← Chapters

အခန်း (၂၃၁)

Vol. 16 Ch. 231

အခန်း (၂၃၁)

Vol. 16 Ch. 231

ကျီလင်းချန် သူ့မိန်းမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ "မင်း ဘယ်ဆိုဒ်ပဲဖြစ်ဖြစ် ကိုယ် မင်းကိုချစ်နေတုန်းပဲ"

ဖန့်ရှောင်နွမ်က ဒေါသတကြီးနဲ့ သူ့ကို နေရာမှာတင် တိုက်ခိုက်ခဲ့သည်။ ဒါပေမယ့် Silver Field ၏ “နန်နန်” သည် လက်နှစ်ဖက်နဲ့တောင် ထိလို့မရနိုင်တာကို တွေ့လိုက်ရတော့ သူမ အံ့အားသင့်သွားသည်။ သူမခြေထောက်ကို မြှောက်လိုက်သော်လည်း ကျီလင်းချန် က သူမခြေကျင်းဝတ်ကို ဆွဲကိုင်ကာ ခါးကို ပွေ့ဖက်လိုက်သည်။

ဖန့်ရှောင်နွမ် မေးလိုက်သည်။ "ယောကျ်ား၊ ရှင် အရင်က ဒီလိုလုပ်ဖူးလား"

ကျီလင်းချန်က ဇနီးဖြစ်သူရဲ့ ပန်းနုရောင် နှုတ်ခမ်းတွေကို ကြည့်ပြီး ခေါင်းငုံ့ပြီး နမ်းဖို့လုပ်လိုက်သည်။ “ကိုယ်နဲ့ထိုက်တန်တဲ့ အကျိုးကျေးဇူးတွေကို ပေးရမယ့် အချိန်ရောက်ပြီ”

သူ သူမကို နမ်းခါနီးမှာ ဖန့်ရှောင်နွမ်က ခေါင်းစောင်းလိုက်သည်။ "ကျွန်မ နားလည်ပါတယ် ဒါပေမယ့် ရှင့်ကိုနမ်းခွင့်မပေးဘူး!"

မိန်းမငယ်လေးက ဒေါသထွက်နေသည်။ ခင်ပွန်းဖြစ်သူရဲ့ ခရီးဆောင်အိတ်ကို ဆွဲသွားရင်း နူးညံ့သိမ်မွေ့ခြင်းမရှိတော့ပေ။

“ကိုယ့်ကိုပဲ စိတ်ဆိုး။ ခရီးဆောင်အိတ်ကိုတော့ စိတ်မဆိုးလိုက်ပါနဲ့။ အထဲမှာ လက်ဆောင်တစ်ခု ပါတယ်” လို့ကျီလင်းချန်က သူမနောက်ကနေ လိုက်သွားရင်း ပြုံးပြုံးလေး ပြောလိုက်သည်။

ဖန့်ရှောင်နွမ် ခရီးဆောင်အိတ်ဆွဲတာက ချက်ခြင်းပင် နူးညံ့လာသည်။ သူမမျက်နှာမှာ အပြုံးတစ်ခုနဲ့ ရှေ့ကို လျှောက်သွားခဲ့သည်။ ခင်ပွန်းဖြစ်သူက အလုပ်ကိစ္စနဲ့ထွက်သွားပေမယ့် သူမအတွက် လက်ဆောင်ပစ္စည်းတွေနဲ့ ပြန်လာခဲ့သည်။ သူမက သူ့ကိုလွမ်းဆွတ်နေတဲ့သူကသူမတစ်ယောက်ထဲ မဟုတ်ဘူးလို့ ထင်ရသည်။ သူသွားတဲ့အချိန်မှာလည်း သူမကို လွမ်းနေရသည်။

ကျီလင်းချန် ပြောလိုက်သည်။ " ရှောင်နွမ်၊ ညာဘက်ကို လှည့် "

ဖန့်ရှောင်နွမ်က သူမရှေ့ရှိ ကားတန်းများကို ညွှန်ပြခဲ့သည်။ “ဒါတွေကို ကျွန်မတို့ မစစ်ဆေးရသေးဘူးလေ”

ကျီလင်းချန် ပြောလိုက်သည်။ “အဲ့တာက အရမ်းကြာတယ်။ အနိမ့်ဆုံးအဆင့်ကနေ ရှာပြီးတော့ အပေါ်ကို ရွှေ့မယ်။ ဖြစ်နိုင်ရင် ကိုယ်တို့ မကြာခင် ရှာတွေ့လိမ့်မယ်။"

ဖန့်ရှောင်နွမ် သူ့ကို ယုံသည်။ ဓာတ်လှေကားက တတိယအဆင့်ကို တက်သွားသည်။ အထပ်သို့ ရောက်သောအခါ ဓာတ်လှေကားမှ ဆင်းလိုက်သည်နှင့် သူမ စကားပြောခဲ့သည်။ "ယောကျ်ား၊ ပြီးရင် စီချွမ်အစားအစာ သွားစားလို့ရလား"

ကျီဝမ်က ကားတံခါးကိုဖွင့်ပြီး ကားရှေ့မှာ ကနေတုန်းဖြစ်တဲ့ အဖိုးကြီးကို လှမ်းအော်လိုက်သည်။ “အဖိုး၊ အဖိုး”

သခင်ကြီးကျီက ၎င်း၏ အေရိုးဗစ်လေ့ကျင့်ခန်းတွင် လုံးလုံးလျားလျားနစ်မြုပ်နေပြီး သူ့မြေးဖြစ်သူအော်ခေါ်နေတာကို လုံးဝမကြားပေ။

ကျီဝမ်ပေါ့ပေါ့ပါးပါး ချောင်းဆိုးပြီး အော်လိုက်သည်။ "အဖိုးကြီး ကျီ "

ဒီတစ်ခါတော့ သခင်ကြီး ကျီက သူ့မြေးခေါ်တာကို ကြားသွားသည်။ သူ ရိုက်နှက်ခံရထိုက်သည်ဟု ထင်မိသည်။

ကျီဝမ်က ကမန်းကတန်း လက်ပြလိုက်သည်။ “မြန်မြန်ပြန်လာတော့။ ဦးလေး နဲ့ တခြားသူတွေ လာနေပြီ”

ဒါကိုကြားတော့ သခင်ကြီး ကျီက ချက်ချင်းထပြီး ကားပေါ်ပြန်တက်သွားသည်။ တံခါးပိတ်သံတောင် တိုးတိုးလေးပင်။

ကျီဝမ် ကားပြတင်းပေါက်တွေ အားလုံးကို တင်လိုက်သည်။

ထိုအချိန်တွင် သခင်ကြီးကျီ က သူ့နောက်ကျောကို ရုတ်တရက် ရိုက်လိုက်သည်။ " ကောင်စုတ်လေး မင်းက ငါ့ကိုများ အဖိုးကြီးလို့ ခေါ်ရဲရလားကွ"

ကျီဝမ်က ပေါ်လာနေပြီဖြစ်တဲ့ လင်မယားကို ညွှန်ပြလိုက်သည်။ “မြန်မြန် ပုန်းနေ။ ဖန့်ရှောင်နွမ် လာနေပြီ။ သူ့ရဲ့ ဘယ်ဘက်မျက်လုံးက ၅.၂ ပြီးတော့ ညာဘက်မျက်လုံးက ၅.၀ ရှိတယ်။ သူ့မျက်လုံးတွေက အရမ်းကောင်းတယ်”

ကားပေါ်ရှိလူတွေက ကမန်းကတန်း ခေါင်းငုံ့ကာ အပြင်ကို လုံးဝမကြည့်ရဲကြပေ။

ကျီလင်းချန် ထိုကားကို မြင်လိုက်ပြီးနောက် မဝေးလှသောနေရာမှ သူ့ကိုယ်ပိုင်ကားကို မြင်လိုက်ရသည်။

“ယောကျ်ား၊ ဒီကားကိုကြည့်လိုက်။ ကျွန်မတို့ကားနဲ့တူတယ်။ လိုင်စင်နံပါတ်က ၈... ယေး၊ နောက်ဆုံးတော့ ကျွန်မတို့ ကားကို ရှာတွေ့ပြီ" ဖန့်ရှောင်နွမ် သာလျှင် အထူးစိတ်လှုပ်ရှားနေသည်။

ကျီလင်းချန် မဟန်ဆောင်နိုင်တော့ပေ။ စိတ်လှုပ်ရှားနေတဲ့ ဇနီးလေးကို ကြည့်လိုက်ရာ သူ့အကြည့်က အခြားကားဆီသို့ ရောက်သွားသည်။ "ရှောင်နွမ်၊ မင်း ဒီနေ့အိမ်က မထွက်လာခင် အဖေနဲ့ ရှောင်ဝမ်က မင်းကို ဘာပြောခဲ့လဲ"

ဖန့်ရှောင်နွမ် ခဏလောက်စဉ်းစားလိုက်သည်။ “အဖေ၊ ရှောင်ဝမ်နဲ့ ယောက်မတို့က ကျွန်မကားမောင်းရင်းနဲ့ ယာဉ်မတော်တဆမှုဖြစ်ရင် ကိုယ်တိုင် ရှင်းပြလို့ မရမှာကို စိုးရိမ်နေကြတာ။ သတိထားဖို့ သူတို့ ပြောတယ်။”

ကျီလင်းချန် ချက်ခြင်းသဘောပေါက်သွားသည်။ သူမ၏ ကားမောင်းကျွမ်းကျင်မှုကို စိုးရိမ်တာကြောင့် သူမနောက်သို့ သူတို့ တိတ်တဆိတ် လိုက်နေခဲ့ခြင်းဖြစ်ပေလိမ့်မည်။ ကားကိုကြည့်လိုက်တော့ ထိမိသလို ခံစားရသည်။ သူ့မိန်းမကို ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့သူတွေက ကျီလင်းချန် ကိုယ်တိုင် ကောင်းကောင်း ဆက်ဆံပေးနေသလို ဖြစ်နေလိမ့်မည်။သူ ကျေးဇူးသိတတ်ပါတယ်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ယောကျ်ား၊ ကားပေါ် မြန်မြန်တက်။ ဒီတစ်ခါတော့ ကျွန်မ ဘရိတ်အုပ်တာ ပြဿနာမရှိတော့ဘူး။ ကျိန်းသေပေါက် မတိုက်မိပါဘူး။ ကျွန်မ ကားကို ကောင်းကောင်းရပ်နိုင်ပြီး လမ်းလည်းမချော်တော့ဘူး”

အဲဒါနဲ့ သူမ ယာဥ်မောင်းသူထိုင်ခုံမှာ ဝင်ထိုင်ခဲ့သည်။ ကျီလင်းချန်က ခရီးဆောင်အိတ်ကို ကားနောက်ခန်းထဲ ထည့်လိုက်သည်။ သူ လမ်းလျှောက်လာရင်း ပုန်းနေတဲ့ လူသုံးယောက်ကို ကြည့်လိုက်သည်။ ပထမအကြည့်တစ်ချက်မှာ သူတို့ကို မြင်ရဖို့ခက်သည်။

သခင်ကြီးကျီက ခေါင်းမော့ပြီး သူ့သားကို ကြည့်လိုက်သည်။ ထိုမျှ အဆင်မပြေသည့် အခိုက်အတန့်တွင် နှစ်ယောက်စလုံး ရယ်ချင်နေတာကို ထိန်းထားကြသည်။

ကျီဝမ်က ခေါင်းငုံ့ထားကာ လုံးဝခေါင်းမထောင်ရဲပေ။ အနောက်မှာထိုင်နေတဲ့ ဖန်ချီက ကျီဝမ်ရဲ့ထိုင်ခုံနောက်မှာ ပုန်းနေခဲ့သည်။

ကျီလင်းချန် တွေးလိုက်သည်။ 'ဒါက သူတို့အတွက် ခက်ခဲလိမ့်မယ်'

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ယောကျ်ား၊ ကားပေါ်တက်တော့။ သွားကြရအောင်!"

ကျီလင်းချန်က ခရီးသည်ထိုင်ခုံမှာထိုင်ပြီး မေးလိုက်သည်။ "ရှောင်နွမ်၊ ကိုယ်တို့အိမ်မှာ ဘယ်လိုကားတွေရှိတယ်ဆိုတာ မင်းသိလား"

ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ “ကားတွေက အရမ်းများတယ်။ ကျွန်မ မမှတ်မိဘူး။ ရှောင်ဝမ် က ကျွန်မကို ခြစ်မိလို့လည်းရတယ်လို့ပြောတဲ့ တစ်စီးကိုပဲ ကျွန်မမောင်းတာ"

အခုတော့ ကျီလင်းချန်က သူ့ဇနီးလေးက သူတို့နောက်က ကားကို ဘာကြောင့် လျစ်လျူရှုထားလဲဆိုတာ နားလည်သွားပြီ။ အိမ်မှာ ဘယ်လိုကားတွေရှိလဲ သူမမသိတာကြောင့်ပဲ။

ကျီလင်းချန် မေးလိုက်သည်။ "ရှောင်နွမ်၊ ကိုယ်တို့ ဘယ်သွားမှာလဲ"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "အရင်ဆုံး စားရအောင်။ ဟဲဟဲ နေ့လည်ကျရင် ရုပ်ရှင်သွားကြည့်မယ်"

သူမ ကားစက်နှိုးကာ ဖြည်းညှင်းစွာ မောင်းခဲ့သည်။

ကျီလင်းချန်က သူမ၏တိုးတက်မှုကိုမြင်ပြီး ကားပေါ်တွင်ထိုင်ကာ ဇနီးဖြစ်သူအား ပြုံးကာ ချီးမွမ်းခဲ့သည်။ "မကြာသေးခင်က မင်းအရမ်းကို ပြင်းပြင်းထန်ထန် လေ့ကျင့်ထားတဲ့ပုံပဲ"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ဒါပေါ့။ ကျွန်မကျောင်းမှာတောင် ဒီလောက်ထိ ကြိုးကြိုးစားစားမလုပ်ဘူး”

သူမက ကားရပ်နားရာနေရာမှ ထွက်သွားပြီး ထွက်ပေါက်ဆီသို့ ညွှန်ကြားချက်များကို လိုက်နာခဲ့သည်။ "ယောကျ်ား၊ ကျွန်မ လမ်းမှန်ပေါ် မောင်းနေတယ်မလား"

All Chapters