အခန်း (၂၃၉)
Vol. 16 Ch. 239
"လိမ္မော်သီးက ချိုလား"
လျိုစစ်ယွီ ပြောလိုက်သည်။ "တစ်စိတ်တော့ ကျွေးမယ်။" ထိုသို့ပြောပြီးနောက် အစ်ကိုဖြစ်သူအား လိမ္မော်သီးတစ်စိတ် ကျွေးလိုက်သည်။
လျိုစစ်ယန် ပါးစပ်ဟပြီး စားလိုက်သည်။ သူ သူ့ညီမလေးရဲ့လက်ချောင်းကို အနံ့ခံလိုက်မိသည်။ “လိမ္မော်သီးနံ့က အရမ်းပြင်းတာပဲ။ မင်းရဲ့လက်ချောင်းတွေတောင် လိမ္မော်သီးနံ့တွေ ရနေပြီ"
လျိုစစ်ယွီ သူမရဲ့ လက်ချောင်းတွေကို လျင်မြန်စွာ ရှူလိုက်သည်။ "တကယ်ပဲ"
ထို့နောက် လိမ္မော်သီးကို ဆက်စားရင်း ကားမောင်းခဲ့ကြသည်။ တစ်ဝက်စားပြီး ကျန်တစ်ဝက်ကို သူမအစ်ကိုကို ကျွေးခဲ့သည်။
မစ္စစ်လျိုက သူတို့ဆီ ဖုန်းခေါ်ခဲ့သည်။ "ရှောင်ယွီ သမီးတို့ ဘယ်ရောက်ပြီလဲ"
လျိုစစ်ယွီက ကားပြတင်းပေါက်မှ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ကောက်ပဲသီးနှံများ ပြည့်နှက်နေသည် ကို တွေ့လိုက်ရသည်။ သူမ သူမရဲ့အမေကို တမင်ခြောက်ကာ ပြောလိုက်သည်။ “သဲကန္တာရထဲ”
သူမ ပြောပြီးသည်နှင့် လျိုစစ်ယန်က ခေါင်းကိုပုတ်လိုက်သည်။ “အမေ့ကိုမခြောက်နဲ့။ ၁၅ မိနစ်အတွင်း အိမ်ရောက်တော့မှာပါ"
လျိုစစ်ယွီ ခေါင်းညိတ်လိုက်ပြီး မဆိုးရဲတော့ပေ။ သူတို့ဘယ်ရောက်နေလဲဆိုတာ သူမရဲ့အမေကို နာခံစွာပြောပြခဲ့သည်။ သူတို့ အိမ်ကိုရောက်တော့ မှောင်နေပြီ။
လျိုမိသားစုသည် ရွာရှိမိသားစုကြီးဖြစ်သည်။ မိသားစုတွင် အဆင့်မြင့်အရာရှိများ မျိုးဆက်နှစ်ဆက်ရှိနေသည်ဟု ရွာရှိလူတိုင်းက ပြောကြသည်။ ချွေးမ၏ ပိုင်ဆိုင်မှုမှာ ယွမ် သန်း ၁၀၀ ကျော်ရှိသည်။ ထို့ကြောင့် လျို မိသားစုဝင်များ ပြန်လာတိုင်း တုန်လှုပ်ချောက်ချားစရာ ဖြစ်လာသည်။
လျိုစစ်ယွီ ကားထဲက ဆင်းလာတော့ သူ့ပတ်ဝန်းကျင်က သူစိမ်းတွေက သူမကို တိရစ္ဆာန်ရုံထဲက မျောက်တစ်ကောင်လို ကြည့်နေကြတာကို မြင်လိုက်ရသည်။ "ဒါက ရှောင်ယွီလား။ အခု အရမ်းထွားပြီး အရမ်းလှလာတာပဲ။ ဒီနှစ်ထဲမှာ အသက် နှစ်ဆယ်ရှိပြီမလား။ ကျောင်းတက်နေတာလား။ အလုပ်လုပ်နေတာလား။ ယောက်ျားရှာနေပြီလား"
အနည်းငယ်ထိတ်လန့်နေတဲ့ လျိုစစ်ယွီ တွေးလိုက်မိသည်။ 'ဘုရားသခင်၊ ဒါက ဘယ်သူလဲ'
သူမ လက်ဆောင်တွေယူနေတဲ့ လျိုစစ်ယန်ကို ခေါ်လိုက်သည်။ "အစ်ကို၊ အစ်ကို၊ ဒီကို မြန်မြန်လာ။"
လျိုစစ်ယန်က လျိုစစ်ယွီရဲ့ လက်ထဲသို့ အခွံမာသီးတစ်ဘူးကို ထည့်ပေးလိုက်သည်။ မေးခွန်းတွေမေးတဲ့ သက်လတ်ပိုင်း အမျိုးသမီးကို တွေ့တော့ သူက မိတ်ဆက်ပေးခဲ့သည်။ "ဒါက ငါတို့ဦးလေးတစ်ယောက်ရဲ့ အဒေါ်လေ"
လျိုစစ်ယွီက သူ့အစ်ကိုကို ကြည့်ပြီးတွေးလိုက်သည်။ 'အစ်ကိုပြောနေတာ ဘယ်ဦးလေးမှန်းတောင် မသိဘူး'
လျိုစစ်ယန်က ကြောင်တက်တက်ဖြစ်နေတဲ့ သူ့ညီမကို ကြည့်ကာ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ သူတို့မွေးရပ်မြေကို မကြာခဏ မပြန်ဖြစ်တော့ အဲဒီကလူတွေကိုတောင် သူမ မမှတ်မိတော့ပေ။
သူက အသီးအနှံတွေကို အခွံမာသီးပုံးပေါ်မှာ တင်ပြီး ပြောလိုက်သည်။ “ဒါတွေကို ယူပြီးတော့ အမေ့ကို ရှာလိုက် ”
လျိုစစ်ယွီက သူမကို ချမ်းသာခွင့်ပေးလိုက်သလို ခံစားလိုက်ရသည်။ ပစ္စည်းအားလုံးကို ကိုင်ပြီး တံခါးဆီသို့ ပြေးသွားပြီး အော်ခဲ့သည်။ “အမေ၊ အဖွား၊ သမီးတို့ ရောက်လာပြီ”
မစ္စစ်လျိုက သူ့ကလေးကို ကြိုဆိုဖို့ ချက်ချင်းထွက်လာသည်။ "အမေ ဒီမှာ။"
လျို မိသားစုရဲ့ ကလေးမလေးက အရမ်းလှတာကို တံခါးနားက လူတွေကို မြင်လိုက်ရသည်။ သူမက အရုပ်ကလေးတစ်ရုပ်လိုပဲ။ သူမက လှပတဲ့အဝတ်အစားများကို ၀တ်ဆင်ထားပြီး တောက်ပတဲ့ လက်ဝတ်ရတနာများရှိသည်။ သူမကိုင်ထားတဲ့ အိတ်ကတောင် အနောက်တိုင်းဆန်သည်။
" ရှောင်ယွီ၊ နင့်မှာ ရည်းစားရှိလား" တစ်ယောက်ယောက်က သူ့ကို ကောင်လေးနဲ့ မိတ်ဆက်ပေးချင်နေသည်။
လျိုစစ်ယန်က ကျန်နေတဲ့လက်ဆောင်တွေကိုယူလာပြီး မျက်မှောင်ကြုတ်ကာ သူမကို လျစ်လျူရှုစွာပြောခဲ့သည်။ “ ရှောင်ယွီရဲ့ အချစ်ရေး အခြေအနေအကြောင်း ထပ်မမေးနဲ့ ။ အခု သူမက ကျောင်းသူတစ်ယောက် ပြီးတော့ သူမရဲ့ စာလေ့လာတာက ပိုအရေးကြီးတယ်။ သူ မဘွဲ့ရခင်မှာ လက်တွဲဖော်တစ်ယောက်နဲ့ အခြေချမှာ မဟုတ်ဘူး။”
လျိုစစ်ယွီ ခေါင်းညိတ်ပြီး သူ့အစ်ကိုပြောတာကို သဘောတူခဲ့သည်။ "ဟုတ်တယ်၊ ကျွန်မက လက်တွဲဖော် ရှာနေတာမဟုတ်ဘူး ပြီးတော့ ကျွန်မ အိမ်ထောင်မပြုဘူး"
ထိုအချိန်တွင် မစ္စစ် လျိုက အိမ်မှထွက်လာသည်။ သူမက အရည်အချင်းရှိပြီး ရည်မွန်ကာ သူမအသံက အလွန်နူးညံ့သိမ်မွေ့သော်လည်း သူမ၏စီးပွားရေးလုပ်ငန်းဖော်များအားလုံးက သူမ၏အပြုံးမှာ ဓားမြှောင်တွေကို ဝှက်ထားတယ်လို့ ပြောကြသည်။ ဒါပေမယ့် သူမ မစွမ်းဆောင်နိုင်ပါက ယန်ယွီ ဂရုကို အောင်မြင်စွာ စီမံခန့်ခွဲနိုင်လိမ့်မည် မဟုတ်ပေ။ သူမက ရယ်မောပြီး ရွာသူရွာသားများကို လွှတ်လိုက်သည်။ သူ့သားသမီးတွေကို ကျပန်းလူတွေကို မိတ်ဆက်ပေးချင်သူတွေအားလုံးကို သူမ လျစ်လျူရှုခဲ့သည်။
သုံးယောက်သား လက်ဆောင်တွေယူကာ ခြံထဲသို့ ဝင်သွားကြသည်။ သူတို့အဖွားလည်း အိမ်ကထွက်လာသည်။ သူမက အရောင်စုံလင်တဲ့အဝတ်အစားကို ဝတ်ဆင်ထားသည်။
သူ့မြေးနဲ့ မြေးမတို့ကို တွေ့တော့ ချက်ချင်း ပွေ့ဖက်ဖို့ သွားလိုက်သည်။ “ငါ့မြေးမလေး လှလှလေးက အပျိုဖားဖားဖြစ်နေပြီပဲ။ ငါ့ကို တွေ့ဖို့လာကြပြီပေါ့။ ရှောင်ယွီ ညည်းက ပိုတောင်လှလာတာပဲ။ ညည်းက ငါ့ရဲ့ ရုပ်ရည်ချောမောမှုကို အမွေဆက်ခံထားတာပဲ "
လျိုစစ်ယွီ ရှက်ရွံ့စွာ ပြုံးပြပြီး သူ့အမေလည်း ပြုံးနေသည်။
လျိုစစ်ယန်က ကိုင်ထားတဲ့ လက်ဆောင်တွေကို ချပေးလိုက်ပြီး သူ့အဖွားက သူ့ကိုလည်း ပွေ့ဖက်ခဲ့သည်။ “ငါ့မြေးကြီးလည်း လာတာပဲ။ မင်းကိုကြည့်ရတာ အရမ်းချောတာပဲ!"
လျိုစစ်ယန် ပြောစရာစကားပျောက်ရှသွားသည်။
မစ္စစ်လျိုက မောင်နှမနှစ်ယောက်ကို မြန်မြန်ထိုင်ပြီး ထမင်းစားခိုင်းသည်။
လျိုစစ်ယန်က ခြံထဲမှာ ထိုင်ပြီး သူ့အမေနဲ့ စကားစမြည်ပြောနေသည်။ "အဖေက အဖိုးနဲ့ ဆေးရုံအဖော်လိုက်သွားပေးတာလား။"
“ဟုတ်တယ်။ မနက်ဖြန် အဖိုးနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်။ ဒီနေ့ က နောက်ကျနေပြီ” မစ္စစ်လျို ပြောလိုက်သည်။
"အဖိုး နေကောင်းလာပြီလား" လျိုစစ်ယန် မေးလိုက်သည်။
မစ္စစ်လျို ပြောလိုက်သည်။ “ကောင်းသေးတဲ့ပုံမပေါ်ပါဘူး။ သူ့အခြေအနေက ဒီမှာ တည်ငြိမ်နိုင်ရင် သူ့ကို တခြားဆေးရုံကို လွှဲပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီနေရာမှာ ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းတွေက အကန့်အသတ်ရှိတယ်။ လိုအပ်ရင် မင်းအဖိုးကို ဆေးကုသဖို့ ကျင်းမြို့တော်ကို ပြန်ခေါ်သွားရမယ် "
လျိုစစ်ယွီလည်း ကြားသည်။ သူမက သူမမိခင်၏ လက်မောင်းကို ဖက်ကာ မေးလိုက်သည်။ “အမေ အဖိုးကို ကျင်းမြို့တော်ဆီ အစကတည်းက ဘာလို့ မခေါ်လာရတာလဲ။ အဲ့မှာ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးက သိပ်မကောင်းဘူးလား။”
လျိုစစ်ယန်က စစ်ယွီရဲ့ ခေါင်းကို ပုတ်လိုက်သည်။ “ငါတို့ခေါ်လာနိုင်ရင် အဖိုးနဲ့ အဖွားက ဘာလို့ ဒီလောက်ကြာအောင် ဒီမှာ နေနေတော့မှာလဲ။ သူတို့ကျင်းမြို့တော်ကို ပြောင်းလာတာကြာလောက်ပြီပေါ့”
လျိုစစ်ယွီက အဖိုးဖြစ်သူက ထွက်မသွားချင်ဘူးဆိုတဲ့အကြောင်း နောက်ဆုံးမှာ သဘောပေါက်သွားခဲ့သည်။
ညနက်တော့ အိမ်နီးချင်းရဲ့ခွေးက ပြေးလာခဲ့သည်။
လျိုစစ်ယွီက ခွေးကိုမြင်တော့ ကြောက်ရွံ့သွားသည်။ သူမ ခွေးကို ရိုက်ဖို့ တုတ်တစ်ချောင်းကို အမြန်ကောက်ကိုင်လိုက်သည်။