အခန်း (၂၃၈)
Vol. 16 Ch. 238
ဖန့်ရှောင်နွမ်က သူမယောကျ်ား နံရံကိုမတိုက်မိပါက သူ နောက်ပြန်မလှည့်နိုင်တာကို သူမ သိသည်။ သူမမှာ ရွေးချယ်စရာမရှိပေ။ ဒါက သူမယောကျ်ားပဲ။ သူမ လျိုစစ်ယွီရဲ့အဖေနာမည်ကိုသာ ပြောပြနိုင်ခဲ့သည်။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မ အရင်ဆုံး ကိစ္စကို ရှင်းအောင်ပြောရဦးမယ်။ ရှင် စုံစမ်းလို့တော့ရပေမယ့် ကျွန်မ အချစ်ဆုံးသူငယ်ချင်းရဲ့ မိသားစုဘဝကို ရှင် ထိခိုက်အောင်တော့ မလုပ်မိစေနဲ့။ သူ့အမေက စီးပွားရေးသမား။ တကယ်လို့ လျိုစစ်ယွီက ရှင့် ညီမဖြစ်နေတယ်ဆိုရင် ရှင် လက်စားချေဖို့ အတိအကျ လုပ်လို့မရဘူးနော်။ နောက်ပြီး သူ့အဖေနဲ့အစ်ကို နှစ်ယောက်စလုံးက အစိုးရ အလုပ်လုပ်နေတာ။ ရှင် သွားပြီးတော့ သူတို့ကို ဒုက္ခပေးလို့ မရဘူး။”
"ကိုယ့်က ဒီလိုလုပ်မယ့်လူလို့ မင်းထင်နေတာလား"
ဖန့်ရှောင်နွမ် နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ ခင်ပွန်းဖြစ်သူက ဒါကို လုပ်နိုင်လိမ့်မယ်လို့ သူမ ထင်ခဲ့ပေမဲ့ သူမ ဝန်မခံဝံ့ခဲ့ပါပေ။ ဒီလိုပြောလိုက်ရင် သူမ ဒုက္ခရောက်မှာ သေချာသည်။
ကျီလင်းချန် စောင်ကို မလိုက်သည်။ သူထွက်သွားတော့မှာကိုမြင်တော့ ဖန့်ရှောင်နွမ် အမြန်မေးလိုက်သည်။ "ရှင်ဘယ်သွားမလို့လဲ " သူမ အနည်းငယ် ဒေါသထွက်သွားသည်။ 'ရှောင်ယွီ' ဆိုတဲ့ နာမည်ကို ကြားတာနဲ့ သူ ဘာလို့ သူမကို ထားခဲ့ချင်နေရတာလဲ။
ကျီလင်းချန် သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ကြည့်လိုက်သည်။ “ကိုယ် ရေအေးနဲ့ ရေသွားချိုးမို့ ။ မင်း ကိုယ့်ကိုဘာလို့မကူညီတာလဲ"
ဖန်ျ့ရှာင်နွမ်ရဲ့ မျက်နှာက ချက်ချင်း နီမြန်းလာသည်။ ခင်ပွန်းသည်ကို မကြည့်ရဲတော့ဘဲ ခေါင်းကိုဖွက်ထားလိုက်သည်။ ခုနက စောင်အောက်မှာ လဲလျောင်းနေချိန်မှာ သူမ ဘာမှ မမြင်နိုင်ခဲ့သလို အခုလည်း ရှက်ရွံ့သွားသည်။
ကျီလင်းချန်က ရေချိုးခန်းဆီသို့ တန်းတန်းသွားခဲ့သည်။
ရေစီးသံကြားတော့ ဖန့်ရှောင်နွမ် ကုတင်ပေါ်မှာ လဲလျောင်းရင်း ဖုန်းကို ကောက်ကိုင်လိုက်သည်။ သူမရဲ့သူငယ်ချင်းကို ဆက်သွယ်ချင်ခဲ့သည်။ "လျိုစစ်ယွီ နင် အိပ်နေပြီလား"
ပြည်သူ့လုံခြုံရေးဗျူရို၌..
လျိုစစ်ယွီ အမြန်စာပြန်ခဲ့သည်။ " ရှောင်နွမ် ငါ ပြည့်တန်ဆာမှုနဲ့ အဖမ်းခံထားရတယ်"
ဖန့်ရှောင်နွမ် ပြောစရာစကားမဲ့သွားသည်။
သောကြာနေ့မွန်းလွဲပိုင်းတွင် လျိုစစ်ယန်က သူ့ရဲ့ အဘိုးအဘွားများဆီ သွားရောက်လည်ပတ်ရန် သူ၏ဇာတိမြို့သို့ ထွက်ခွာခဲ့သည်။ သူ့အထက်လူကြီးက ဒါကို ခွင့်ပြုပေးခဲ့သည်။ သူ့ညီမလေးကို ကျောင်းဂိတ်ပေါက်မှာ ခေါ်သွားပြီး သူ့မွေးရပ်မြေကို မရောက်ခင် ငါးနာရီနီးပါးလောက် ကားမောင်းခဲ့ရသည်
လျိုစစ်ယွီ ပြောလိုက်သည်။ “အစ်ကို၊ အခု မှတ်မိပြီ။ အမြန်နှုန်းကန့်သတ်ချက်က တစ်နာရီကို ၆၀ ကီလိုမီတာပဲ”
"မင်း ဖုန်းပေါ်က ဝဘ်ဆိုက်ကို အရင်ပိတ်လိုက်"
လျိုစစ်ယွီသည် ရှာဖွေမှုရလဒ်များကို တစ်ချက်ကြည့်လိုက်ပြီး လျှာထုတ်ကာ ဖုန်းကိုဖယ်လိုက်သည်။
လမ်းမှာ မစ္စတာ လျိုက သူတို့ ဘယ်အချိန်ရောက်လာမလဲဆိုတာ မေးခဲ့သည်။
"အဖေ" လျိုစစ်ယွီ တိုင်ပြောခဲ့သည်။ “အစ်ကိုက ကားပေးမမောင်းဘူး။ သူကိုယ်တိုင် လမ်းတစ်လျှောက်လုံး မောင်းနေတယ်”
လျိုစစ်ယန် ပြောလိုက်သည်။ “နောက်မှ အနားယူမယ့် မှတ်တိုင်မှာ ခဏနားလိုက်မယ်။ ဒီနေ့ ကားမောင်းဖို့ စဉ်းတောင်မစဥ်းစားနဲ့။"
"ဘာဖြစ်လို့လဲ" မစ္စတာလျိုက စိုးရိမ်တကြီးနဲ့ မေးလိုက်သည်။ "မင်းတို့နှစ်ယောက် ရန်ဖြစ်ကြပြန်ပြီလား"
လျိုစစ်ယွီက အပြစ်ရှိသောကြောင့် သူမ ဆက်မတိုင်ပြောရဲပေ။ လျိုစစ်ယန်က တိုင်ပြောဖို့တောင် စိတ်မ၀င်စားပေ။
မစ္စတာလျို ပြောလိုက်သည်။ "ရှောင်ယွီ၊ မင်းတို့တွေ နာရီပေါင်းများစွာ မောင်းလာရတာ ပင်ပန်းနေမှာပေါ့။ ခဏလောက် ကားရပ်ပြီးနားလိုက်ဦး။ စိတ်မပူနဲ့။ အန္တရာယ်ကင်းကင်းနဲ့ပဲ မောင်းလာခဲ့"
“ကောင်းပါပြီ၊” လျိုစစ်ယွီ ပြောလိုက်သည်။ “ဒီညတွေ့ကြမယ်နော် အဖေ။ အစ်ကိုနဲ့ သမီး မကြာခင်ရောက်လာမှာပါ ”
မစ္စတာလျို ဖုန်းချသွားခဲ့သည်။
လျိုစစ်ယွီလည်း သူမရဲ့ မုန့်တွေကို စားလို့ကုန်သွားပြီ။
သူတို့ အနားယူရာမှတ်တိုင်တွင် ရပ်တန့်ကာ လျိုစစ်ယန်က နောက်ထပ်မုန့်တွေ သွားဝယ်ခဲ့သည်။ သူ့ညီမလေးက သူ့နောက်ကို လိုက်လာသည်။ သူမက စကားတွေ အများကြီး ဆက်တိုက်ပြောနေတော့ သူ အိပ်မငိုက်တော့ဘူး။
နောက်ဆုံးတွင် ခန့်မှန်းချိန်အတွင်းတွင်၊ ရှန်းမြို့အနီးရှိ ရွာငယ်လေးတစ်ရွာသို့ ရောက်ရှိခဲ့ကြသည်။
လျိုစစ်ယွီနဲ့ လျိုစစ်ယန်တို့ အရင်က ဤနေရာတွင် နေထိုင်ခဲ့ဖူးသည်။ သူတို့နှစ်ယောက်ကို ရှန်း မြို့မှာ မွေးတာ။ နောက်ပိုင်းတွင် သူတို့အဖေရဲ့ အလုပ် transfer ကြောင့် မိသားစုတစ်စုလုံး ကျင်းမြို့သို့ ပြောင်းရွှေ့ခဲ့ကြသည်။ သူတို့စရောက်တုန်းကတော့ မောင်နှမတွေက ပတ်ဝန်းကျင်နဲ့ သိပ်မရင်းနှီးခဲ့ပေ။
“အစ်ကို၊ မြေပုံက ဘာလို့ အလုပ်မလုပ်တော့တာလဲ”
မကြာသေးမီ နှစ်များအတွင်းက မြို့ကို ဖောက်လုပ်ခဲ့သည်။ လမ်းဟောင်းများစွာနှင့် အထင်ကရ အဆောက်အအုံအချို့သည် ယခင်က လမ်းသစ်များဖြင့် အစားထိုးခဲ့သည်။ ယာဉ်ကြောပိတ်ဆို့မှုကိုလည်း ပြန်လည်စီစဉ်ထားသည်။ သူ့မွေးရပ်မြေက လမ်းတွေ ပြောင်းသွားသည်။ မြို့တွင်းရှိ လမ်းငယ်အချို့ကို စွန့်ပစ်ထားပြီး အသစ်စက်စက် ကတ္တရာလမ်းများအဖြစ် တည်ဆောက်ထားသည်။ အရင်တုန်းကတော့ မောင်နှမတွေက လမ်းဟောင်းကို မှတ်မိနေသေးပေမယ့် အခုတော့ သူတို့ နှစ်ယောက် လမ်းပျောက်နေပြီ။
လျိုစစ်ယန်က သူ့ညီမထံမှ ဖုန်းကိုယူလိုက်ပြီး မွမ်းမံထားသည့်မြေပုံကို ကြည့်လိုက်သည်။ “ဆင်းပြီးမေးလိုက်မယ်။ မင်းကားထဲမှာနေ မလှုပ်နဲ့"
“သိပါတယ် ” လလျိုစစ်ယွီ ပြောလိုက်သည်။
လျိုစစ်ယွီက သူမအစ်ကို ကားပေါ်မှ ဆင်းသွားသည်ကို ကြည့်နေသည်။
လျိုစစ်ယန် ကားထဲက ဆင်းပြီးနောက် လမ်းဘေးမှာ သစ်သီးရောင်းနေတဲ့ဆိုင်ကို တွေ့လိုက်သည်။ သူ အသီးတစ်ချို့ကိုယူလိုက်ပြီး ပိုင်ရှင်ကို လမ်းညွန်ခိုင်းခဲ့သည်။
နောက်ဆုံးတော့ သစ်သီးတွေဝယ်လိုက်ပြီး အဖြေရသွားခဲ့သည်။
လျိုစစ်ယွီ ပြောလိုက်သည်။ "အစ်ကို၊ ဘာလို့ အသီးတွေထပ်ဝယ်လာတာလဲ။ ညီမ မစားနိုင်တော့ဘူး။"
"ဒါက အဘိုးနဲ့ အဘွားအတွက်၊ မင်းအတွက် မဟုတ်ဘူး" လျိုစစ်ယန် ပြောလိုက်သည်။
လျိုစစ်ယွီ ကောင်းကင်ကို မော့ကြည့်ကာ အစ်ကိုဖြစ်သူ၏ ရည်ရွယ်ချက်များကို ပြုံးပြကာ ပဟေဠိဖြစ်နေသည်။ “ဈေးဆိုင်ပိုင်ရှင်ကို သနားလိုက်တာ။ မှောင်လုနီးပါးဖြစ်ပြီး အသက်ကလည်း ကြီးနေပေမယ့် အခုလို အေးတဲ့နေ့မှာ စျေးတဲ တစ်တဲလည်း ဖွင့်ရသေးတယ်နော်။ အစ်ကို စိတ်မကောင်းလို့ သစ်သီးသွားဝယ်လိုက်တာမဟုတ်ဘူးလား"
လျိုစစ်ယန်ရဲ့ နှုတ်ခမ်းတွေကပြုံးကာ ကွေးညွတ်သွားသည်။ ကားတံခါးကိုပိတ်ပြီး သူ့ဘေးနားက ကောင်မလေးကို တစ်ချက်ကြည့်လိုက်သည်။ "ငါဘာတွေတွေးနေလဲဆိုတာ မင်းဘယ်လို ခန့်မှန်းရမလဲဆိုတာ သင်ယူပြီးပြီပေါ့"
လျိုစစ်ယွီ ဂုဏ်ယူစွာဖြင့် ခေါင်းကို မော့လိုက်သည်။ ကားထဲမှာ အဘိုးအဘွားတို့အတွက် ဆေးဝါးတွေအများကြီးပါလာတာကြောင့် သစ်သီးတွေဝယ်ဖို့ မလိုအပ်ပါပေ။ သူမအစ်ကိုက ပြည်သူတွေအတွက် တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးဖြစ်ပြီး ပြည်သူတွေ ဒုက္ခရောက်တာကို ကြည့်မနေနိုင်ပေ။
"အစ်ကို၊ အစ်ကို အရမ်းတော်တယ်။ အစ်ကို့ရဲ့ညီမတစ်ယောက်အနေနဲ့ ကျွန်မ ရှက်မိပါတယ်" လျိုစစ်ယွီက ရုပ်ဆိုးနေတဲ့လိမ္မော်သီးတစ်လုံးကို ကောက်ယူပြီး အခွံခွာကာ စားလိုက်သည်။