← Chapters

အခန်း (၂၁၃)

Vol. 15 Ch. 213

အခန်း (၂၁၃)

Vol. 15 Ch. 213

ကျီလင်းချန် ညအိပ်ဝတ်စုံလဲပြီး အိပ်ရာဝင်လိုက်သည်။

ဖန့်ရှောင်နွမ်က သူမယောကျ်ား အိပ်ရာဝင်နေပြီဖြစ်သည်ကို မြင်လိုက်ရသည်။ သူမ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပုံရပြီး ကုတင်ဘေးသို့ အမြန်ပြေးသွားခဲ့သည်။ ခေါင်းအုံးအောက်မှ စာအုပ်တစ်အုပ်ကိုယူကာ ခင်ပွန်းဖြစ်သူ၏ ခရီးဆောင်အိတ်ထဲသို့ ထည့်လိုက်သည်။ “အဲဒါကို မေ့တော့မလို့။ အဲဒါမရှိရင် ငါ့ယောကျ်ား ညဘက် ကောင်းကောင်းအိပ်ပျော်မှာမဟုတ်ဘူး။”

ကျီလင်းချန် ပြုံးလိုက်သည်။ သူ သူ့ခေါင်းအုံးကို သပ်သပ်ရပ်ရပ်ပြင်ပြီး သူ့ဘေးနားကို ပုတ်လိုက်သည်။ “လာအိပ်တော့။ ကိုယ် မနေ့ညက မအိပ်ထားဘူး။ ဒီညတော့ နောက်ကျတဲ့အထိ မနေနိုင်တော့ဘူး။"

ဖန့်ရှောင်နွမ် အိပ်ရာထဲသို့ ခုန်ဝင်သွားသည်။ မီးပိတ်ပြီးနောက် ခင်ပွန်းဖြစ်သူ၏ လက်မောင်းပေါ် ခေါင်းအုံးကာ နူးညံ့စွာပြောလိုက်သည်။ “ယောကျ်ား၊ ကျွန်မက ရှင့်ရဲ့ မိန်းမ။ ကျွန်မကို နောက်တစ်ခါ ထပ်မအော်နဲ့တော့။ ရှင်ကျွန်မကို ထပ်အော်ရင် ရှင့်ရဲ့သားကို ကျွန်မမွေးပေးမှာမဟုတ်ဘူး!"

ကျီလင်းချန် တစ်ခစ်ခစ် ရယ်လိုက်သည်။ "ကိုယ် မင်းကို ကြောက်အောင်လုပ်မိသွားလား"

ဖန့်ရှောင်နွမ် ခေါင်းညိတ်လိုက်ပြီး မှားနေသလိုခံစားရသည်။ “ဟုတ်”

ဖန့်ရှောင်နွမ် နာရီသုံးဆယ်ထက်ပို၍ အိပ်မပျော်ခဲ့ပေ။ ခင်ပွန်းဖြစ်သူ၏ ရင်ခွင်ထဲသို့ ပြန်ရောက်သောအခါ တစ်မိနစ်မပြည့်မီမှာ အိပ်ပျော်သွားသည်။

ကျီလင်းချန်က စောင်ထဲကနေ သူ့ကိုယ်သူ ညင်ညင်သာသာစွာ မထွက်သွားခင်မှာ သူမကို နာရီဝက်ကျော်ကြာ ပွေ့ဖက်ထားသည်။ အိပ်ခန်းထဲက တိတ်တဆိတ် မထွက်သွားခင်မှာ ဇနီးဖြစ်သူရဲ့ ခေါင်းကို ခေါင်းအုံးပေါ်တင်ပေးခဲ့သည်။

…

သခင်ကြီးကျီရဲ့ အခန်းထဲ၌။

"1v5၊ မင်းရဲ့ကတ်တွေကို ကစားတော့။ ဒီလူက အရမ်းတုံးတာပဲ။ သူ့အသင်းဖော်တွေနဲ့ ဘယ်လိုပူးပေါင်းရမှန်းတောင် မသိဘူး!” သခင်ကြီး ကျီက သူ့ချွေးမ အကြံပြုထားတဲ့ နောက်ထပ်ဂိမ်းတစ်ခုကို ကစားနေသည်။ Fight the Landlord လို့ခေါ်သည်။ သူ အွန်လိုင်းဂိမ်းတွေ အများကြီး ကစားဖူးသည်။ နောက်ဆုံးတွင် သူသည် ဂိမ်းငွေကြေး ရာနှင့်ချီ၍ ဆွတ်ခူးနိုင်ခဲ့သော်လည်း တစ်ကြိမ်တည်းဖြင့် ဆုံးရှုံးသွားခဲ့သည်။

သူ ပြန်အနိုင်ရဖို့ ကြံစည်ခဲ့သည်။ “သူ အရမ်းတုံးတယ်။ သူ 1v5 ကစားရင် အနိုင်ရလိမ့်မယ်။ ဘယ်လောက်ကြောက်စရာကောင်းတဲ့ အသင်းဖော်တွေလဲ။ ဖွီ! ငါ တခြားစားပွဲမှာ ကစားမယ်!”

ဒီအချိန်မှာ ကျီလင်းချန် တံခါးခေါက်ခဲ့သည်။ "အဖေ ခဏလောက် ထွက်လာပေးဦး"

သခင်ကြီးကျီ ဒေါသထွက်နေသည်။ "မင်းအဖေ အိပ်ပျော်နေပြီ!"

ကျီလင်းချန် ပြောစရာစကားမဲ့သွားကာ ပြောလိုက်သည်။ “ငါးမိနစ်အတွင်း ကျွန်တော့်ရဲ့စာကြည့်ခန်းကို လာခဲ့” ထိုစကားကိုပြောပြီးနောက် ကျီလင်းချန် ထွက်သွားသည်။

ဒါကိုကြားတော့ သခင်ကြီး ကျီ ဆူငေါက်ခဲ့သည်။ “ ကောင်ဆိုးလေး မင်းက ငါ့ကို ဒီလို ဆက်ဆံချင်သေးတာလား။ မင်း အိပ်မက်ထဲမှာပဲ ရမယ်!"

ထို့နောက် ငါးမိနစ်အကြာတွင် သခင်ကြီးကျီက တွန့်ဆုတ်နေတဲ့ အမူအရာဖြင့် သားဖြစ်သူ၏ စာကြည့်ခန်းသို့ သွားခဲ့သည်။ "အယ်။ မင်းရော ဒီရောက်နေတာလား "

မြို့တော်ဝန် ကျီကလည်း သူ့ညီရဲ့ စာကြည့်ခန်းမှာ ထိုင်နေသည်။

သခင်ကြီးကျီ အခန်းထဲ ဝင်လာပြီးနောက် ကျီလင်းချန်က စာကြည့်ခန်းတံခါးကို ပိတ်လိုက်သည်။ သူ သူတို့နှစ်ယောက်၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ လေးနက်စွာ ပြောခဲ့သည်။ “အဖေ၊ အစ်ကို၊ ကျွန်တော် ရှောင်ယွီနဲ့တွေ့ခဲ့တယ်”

ဒါကိုကြားတော့ သခင်ကြီးကျီလည်း ဒီကိစ္စရဲ့ အရေးပါပုံကို နားလည်သွားသည်။ သားဖြစ်သူက သူတို့နှစ်ယောက်ကို စာကြည့်ခန်းထဲလာဖို့ လာပြောတာ အံ့သြစရာ မရှိတော့ပေ။

ကျီမိသားစုမှာ အမြဲတမ်း တားမြစ်ထားတဲ့ နာမည်ကို ပြောလာတဲ့အခါ အခန်းထဲက လေထုက ချက်ချင်း အေးစက်သွားခဲ့သည်။

သခင်ကြီကျီက ဘာမှ မပြောဘဲ ငြိမ်နေခဲ့သည်။

မြို့တော်ဝန် ကျီက အရင်ပြောခဲ့သည်။ "လင်းချန်၊ မင်းမှားများမှာနေလား။ ဆယ့်ငါးနှစ်တောင်ရှိနေပြီ။ ရှောင်ယွီ မင်းရှေ့မှာ ရပ်နေရင်တောင် မင်းသူ့ကို မှတ်မိနိုင်မှာ မဟုတ်ဘူး။"

ကျီလင်းချန် ခေါင်းခါလိုက်သည်။ “သူ့မျက်နှာကို ကျွန်တော်သေချာပေါက် မမှတ်မိဘူး။ ဒါပေမယ့် သူ့လက်မောင်းပေါ်က ကိုက်ထားတဲ့ အမာရွတ်ကိုတော့ ကျွန်တော် မမေ့ဘူး။”

ကျီလင်းချန်က သူ့အဖေနဲ့အစ်ကိုကိုကြည့်ပြီး လေးနက်စွာပြောလိုက်သည်။ “ကျွန်တော် သေချာပေါက် မမှားဘူး။ ကျွန်တော် သူ့လက်ကိုတောင် ဆုပ်ကိုင်လိုက်သေးတယ်။ အဖေ၊ အစ်ကို ရှောင်ယွီ ကျွန်တော်တို့ကို စောင့်နေခဲ့တာ!"

သခင်ကြီးကျီရဲ့ အမူအရာက လေးနက်လာသည်။ အရင်ကလို ယုတ်မာတဲ့အကြည့်တွေ ပျောက်ကွယ်သွားခဲ့သည်။ ကောင်မလေးအကြောင်း ပြောလိုက်တာနဲ့ သူ့လက်တွေ တုန်နေသည်။ "လင်းချန်၊ မင်း ဒါကို လက်လွှတ်သင့်ပြီလို့ ငါထင်တယ်" ဒါက ဖခင်တစ်ယောက်ရဲ့ သားသမီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာပါပဲ။

ကျီလင်းချန် သူ့အဖေကို စိတ်ပျက်လက်ပျက် ကြည့်နေသည်။ "အဖေ မေ့သွားပြီလား။ အဲဒီတုန်းက ကျွန်တော် ရှောင်နွမ်နဲ့ လက်ထပ်ဖို့ သဘောတူခဲ့တဲ့အတွက် ရှောင်ယွီနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အဖေ အရောင်းအဝယ်လုပ်ခဲ့တယ်။ သတင်းက မှန်လား မမှန်ဘူးလားဆိုတာ အဖေ ကောင်းကောင်းသိပါတယ်။”

လက်ထပ်ပြီးနောက်တွင် သခင်ကြီး ကျီက သူ့အား အချက်အလက် မိတ္တူတစ်စောင် ပေးခဲ့သည်။ သူ အဲ့တာကို သေသေချာချာ လေ့လာခဲ့သည်။ အချက်အလက်တွေက အရမ်းမှန်ပေမယ့် အားလုံးက အတုတွေချည်းပါပဲ။ ဒါပေမယ့် ထိုအချိန်တွင်၊ ရှောင်နွမ်က သူ၏ကြောင်ပေါက်လေး ဖြစ်နေပြီဖြစ်သောကြောင့် ဤကိစ္စကို သူဂရုမစိုက်ပေ။ သူ သူ့အဖေ လှည့်စားတာကို ခံခဲ့ရပေမဲ့ သူ့အဖေက သူ့ဇနီးလေးကို ရှာတွေ့ဖို့ ကူညီပေးခဲ့သည်။ ဒါက တစ်ခါမှ မဖြစ်ခဲ့ဖူးဘူးလို့ သူ ဟန်ဆောင်နေသည်။

ဒါပေမယ့် ဒါက ရှောင်ယွီ ကိုရှာဖို့ လက်လွှတ်လိုက်တာလို့ မဆိုလိုဘူး။ ထိုနေ့တွင် သူသည် Silver Field ၌ ရှောင်ယွီ နဲ့တွေ့ခဲ့သည်။ သူမရဲ့လက်ကို ဖမ်းဆွဲထားသော်လည်း သူမ လွတ်သွားခဲ့သည်။

“အဖေ၊ ကျွန်တော် သူ့ကိုရှာဖို့ တခြားမြို့ကို ရက်အနည်းငယ်သွားရမယ်” ကျီလင်းချန် ရုတ်တရက် ပြောလိုက်သည်။

ကျီလင်းချန် ငွေရေးကြေးရေး မှတ်တမ်းများကို ဆက်လက် ဆန်းစစ်ခဲ့သည်။ နောက်ဆုံးတွင် လူအရေအတွက်ကို ၄၂ ယောက်သို့ လျှော့ချခဲ့သည်။ ဤလူတွေ အားလုံး မတူညီသောမြို့များတွင် ရှိသောကြောင့် ၎င်းတို့ကို ကိုယ်တိုင်ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။

သခင်ကြီးကျီက သူပေးထားတဲ့ အချက်အလက်က အတုဖြစ်ကြောင်း ကျီလင်းချန်သိသွားပြီဆိုတာကို သိလိုက်သည်။ "လင်းချန်၊ ရှောင်ယွီ ဒီမှာထပ်ပြီးမရှိတော့ဘူးဆိုတာကို မင်းစဉ်းစားထားပြီးပြီလား"

ကျီလင်းချန်က သူ ကျီရှောင်ယွီကို မြင်ခဲ့ကြောင်း ပြောထားသည်။ သူ့ညီမ အသက်မရှင်တော့ဘူးဆိုတာ သူ ဘယ်လိုလုပ်ယုံနိုင်မှာလဲ။

ကျီလင်းချန် ပြောလိုက်သည်။ "အဖေ၊ သူက အဖေ့ရဲ့သမီး"

ဖခင်ဖြစ်သူက သူမကို ရှာဖွေလိုစိတ်မရှိသည့် အရာတစ်ခုဖြစ်သည်။ ဒါပေမယ့် သူ့ကို ဘာကြောင့် ရှောင်ယွီ အသက်မရှင်တော့ဘူးလို့ ပြောခဲ့ရတာလဲ။

All Chapters