← Chapters

အခန်း (၂၃၇)

Vol. 16 Ch. 237

အခန်း (၂၃၇)

Vol. 16 Ch. 237

ဖန့်ရှောင်နွမ်လည်း သူမ သူမခင်ပွန်းကို စွန့်လွှတ်လိုက်မိတယ်လို့ ခံစားရသည်။ အရေးကြီးတဲ့ အခိုက်အတန့်အချိန်တိုင်း၊ တစ်စုံတစ်ယောက်က သူမအား အနှောင့်အယှက်ပေးမည် သို့မဟုတ် သူမ အဲ့တာကို မဖြတ်သန်းနိုင်ပေ။ ဒီတစ်ခါတော့ သူမအဝတ်အစားတွေကို ချွတ်ပြီး လုပ်တော့မည်ဖြစ်သော်လည်း ရှောင်ယွီကို တွေးနေမိသည်။

"ယောကျ်ား၊ ရှင် သိပါတယ်၊ ကျ ..ကျွန်မ ရှင့်ကိုကူညီမယ်" ဖန့်ရှောင်နွမ်က Silver Field အကြောင်းကို မသယ်လာချင်ဘဲ စကားထစ်ထစ်နဲ့ပြောလိုက်သည်။

"Silver Field ဒါဆို" ကျီလင်းချန် ပြောလိုက်သည်။

ဖန့်ရှောင်နွမ် နှုတ်ခမ်းကို ကိုက်လိုက်သည်။ ဒါကို သူ့ဆီကနေ ဖုံးကွယ်လို့ မရဘူးဆိုတာ သူမ သိသည်။ "ကျီဝမ် ၊ စစ်ယွီနဲ့ ကျွန်မ အဲဒီကို အတူတူသွားခဲ့တယ်"

ကျီလင်းချန် အနည်းငယ် အံ့သြသွားသည်။ ပထမတော့ ကျီဝမ်ရဲ့ ကုဒ်နာမည်ကို သူ သိခဲ့သည်။ ထို့နောက် သူ့ဇနီးက advance နယ်ပယ်တွင် ပြိုင်ပွဲဝင်တစ်ဦးဖြစ်ကြောင်း သူ သိလာရသည်။ နည်းနည်းတော့ ကြိုးစားအားထုတ်လိုက်ရပေမယ့် သူ ရှာတွေ့သွားသေးသည်။ လျိုစစ်ယွီနဲ့ ပတ်သက်ပြီးတော့ သူ သူမကို ရှာမတွေ့သေးပေ။

“အိုး ဟုတ်သားပဲ။ ဒါလေးအရင်ပြောပြ။ ရှောင်ယွီက ဒီနှစ် အသက်ဘယ်လောက်ရှိပြီလဲ။”

ကျီလင်းချန် ပြန်ဖြေလိုက်သည်။ "မင်းနဲ့ အသက်တူတူပဲ"

ဖန့်ရှောင်နွမ် တွေးလိုက်သည်။ 'ဘုရားသခင်၊ ဒါက တိုက်ဆိုင်လွန်းတယ် မဟုတ်လား'

"အဲဒီနေ့က ရှင် လူတစ်ယောက်ကို ဆုပ်ကိုင်လိုက်ပြီး ရှောင်ယွီလို့ ခေါ်ခဲ့တယ်မလား"

ကျီလင်းချန်က သူ့ဇနီးလေးက သူ့ဆီမှ သတင်းရယူရန် ကြိုးစားနေမှန်း သိသဖြင့် မျက်စိစွေကာကြည့်လိုက်သည်။ ရုတ်တရက် သူ့သွေးတွေ ဆူပွက်လာသလို ခံစားလိုက်ရသည်။

" ရှောင်နွမ်၊ သေချာရှင်းရှင်းလင်းလင်း ရှင်းပြပေး" ကျီလင်းချန်က သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းထားပြီး သူ့ဇနီးလေးကို မခြောက်လန့်မိအောင် ကြိုးစားခဲ့သည်။

ဤအရာများ ရောက်ရှိနေပြီဖြစ်သောကြောင့် ဖန့်ရှောင်နွမ် အရာအားလုံးကို ရှင်းပြနိုင်ခဲ့သည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "တကယ်တော့ ကျွန်မတို့ သုံးယောက် Silver Field ကို အတူတူသွားခဲ့ကြတာ။ အဲဒီနေ့မှာပဲ ကျွန်မလည်ပင်းမှာ မာကင်ရာတစ်ခုရှိနေသေးတယ်လေ။ ကျွန်မ ပြိုင်ပွဲမှာ ဝင်ပြိုင်ချင်ပေမယ့် နည်းနည်းလည်း ရှက်တော့ လည်ပင်းခေါက်ဆွယ်တာ ဝတ်ထားခဲ့တယ်။ နောက်ပိုင်းတော့ အဝတ်အစားတွေက ပွဲအတွက် မသင့်တော်ဘူးဆိုတာ သိလိုက်ရပြီး စစ်ယွီနဲ့ အဝတ်အစား လဲဝတ်လိုက်တယ်"

“သူက ရှင့်ကို အရင်ဆုံးမြင်သွားပြီး ရှင့်ကို မှတ်မိခဲ့ပေမယ့် သူ ဘယ်သူလဲဆိုတာ ရှင်က မသိခဲ့ဘူး။ သူအရမ်းကြောက်ပြီး ထွက်ပြေးသွားသလို ကျွန်မလည်း ထွက်ပြေးခဲ့မိတယ်။ စစ်ယွီကလည်း ရှင်က သူကို 'ရှောင်ယွီ' လို့ခေါ်ပြီး သူ့ကို ကြောက်အောင်လုပ်ခဲ့တယ်လို့ပြောတယ်။ ကျွန်မ အဲဒါကို သိပ်ပြီးမတွေးခဲ့မိဘူး။ ရှင် သူ့ရဲ့ အိမ်နာမည်ကို ခေါ်လိုက်တာလို့ ကျွန်မလည်း ထင်ခဲ့မိတာ"

“ကျွန်မ ပြန်ရောက်ပြီးတဲ့ နောက်မှာ ရှင်က ကျွန်မကို အော်ခဲ့တော့ ကျွန်မ စိတ်အခြေအနေလည်း မကောင်းနေတော့ ဒီထူးဆန်းတဲ့ အသေးစိတ် အချက်အလက်တွေကို ကျွန်မ သတိမထားမိခဲ့ဘူး။ 'ရှောင်ယွီ' ဆိုတဲ့ နာမည်ကို အခု ကြားလိုက်ရတော့ အရမ်းရင်းနှီးသွားသလို ခံစားလိုက်ရတယ်၊ ပြီးတော့ ရှင်က ကျွန်မသူငယ်ချင်းကို ဆုပ်ကိုင်ပြီး ရှင့်ညီမလေးလို့ ထင်ခဲ့တာကို ကျွန်မ သတိရလိုက်တာ"

ဖန့်ရှောင်နွမ်က အရာအားလုံးကို ရိုးရိုးသားသားရှင်းပြခဲ့သည်။ ဒါပေမယ့် သူမယောကျ်ား မှားယွင်းကြောင်း အခိုင်အမာ ယုံကြည်နေဆဲပင်။ လျိုစစ်ယွီမှာ အစ်ကိုအရင်းတစ်ယောက်ရှိတယ်၊ ဒါဆို ဘယ်လိုလုပ် သူမယောကျ်ားရဲ့ညီမလေး ဖြစ်နိုင်မှာလဲ။ အဲဒါက ဒရာမာဆန်လွန်းနေတယ်။ မဖြစ်နိုင်ဘူး!

ကျီလင်းချန်ရဲ့ အသက်ရှုသံက လေးလံနေပြီး သူ့သွေးပြန်ကြောများထဲတွင် တဟုန်းဟုန်းတောက်နေသည်။

အဲဒီနေ့မှာပဲ ကောင်မလေးက သူ့မိန်းမရဲ့အဝတ်အစားနဲ့တူတဲ့ အဝတ်အစားတွေ ဝတ်ထားတာကို သူတွေ့လိုက်ရသည်။ ထိုအချိန်တွင် သူ့ဇနီးသည် အဆင့်မြင့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေတဲ့သူဖြစ်ကြောင်း သူ မသိခဲ့ပေ။ တူညီတဲ့ အဝတ်ကိုဝတ်ထားသည်ဟုသာ သူထင်ခဲ့သည်။ ထို့အပြင် ကောင်မလေး၏ အရပ်က သူ့မိန်းမနှင့် အလွန်တူသောကြောင့် သူ အနည်းငယ် လှမ်းကြည့်ခဲ့မိသည်။

ဖန့်ရှောင် ဆက်ပြောလိုက်သည်။ " ယောကျ်ား၊ အရမ်းကြီး အလုပ်မလုပ်နဲ့။ ရှင် လူမှားသွားတာဖြစ်မယ်လို့ ကျွန်မ ထင်တယ်။ ကျန်တာအားလုံးကို ဘေးဖယ်ထားလိုက်တော့ ရှောင်ယွီရဲ့ဘိုးဘွားအိမ်က တခြားပြည်နယ်မှာရှိပြီး သူမမှာ အစ်ကိုအရင်းတစ်ယောက်ရှိတယ်။ သူ့အဖေရာထူးတိုးတော့ သူမက ကျင်း မြို့တော်ကို ရောက်လာတာ ပြီးတော့ သူမက ဘယ်တုန်းကမှ မပျောက်သွားဘူး၊ ဒါကြောင့် သူမ မဟုတ်လောက်ဘူး။”

ကျီလင်းချန်သည် မျှော်လင့်ချက်တစ်စုံတစ်ရာကို စွန့်လွှတ်ခြင်းထက် စိတ်ပျက်သွားသည်။ ဇနီးဖြစ်သူ၏ ပခုံးပေါ်လက်တင်ကာ လေးနက်သောအမူအရာဖြင့် မေးခွန်းထုတ်လိုက်သည်။ "ရှောင်နွမ်၊ ကိုယ့်ကို မလိမ်နဲ့"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မတို့က လင်မယားတွေ။ အသေးအဖွဲ့ ကိစ္စတွေအကြောင်း ရှင့်ကိုလိမ်တာက အဆင်ပြေနိုင်ပေမယ့် ရှင့်ညီမလေးကတော့ ကိစ္စကြီးတစ်ခုပဲ။ ကျွန်မ လိမ်ရဲမယ်လို့ထင်လား"

သူမ၊ လျိုစစ်ယွီနဲ့ ကျီဝမ်တို့သည် နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့ကြပြီး မိသားစုနောက်ခံကို သိရှိခဲ့ကြသည်။

လျိုစစ်ယွီ၏မိခင်က သူမကိုမွေးနေတဲ့အချိန်မှာ သေမလိုဖြစ်ခဲ့သည်။ လျိုစစ်ယွီသည် ဤအကြောင်းကို မကြာခဏပြောပြလေ့ရှိပြီး ကျီဝမ်လည်း ထိုအကြောင်းကို သိသည်။

လျို ဇနီးမောင်နှံသည် သူတို့၏ သမီးကို အလွန်အမင်း တုန်နေအောင်ချစ်တာကြောင့်ဖြစ်သည်။

မစ္စစ် လျိုသည် လျိုစစ်ယွီ၏ ကလေးဘဝအကြောင်းများစွာကို ဖန့်ရှောင်နွမ်ကို ပြောပြဖူးခဲ့ပြီး ဖန့်ရှောင်နွမ်က သူမယောကျ်ား လူမှားနေခဲ့တယ်လို့ သူမ ခံစားရသည်။

ဖန့်ရှောင်နွမ် ကုတင်ပေါ်မှ ဆင်းကာ ဖုန်းကို ကောက်ကိုင်လိုက်သည်။ လျိုစစ်ယွီနဲ့ သူမ၏ဓာတ်ပုံကို ရှာခဲ့သည်။ ထို့နောက် ခင်ပွန်းဖြစ်သူအား ပြသခဲ့သည်။

"ကြည့်လိုက်၊ ဒါက လျိုစစ်ယွီ၊ ရှောင်ယွီ မဟုတ်ဘူး ဟုတ်တယ်မလား"

ကျီလင်းချန်က ဓာတ်ပုံထဲတွင် ပျော်ပျော်ကြီး ရေခဲမုန့်စားနေတဲ့ ကောင်မလေးကို ကြည့်လိုက်သည်။ သူမက သူ့အတွက် လုံးဝ သူစိမ်းဖြစ်နေခဲ့သည်။

ဒါပေမယ့် နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်၍ ရှောင်ယွီက အခုအသက်နှစ်ဆယ်ရှိပြီဖြစ်သည်။ သူမ အများကြီး ပြောင်းလဲသွားခဲ့တာ ဖြစ်မယ်၊ ဒါကြောင့် သူမကို မမှတ်မိနိုင်တာလည်း ဖြစ်နိုင်သည်။

ဖန့်ရှောင်နွမ်သည် ခင်ပွန်းဖြစ်သူ၏ မျက်လုံးများတွင် မှတ်မိနိုင်မှု ကင်းမဲ့သည်ကို မြင်လိုက်ရပြီး ဖုန်းကို ချလိုက်သည်။ သူမ အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်။ ခင်ပွန်းဖြစ်သူကို မျှော်လင့်ချက် မပေးဘဲ ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးပစ်လိုက်သင့်သည်။

"ယောကျ်ား ရှင် အရမ်းစိတ်ပျက်သွားလား"

"သူ့အဖေ နာမည်ဘယ်လိုခေါ်လဲ"ကျီလင်းချန် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူ၏ မေးခွန်းကို ကြားသောအခါတွင် သူမသည် သူမအတွက် ပြီးသွားကြောင်း သူမ သိလိုက်သည်။ သူမယောကျ်ားက လျိုမိသားစု၏ ဘိုးဘေးများ မျိုးဆက်ဆယ့်ရှစ်ဆက်စလုံးကို စုံစမ်းနေသည်။

လက်ခံကျင့်သုံးမည်ဆိုပါက မှတ်တမ်းများ ရှိမည်မှာ သေချာသည်။ အကယ်၍ ၎င်းသည် မွေးစားထားခြင်းမဟုတ်ခဲ့ပါက လျို မိသားစုသည် ရုတ်တရက် ကလေးရခဲ့ပါက သူမဖခင်၏ ဖိုင်တွင် ထိုမှတ်တမ်းလည်း ပါရှိမည်ဖြစ်သည်။

All Chapters