← Chapters

အခန်း (၂၃၆)

Vol. 16 Ch. 236

အခန်း (၂၃၆)

Vol. 16 Ch. 236

ကျီလင်းချန်က သူ၏ စိတ်ပိုင်းဖြတ်ထားသော ဇနီးလေးကို ကြည့်ပြီး ထိမိသွားသည်။ သူမကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။ ဒီလို ဇနီးမယားချောချောလေးကို ပိုင်ဆိုင်ခွင့်ရတာ သူ အရမ်းကံကောင်းသည်။

ဖန့်ရှောင်နွမ်ရဲ့ရင်ဘတ်က တင်းကျပ်လှတဲ့ ပွေ့ဖက်မှုကြောင့် နာလာသည်။ “ယောကျ်ား၊ ကျွန်မမှာ အခြေအနေတစ်ခုတော့ရှိတယ်။ ရှင် ရှာနေတဲ့မိန်းမက ကျွန်မရဲ့အချစ်ပြိုင်ဘက်ဖြစ်နေရင်တော့ ရှင့်ကိုကူညီမှာမဟုတ်ဘူးနော်။ ဒါတင်ပဲမဟုတ်ဘူး။ ရှင် သူ့ကိုလိုက်ရှာနေရင်တောင် ကျွန်မ လိုက်တားမှာ။"

ကျီလင်းချန် ခေါင်းငုံ့ကာ ဇနီးဖြစ်သူ၏ ဆံပင်ကို နမ်းလိုက်သည်။ “ဒါက အချစ်ပြိုင်ဘက် မဟုတ်ပါဘူး။ ကိုယ့်မှာ တခြားပါတနာတွေ တစ်ခါမှ မရှိခဲ့ဖူးသလို နောင်မှာလည်း အသစ်တွေ ရှိလာတော့မှာ မဟုတ်ဘူး။ မင်းရဲ့ယောက်မလေးကို ကိုယ်လိုက်ရှာနေတာပါ"

"ဘာ " ဖန့်ရှောင်နွမ် အံ့အားသင့်စွာ ကြည့်လိုက်သည်။

သူမမှာ ယောက်မ ရှိသေးတာလား? ကျီမိသားစုမှာ သားအရင်းနှစ်ယောက်ပဲ ရှိတာ မဟုတ်ဘူးလား ယောက်မလေးတစ်ယောက်ရှိတယ်ဆိုတာက ရုတ်တရက် အတွေးကတောင် မယုံနိုင်လောက်အောင်ပဲ။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "အရင်က ရှင့်ရဲ့ရုံးခန်းထဲမှာ ရှင့်ကို တစ်ယောက်ယောက်က ထားသွားတယ်လို့ ရှင်ပြောခဲ့တယ်နော်။ အဲဒီအမျိုးသမီးက ရှင့်ရဲ့ရည်းစားဟောင်းမဟုတ်ဘဲ သူက ရှင့်ရဲ့ညီမလား ”

ကျီလင်းချန် ခေါင်းညိတ်ပြီး သူ့ကိုယ်သူ ရယ်လိုက်သည်။ “သူမ ထွက်သွားတာမဟုတ်ဘူး။ ကိုယ် သူမ စွန့်ပစ်တာကို ခံလိုက်ရတာ "

ဖန့်ရှောင်နွမ်က သူ့ယောကျ်ားကို ချက်ချင်းချော့လိုက်သည်။ “ယောကျ်ား၊ ဝမ်းမနည်းပါနဲ့။ သူ့ နာမည်ဘယ်လိုခေါ်လဲ။ ကျွန်မကိုပြော။ ကျွန်မ သူ့ကိုရှာတွေ့အောင် ကူညီပေးမယ်။"

ကျီလင်းချန်ရဲ့ နှုတ်ခမ်းတေ့်က အပြုံးတစ်ခုအဖြစ်ကွေးညွတ်သွားသည်။ "ကျီရှောင်ယွီ "

" ရှောင်ယွီ "ဖန့်ရှောင်နွမ်ပြန်ပြီရေရွတ်လိုက်သည်။ ရှောင်ယွီ၊ ရှောင်ယွီ။ ဒီနာမည်က သူမအတွက် အရမ်းရင်းနှီးနေသလိုပဲ။

မအိပ်ပျော်သွားခင်မှာ ဖန့်ရှောင်နွမ်က သူမရဲ့ “ခေါင်းအုံး” ပေါ်မှာ လှဲနေရာကနေ အဲ့အကြောင်းက ခေါင်ထဲ ပြန်ရောက်လာခဲ့သည်။ သူမ ချက်ချင်း တွယ်ကပ်လိုက်သည်။

ကျီလင်းချန်က ပြုံးပြီး ကုတင်ဘေးက မီးအိမ်ကို ပိတ်ကာ လှဲချလိုက်သည်။ “မင်း ကိုယ့်ကို အကြွေးတချို့ တင်နေသေးတယ်နော်။ ကိုယ့်ကို တစ်ခုခု ပြန်ပေးရမယ့် အချိန် မဟုတ်ဘူးလား”သူ့ သူ့မိန်းမပေါ်ကို ခွတက်လိုက်သည်။

ထိုလူက ငုံ့ချလိုက်ပြီး အနမ်းကြောင့် ဖန့်ရှောင်နွမ်ရဲ့ အတွေးတွေ ပြတ်တောက်သွားသည်။ ခင်ပွန်းဖြစ်သူက သူမကို ပြင်းပြတဲ့ အနမ်းတွေနဲ့ အာရုံလွှဲလိုက်ချိန်မှာတော့ “ရှောင်ယွီ” ဆိုတဲ့ နာမည်နဲ့ ပတ်သက်ပြီး သူမကိုတွယ်ကပ်နေစေခဲ့တာကို သူမ မှတ်မိတော့မှာပေ။ သူမ နေမထိထိုင်မသာဖြစ်နေသော်လည်း သူက လှုပ်ရှားနေရာမှာ ရပ်တန့်လိုက်သည်။ သူက သူမရဲ့ ညအိပ်ဝတ်ဂါဝန်ကို သူမရဲ့ ခါးပေါ်ဆွဲမလိုက်ပြီး သူမ၏စိတ်တွေကို ဗလာကျင်းသွားစေသည်။

ကျီလင်းချန်က သူမကို လမ်းညွှန်ခဲ့ပြီး သူမရဲ့မျက်လုံးတွေကိုမှိတ်ထားဖို့ချော့ခဲ့သည်။ ဇနီးဖြစ်သူရဲ့ ခြေထောက်တွေကို ကားရင်းနဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေက နူးညံ့နေခဲ့သည်။

ဖန့်ရှောင်နွမ် အလွန်စိတ်လှုပ်ရှားနေသဖြင့် သူမရဲ့ ခြေချောင်းလေးတွေ ကွေးသွားခဲ့သည်။ ဤနေရာမှ ညအိပ်ဝတ်ဂါဝန်ကြိုးကို ဖြုတ်ချကာ ရင်ဘတ်ကို ပေါ်လွင်စေခဲ့သည်။ သူမ၏ လည်ပင်းမှာ စိုစွတ်နေပြီး သူမတစ်ကိုယ်လုံး ပူနေပြီး မသက်မသာခံစားနေရသည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ယောကျ်ား …”

နူးညံ့ပြီး ချစ်စရာကောင်းတဲ့ ညုတုတုအသံက ထိုယောက်ျားဖြစ်သူရဲ့ ထိန်းချုပ်မှုကို ပို၍ပင် ချော်သွားစေခဲ့သည်။

ကျီလင်းချန် သူမရဲ့ နားရွက်ကို ညင်သာစွာ နမ်းလိုက်သည်။ ဖန့်ရှောင်နွမ်ရဲ့ ခန္ဓာကိုယ်က တုန်တက်သွားပြီး သူမ တုံ့ပြန်နိုင်ခြင်း မရှိလောက်အောင် စိတ်လှုပ်ရှားသွားသည်။

ညက တိတ်ဆိတ်နေပြီး ဘယ်သူမှ သူတို့ကို မနှောင့်ယှက်ခဲ့ပေ။ ဖန့်ရှောင်နွမ်က သူမ၏ အပျိုစင်ဘဝကို ဆုံးရှုံးရတော့မည်ဟု ခံစားမိသည်။ သူမရဲ့မျက်နှာက နေဝင်ချိန်ကဲ့သို့ နီမြန်းနေသည်။

သူမ လျိုစစ်ယွီနဲ့ ညစ်ပတ်တဲ့ ဟာသတွေ လုပ်ခဲ့ပေမယ့် အခုအချိန်မှာတော့ သူမရဲ့ စိတ်တွေ လွတ်သွားခဲ့ပါပြီ။ သူမသည် sex ကိစ္စနှင့်ပတ်သက်သည့် စာအုပ်များကိုပင် မဖတ်ခဲ့ဘဲ ဗီဒီယိုတွေကိုလည်း မကြည့်ခဲ့ဖူးပေ။ယောကျ်ားဖြစ်သူက သူမကို တစ်ဆင့်ချင်းစီတိုင်းကို လမ်းညွှန်ခဲ့သည်။

"ယောကျ်ား၊ ခဏ " ဖန့်ရှောင်နွမ် ရုတ်တရက် တားလိုက်သည်။

ကျီလင်းချန်ရဲ့ ခန္ဓာကိုယ်မှာ တပ်မက်မှုတွေ ပြည့်နှက်နေပေမယ့် သူ့အောက်က ကောင်မလေးကို ရုတ်တရက် လှမ်းကြည့်လိုက်သည်...

ဖန့်ရှောင်နွမ်သည် စောစောကမိန်းမောနေခဲ့ပြီး ဒါကို ခွင့်ပြုတော့မည်ဖြစ်သော်လည်း အခုတော့ သူမမျက်လုံးထဲတွင် ဆန္ဒမရှိတော့ပေ။ သူ နောက်တစ်ကြိမ် ရေးအေးနဲ့ အချိန်အကြာကြီး ရေချိုးရေတာ့မယ်လို့ ထင်ရသည်။

ကျီလင်းချန်က သူ၏ အတွင်းစိတ်ဆန္ဒများကို မျိုသိပ်ထားသည်။ " ရှောင်နွမ်၊ အရမ်း အေးလွန်းတယ်။ ရေအေးနဲ့ ရေချိုးတာ ကိုယ့်အတွက် မကျန်းမာဘူး”

ဖန့်ရှောင်နွမ် ပြန်ဖြေခဲ့သည်။ "မဟုတ်ဘူး ယောကျ်ား ။ ကျွန်မ ရှောင်ယွီ အကြောင်း ရုတ်တရက် တွေးလိုက်မိလို့"

ဖန့်ရှောင်နွမ် ရဲ့စိတ်တွေ လှည့်ပတ်လာပြီး ညစ်ပတ်တဲ့ဟာသတွေနဲ့ ပြည့်နှက်နေတဲ့ သူမရဲ့ အချစ်ဆုံးသူငယ်ချင်း လျိုစစ်ယွီကို ရုတ်တရက် တွေးလိုက်မိသည်။

Silver Field မှာ ဖြစ်ပျက်ခဲ့တာကို သူမ မှတ်မိသည်။ သူမနဲ့ ပက်ပင်းတိုးတဲ့အချိန်တုန်းက လျိုစစ်ယွီပြောခဲ့ဖူးသည်။ "နင့်ယောကျ်ားက ငါ့ကို ဖမ်းပြီး 'ရှောင်ယွီ' လို့ခေါ်ခဲ့တယ်။ ငါ့နောက်ကိုတောင် လိုက်ခဲ့သေးတယ်။ အရမ်းကြောက်စရာကောင်းတာပဲ။ နင် ပြန်သွားတဲ့အခါကျရင် ငါ နင်နဲ့ အတူရှိနေတာလို့ နင် သူ့ကို မပြောပြရဘူးနော် "

လျိုစစ်ယွီ သူမကိုပြောခဲ့တဲ့စကားတွေက သူမနားထဲမှာ ထွက်ပေါ်လာဆဲပင်။

ထိုအချိန်တုနက သူမ ထူးဆန်းသည်ဟု ခံစားမိသည်။ သူမယောကျ်ားက သူမရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ တစ်ခါမှ မဆုံဖူးတဲ့အတွက် သူမရဲ့နာမည်ကို သူ ဘယ်လိုသိနိုင်မှာလဲ။

ပိုအရေးကြီးတာက သူ သူမကို သိခဲ့ရင်တောင် သူမကို "ရှောင်ယွီ" လို့ ဘာကြောင့် ခေါ်တာလဲ။

ထို့အပြင်၊ သူမရဲ့ယောကျ်ားက လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက ဒီ ရှောင်ယွီဆိုတဲ့သူကို ရှာဖွေနေပြီး သူပြောခဲ့တာက...

ဖန့်ရှောင်နွမ်က သူမယောကျ်ားသည် သူ့ညီမအတွက် သူမရဲ့အချစ်ဆုံးသူငယ်ချင်းကို လူချင်းမှားစေသည်ဟု ခံစားမိသည်။ အဲဒီနောက်မှာတော့ သူက သူမကို ရက်ပေါင်းများစွာ ရှာဖွေခဲ့သည်။

ကျီလင်းချန်က အိပ်ယာဘေးက မီးအိမ်ကိုဖွင့်ကာ အဝတ်ဗလာနီးပါးရှိနေတဲ့ သူ့မိန်းမကို ငုံ့ကြည့်လိုက်သည်။ " ရှောင်နွမ် မင်း ဘာပြောလိုက်တာလဲ"

ဖန့်ရှောင်နွမ်ရဲ့ အကြည့်က ရှက်ရွံ့နေပြီး သူမအပေါ်မှာရှိနေတဲ့လူကို တွန်းထုတ်လိုက်သည်။ "ရှင် အရင်ဖယ်ပေးလို့ရမလား"

ထိုမှသာ ကျီလင်းချန်က သူတို့၏ အနေအထားကို ကြည့်လိုက်သည်။ ဒီဟာကို သူ့ကိုယ်သူ ယူဆောင်လာတယ်ဆိုတာ သူသိတဲ့အတွက် သူမဘေးမှာ အမြန်လှဲလိုက်သည်။

ဖန့်ရှောင်နွမ်က ရှက်ကိုးရှက်ကန်းဖြင့် သူ့ကိုယ်သူ စောင်ဖြင့် ပတ်ထားပြီး ခေါင်းကိုသာ ဖော်ထားလိုက်သည်။ တစ်ဖန် ယောကျ်ားဖြစ်သူရဲ့ ကျားကို ရှောင်တိမ်းခဲ့ပြန်သည်။

“မင်း ကိုယ့်ကိုယ်ကို ဒီလောက် တင်းတင်းကြပ်ကြပ် ကြီးပတ်ထားဖို့ မလိုပါဘူး။ အဲဒါက မင်းကို ကိုယ်က နှောင့်ယှက်နေသလိုမျိုး ဖြစ်နေပြီ။” ကျီလင်းချန်က သူမကို သူ ပြစ်မှားလိုက်သလိုမျိုး ခံစားမိစေသည်။ သူမက နေ့တိုင်း သူ့ရင်ခွင်ထဲသို့ ပြေးဝင်လာသည်။ သူသည် မရေမတွက်နိုင်လောက်အောင် အေးစက်တဲ့ ရေကိုချိုးခဲ့ဖူးသည်။

All Chapters