အခန်း (၂၄၀)
Vol. 16 Ch. 240
လျိုစစ်ယွီ အော်ခေါ်လိုက်သည်။ “အစ်ကို အစ်ကို၊ မြန်မြန်လာ။ ခွေးတစ်ကောင်ရောက်နေတယ်။ မောင်းထုတ်ပေး ”
လျိုစစ်ယန်က သူ့ညီမရဲ့အော်သံကိုကြားပြီး ချက်ချင်း ပြေးသွားခဲ့သည်။ သူမကို ကာကွယ်ဖို့ သူမရဲ့ရှေ့ကို လျှောက်လာခဲ့သည်။ ထို့နောက် တံမြက်စည်းကိုင်ကာ ခွေးကို မောင်းထုတ်ခဲ့သည်။ ထို့နောက် တံခါးကို ပိတ်လိုက်သည်။
" ရှောင်ယွီက ဘာလို့ ခွေးတွေကို ကြောက်နေတာလဲ။" သူတို့ အဖွားက မေးခဲ့သည်။ "ညည်း ငယ်ငယ်တုန်းက ခွေးတွေကို ချစ်ခဲ့ဖူးပါတယ်။ ညည်း အလည်လာတိုင်း သူတို့ကို မြင်နေရင် သဘောကျနေတာ"
"အဖွား၊ သမီးက ခွေးမွေးနဲ့ ဓါတ်မတည့်ဘူး" လို့ လျိုစစ်ယွီက ကိုးရိုးကားရားနိုင်စွာ ပြောလိုက်သည်။
အဖွားက ပြန်ပြောခဲ့သည်။ “ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ညဉ်းငယ်ငယ်တုန်းက ခွေးကိုဖက်ပြီး အိပ်ဖူးတယ်။ ပြီးတော့ ညည်းက ခွေးအူသလိုလည်း အော်ခဲ့သေးတာ"
"အမေ၊ သမီးတို့မှာ စောင်တွေ အပိုရှိလား။ ကလေးတွေအတွက် အိပ်ရာတွေပြင်ပေးနေလို့ " မစ္စစ်လျိုက သူ့ယောက္ခမကို အမြန်ကြားဖြတ်ဝင်ပြောခဲ့သည်။
အရောင်အသွေးစုံလင်စွာ ၀တ်ဆင်ထားသော သူတို့၏ အဖွားက သူ့ချွေးမကို အခန်းထဲသို့ ခေါ်သွားကာ အံ့အားသင့်စွာမေးခဲ့သည်။ " ရှောင်ယွီ ခွေးမွေးနဲ့ ဓာတ်မတည့်တာက ဘယ်တုန်းက ဖြစ်သွားတာလဲ"
“သူ ကြီးလာတော့ ခုခံအားစနစ်က သိပ်မကောင်းတော့လို့လေ ” မစ္စစ်လျိုက ပြုံးပြီး ပြောခဲ့သည်။
“ဟုတ်လား။ ငါ့ရဲ့သနားစကားကောင်းလိုက်တဲ့ မြေးမလေး” သူမ ပြောလိုက်သည်။
"အစ်ကို" လျိုစစ်ယွီ စိတ်ဝင်တစား မေးလိုက်သည်။ "ညီမ ငယ်ငယ်တုန်းက ခွေးနဲ့ဖက်အိပ်ခဲ့တာလား"
အဲ့တာသာ တကယ်ဆိုရင် သူမ ကိုယ့်ကိုယ်ကို အထင်သေးမိလိမ့်မယ်။
လျိုစစ်ယန် မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။"
လျိုစစ်ယွီ ပြောလိုက်သည်။ "ဟမ်။ ညီမ သေပါရစေ!"
လျိုစစ်ယွီက သူမ၏မွေးရပ်မြေတွင် ပထမဆုံးည၌ သေလုမြောပါးလုနီးပါးဖြစ်ခဲ့သည်။ ညဉ့်နက်သန်းခေါင်တွင် အိပ်ယာမှ ခုန်ဆင်းကာ ထအော်ခဲ့သည်။ လျိုစစ်ယန် အရမ်းကြောက်သွားပြီး သူမအခန်းထဲကို ပြေးဝင်လာခဲ့သည်။
လျိုစစ်ယွီ ပြောလိုက်သည်။ "အစ်ကို!" သူမ ရှိုက်ငိုနေသည်။ “ဒီကို မြန်မြန်လာ။ ကင်းခြေများကြီး ညီမရဲ့ ခြေထောက်ပေါ်မှာသွားနေတယ်။ ကူညီပါဦး!"
လျိုစစ်ယွီရဲ့အော်သံက ရွာတစ်ရွာလုံးထိ ကြားရသည်။ ဘေးအိမ်က ခွေးတွေက အသံကြားပြီး ဟောင်တော့သည်။
မစ္စစ်လျိုနဲ့ သူမရဲ့ ယောက္ခမတို့သည်လည်း အဝတ်အစားတွေ အမြန်ဝတ်ကာ လျိုစစ်ယွီဆီသို့ ရောက်လာခဲ့ကြသည်။
အများအားဖြင့်၊ သူတို့နှစ်ဦးသာ ဤနေရာတွင် နေထိုင်ခဲ့ကြပြီး အခြားအခန်းများကို ကောင်းမွန်စွာ ထိန်းသိမ်းထားခြင်းမရှိပေ။
နှစ်သစ်တွင် အဖိုးကြီးကို ကျင်းမြို့တော်ဆီသို့ ခေါ်သွားခဲ့သည်။ အိမ်မှာ ကင်းခြေများ ရှိမှန်း မစ္စစ် လျို မသိခဲ့ပေ။
သူတို့အခန်းထဲရောက်တာနဲ့ လျိုစစ်ယွီက ငိုနေပြီ။ သူမက လျိုစစ်ယန်ရဲ့ရင်ခွင်ထဲသို့ ပစ်ဝင်ခဲ့သည်။
လျိုစစ်ယန်က အခန်းထဲတွင် ကင်းခြေများကို ရှာရင်း သူ့ညီမကိုသာ သယ်သွားနိုင်ခဲ့သည်။
“မင်း အိပ်ပျော်နေတာလေ။ ဘယ်လိုလုပ်ပြီးသိလိုက်တာလဲ။" လျိုစစ်ယန်က ကင်းခြေများအကြောင်း ပြောလာတော့ လျိုစစ်ယွီ ချွေးအေးတွေ ထွက်လာခဲ့သည်။
လျိုစစ်ယွီ ရှိုက်ငိုနေသည်။ “ခြေထောက်မှာ ယားကျိယားကျိဖြစ်နေတာကို ခံစားလိုက်ရတယ်။ အောက်ကိုငုံ့ကြည့်လိုက်တော့ ကင်းခြေများကြီးတွေ့လိုက်တာပဲ။ အစ်ကို၊ ဒီခြေထောက်ကို ထပ် မလိုချင်တော့ဘူး။"
ခြေထောက်တွေ အများကြီးရှိတဲ့ ကင်းခြေများရဲ့ အတွေးက သူမကို ကြောက်ရွံ့ထိတ်လန့်စေသည်။
မစ္စစ်လျိုက ချက်ချင်းစစ်ဆေးဖို့ အိပ်ယာပေါ်တက်သွားခဲ့သည်။
အဖွားက ပြောခဲ့သည်။ “ငါ မထင်ထားဘူး။ အခုက ပိုအေးလာပြီ။ ကင်းခြေများတွေ ဆောင်းခိုနေကြလောက်ပြီလေ”
မစ္စစ်လျိုက စောင်ကို ကောက်ကိုင်လိုက်ပြီး လှုပ်ယမ်းလိုက်သည်။ ကုတင်ပေါ်ရှိ ပစ္စည်းအားလုံးကိုလည်း ရွှေ့ထားသော်လည်း ကင်းခြေများကို မတွေ့ခဲ့ပေ။
လျိုစစ်ယွီက အိမ်တွင် trauma ရလိုက်တာကြောင့် ထိုနေရာတွင် ဆက်မအိပ်ရဲတော့ပေ။
"အစ်ကို၊ တံခါးကိုကြည့်၊ ဟိုမှာရှိနေတယ်!" လျိုစစ်ယွီ ထိတ်လန့်စွာနဲ့ တံခါးကို ညွှန်ပြလိုက်သည်။
အခန်းထဲရှိလူတွေက ချက်ချင်းလိုက်ကြည့်လိုက်ကြသည်။
လျိုစစ်ယွီရဲ့အစ်ကိုဖြစ်သူက သူမကို သယ်ဆောင်လာဆဲဖြစ်ပြီး သူမမျက်လုံးတွေက တံခါးဝတွင် ရှိနေသည်။ ထိုမှသာ တံခါးဝတွင် ကင်းခြေများ ရှိနေကြောင်း သူမ သိလိုက်ရသည်။
တံခါးနောက်ဘက် ကြမ်းပြင်ပေါ်တွင် လက်သန်းအရွယ် ကင်းခြေများ တွားသွားသည်ကို သူမ တွေ့လိုက်ရသည်။
မစ္စစ်လျိုက ဒေါသထွက်ပြီး လမ်းလျှောက်လာကာ ကင်းခြေများကို နင်းသတ်ပစ်လိုက်သည်။
ဤအရာသည် သူမ၏ အဖိုးတန်သမီးလေးအား ကြောက်လန့်စေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမ အကိုက်မခံခဲ့ရပေ။
သူတို့အဖွားက တစ်ချက်လောက်ကြည့်ဖို့ လှမ်းလာခဲ့သည်။ “ဒီရာသီမှာ ဘာကြောင့် ကင်းခြေများ ရှိနေသေးတာလဲ။ အိမ်က အရမ်းစိုနေလို့ ဖြစ်နိုင်တယ်။ မကြောက်နဲ့တော့နော် ရှောင်ယွီ။ ညည်းရဲ့အိပ်ယာပေါ် ပိုးသတ်ဆေးဖြန်းပေးမယ် အဆင်ပြေသွားလိမ့်မယ်နော်"
လျိုစစ်ယွီ ခေါင်းယမ်းလိုက်သည်။ ဒီအခန်းထဲမှာ သူမ မနေရဲတော့ပေ။ ဒါပေမယ့် လျိုစစ်ယန်ရဲ့အခန်းသည် ဤအခန်းထက်ပင် ပိုဆိုးသည်။
"အမေ၊ သမီး ကားပေါ်မှာ အိပ်လိုက်မယ်" လျိုစစ်ယန် ပြောလိုက်သည်။
မစ္စစ်လျိုသည် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက သူမ၏အခန်းတွင် ကောင်းမွန်စွာအိပ်စက်နေခဲ့သည်။ အဲဒီမှာလည်း ပိုခြောက်သွေ့ပုံရသည်။ ထောင့်တွေမှာ ဆေးမှုန့်လည်း ရှိတာကြောင့် ဘေးကင်းလောက်သည်။ "ဒီညတော့ အမေနဲ့အိပ်လိုက် "
လျိုစစ်ယန်က ထိတ်လန့်ကြောက်ရွ့နေတဲ့ သူ့ညီမကို ကြည့်ကာ သူ့အမေအခန်းသို့ သယ်သွားပေးခဲ့သည်။
"အစ်ကို၊ မနက်ဖြန် မြို့မှာရှိတဲ့ ဟိုတယ်ကို သွားကြမလား" လျိုစစ်ယွီ အသံတိုးတိုးဖြင့် မေးလိုက်သည်။
လျိုစစ်ယန် ခေါင်းညိတ်သဘောတူလိုက်သည်။
ရွာမှာ ခွေးတွေ အများကြီးရှိတော့ လျိုစစ်ယွီ အပြင်ကို လုံးဝမထွက်ရဲပေ။ သူမ အပြင်ထွက်တိုင်း ခွေးတွေကို တုတ်နဲ့ တားဖို့ လိုသည်။
သူ့အမေနဲ့ တစ်ညအိပ်ပြီးနောက် လျိုစစ်ယွီမှာ အိပ်မက်ဆိုးတွေ မက်နေဆဲပင်။ သူမရဲ့အိမ်မက်ထဲမှာ ကင်းခြေများက နေရာတိုင်းမှာ ရှိနေသည်။ သူတို့က သူမရဲ့ ခန္ဓာကိုယ်ပေါ်ကို တွားသွားပြီးတက်ကာ သူမကိုကိုက်ကြသည်။ တုန်လှုပ်ခြောက်ခြားစွာဖြင့် သူမ နိုးလာခဲ့ပြီးချွေးအေးတွေ ထွက်နေခဲ့သည်။
နောက်တစ်နေ့တွင် သူမက မြို့ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုဖို့ တောင်းဆိုခဲ့သည်။
မနက်မိုးလင်းတော့ သူမအဖိုးဆီ သွားလည်ခဲ့သည်။ သူမ သူနဲ့ စကားပြောခဲ့ကြသည်။ နေ့ခင်းဘက်ရောက်တော့ သူမ ပြန်သွားသည်။
"မနေ့ညက အမေ့အခန်းထဲမှာ အိပ်နေတုန်း ငါ့ကို တိုင်ပြောနေသေးလား" လျိုစစ်ယန်က စတီယာတိုင်ကို ကိုင်ရင်း မေးလိုက်သည်။
လျိုစစ်ယွီ ချက်ချင်း ခေါင်းယမ်းလိုက်သည်။ “ညီမ မတိုင်ပြောပါဘူး။ အစ်ကို ညီမကိုရိုက်တယ်လို့ပဲပြောခဲ့တာ။ ဒါအမှန်တရားပဲလေ။ တိုင်ပြောတာမှမဟုတ်တာ။ အမေက ညီမအတွက် သင်ခန်းစာပေးလိမ့်မယ်”
လျိုစစ်ယန် ပြောစရာစကားပျောက်ရှသွားသည်။
နှစ်ယောက်သား ဟိုတယ်တစ်ခုသို့ ရောက်လာကြသည်။ လျိုစစ်ယွီက ပတ်ဝန်းကျင်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ "အစ်ကို၊ ဒါက ဟိုတယ်လား"
မယုံနိုင်လောက်အောင် သေးနေပုံရသည်။
သူတို့ရဲ့အဖိုးက မြို့မှာ ဆေးရုံတင်ထားရပြီး ဒီအိမ်က အဲဒီဒေသမှာ အကောင်းဆုံးအိမ်ပင်။ လျိုစစ်ယွီက အစ်ကိုဖြစ်သူကို သူမကို ဦးဆောင်ခေါ်သွားခိုင်းဖို့ တွန့်ဆုတ်နေခဲ့သည်။