိတ် အရင်ထုပ်လိုက်ဦးမယ်"
"ကျွန်မ ရှင့်ကို ကူပြီးထုပ်ပိုးပေးမယ်လေ " ဖန့်ရှောင်နွမ် အစပြုပြီး ပြောလိုက်သည်။ သူမက တွယ်ကပ်လာပြီး သူ့ခင်ပွန်းနောက်ကို လိုက်သွားခဲ့သည်။
"မင်း ကိုယ့်ကို ကူညီမို့လား" ကျီလင်းချန် မေးလိုက်သည်။
ဖန့်ရှောင်နွမ် ချက်ခြင်း ခေါင်းညိတ်လိုက်သည်။ "ယောကျ်ား၊ ခဏလေးစောင့်။ ရှင့်ရဲ့ ဇနီးကောင်းတစ်ယောက်အနေနဲ့ ကျွန်မမှာ အရည်အချင်းရှိမှရမယ်။"
ထိုစကားကိုပြောပြီးနောက် ဖန့်ရှောင်နွမ်က ခရီးဆောင်အိတ်ကို cloakroom ထဲကို ဆွဲထုတ်လာသည်။ ရှပ်အင်္ကျီအနည်းငယ်နဲ့ အထူအမျိုးမျိုးရှိသည့် ဂျာကင်အင်္ကျီအချို့ကို ကောက်ယူပြီး ခရီးဆောင်အိတ်ထဲသို့ သေသေသပ်သပ် စီထားပြီးနောက် အံဆွဲထဲမှ ခြေအိတ်နှင့် အတွင်းခံများကို ထုတ်ယူလိုက်သည်။ "ယောက်ျား၊ ဘယ်နှစ်ရက်လောက်နေမှာလဲ"
“ငါးရက်လောက်”ကျီလင်းချန် ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က ခြေအိတ်ခြောက်စုံနဲ့ အတွင်းခံခြောက်စုံကို ချက်ချင်းထုတ်ကာ သေးငယ်သော အိတ်တစ်ခုထဲသို့ ထည့်လိုက်သည်။ ထို့နောက် ခရီးဆောင်အိတ်ထဲသို့ ထည့်လိုက်သည်။
မိနစ်နှစ်ဆယ်ကျော် အလုပ်လုပ်ပြီးနောက် ဖန့်ရှောင်နွမ် လက်ခုပ်တီးသည်။ “ယောကျ်ား၊ အားလုံး ထုပ်ပိုးပြီးသွားပြီ။ ဘယ်လိုဖြစ်မလဲ ကြည့်ရအောင်။”
ကျီလင်းချန်က တံခါးပေါက်မှ ဖြစ်စဉ်တစ်ခုလုံးကို ကြည့်ပြီး ကျေနပ်သွားသည်။
“အရင်က မင်း တခြားတစ်ယောက်ယောက်ကို သူတို့ရဲ့ ခရီးဆောင်အိတ်တွေကို ထုပ်ပိုးဖို့ ကူညီပေးခဲ့လို့ဖြစ်မယ်။ မဟုတ်ရင် မင်း ဘယ်လိုလုပ် ဒီလောက် ကျွမ်းကျင်နိုင်မှာလဲ။” ကျီလင်းချန် မဝံ့မရဲဖြင့် မေးလိုက်သည်။
ဖန့်ရှောင်နွမ်က သူ့ယောကျ်ားကို အထင်လွဲခွင့်မပေးရဲပေ။ “အမေ အဖေ့အတွက် ဒီလိုလုပ်ပေးတာ မြင်ဖူးလို့။ ကျွန်မ အမေ့ဆီကသင်ခဲ့တာ။"
CEO ကျီက ဒီအဖြေအတွက် အရမ်းကျေနပ်နေသည်။ သူ့ဇနီးလေးက သူ့အတွက် ခရီးဆောင်အိတ်ကို ပထမဆုံးအကြိမ် ထုပ်ပိုးပေးခဲ့သည်။
“ယောကျ်ား၊ ကျွန်မ အရင်က မချစ်ဖူးဘူး၊ တခြားဘယ်သူ့ကိုမှလည်း မချစ်ဖူးဘူး။ ရှင်က ကျွန်မရဲ့ အချစ်ဦး"
ကျီလင်းချန် ထိုစကားကိုကြားတော့ ပို၍ပင် ကျေနပ်သွားသည်။
"ဒါနဲ့ ကျွန်မကလည်း ရှင့်ရဲ့ အချစ်ဦးလား"
လိမ္မာပါးနပ်တဲ့ ရှောင်နွမ်က သူ့ယောကျ်ားကို လှည့်စားဖို့နည်းကိုလည်း သင်ယူခဲ့သည်။ "ရှင့်မှာ လျှို့ဝှက်ထားတဲ့ အချစ် ရှိဖူးရင်လည်း ရှိဖူးမှာပေါ့"
ကျီလင်းချန် ပြောစရာစကားမဲ့သွားသည်။ ဒီအရူးမလေးကတော့။ သူမက သူ့အသက်သုံးဆယ်အရွယ်မှာ သူ့အချစ်ဦးဖြစ်ကြောင်း ဝန်ခံဖို့ သူ့ကိုယ်သူ မပြနိုင်ခဲ့ပေ။
CEO ကျီ စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူလှည့်ပြီး ထွက်သွားခဲ့သည်။
ဖန့်ရှောင်နွမ် က သူ့နောက်ကို ချက်ချင်းလိုက်သွားသည်။ “ယောကျ်ား၊ တရားမျှတအောင်နေ။ ရှင်လည်းကျွန်မကို ပြောပြရမယ်!"
ကျီလင်းချန် ပြောလိုက်သည်။ "ကိုယ် ဘယ်လိုခံစားနေရတယ်ဆိုတာ မင်းမသိဘူးလား။"
ဖန့်ရှောင်နွမ်က သူ့ယောကျ်ားက သူမကို ဘယ်လေါက်ထိချစ်သည်ကို သူမ သိပေမယ့်လည်း သူမရဲ့ နှလုံးသားထဲမှာ ယခင်ကလည်း သူမရဲ့ယောကျ်ား တခြားမိန်းကလေးတွေကို ချစ်ခဲ့ဖူးလားလို့လည်း တွေးမိသည်။
"ကျွန်မကလွဲပြီး တခြားသူတွေကို တုန်နေအောင်ချစ်ဖူးလား"
ကျီလင်းချန်က သူပိုင်တဲ့ကြောင်လေးကို ချစ်စရာကောင်းစွာကြည့်နေသည်။ "ရှောင်နွမ် အကြောင်းပြချက်တစ်ခုနဲ့ ကိုယ်ချစ်မိသွားတယ်။"
"အကြောင်းပြချက်? ဘာအကြောင်းကြောင့်လဲ?" ဖန့်ရှောင်နွမ် မေးလိုက်သည်။
ကျီလင်းချန် လိမ္မာပါးနပ်စွာ ဝန်ခံခဲ့သည်။ "ဟုတ်ပါတယ်၊ သူ့ကို ကိုယ့်ဘေးမှာ ရှိနေစေချင်တယ်"
ဖန့်ရှောင်နွမ် ရုတ်တရက် သူ့ယောက်ျားပြောတာကို နားလည်သွားသည်။ “ကောင်းပြီ ခင်ပွန်း။ ရှင် ကျွန်မကိုချစ်နေသရွေ့ ကျွန်မ ရှင့်အနားမှာ အမြဲရှိနေမှာ"