← Chapters

အခန်း (၂၂၉)

Vol. 16 Ch. 229

အခန်း (၂၂၉)

Vol. 16 Ch. 229

ဖန့်ရှောင်နွမ်ရဲ့ မျက်နှာက အလွန်နုနယ်ပြီး နုပျိုနေပုံရသည်။ ဖန်ချီက သူမ၏ အမျိုးသမီးကျက်သရေကို သရုပ်ဖော်ကာ သူမ၏မိတ်ကပ်ကို ကိုယ်တိုင် ကူညီပေးခဲ့သည်။

ပတ်ဝန်းကျင်ရှိ အမျိုးသားအချို့က သူမထံ ချဉ်းကပ်ဖို့ စိတ်အားထက်သန်နေကြသည်။ ဖန့်ရှောင်နွမ်လို အလှလေးကို သူတို့ သိချင်ကြသည်။

ဒါပေမယ့် ယောက်ျားများ ချဉ်းကပ်ခါနီးတွင် ဖန့်ရှောင်နွမ်က သူတို့ကို စိုက်ကြည့်ကာ သူမနှင့် ဝေးဝေးနေဖို့ သတိပေးခဲ့သည်။ ထို့နောက် သူမက လှည့်၍ အခြားတစ်နေရာ၌ စောင့်ရန်သွားခဲ့သည်။ သူမက ထွက်ပေါက်ကို မျှော်တလင့်တကြီး ကြည့်မိသည်။ ဒါပေမယ့် ချောမောလှပသော မိန်းကလေးများနှင့် စကားပြောချင်တဲ့ အမျိုးသားများမှာ ပြတ်တောက်မှု မရှိခဲ့ပေ။

“ဟိုင်း မိန်းမပျိုလေး။ တစ်ယောက်ယောက်ကို လာကြိုတာလား။" ရည်ရွယ်ချက် ဆိုးတဲ့လူက သူမဆီ ချဉ်းကပ်လာသည်။

ဖန့်ရှောင်နွမ် ထိုလူကို တစ်ချက်ကြည့်လိုက်သည်။ "ဘာကိစ္စရှိလို့လဲ"

ထိုလူက ပြုံးပြီးပြောခဲ့သည်။ “ဘာမှ မရှိပါဘူး။ ငါ မင်းကို သိချင်ရုံပါပဲ။"

ဖန့်ရှောင်နွမ် ချက်ချင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ထိုလူနှင့် ခပ်လှမ်းလှမ်းတွင် နေလိုက်သည်။ “ကျွန်မ ဘယ်ယောက်ျားနဲ့မှ မသိချင်ဘူး။ ကျွန်မက လက်ထပ်ထားပြီးသား"

စကားစမြည်ပြောရန် ကြိုးစားနေတဲ့လူက ဖန့်ရှောင်နွမ် ကို အံ့သြစွာကြည့်နေသည်။ သူမက ငယ်သေးပေမယ့်လည်း အိမ်ထောင်ကျနေသည်။

ဖန့်ရှောင်နွမ်က ထိုယောက်ျားက သူမနှင့် ဘာကြောင့် ရင်းနှီးချင်သည်ကို သိသည်။ ထိုယောက်ျား ဘယ်လောက်တောင် အံ့သြသွားတယ်ဆိုတာ သူမ ဂရုမစိုက်ပေ။ သူမသည် အခြားတစ်နေရာသို့ သွားကာ သူမခင်ပွန်းကို ထိုနေရာတွင် စောင့်ဆိုင်းနေခဲ့သည်။ စောင့်ရတာ အရမ်းပျင်းတယ်။ ဒါပေမယ့် သူမချစ်ရသူကို စောင့်မျှော်ရင်း မျှော်လင့်ချက်အပြည့်နှင့် သူမ ဆက်ပြီး စောင့်နေသည်။ တခြားလူတွေအားလုံးက သူတို့စောင့်နေတဲ့လူကို ကြိုဆိုနေကြပေမယ့် သူမယောက်ျားက ထွက်မလာသေးပေ။

ကားရပ်နားရာနေရာ၌ ကျီဝမ် တစ်ခုခုကို မေ့သွားပုံရသည်။ ခဏလောက်စဉ်းစားပြီးမှ ရုတ်တရက် သတိရသွားသည်။ "အဲဒီငတုံး ဖန့်ရှောင်နွမ် အများသုံးထွက်ပေါက်မှာ စောင့်နေနိုင်မလား"

ကျီလင်းချန်က များသောအားဖြင့် VIP ထွက်ပေါက်ကသာလာတတ်သည်။ ဖန့်ရှောင်နွမ် အများသုံးထွက်ပေါက်မှာ ရပ်နေမယ်ဆိုရင် သူမ သန်းခေါင်အထိစောင့်နေရင်တောင် သူ ပေါ်လာမှာမဟုတ်ဘူး။

ကျီလင်းချန်က ဒါကို မျှော်လင့်ထားပြီးသားပင်။ VIP ထွက်ပေါက်မှ လမ်းလျှောက်ထွက်ပြီးနောက်တွင် သူ့အား အံ့အားသင့်စေမည့် သူ့ဇနီးလေးကို မည်သည့်နေရာတွင်မှ ရှာမတွေ့ကြောင်း သတိပြုမိခဲ့သည်။ သူ ပြတ်ပြတ်သားသား လှည့်ကာ အများသုံးထွက်ပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ သေချာတာပေါ့၊ ခြေဖျားလေးထောက်ပြီး ခေါင်းမော့မော့ကြည့်နေတဲ့ အမျိုးသမီးငယ်လေးကတော့ သူ့ဇနီးလေးပဲပေါ့။

ကျီလင်းချန် ဒါကိုမြင်တဲ့အခါ သူ့မိန်းမက သူကိုယ်တိုင် သူ့ကို လာကြိုလာမှန်း သိသွားသည်။ သူ သူ့မိန်းမဆီသို့ အမြန်လျှောက်သွားပြီး သူမနောက်တွင် ရပ်ကာ ချောင်းဆိုးလိုက်သည်။

ဖန့်ရှောင်နွမ် ဘယ်ညာ ကြည့်လိုက်သော်လည်း ဘယ်သူ့ကိုမှ မတွေ့ပေ။ ထို့နောက် သူမ လှည့်ပြီးမော့ကြည့်လိုက်သည်။ သူမ နေ့ရောညပါ တွေးနေမိတဲ့ မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။

ကျီလင်းချန်ရဲ့ မျက်လုံးတွေက နေရာတိုင်းမှာ လိုက်ရှာနေတဲ့ သူ့ဇနီးကို ကြည့်ရင်း တောက်ပနေသည်။

“ယောကျ်ား” ဖန့်ရှောင်နွမ် အကျယ်ကြီးခေါ်လိုက်ပြီး ထိုလူ၏ ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်ကာ သူ့ရဲ့ ခါးကိုတင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။

သူမကို ထိဖို့ကြိုးစားနေတဲ့ ယောက်ျားတွေက ကျီလင်းချန်ကို ကြည့်လိုက်ကြသည်။

ကျီလင်းချန် ခရီးဆောင်အိတ်ကို ချပြီး သူ့မိန်းမကို ပွေ့ဖက်လိုက်သည်။ သူ ခေါင်းငုံ့လိုက်သည်။ ဖန့်ရှောင်နွမ်က ခြေဖျားထောက်ပြီး ခင်ပွန်းဖြစ်သူကို နမ်းဖို့ အစပြုခဲ့သည်။

“မင်း အရမ်းတော်တာပဲ။” ကျီလင်းချန်က သူ့မိန်းမကို ပြုံးပြုံးလေး ကြည့်နေသည်။

ဖန့်ရှောင်နွမ် ပြုံးပြုံးရွှင်ရွှင်နဲ့ပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မက ရှင်ကိုကြိုဖို့ တစ်ယောက်တည်းလာခဲ့တာ!"

ကျီလင်းချန်က ဒါကို သိထားပြီးသားဖြစ်ပေမယ့် ဘာကိုမှမသိသလို ဟန်ဆောင်နေဆဲပင်။ ဇနီးဖြစ်သူ၏ စိတ်လှုပ်ရှားမှုကို နှိမ့်ချဖို့ မလိုလားပေ။ သူ မေးလိုက်သည်။ “ဘာ ၊ မင်း တစ်ယောက်တည်းလား။ တက္ကစီစီးလာတာလား။"

ခင်ပွန်းဖြစ်သူက သူမကို တကယ်မယုံတာကို မြင်လိုက်ရတော့ ဖန့်ရှောင်နွမ် အလွန်ပျော်ရွှင်ခဲ့သည်။ သူမက စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။ “မဟုတ်ဘူး ကျွန်မတစ်ယောက်တည်း လာခဲ့တာ။ ကျွန်မကိုယ်တိုင် ကား မောင်းလာတာ။ ကျွန်မ ကားမောင်းနည်းကို သင်ဖို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ရှင်ပဲ ကျွန်မဘာသာ ကျောင်းသွားလို့ရအောင် ကားဝယ်ပေးချင်တယ်ဆို။ ရှောင်ဝမ် ရဲ့ကားကိုတောင် ရှင် ကျွန်မကို စီးခွင့်မပေးဘူး။"

“ဒါကြောင့် ရှင် စီးပွားရေး ခရီးထွက်နေတုန်းမှာ ကျွန်မ နေ့တိုင်း အလေးအနက်ထားပြီး လေ့ကျင့်ခဲ့တာလေ။ အခု လမ်းပေါ်မှာ တစ်ယောက်တည်း မောင်းနိုင်ပြီ။ ဒီနေ့က သက်သေပဲ။ ရှင် မယုံရင် ကျွန်မနဲ့ ကားပါကင်လိုက်ခဲ့။ ရှင့်ကို အိမ်ပြန်မောင်းပို့ပေးမယ်"

ကျီလင်းချန်က ဇနီးဖြစ်သူ၏ နူးညံ့သော ဆံပင်များကို ချစ်စွာဖြင့် ပွတ်သပ်လိုက်သည်။ သူ သူမလက်ကို ဆုပ်ကိုင်ပြီး ပြုံးကာပြောလိုက်သည်။ “ကောင်းပြီ၊ မင်းရဲ့ ကားမောင်းစွမ်းရည်ကို ကိုယ်မြင်ရတော့မှာပေါ့။ ကောင်းကောင်းမောင်းနိုင်ရင် မနက်ဖြန် ကားလိုက်ဝယ်ပေးမယ်။"

ဖန့်ရှောင်နွမ် ခင်ပွန်းဖြစ်သူ၏ ခရီးဆောင်အိတ်ကို ပျော်ရွှင်စွာ ကိုင်ကာ ကားရပ်နားရန်နေရာသို့ လျှောက်သွားစဉ် သူ့လက်ကို ကိုင်ထားခဲ့သည်။

ကျီလင်းချန်၏ အကြည့်က ဖန့်ရှောင်နွမ်ကို စိုက်ကြည့်နေသည်။ ဒီနေ့ သူ့မိန်းမ တမူထူးခြားနေသည်။ သူမ ပို၍ပင် နူးညံ့နေပုံရသည်။ သူမက အပြစ်ကင်းစင်တဲ့ကလေးလေး ဖြစ်နေသေးသော်လည်း သူမက ရင့်ကျက်ပြီး နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမက နူးညံ့သိမ်မွေ့မှုနှင့် ကြင်နာမှုတို့ဖြင့် လှုပ်ရှားခဲ့သည်။ လှုပ်ရှားမှုတိုင်းက စွဲမက်ဖွယ်ကောင်းသည်။ ကျီလင်းချန် သူ့မိန်းမကို ကြည့်ပြီး တံတွေး မျိုချရင်း သူ့လည်ဇလုပ်က လှုပ်ရှားသွားသည်။

ဖန့်ရှောင်နွမ် ခင်ပွန်းဖြစ်သူ၏ မျက်ဝန်းထဲက အံ့အားသင့်မှုကို သတိပြုမိနေပြီဖြစ်သည်။ ဒီနေ့ သူမရဲ့ မိတ်ကပ်လိမ်းထားတာ ကျေနပ်မိသည်။ သူမ၏လှပသောဆံပင်တွေက သူမ၏ပခုံးပေါ်ကျနေပြီး ဆံပင်အစွန်းများကို လိပ်ထားသည်။ သူမသည် နူးညံ့သိမ်မွေ့သော်လည်း ပြေပြစ်သည်။ ဤနည်းဖြင့်သာ သူမသည် တမူထူးခြားသော ကျက်သရေရှိသည့် အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးနှင့်တူသည်။

ကားရပ်နားရန်နေရာသို့ လျှောက်လာရင်း ခင်ပွန်းဖြစ်သူ၏လက်ကို ကိုင်ထားသည်။ ထို့နောက် လိုင်စင်နံပါတ်ပြားတန်းများကို ကြည့်လ်ုက်သည်။ "အယ် ငါကား ဘယ်မှာရပ်ထားတာလဲ"

ကျီလင်းချန် ဆိုးရွားတဲ့ ခံစားချက်ကို ခံစားလိုက်ရသည်။ " ရှောင်နွမ်၊ ကားရပ်ခဲ့တဲ့နေရာရဲ့ ဇုန်နဲ့ အမှတ်စဉ်နံပါတ်ကို မှတ်မိသေးလား။"

ဖန့်ရှောင်နွမ် သူ့မေးခွန်းအတွက် အံ့အားသင့်သွားသည်။ "ယောကျ်ား၊ ဇုန်တွေနဲ့ အမှတ်စဉ်နံပါတ်တွေက ဘာလဲ"

သူမ၏ မေးခွန်းသည်လည်း ကျီလင်းချန်ကို အံ့အားသင့်စေခဲ့သည်။ သူသည် ကားပါကင် အကျယ်ကြီးအလယ်တွင် ရပ်ကာ သူတို့ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။ ဤနေရာတွင် အနည်းဆုံး ကားအစီးရေ ရာဂဏန်းရှိပြီး ၎င်းတို့သည် ပထမထပ်တွင်သာ ရှိသည်။ ကားတစ်စီးစီကို တစ်စီးပြီးတစ်စီး စစ်ဆေးမယ်ဆိုရင် သူတို့ရဲ့ဒိတ်က ပျက်စီးသွားမှာ။

All Chapters