← Chapters

အခန်း (၂၃၅)

Vol. 16 Ch. 235

အခန်း (၂၃၅)

Vol. 16 Ch. 235

ကျီလင်းချန် ခေါင်းညိတ်လိုက်သည်။ ဇနီးလေးအတွက် surprise များစွာကို သူမ တစ်ခုပြီးတစ်ခု ရှာနိုင်ဖို့ သူ ပြင်ဆင်ထားခဲ့သည်။

" ရှောင်နွမ် မင်း ဆက်ရှာထားလိုက်။ ကိုယ် ကိုယ့်အစ်ကိုနဲ့အဖေ့ကိုပြောစရာရှိသေးလို့ ” ကျီလင်းချန် ပြောလိုက်သည်။

ထိုအချိန်တွင် ဖန့်ရှောင်နွမ် တွေးနေမိတာက လက်ဆောင်ကိုသာ ဖြစ်သည်။ ခင်ပွန်းဖြစ်သူ ဘာသွားလုပ်မယ်ဆိုတာကို ဂရုစိုက်ဖို့ သူမ အချိန်မရှိပေ။

မကြာခင်မှာပဲ အခြားအင်္ကျီအိတ်ကပ်ထဲမှာ နားကပ်တစ်ရံတွေ့ပြီး သူမ ဆက်ရှာဖွေခဲ့သည်။

သူမ အရမ်းပျော်နေတာကိုမြင်တော့ ကျီလင်းချန် လှည့်ပြီး အခန်းထဲက ထွက်သွားခဲ့သည်။ သူ့အဖေနဲ့ သူ့အစ်ကိုဆ်ိကို သူတို့ မျှော်လင့်ချက်တွေ ပျက်သွားပြန်ပြီဆိုတာ သူသွားပြောပြချင်သည်။

သခင်ကြီးကျီက သူ့သားအငယ်ကို ဒီလိုမနှိပ်စက်ဖို့ သူ့ကို နှစ်သိမ့်ပေးခဲ့ပေမယ့် သူ့နှလုံးသားထဲက မျှော်လင့်ချက်တွေက တဖြည်းဖြည်း စိတ်ပျက်အားငယ်သွားခဲ့သည်။

မြို့တော်ဝန် ကျီကလည်း သူ့အဖေရဲ့ စကားကို ယုံကြည်ပြီး သူ့ညီမအနားမှာ မရှိတော့ဘူးလို့ထင်ခဲ့သည်။

သုံးယောက်သား အချိန်အကြာကြီး ထိုင်ပြီး စကားတွေ အများကြီး ပြောဖြစ်ကြသည်။

ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူ၏ အဝတ်အစားများတွင် ဝှက်ထားသော လက်ဆောင်အားလုံးကို တွေ့ရှိခဲ့သည်။ သူမ စိတ်လှုပ်ရှားစွာ ဖြင့် အိပ်ယာပေါ် လှဲလျောင်းရင်း ဓာတ်ပုံတွေ ရိုက်ပြီး သူမရဲ့ ဆိုရှယ်မီဒီယာမှာ တင်ခဲ့သည်။

ဖန့်ရှောင်နွမ် စာရေးခဲ့သည်။ “ယောကျ်ားရှိတာ အရမ်းကောင်းတယ်။ ဒါက သူ့ရဲ့ ပထမဆုံး စီးပွားရေးခရီးစဉ်ဖြစ်ပြီး လက်ဆောင်တွေနဲ့ ပြန်လာခဲ့တယ်။ ငါ သူ့ကိုအမြဲအားကိုးလို့ရတယ်"

သူမရဲ့ moment မှာ မတင်ခင် တစ်ယောက်ယောက်ကို တမင် block ထားခဲ့သည်။

နာရီဝက်ကြာပြီးနောက် ကျီလင်းချန် အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ ထိုကဲ့သို့ လေးနက်သောအကြောင်းအရာကို ပြောပြီးနောက် သူစိတ်အခြေအနေမကောင်းခဲ့ပေ။ ဒါပေမယ့် ဖန့်ရှောင်နွမ် ဘယ်လောက်ပျော်ရွှင်နေသည်ကို မြင်လိုက်ရသဖြင့် သူမကို အနှောင့်အယှက် မပေးချင်သဖြင့် သူပြောလိုက်သည်။ " ရှောင်နွမ်၊ ကိုယ် ဆေးကြောလိုက်ဦးမယ်"

“ကောင်းပါပြီ!” ဖန့်ရှောင်နွမ် ပြောလိုက်သည်။

ဖန့်ရှောင်နွမ် ကုတင်ပေါ်တွင် ဒူးထောက်ကာ လက်ဆောင်ပစ္စည်းတွေကို ဆက်ပြီး ဓာတ်ပုံရိုက်နေခဲ့သည်။

သိပ်မကြာခင်မှာပဲ ကျီလင်းချန် ရေချိုးခန်းထဲက ထွက်လာသည်။ ဖန့်ရှောင်နွမ်က ချက်ချင်း သူ့ကို လှမ်းဖက်လိုက်ပြီး သိချင်စိတ်ဖြင့်မေးခဲ့သည်။ "ယောကျ်ား၊ ဒီလက်ဆောင်တွေကို ဘယ်လိုရွေးထားတာလဲ "

ကျီလင်းချန် ပြန်ဖြေခဲ့သည်။ "ကိုယ် မျက်စိကျတဲ့ဟာတွေကို ဝယ်လာခဲ့တာ"

ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူကို ပျော်ရွှင်စွာ ပွေ့ဖက်ကာ နမ်းဖို့ အစပြုခဲ့သည်။

ကျီလင်းချန် သည် အများအားဖြင့် အလွန်စိတ်အားထက်သန်ပြီး တုံ့ပြန်တတ်သော်လည်း ထိုအချိန်တွင် သူမကို သူ့ရင်ခွင်ထဲမှာ ဖက်ထားပြီး ငြိမ်သက်နေခဲ့သည်။ ဇနီးဖြစ်သူ၏ ဆံပင်တွေကို ချစ်စရာကောင်းစွာဖွကာ သူမကိုယ်တိုင် ဖျော်ဖြေဖို့ ပြောခဲ့သည်။

ဖန့်ရှောင်နွမ် အရမ်း အံ့အားသင့်သွားသည်။ သူမယောကျ်ား ပြောင်းလဲသွားပြီ။

သူမသည် သူမ၏ ပျော်ရွှင်မှုကို စိတ်ထဲတွင် တွန်းပို့ကာ အဖေနဲ့အစ်ကိုနဲ့ကို စကားစမြည်ပြောရာမှ ပြန်လာပြီးနောက် စိတ်အခြေအနေ မကောင်းပုံရသည့် ခင်ပွန်းသည်ကို ကြည့်လိုက်သည်။

“ယောကျ်ား၊ စကားပြောရအောင်၊” ဖန့်ရှောင်နွမ် ပြောလိုက်သည်။

"လက်ဆောင်တွေကို ဝတ်ကြည့်ပြီးပြီလား" ကျီလင်းချန် မေးလိုက်သည်။ "မင်း အဲ့တာတွေကို ကြိုက်လား"

ဖန့်ရှောင်နွမ် ခေါင်းညိတ်ပြလိုက်သော်လည်း သူမကို အာရုံမပြောင်းစေခဲ့ပေ။ အဲဒီ့အစား သူမ အသံတိုးတိုးနဲ့ မေးခဲ့သည်။ “ခုဏက အဖေ ရှင့်ကို ဆူလိုက်လို့လား”

"ရှင် ဒုက္ခရောက်နေလို့လား"

"ဘာလို့ မပျော်မရွှင်ဖြစ်နေတာလဲ" ဖန့်ရှောင်နွမ် ထပ်မေးနေခဲ့သည်။ သူတို့နှစ်ယောက် ဒိတ်လုပ်နေတုန်းကတော့ အားလုံးအဆင်ပြေနေတာမို့ အခုအိမ်ပြန်ရောက်တော့ သူ ဘာလို့စိတ်ဆိုးနေတာလဲ။ ဒါပေမယ့်လည်း ဖန့်ရှောင်နွမ်က သူမကို ဂရုစိုက်တဲ့သူတွေအပေါ် အထူးအလေးအနက်ထားခဲ့သည်။ ခင်ပွန်းဖြစ်သူ စိတ်ညှိုးငယ်နေသည်ကို သူမ ခံစားနိုင်သည်။

ခင်ပွန်းဖြစ်သူရဲ့ အင်္ကျီ လက်ကို ဆုပ်ကိုင်လိုက်သည်။ “ယောကျ်ား" သူမ ပြောလိုက်သည်။ "ကျွန်မက ရှင့်ရဲ့မိန်းမပါ"

ကျီလင်းချန် ခဏတာ ကြက်သေသေသွားသည်။ ခဏတိတ်ဆိတ်သွားပြီးနောက် သူ ဖြည်းဖြည်းချင်းပြောခဲ့သည်။ " ရှောင်နွမ်၊ ဦးတည်တာမရှိဘဲ ဆယ်နှစ်ကျော်လောက်ကြာပြီဖြစ်တဲ့ လူတစ်ယောက်ကို ဆက်ပြီးရှာဖွေသင့်တယ်လို့ မင်းထင်လား"

စောစောက စာကြည့်ခန်းမှာ သူ့အဖေနဲ့အစ်ကိုက သူ့ကိုလက်လျှော့ဖို့ အကြိမ်ကြိမ်ပြောခဲ့သည်။ ကျီလင်းချန်က သူတို့ရဲ့ ရည်ရွယ်ချက်ကို နားလည်သည်။ သူ့ညီမသေသွားပြီဆိုတဲ့အချက်ကို သူ့ကို ရင်ဆိုင်စေချင်ကြသည်။

သခင်ကြီးကျီ ပြောလိုက်သည်။ "မင်းနဲ့ ရှောင်နွမ်တို့ ကောင်းကောင်းနေရမယ်။ အသက်ရှင်နေတဲ့သူတွေက ကောင်းကောင်းနေရမယ်လေ။ အသက်ရှင်နေခြင်းနဲ့ သရဲတစ္ဆေဖြစ်ခြင်းကြား တစ်နေရာရာမှာ အဆုံးမသတ်လိုက်ပါနဲ့။ မင်းက အိမ်ထောင်ကျပြီးသား မင်းတစ်ယောက်တည်း မဟုတ်တော့ဘူး။ မင်းရဲ့အသက်တစ်ဝက်လောက်က ရှောင်နွမ်နဲ့ဆိုင်တယ်"

မြို့တော်ဝန် ကျီက သူ့ကို ရှောင်နွမ်နဲ့ ကောင်းကောင်းနေထိုင်ပြီး အနာဂတ်ကို စဉ်းစားဖို့ အကြံပေးခဲ့သည်။ သူက အတိတ်နဲ့ အမြဲ ရောယှက်နေနိုင်သည်။

အတိတ်ရဲ့ ဆိုးရွားတဲ့ အစိတ်အပိုင်းတွေကို တွယ်ကပ်နေတဲ့သူတွေဟာ ဘယ်တော့မှ ကုစားခြင်း သို့မဟုတ် ကျော်လွှားနိုင်မှာ မဟုတ်ပေ။

ကျီလင်းချန်သည် သူတို့၏ စကားကြောင့် အနည်းငယ် ယိမ်းယိုင်သွားသည်။ သူ့အိပ်ခန်းထဲမှာ သူ့ကိုစောင့်နေတဲ့ သူ့မိန်းမအကြောင်း တွေးနေခဲ့သည်။ ရှောင်နွမ်က သူ့ညီမကို ရှာဖို့သွားခဲ့တယ်ဆိုတဲ့အချက်ကို လက်ခံနိုင်ပါ့မလားဆိုတာ မသေချာပေ။ သူ့မိန်းမကို စေ့စေ့ကြည့်ကာ အဖြေကို လိုချင်နေမိသည်။ သူ စိတ်လှုပ်ရှားနေပြီး အဲဒါကို စောင့်မျှော်နေသည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဒါပေါ့ ရှင် ခံနိုင်ရည်ရှိရမယ်လေ။ ဒီလူကို ရှင်ရှာနေတာ နှစ်တွေအတော်ကြာပြီလေ။ ဆိုလိုတာက အဲ့ဒီလူက အရမ်းအရေးကြီးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ် ဒါမှမဟုတ် အဲ့ထက်မကပဲဖြစ်ဖြစ် သူက ရှင့်ရဲ့ ရစ်ပတ်နွယ်တက်နေတဲ့မဏ္ဍိုင် ဖြစ်လာခဲ့တယ်။ အကန့်အသတ်မရှိတဲ့ သမုဒ္ဒရာထဲကို ပစ်ချခံရသလိုပဲ။ အကွာအဝေးတစ်ခုမှာရှိနေတဲ့ မီးပြတိုက်က လင်းနေသေးသရွေ့ သင်္ဘောက ဦးတည်ရာဆီ ရောက်လိမ့်မယ်။ မီးပျက်သွားတဲ့အခါ သီးခြားကျွန်းတစ်ကျွန်းမှာ ပိတ်မိနေသလိုမျိုး၊ ရှင် အဲဒီမှာ စွန့်ပစ်ခံရလိမ့်မယ်"

"ယောကျ်ား၊ ရှင့်ရဲ့ရှာဖွေမှုကို ကျွန်မ အားပေးထောက်ခံတယ်။ ရှင့်ရဲ့ကြိုးစားမှုကို ဘုရားသခင်မြင်နေတာပဲလေ။ ရှင် အရမ်းကြိုးစား လုပ်ဆောင်နေတာကြောင့် ရှင့်အတွက် အံ့အားသင့်စရာကြီးတစ်ခု ပြင်ဆင်ထားလိမ့်မယ်။ မကြာခင်မှာ အံ့အားသင့်စရာက ရောက်ရှိလာလိမ့်မယ်"

ဖန့်ရှောင်နွမ်သည် ခင်ပွန်းသည်၏ လေးနက်တဲ့ မျက်လုံးများကို ကြည့်လိုက်သည်။ အကြောင်းတစ်ခုခုကြောင့် သူမ မကူညီနိုင်ဘဲ သူ့အတွက်ဝမ်းနည်းနေမိသည်။

သူမက သူ့ဇနီးဖြစ်ကတည်းက သူ့နာကျင်မှုကို စာနာနိုင်ခဲ့တာဖြစ်မည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ယောကျ်ား၊ ရှင် အရမ်းပင်ပန်းနေပြီး ကြာကြာမထိန်းနိုင်တော့ဘူးဆိုရင် ကျွန်မရှင့်ကို ကူရှာပေးမယ်။ ကျွန်မတို့က လင်မယားတွေမို့ ကျွန်မတို့က အဖွဲ့သားတွေပဲ။ ဒီလူကို အတူတူရှာကြည့်ရအောင်။ ဆယ်နှစ်ကျော်သွားပြီး ရှင် လက်မလျှော့ဘူးဆိုရင်တောင် ကျွန်မ ရှင်နဲ့အတူရှိနေပေးမှာပါ"

All Chapters