အခန်း (၂၃၄)
Vol. 16 Ch. 234
ဖန့်ရှောင်နွမ်သည် အပြန်လမ်းတွင် ယာဉ်ကြောပိတ်ဆို့မှုကို ကြုံတွေ့ရသောအခါ ချက်ချင်း တုန်လှုပ်သွားခဲ့သည်။ ရှေ့က မော်တော်ကားအစုလိုက်ကို မြင်တော့ သူမ ပြောလိုက်သည်။ “ယောကျ်ား၊ ရှင် မောင်းသင့်တယ်”
ကျီလင်းချန်က သူမကို နှစ်သိမ့်ခဲ့သည်။ “စိတ်မပူနဲ့။ စိတ်မလှုပ်ရှားနဲ့ ကိုယ် မင်းအနားမှာရှိနေမယ်။ မင်းတစ်ခုခုလိုအပ်ရင် ကိုယ် ဒီမှာရှိတယ်"
ဖန့်ရှောင်နွမ် ရှေ့ကို သတိထားပြီး ကြည့်လိုက်သည်။ ရာသီဥတုက ပိုအေးလာပြီး ဆောင်းတွင်းလည်း ရောက်နေပြီ။ သူမက စကတ်ဝတ်ထားတာကြောင့် အနည်းငယ်အေးလာသည်ဟု ခံစားရသည်။ စတီယာတိုင်ကို ကိုင်ထားရင်း လေကာအင်္ကျီကို ခြေကျင်းဝတ်အထိ ဆွဲချနိုင်စေဖို့ ဆန္ဒရှိခဲ့သည်။ "ယောကျ်ား၊ ကျွန်မတို့ ဟီတာဖွင့်လို့ရမလား"
ကျီလင်းချန်က ဖန့်ရှောင်နွမ်ရဲ့ ခြေထောက်တွေကိုမြင်တော့၊ သူက သူ့ဂျာကင်အကျီကို ချွတ်ပြီး သူ့ဇနီး၏ ခြေထောက်ပေါ် သပ်သပ်ရပ်ရပ် အုပ်ပေးခဲ့သည်။ ထို့နောက် ဟီတာ ဖွင့်လိုက်သည်။ “ခဏလေး။ မကြာခင်နွေးလာလိမ့်မယ်။"
ဖန့်ရှောင်နွမ် စိတ်မပူပေ။ သူ့ဂျာကင်အကျီက သူ့ရဲ့အနွေးဓာတ်အချို့ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး သူမချက်ချင်း ခံစားလို့ပိုကောင်းလာသည်။
ကျီလင်းချန် ပြောလိုက်သည်။ “ဒီရက်ပိုင်း ပိုအေးလာပြီ။ ဂါဝန်တွေ မဝတ်တော့နဲ့။ မင်းက အရမ်းငယ်တယ်။ အအေးမိတာက မင်းဘဝကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်။”
ဖန့်ရှောင်နွမ်က စတီယာတိုင်ကို ဆုပ်ကိုင်လိုက်ပြီး ရှက်ကိုးရှက်ကန်းနဲ့ပြောလိုက်သည်။ “ရှင့်ကို လာခေါ်ဖို့ ကျွန်မ နည်းနည်းလေးတော့ ၀တ်ထားချင်တာပေါ့။ ဒါက တစ်ခုတည်းသော အချိန်ပဲလေ။ နောက်တစ်ခါကျွန်မ ဒီဟာကို မဝတ်တော့ဘူး"
"အိမ်မှာရှိတဲ့ ဟီတာက အရမ်းနွေးတယ်၊ ဒါကြောင့် မင်းအိမ်မှာတော့ ဝတ်လို့ရပါတယ်" ကျီလင်းချန် ပြန်ပြောလိုက်သည်။
ကားက တဖြည်းဖြည်း နွေးလာပြီး ဖန့်ရှောင်နွမ်လည်း စိတ်ပူမနေတော့ပေ။ "ယောကျ်ား၊ ကျွန်မ ယာဉ်ထိန်းရဲရဲ့ လက်ဟန်အမူအရာကို နားမလည်ဘူး"
"စိတ်မပူပါနဲ့၊ ကိုယ်ရှိတယ် "ကျီလင်းချန် ပြန်ဖြေခဲ့သည်။
ခင်ပွန်းဖြစ်သူနှင့်အတူရှိရင် ဖန့်ရှောင်နွမ်သည် အမှန်တကယ်ပင် မည်သည့်အရာကိုမျှ မကြောက်တော့ပေ။ သူမက ယာဉ်ထိန်းရဲဆီက အေးအေးဆေးဆေး ဖြတ်မောင်းပြီး သူတို့ရဲ့ ဦးတည်ရာကို ဦးတည်သွားခဲ့သည်။” ယောကျ်ား၊ ရှင် ဒီတစ်ခေါက် အဝေးမှာ ရောက်နေတော့ ဘာလုပ်ခဲ့လဲ။ ဘာလို့ ဒီတခေါက် ရှင် ပြန်လာဖို့ကြာနေတာလဲ"
ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူကို ပေါ့ပေါ့ပါးပါး မေးခွန်းထုတ်ခဲ့သည်။
ကျီလင်းချန်၏ အမူအရာက ဤအချိန်၌ သူဘာလုပ်ခဲ့တယ်ဆိုတာကို တွေးတောကာ သူ့အမူအရာက မည်းမှောင်သွားခဲ့သည်။ "ကိုယ် အချိန်အတော်ကြာအောင် နေခဲ့ပေမယ့် အောင်မြင်မှု သိပ်မရခဲ့ပါဘူး။"
"ဒါဆို အချိန်ဖြုန်းမိခဲ့တာပေါ့ ဟုတ်လား"
ကျီလင်းချန် ဘာမှ မပြောခဲ့ပေ။ သူ့မိန်းမက သူ့ခရီးစဉ်ရဲ့ အကြောင်းရင်းကို မသိခဲ့ပေ။ ဒါက အချိန် အလဟသကုန်သွားခဲ့တဲ့ ခရီးတစ်ခုလို့ ထင်ခဲ့သည်။ဒါပေမယ့်လည်း သူ့အတွက်ကတော့ သူ့မျှော်လင့်ချက်တွေကို စိတ်ပျက်လက်ပျက်နဲ့ ပြန်တွေ့ခဲ့ရပြန်သည်။
ဖန့်ရှောင်နွမ် ရှု့ရှန်း ဥယျာဥ်၏အဝင်ပေါက်သို့ရောက်သော် ကားရပ်နားရာနေရာသို့ ကားကို ဘယ်လိုပြန်လှည့်ရမလဲဆိုတာကို သူမ မသိသေးပေ။
ကျီလင်းချန်က ကားပေါ်မှ ဆင်းကာ ကားပါကင်ထိုးခဲ့သည်။
ဖန့်ရှောင်နွမ်က ဤချိန်းတွေ့မှုသည် ရိုမန်းတစ်ဆန်မည်ဟု အစပိုင်းတွင် ထင်ထားခဲ့ပြီး သူမက ၎င်းနှင့်ပတ်သက်ပြီး အနည်းငယ် စိုးရိမ်နေခဲ့သည်။ ဒါပေမယ့် နေ့ခင်းတစ်ခုလုံး သူမ အလွန်ပျော်နေမှန်း သိလိုက်ရသည်။ သူမ ကျီလင်းချန်ကို တကယ်ကြိုက်ခဲ့တာလား။ သံသယမရှိဘဲ သူမ ကြိုက်နေခဲ့တာပဲ။ သူနဲ့ အတူရှိရင် ကားမောင်းနေရင်တောင် ဖန့်ရှောင်နွမ် းက သူတို့ရဲ့ အချစ်ရေးက လှပတယ်လို့ ခံစားမိသည်။
ညစာစားပြီးနောက် နှစ်ယောက်သား အိမ်ပြန်ခဲ့ကြသည်။ ကျီလင်းချန်က ကားတစ်စီး ရှာချင်ကာ ဇနီးသည်အတွက် ကားကောင်းတစ်စီး ဝယ်ပေးလိုကြောင်း ပြောခဲ့သည်။ ဖန့်ရှောင်နွမ် နားမလည်ပေ။ ကားဂိုဒေါင်ထဲမှာ ကားတွေ အများကြီးရှိတာပဲ ဒါဆို သူမ တစ်စီးလောက် ရွေးလို့ရနေတာပဲလေ မဟုတ်ဘူးလား? ဒါပေမယ့်လည်း ကျီလင်းချန်က ၎င်းသည် အနည်းငယ်သာ ပြည့်စုံသည်ဟု ခံစားရပြီး အသစ်တစ်စီးဝယ်တာက ပိုကောင်းသည်ဟု ခံစားခဲ့ရသည်။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ကျွန်မ ကားတွေအကြောင်း သိပ်မသိဘူး။ ရှင် ကြိုက်တာ ဝယ်လို့ရတယ်။" ဒီအကြောင်းကို သူမ ဘာမှမသိတဲ့အတွက် ကားဝယ်ဖို့ ခင်ပွန်းဖြစ်သူကို တာဝန်ပေးလိုက်သည်။
အိမ်ထဲသို့ဝင်ပြီးနောက် သူမက သူ၏ ခရီးဆောင်အိတ်ကို အပေါ်ထပ်သို့ စိတ်လှုပ်ရှားစွာ သယ်သွားခဲ့သည်။သူမယောကျ်ား သူမအတွက်ယူလာပေးတဲ့ဟာကို သူမ ချက်ချင်းကြည့်ချင်နေပြီ။
ကျီလင်းချန်က အပေါ်ထပ်သို့ လျှောက်လာစဉ် သူမ၏ နောက်ကျောကို ကြည့်ပြီး ပြုံးကာ အိမ်ထဲသို့ ဝင်သွားခဲ့သည်။
မြို့တော်ဝန် ကျီက သူ့ညီရဲ့မျက်နှာပေါ်ရှိ အပြုံးကိုမြင်ပြီး သူ့ရဲ့အသက်ဝင်ပြီး၊ ချစ်စရာကောင်းပြီး စိတ်တိုလွယ်တဲ့ ခယ်မကို တွေးနေမိသည်။ နောက်ဆုံးတွင် သူ့ညီလေးက သူ့စိတ်ဝိညာဉ်အတွက် လုံခြုံတဲ့ ဆိပ်ကမ်းတစ်ခု ရှိလာသည့်အတွက် သူ အလွန်ဝမ်းသာမိသည်။ အရင်တုန်းကတော့ ရှောင်ယွီကို လိုက်ရှာတိုင်း မျှော်လင့်ချက်မဲ့ကာ စိတ်ပျက်လက်ပျက်ပုံဖြင့် ပြန်လာခဲ့သည်။
ပုံမှန်အားဖြင့် သူနှင့် သူ့အဖေကို ရှာဖွေမှုအကြောင်း ပြန်ပြောပြပြီး အထီးကျန်မှုကို ခုခံရန် Spirit Creek Villaကို တစ်ယောက်တည်း ပြန်သွားလေ့ရှိသည်။ ဒါပေမယ့် ဒီတစ်ခါတော့ မတူဘူး။ သူ့ညီမကို ရှာမတွေ့ပေမယ့် စိတ်ပျက်လက်ပျက်ဖြစ်ပုံမပေါ်ပေ။ ရှောင်နွမ်က သူ့နှလုံးသားကို မသိလိုက်ဘဲ နွေးထွေးသွားစေခဲ့သည်။
အိပ်ခန်းထဲ ပြန်ရောက်လာတဲ့ ဖန့်ရှောင်နွမ် က ခင်ပွန်းဖြစ်သူရဲ့ ခရီးဆောင်အိတ်ကို ချက်ချင်းဖွင့်ပြီး သူ့အဝတ်အစားတွေကို ထုတ်လိုက်သည်။ သူမက အဲ့တာတွေကို ရှူကြည့်လိုက်တော့ သန့်ရှင်းတဲ့ရနံ့ရှိကြောင်း တွေ့ရှိခဲ့သည်။ သူမသည် သူ့အဝတ်အစားများကို ထုတ်ယူကာ cloakroom သို့ သယ်သွားပြီး တစ်ခုပြီးတစ်ခု ချိတ်လိုက်သည်။ ထို့နောက် သူမက ခရီးဆောင်အိတ်ဆီသို့ ပြန်ပြေးသွားပြီး ၎င်းကို ဆက်ကာလှန်လှောရှာဖွေခဲ့သည်။ "လက်ဆောင်ရှိတယ်လို့ ပြောတာမဟုတ်ဘူးလား။ ဘယ်ရောက်သွားတာလဲ"
ကျီလင်းချန်က သူ့အခန်းထဲပြန်ရောက်တဲ့အခါ လက်ဆောင်အတွက် ခရီးဆောင်အိတ်ကို လှန်လှောရှာဖွေနေတဲ့ သူ့ဇနီးလေးကိုကြည့်ပြီး မေးလိုက်သည်။ “ကိုယ့်အဝတ်အစားတွေကော ”
“ကျွန်မ ဗီရိုထဲမှာ ချိတ်ထားပြီးပြီ” ဖန့်ရှောင်နွမ် ပြန်ဖြေလိုက်သည်။
ကျီလင်းချန် ပြန်ပြောလိုက်သည်။ "လက်ဆောင်က ကိုယ့်အဝတ်အစားထဲမှာ "
ဖန့်ရှောင်နွမ် ချက်ခြင်းထရပ်ပြီး ခရီးဆောင်အိတ်ကို လွှတ်လိုက်ကာ cloakroom ထဲသို့ စိတ်လှုပ်ရှားစွာ ပြေးသွားသည်။
ကျီလင်းချန်က ခရီးဆောင်အိတ်ကို ဘေးဖယ်ပြီး cloakroom တံခါးဝမှာ ရပ်ကာ လက်ဆောင်ရှာနေတဲ့ ကောင်မလေးကို ကြည့်နေလိုက်သည်။
ဖန့်ရှောင်နွမ်က သူ့ဘောင်းဘီအိတ်ကပ်တွေကို စမ်း ပြီးနောက် သူ့အင်္ကျီအိတ်ကပ်တွေကို လှန်လှောရှာဖွေခဲ့သည်။ ဒါပေမယ့် ဘာမှ မရှိခဲ့ပေ။ နောက်ဆုံးတွင် သူမ ခြေဖျားထောက်ပြီး သူ့ကုတ်အင်္ကျီဆီ လှမ်းလိုက်ပြီး အတွင်းအိတ်များကို နှိုက်ကြည့်လိုက်သည်။
"ယောကျ်ား၊ ကျွန်မ တွေ့ပြီ။" ဖန့်ရှောင်နွမ် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
သူမ ၎င်းကိုထုတ်လိုက်ချိန် ၎င်းသည် သူမလက်ကောက်ဝတ်ရှိ လက်ကောက်နှင့် အမှတ်တံဆိပ်နှင့် စီးရီးတူပြီး လက်ရာမြောက်သောလည်ဆွဲတစ်ခုဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူမ ပျော်ရွှင်စွာ ခုန်ထကာ ကျီလင်းချန်ဆီသို့ ပြေးသွားခဲ့သည်။
ကျီလင်းချန်က ဇနီးဖြစ်သူ၏ ခါးကိုဖက်ကာ ပြုံးပြလိုက်သည်။ "ဆက်ရှာကြည့်လိုက်ဦး"
"အို " ဖန့်ရှောင်နွမ်ရဲ့ မျက်လုံးတွေက အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။ "နောက်ထပ်လက်ဆောင်ရှိသေးတာလား"