← Chapters

အခန်း (၂၃၂)

Vol. 16 Ch. 232

အခန်း (၂၃၂)

Vol. 16 Ch. 232

ကျီလင်းချန် ပြောလိုက်သည်။ "မှန်တယ်၊ ဒီလမ်းပဲ"

ဖန့်ရှောင်နွမ် ဂီယာကို သက်တောင့်သက်သာ နင်းပြီး မောင်းသွားခဲ့သည်။

ကျီဝမ် ထထိုင်လိုက်ပြီး ချက်ချင်း သက်ပြင်းချလိုက်သည်။ သူ့ဦးလေး ဒီနေ့ အိမ်ပြန်ရောက်ရင် သူ့အသက်ကို ချမ်းသာပေးလိမ့်မယ်လို့ သူ မျှော်လင့်သည်။

ယခုအခါ ဖန့်ရှောင်နွမ်ကို ကာကွယ်ရန် သူတို့ရဲ့ တာဝန်ပြီးဆုံးသွားသဖြင့် အိမ်ပြန်လို့ရနိုင်ပြီဖြစ်သည်။

ကျီလင်းချန်ရဲ့ မျက်နှာပေါ်ရှိ အပြုံးက တည်ရှိနေသေးသည်။ ဒီနေ့ သူ့မိန်းမဆီပဲ မျက်စိရောက်နေခဲ့သည်။

လမ်းတစ်လျှောက်မှာ ဖန့်ရှောင်နွမ်က ဂုဏ်ယူစွာ ပြောခဲ့သည်။ "နောက်တစ်ခါ ကျွန်မအိမ်သွားလည်ရင် ကျွန်မမိဘတွေကို ကားမောင်းပြီး အပြင်ခေါ်သွားရမယ်။ ကျွန်မ ကားမောင်းနည်း သိသွားပြီဆိုတာ သူတို့ကိုပြောပြရမယ်။"

ကျီလင်းချန်ပြောလိုက်သည်။ "မင်းရဲ့အချက်ပြမီးကို ဒီဟာသုံးပြီး ဘယ်ဘက်လှည့်လိုက်"

ဖန့်ရှောင်နွမ် အချက်ပြမီးကို နာခံစွာ ဖွင့်လိုက်သည်။ ဒီတစ်ခါတော့ သူမ ထိတ်လန့်မနေတော့ပေ။

ကျီလင်းချန် ဂုဏ်ယူနေသည်။ “နောက်တစ်ခါ ကိုယ် လူမှုရေး လုပ်ငန်းတွေကို သွားတဲ့အခါကျရင် ကားမောင်းပြီးအိမ်ပြန်ဖို့ စိတ်ပူစရာမလိုဘဲ သောက်လို့ရပြီပဲ”

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ ရှင့်ကို လာခေါ်ဖို့ မိန်းမရှိနေတာကြောင့်လား"

ကျီလင်းချန် ခေါင်းညိတ်ပြပြီး ရှေ့ကလမ်းကို လှမ်းကြည့်လိုက်သည်။ "မှန်တယ်။ ကိုယ့်ရဲ့ကြောင်ပေါက်လေးက အခုမောင်းနိုင်နေပြီ အခုဆို ယောကျ်ားမူးနေရင်တောင် လာခေါ်လို့ရနေပြီ”

ဖန့်ရှောင်နွမ်က အဲဒါကို တွေးပြီး အတော်လေး စောင့်မျှော်နေခဲ့သည်။ "ပြဿနာမရှိပါဘူး။ နောင်မှာ ရှင် အပြင်ထွက်လို့ အရက်သောက်ရရင် ရှင့်ရဲ့တည်နေရာကို ကျွန်မကို ပြောပြလိုက် ကျွန်မ လာခေါ်ပေးမယ်"

ကျီလင်းချန် ပြောလိုက်သည်။ "အိုခေ"

ကားက လမ်းတစ်လျှောက်လုံး အလွန်တည်ငြိမ်နေသည်။ တစ်စုံတစ်ခုအတွက် သဘာဝကျတဲ့ အရည်အချင်း မရှိခဲ့ရင်တောင် အလုပ်ကို ကြိုးကြိုးစားစားလုပ်ရင် စိတ်ပျက်ရမှာမဟုတ်ပေ။

ဖန့်ရှောင်နွမ် စီချွမ် စားသောက်ဆိုင်သို့ ကားမောင်းသွားခဲ့သည်။ ကားရပ်ဖို့နေရာရှာတော့မည်ဖြစ်သော်လည်း နေ့လည်အချိန်ဖြစ်ပြီးတော့ စနေနေ့လည်း ဖြစ်နေသည်။ ဒီမှာ လူများတယ်၊ ကားပါကင်လည်း ပြည့်နေပြီ။ သူမ အကြောက်ဆုံးက ကားဂိုဒေါင်ထဲကို ကားကို တွန်းထည့်လိုက်ရမှာကိုပဲ။ နေရာရနိုင်တဲ့ ကားပါကင်နေရာ အနည်းငယ်က သူမရဲ့ကားကို သူတို့ထဲပြန်ပြီးနောက်ဆုတ်ကားမောင်းဖို့ လိုအပ်သည်။

ဖန့်ရှောင်နွမ် မျက်မှောင်ကြုတ်လိုက်သည်။ ကျီလင်းချန်က သူ့ဇနီးရဲ့ အပြုအမူကို မြင်ပြီး သူမ ခက်ခဲနေတဲ့ အနေအထားတွင် ရှိနေကြောင်း သိလိုက်သည်။

သူ အမြန်ပြောလိုက်သည်။ “ရှောင်နွမ်၊ ကားရပ်လိုက်။ ကိုယ် ကားပါကင်ထိုးဖို့ ကူပေးမယ်။"

ဖန့်ရှောင်နွမ် သူမယောကျ်ားကို ကြည့်ပြီး မျက်ခုံးကျုံ့ထားတာတွေကို ဖြေလျှော့လိုက်သည်။

အကြောင်းတစ်ခုခုကြောင့် ခင်ပွန်းဖြစ်သူ အခုနကပြောခဲ့တဲ့စကားကြောင့် သူမကို အရမ်းပျော်ရွှင်စေခဲ့သည်။ "မင်းကိုချစ်တယ်"ဆိုတာ ထက် နားထောင်ရတာပိုကောင်းသည်။ သူမ ပြုံးပြီး ကားကို ရပ်လိုက်သည်။ ထို့နောက် သူမ ထွက်လာခဲ့သည်။

စားသောက်ဆိုင်ဝန်ထမ်းက ကြက်သေသေသွားသည်။ သူမ ကားပါကင် မထိုးတော့ဘူးလား။

ဖန့်ရှောင်နွမ် ပြုံးပြီးပြောလိုက်သည်။ "ကျွန်မက ကားပါကင်ထိုးတဲ့စကေးက မကောင်းဘူး။ ကျွန်မ ယောက်ျားကို လုပ်ခိုင်းလိုက်တာ"

'မြင်လား? ယောကျ်ားရှိတာ အရမ်းကောင်းတယ်။ ကားပါကင်ထိုးဖို့ အခက်အခဲရှိရင် ယောကျ်ားကိုကူခိုင်းလို့ရတယ်။ ' ဖန့်ရှောင်နွမ်က ယောကျ်ားတစ်ယောက်ရှိတာ အရမ်းကောင်းတယ်လို့ ခံစားရသည်။ ထို့အပြင်ကျီလင်းချန်လိုမျိုး ယောကျ်ားတစ်ယောက်ရှိခြင်းသည် ကမ္ဘာပေါ်တွင် အလှပဆုံးအရာဖြစ်သည်။

အမျိုးသားက ယာဉ်မောင်းထိုင်ခုံမှာ ထိုင်ခဲ့သည်။ လက်တစ်ဖက်ကို ဂီယာပေါ်တင်ပြီး နောက်တစ်ဖက်ကို စတီယာတိုင်ပေါ် တင်လိုက်သည်။ ဘေးနှစ်ဖက်ရှိ နောက်ကြည့်မှန်ကိုကြည့်ကာ ကားကိုလျင်မြန်စွာပါကင်ထိုးခဲ့သည်။

ဖန့်ရှောင်နွမ်သည် သူမ၏မျက်နှာပေါ်တွင် လေးနက်သောအကြည့်ဖြင့် ကြည့်နေသည်။ "ယောကျ်ား၊ ရှင်က အံ့သြစရာကောင်းလွန်းတယ်။"

ကျီလင်းချန် အကျယ်ကြီး ရယ်လိုက်သည်။ ဒီလိုအသေးအမွှားကိစ္စက ဘယ်လိုလုပ်အံ့သြစရာဖြစ်နိုင်မှာလဲ။ ကားပေါ်မှဆင်းပြီးနောက် ဇနီးဖြစ်သူ၏ ကျောပိုးအိတ်ကို ကောက်ယူခဲ့သည်။ ထို့နောက် ဇနီးဖြစ်သူ၏ ကျောပိုးအိတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ကားကို လောခ့်ချခဲ့သည်။

ဖန့်ရှောင်နွမ်က သူ့ထံ ချဉ်းကပ်ရန် အစပြုခဲ့သည်။ "ယောကျ်ား အိမ်ပြန်ရောက်ရင် ကားပါကင်ထိုးနည်း သင်ပေးလို့ရမလား"

ကျီလင်းချန်က သူမ၏မျက်နှာကို အသည်းယားစွာ ပွတ်သပ်လိုက်သည်။ “မင်း ကိုယ့်ကို လက်ဆောင်တွေ လုံလုံလောက်လောက် ပေးထားတာပဲ။ ကိုယ်သိသမျှ မင်းကို သင်ပေးမယ်။"

သူတို့စားနေကြတုန်း ကျီလင်းချန်ရဲ့ ဖုန်းက အဆက်မပြတ် မြည်လာခဲ့သည်။

ဖန့်ရှောင်နွမ် ညင်ညင်သာသာ ရေရွတ်လိုက်သည်။ "ရှင်ဘာလို့ ပိတ်ရက်မှာ ကောင်းကောင်း အနားယူလို့မရတာလဲ။ ဒါက ဘယ်လိုကုမ္ပဏီမျိုးလဲ”

ကျီလင်းချန် အကူအညီမဲ့နေခဲ့သည်။ "ရှောင်နွမ်၊ ဒီကုမ္ပဏီက ကိုယ့်ကုမ္ပဏီလေ"

ဖန့်ရှောင်နွမ် ဘာမှ ဖုံးကွယ်မထားပေ။ "ကျွန်မ ရှင့်ကို ရည်ရွယ်ချက်ရှိရှိ စနေတာ!"

ကျီလင်းချန်က သူ့မိန်းမ မပျော်တော့ဘူးဆိုတာ သိလိုက်သည်။ သူမက သူတို့အတွက် ပြီးပြည့်စုံတဲ့ဒိတ်လုပ်ဖို့ကို စီစဉ်ထားသော်လည်း သူလုပ်ရမယ့် အလုပ်ရှိနေသည်။ သူ မလုပ်နိုင်တာ ဘာမှမရှိပေ။ သူက မိန်းမကို အရူးအမူး အလိုလိုက်တဲ့သူဖြစ်သည်။ အလုပ် group chat တွင် သူ ချက်ချင်းသတိပေးချက်တင်ခဲ့သည်။ "စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ အရေးပေါ်ကိစ္စမရှိရင် ဘယ်သူမှ အချိန်ပိုလုပ်ခွင့်မရှိဘူး"

နောက်တော့ friend တွေဆီ post တစ်ခုတင်ခဲ့သည်။ "ဒိတ်လုပ်နေသည်၊ မနှောင့်ယှက်ရ "

ပူးတွဲပါဓာတ်ပုံသည် သူ့ဇနီးလေးရဲ့ လှပတဲ့ဓာတ်ပုံဖြစ်သည်။

ပထမဆုံး like ပေးခဲ့သူကတော့ သခင်ကြီးကျီ ဖြစ်သည်။ အထူးသဖြင့် သူ့ friend တွေရဲ့ ပို့စ်တွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါသူ အရမ်းတက်ကြွသည်။ သူလည်း ကောမန့်ပေးခဲ့သည်။ “ဒါက ရှောင်နွမ်ရဲ့ ဓာတ်ပုံကောင်းကောင်းလေးပဲ။ အရမ်းကြည့်ကောင်းတယ်။”

ကျီဝမ်က မှတ်ချက်ပေးခဲ့သည်။ “ဦးလေး၊ ဦးလေးက အလှလေးရဲ့ပြုစုမှုကို ခံယူနေတာလား”

ယဲ့မုပိုင်က ကောမန့်ပေးလိုက်သည်။ “အရမ်းပျော်မနေနဲ့။ နှစ်ရက်ကြာရင် မင်းမိန်းမ ပြန်ပျောက်သွားလိမ့်မယ်။ သူ့ကို ကူရှာပေးဖို့ လာ မတောင်းဆိုနဲ့။"

မုရုံ ကောမန့်ပေးလိုက်သည်။ “မင်းမိန်းမက နူးညံ့ပြီး ချစ်စရာကောင်းတဲ့ပုံပဲ။ ခုတော့ သူက မင်းကို ပြင်းပြင်းထန်ထန် ရိုက်နှက်ပြီး မင်းပြန်တောင်မချရဲတော့ဘူး!"

ဝမ်ယွီပေါ် - "ရိုမန်တစ်ဆန်တဲ့ အချစ်က မြန်မြန်သေတယ်ဆိုတာကို သိလား။ ငါ မင်း နောက်တစ်ကြိမ် အရိုက်ခံရဖို့ စောင့်နေတယ်။"

တစ်ဦးတည်းသော ယုံကြည်စိတ်ချလို့ရတဲ့မှာ ယောင်ချန် ဖြစ်သည်။ “သေချင်တဲ့သူတွေမှ အများကြီးပဲ။ အခေါင်းဈေးတက်သင့်တယ်။ တစ်ခေါင်းကို ငါးသန်း။ ငွေသားမရ၊ ဘဏ်ထဲက ငွေလွှဲပေးရမယ် ဒါမှမဟုတ် ကတ်ပေါ်က နံပါတ်ဆီ လွှဲပေးလို့ပဲရမယ် "

ကျီလင်းချန်က သူ၏ WeChat momentများကို ကြည့်ရှုခဲ့သည်။ သူ ဖုန်းချပြီး သူ့မိန်းမကိုပြောလိုက်သည်။ " ရှောင်နွမ်၊ မင်း တစ်ယောက်ယောက်ကို ရိုက်ချင်လား။"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဟင် "

ကျီလင်းချန် တိုင်ပြောခဲ့သည်။ “လူတချို့က ကိုယ်တို့ကို ကောင်းချီးမပေးကြဘူး”

"ဘယ်သူလဲ!" ဖန့်ရှောင်နွမ် ချက်ချင်း ဒေါသထွက်သွားသည်။ သူမ အခုပဲ သူတို့ကို ရိုက်ပစ်ချင်နေပြီ။

ကျီလင်းချန်က နာမည်သုံးမျိုးကို အေးအေးဆေးဆေး ပြောလိုက်သည်။ "ယဲ့မုပိုင်၊ မုရုံ နဲ့ ဝမ်ယွီပေါ် "

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ယောကျ်ား၊ ရှင့်အတွက် ဘယ်သူက ပိုအရေးကြီးလဲ ကျွန်မကိုပြော ရှင့်သူငယ်ချင်းလား ရှင့်မိန်းမလား"

ကျီလင်းချန် ထိုအကြောင်းကို တွေးတောင်မတွေးကြည့်မိပေ။ "မင်း"

ဖန့်ရှောင်နွမ် ပြုံးလိုက်သည်။ "ဒါဆို ကျွန်မ သက်ညှာမနေတော့ဘူး"

All Chapters