← Chapters

အခန်း (၂၃၀)

Vol. 16 Ch. 230

အခန်း (၂၃၀)

Vol. 16 Ch. 230

ဖန့်ရှောင်နွမ်က သူမယောကျ်ားကို ပျော်ရွှင်အောင်လုပ်ပေးဖို့ ကားမောင်းပေးချင်သေးသည်။ ယခုမူ သူမ အမှားလုပ်မိတဲ့ ကလေးတစ်ယောက်လို ရှက်ရွံ့စွာ ခေါင်းငုံ့ထားသည်။ “ယောကျ်ား၊ ကား ဘယ်မှာရပ်မိလိုက်လဲ မသိဘူး။ ကားပေါ်ကနေဆင်းတော့ လှည့်တောင်မကြည့်လိုက်မိဘူး။ ကျွန်မ GPS ဖွင့်ပြီး ရှင့်ကိုစောင့်ဖို့ သွားလိုက်တာ"

ကျီလင်းချန်က ဒါတွေအားလုံးက သူ့မိန်းမ သူ့ကို အရမ်းလွမ်းလွန်းနေတာကြောင့်လို့ ခံစားရသည်။ သူမကို အပြစ်မတင်နိုင်ပေ။ “အဆင်ပြေပါတယ်။ ဒီနေ့ ကိုယ်တို့မှာ လုပ်စရာ အများကြီးမှမရှိတာ၊ ဒါကြောင့် ကားကို ဖြည်းဖြည်းချင်း ရှာကြည့်ကြတာပေါ့။ ဒါကလည်း အလုပ်ဖြစ်ပါတယ်။ ဒီကားတွေကို ကြည့်ပြီး မင်းကြိုက်တဲ့ တံဆိပ် ရှိမရှိကိုလည်း ကြည့်လို့ရတယ်။ မင်း ကြိုက်တာတွေ့ရင် ကိုယ် ချက်ချင်း ကြိုမှာပြီး မနက်ဖြန် လာပို့ခိုင်းလိုက်မယ်"

ဖန့်ရှောင်နွမ်သည် သူမခင်ပွန်းက သူမအပေါ် အလွန်အမင်း လိုက်လျောညီထွေဖြစ်နေသည်ဟု ခံစားမိသည်။ ဤအရာက သူမကို ပို၍ပင် အပြစ်ရှိသလို ခံစားလာရစေသည်။

ကျီလင်းချန် ဇနီးလေးရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ကားပါကင်ကိုဖြတ်ပြီး တစ်တန်းပြီးတစ်တန်း လိုက်ရှာခဲ့သည်။ သူ ဒီလိုစိတ်ရှည်တာက ရှားသည်။ ရှုပ်ထွေးလှတဲ့ မြေအောက်ကားပါကင်မှာ သူတို့ရဲ့ကားကို ဇနီးဖြစ်သူနဲ့အတူ လိုက်ရှာရင်း သူမြးခဲ့သည်။ “ ရှောင်နွမ်၊ ဒီကားကို ကြည့်ကြည့်။ ကြိုက်လား"ကျီလင်းချန်က သူ့ဇနီးအတွက် သင့်လျော်သောကားကို ရွေးချယ်ချင်ခဲ့သည်။

ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ သူမ တခြားကားတွေကို ကြည့်ဖို့ စိတ်မ၀င်စားပေ။ သူမရဲ့ကားကိုပဲ ရှာချင်သည်။

ရုတ်တရက် ဖန့်ရှောင်နွမ်သည် တူညီသော ကားလိုဂိုကို မြင်ပြီး စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ "ယောကျ်ား၊ ယောက်ျား၊ ရှာတွေ့ပြီ"

စိတ်လှုပ်ရှားစွာဖြင့် သော့တွေကို ထုတ်ကာ ကားတံခါးကို ချက်ချင်း ဖွင့်ချင်ခဲ့သည်။ ဒါပေမယ့်လည်း သူမဘယ်လောက်ပဲ ကြိုးစားကြိုးစား မဖွင့်နိုင်ခဲ့ပေ။

ဖန့်ရှောင်နွမ် မေးလိုက်သည်။ "ဘာဖြစ်တာလဲ။ ကားသော့ ပျက်သွားတာလား"

ကားဆီသို့ လျှောက်သွားကာ ပြတင်းပေါက်ကို မှီပြီး အတွင်းဘက်သို့ ကြည့်လိုက်သည်။ သူမ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ “မှားသွားတာပဲ။ ဒါက ကျွန်မတို့ကားမဟုတ်ဘူး။ ကျွန်မတို့ကားနဲ့ မတူဘူး"

ကျီလင်းချန် လိုင်စင်နံပါတ်ပြားကို ကြည့်လိုက်သည်။ အမှန်ပဲ သူ့ကားမှ မဟုတ်တာ။

သူ ရုတ်တရက် တစ်ခုခုကို တွေးမိပြီး မေးလိုက်သည်။ " ရှောင်နွမ်၊ မင်း ဒီကို ဘယ်ကား မောင်းလာတာလဲ"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ Phaeton။ မနေ့တနေ့က အမှောင်အခန်းငယ်လေးထဲ ဝင်တိုက်ခဲ့တဲ့ ဟာကို ပြင်ဖို့ ပို့ထားတာ။ မနေ့ကပဲ ပြင်ပြီးသွားတယ်”

ကျီလင်းချန်က အလွန်စိတ်ရှည်သည်။ သူ ပြောလိုက်သည်။ “တော်လိုက်တဲ့ ကောင်မလေး။ ဒါဆို လိုင်စင်နံပါတ်ကော မှတ်မိသေးလား”

ဖန့်ရှောင်နွမ် မျက်မှောင်ကြုတ်လိုက်ပြီး သူမရဲ့အမူအရာက သူမယောကျ်ားကို သူမအဲဒါကို လုံးဝ မမှတ်မိကြောင်း ပြောပြနေသည်။

သူမက အတွေ့အကြုံမရှိသေးတဲ့ ယာဉ်မောင်းတစ်ဦးဖြစ်သောကြောင့် အံ့သြစရာတော့မဟုတ်ပေ။ ဒါက ကျီလင်းချန် အတွက် ပြဿနာတစ်ခုပင်။ သူ့မိန်းမက ဒီကို မောင်းလာပေမယ့် ဘယ်မှာရပ်ထားလဲ မမှတ်မိသလို ကားရဲ့ လိုင်စင်နံပါတ်ကိုလည်း မမှတ်မိဘူး။

ကျီလင်းချန် ပြောလိုက်သည်။ "လိုင်စင်နံပါတ်က 8888။ အဲဒါကို မှတ်မိလား"

ဖန့်ရှောင်နွမ် ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "ယောကျ်ား၊ ဒီကားက ကျွန်မတို့ကားနဲ့တူတယ်နော်"

ကျီလင်းချန်က ဇနီးဖြစ်သူအား ကိုင်ထားကာ ကားရပ်နားရာနေရာ၌ ဆက်ရှာဖွေခဲ့သည်။ ပြိုင်ကားကိုမြင်တော့ ကျီလင်းချန် မေးလိုက်သည်။ "ဒါကြိုက်လား"

ဖန့်ရှောင်နွမ် ချက်ချင်း ခေါင်းခါလိုက်သည်။ "ဒါကအရမ်းပုနေတယ်။ ကျီဝမ်က ကျွန်မကိုလည်း ပုတယ်လို့ပြောတယ်။ ဒီလိုကားမျိုး မောင်းရင် ကျွန်မ လမ်းတောင်မြင်ရမှာမဟုတ်ဘူး”

“ဟုတ်သားပဲ ” ကျီလင်းချန် သတိရသွားသည်။

သူတို့နှစ်ဦးက ဤအထပ်တွင် တစ်နာရီခန့်ကြာအောင် ရှာဖွေခဲ့သော်လည်း မတွေ့နိုင်သေးပေ။

ကျီဝမ်က တတိယထပ် မြေအောက်ထပ်တွင် ရှိနေသည်။ သူ ဘယ်သူကိုမှ မတွေ့တာကြာလာတော့ သူတို့နှစ်ယောက် ကားကိုလိုက်ရှာနေတာပဲဖြစ်ရမယ်လို့ သူထင်ခဲ့သည်။

သခင်ကြီးကျီက သူတို့ကားကို ရှာနေတယ်ဆိုရင် တတိယမြေအောက်ထပ်ကို ရောက်ဖို့ အချိန်တစ်ခုယူရဦးမယ်လို့ တွေးခဲ့သည်။ ကားထဲမှာ အချိန်အတော်ကြာ ထိုင်ပြီးနောက်၊ သခင်ကြီးကျီက စိတ်မသက်မသာ ခံစားရသည်။ တံခါးကိုဖွင့်ပြီး ကားပေါ်မှ ထွက်လာခဲ့သည်။ ကားရှေ့မှာရပ်ပြီး လေ့ကျင့်ခန်းလုပ်လိုက်သည်။

“၁၊၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈။ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈…” လေ့ကျင့်ခန်းလုပ်ရင်း ရေတွက်နေသည်။

ကျီဝမ် သူ့နာရီကို ကြည့်လိုက်သည်။ သူ့ဦးလေး လေယာဉ်ပေါ်ကဆင်းတာ ၁နာရီခွဲရှိပြီ။ တစ်ကြိမ်လောက်တော့ လူကောင်းတစ်ယောက်လုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။ ကုသိုလ်ကောင်းမှု လုပ်ရမည်။ သူ သူ့ဖုန်းကိုထုတ်ကာ ဖန့်ရှောင်နွမ်၏ ကားတည်နေရာကို ကျီလင်းချန်ဆီသို့ တိုက်ရိုက်ပေးပို့ခဲ့သည်။

ကျီလင်းချန် ဖုန်းက မြည်လာခဲ့သည်။ ဖန့်ရှောင်နွမ် ချက်ချင်းလှည့်ကြည့်လိုက်သည်။ "ယောကျ်ား၊ ရှင့် ဖုန်းမြည်နေတယ်။ ရှင့်ကို ဘယ်သူ မက်ဆေ့ခ်ျပို့တာလဲ။"

ကျီလင်းချန်လည်း မသိပေ။ နှစ်ယောက်သား ဖုန်းကို အတူတူကြည့်လိုက်ကြသည်။

ဖန့်ရှောင်နွမ်က ကျီဝမ်ဆီက မက်ဆေ့ချ်တစ်ခုကို မြင်ပြီး မေးလိုက်သည်။ “B36။ ယောကျ်ား၊ ကျီဝမ် ဘာပြောနေတာလဲ။"

ကျီလင်းချန် ပြောစရာစကားမရှိဖြစ်သွားသည်။ သူ့မိန်းမကိုကြည့်လိုက်သည်။ သူ့အမူအရာက နားမလည်နိုင်လောက်အောင်ပဲ။ ဒီကောင်မလေးက တကယ်ကို နှေးတယ်။

ဖန့်ရှောင်နွမ် ရုတ်တရက် သဘောပေါက်သွားပြီး အာမေဋိတ်သံပြုလိုက်သည်။ “ဟား! ကျွန်မနားလည်ပြီ!" ထို့နောက် သူမ သူ့ကို မေးခွန်းထုတ်ရင်း ဒေါသမျက်လုံးများ ပြည့်လျှံလာသည်။ " ခွေးကောင်လေး ကျီဝမ်က ရှင့်ဆီ အမျိုးသမီးရဲ့ ဘရာစီယာဆိုဒ်ကို ပို့လိုက်တာပဲ ဟုတ်တယ်မလား"

ကျီလင်းချန် ပြောစရာစကားပျောက်ရှသွားသည်။

သူ့ဇနီးရဲ့ရင်သားတွေကို ကြည့်လိုက်တော့ ဖန့်ရှောင်နွမ်ကလည်း သူမရဲ့ရင်သားတွေကို လိုက်ကြည့်လိုက်သည်။ ထို့နောက် သူမ ခေါင်းကို မော့ကာ သူ့ကို ကြည့်လိုက်သည်။ "ကျီဝမ် သေပြီးသား အသားပဲ။ ပြန်လာရင် သင်ခန်းစာ ပေးပစ်ဦးမယ်!”

ဒါက သူ့အတွက်ရိုင်းစိုင်းလွန်းတဲ့ အရာတစ်ခုပဲ၊ ဒါပေမယ့် အခု သူက သူမယောကျ်ားကို တခြားမိန်းမတစ်ယောက်ရဲ့ ဘရာစီယာဆိုဒ်ကို ပေးရဲတယ်။ သူ တကယ် သေဖို့ရေတွက်နေတာပဲ။

ကျီလင်းချန် ပြောလိုက်သည်။ " ရှောင်နွမ်။ မင်းရဲ့ ဘရာစီယာ ဆိုဒ်က ဘယ်လောက်လဲ။"

ထိုသို့ပြောပြီးနောက် ကျီလင်းချန်ရဲ့ဇနီးလေးက ရန်ငြိုးဖွဲ့ကာ သူ့ကို မညှာတာစွာ ရိုက်နှက်ခဲ့သည်။

ဖန့်ရှောင်နွမ်ပြောလိုက်သည်။ "ရှင် ကျွန်မကို ဒီလိုမေးခွင့်မရှိဘူး"

ကျီလင်းချန် မေးလိုက်သည်။ "မင်းမှာ D cupရှိလား"

သူ့မိန်းမက သူ့ကို ထပ်ရိုက်ခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း CEO ကျီက မကြာခဏဆိုသလို ခံရတတ်သည်။ သူ့မိန်းမက ဒေါသကြီးတယ်။ သူမ၏ ဒေါသက ဒိုင်းနမိုက်နှင့် တူသည်။ မီးပွားအနည်းငယ်ရှိလျှင် ကြီးမားသော စွမ်းအားဖြင့် ချက်ချင်းပေါက်ကွဲသွားမည်ဖြစ်သည်။

ကျီလင်းချန်က သူမလက်ကို ဆုပ်ကိုင်ထားချင်လာတော့ သူမက ပြင်းပြင်းထန်ထန် သူ့ကိုခါထုတ်ခဲ့သည်။ သူလှမ်းသွားပြီး သူ့မိန်းမလေးကို ပွေ့ဖက်လိုက်သည်။ ဖန့်ရှောင်နွမ်က သူမပခုံးပေါ်ရှိ လက်ကိုကြည့်ကာ သတိပေးလိုက်သည်။ "ယောကျ်ား၊ တစ်စုံတစ်ယောက်ရဲ့ ပုခုံးကိုကိုင်တဲ့ချိန် လှဲချခံလိုက်ရတဲ့ ခံစားချက်ကို ရှင်သိလား"

All Chapters