← Chapters

အခန်း (၂၂၇)

Vol. 16 Ch. 227

အခန်း (၂၂၇)

Vol. 16 Ch. 227

ယဲ့မုပိုင် သူနဲ့ လက်ဖက်ရည်သောက်ဖို့ ရောက်လာတဲ့ သူ့ညီအစ်ကိုကို ကြည့်နေသည်။ "CEO ကျီ၊ မင်း ငါနဲ့ လက်ဖက်ရည်သောက်ဖို့ နာရီအနည်းငယ်ကြာအောင် လေယာဥ်စီးလာတာလား"

ကျီလင်းချန်က လက်ဖက်ရည်ကို ဝိုင်အစားထိုးအဖြစ် အသုံးပြုခဲ့သည်။ "ငါ အပြင်ရောက်နေတုန်း မသောက်ဘူးလို့ ရှောင်နွမ် ကတိပေးထားတယ်။ သူ အချိန်မရွေး ငါ့ကို စစ်ဆေးနိုင်တယ်။"

လွန်ခဲ့သည့် နှစ်ရက်က ဖန့်ရှောင်နွမ်သည် အတန်းပြီးချိန်တွင် မကြာသေးမီက ဖြစ်ပျက်ခဲ့သော စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ဝေမျှရန် သူ့ကို ခေါ်ခဲ့သည်။ ဒါပေမယ့် သူမ တကယ်ကြီး သူ့ကို စစ်ဆေးကြည့်ချင်ခဲ့တာ။ သူမက တော်တော်စည်းကပ်တင်းကျပ်သည်။ ညဘက်မှာတော့ သူမ အိပ်ရာမဝင်ခင် သူနဲ့ video-chat ပြောသည်။

ယဲ့မုပိုင် ပြောလိုက်သည်။ “CEO ကျီ၊ မင်းက ဒီလိုမျိုး ကလေးမလေးပြောတာကို တကယ်နားထောင်နေတာလား။ မင်း ငါ့ကို လာနောက်နေတာလား"

ကျီလင်းချန် ပြောလိုက်သည်။ “ငါ နားထောင်မှရမှာ။ မဟုတ်ရင် သူ ငါ့ကို ဖမ်းဖို့ ကျင်းမြို့တော်ကနေ လေယာဥ်နဲ့လိုက်လာလိမ့်မယ်။ သူမက ဒေါသကြီးတယ်။ သူမ မပျော်ရင် ငါ့ကို ရိုက်ဖို့တောင် သတ္တိရှိတာ”

ကျီလင်းချန်က သူ့ကြောင်ပေါက်လေးအကြောင်းကို ကောင်းကောင်းနားလည်သည်။

ယဲ့မုပိုင် အံ့သြသွားသည်။ "ဘာ။ သူက မင်းကို ရိုက်တောင်ရိုက်ရဲတာလား"

ကျီလင်းချန် သူ့လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး စိတ်ဆိုးနေပုံရသည်။ ထိုကဲ့သို့ပင် CEO ကျီက သူ့ညီအစ်ကိုတွေကို မမျှဝေထားတဲ့ နောက်ထပ် "အတွေ့အကြုံ" တစ်ခုရှိသည်။ သူ တကယ်အရိုက်ခံရတာ!

အဲ့တာတွေအားလုံးကို ယဲ့မုပိုင် တစ်ယောက်တည်းကိုပဲ ပြောပြလိုက်သည်။

သူ့သူငယ်ချင်းကောင်းအတွက် ယဲ့မုပိုင်ရဲ့ နှလုံးသား နာကျင်သွားသည်။ အိမ်ထောင်ကျပြီးကတည်းက သူ့ဇနီးက အကြိမ်ပေါင်းများစွာ ပျောက်နေတာ။ သူမက မကြာခဏလည်း အကြမ်းဖက်လေ့ရှိသည်။

ယဲ့မုပိုင် ပြောလိုက်သည်။ "လင်းချန်၊ မင်း တကယ်မလုပ်နိုင်ရင် ကွာရှင်းလိုက်။ အပြင်မှာ မိန်းမတွေအများကြီးရှိတာပဲ။ ဖန့်ရှောင်နွမ်လို ချို့ယွင်းချက်ရှိတဲ့ ပါတနာတစ်ယောက်ဆီမှာ မင်းဘာကြောင့် ကြိတ်မှိတ်သည်းခံနေတာလဲ"

ကျီလင်းချန် ယဲ့မုပိုင် ကို စိုက်ကြည့်ကာ လျစ်လျူရှုစွာပြောလိုက်သည်။ "မင်းအိမ်မှာ ပြန်နာလန်ထနေတဲ့ မုရုံ နဲ့တူချင်နေတာလား"

မုရုံရဲ့ ကံမကောင်း အကြောင်းမလှသည့် ဆုံတွေ့မှုကို တွေးတောရင်း ယဲ့မုပိုင် ချက်ချင်း တိတ်ဆိတ်သွားသည်။

ယဲ့မုပိုင် ပြောလိုက်သည်။ “ဒါဆို မင်း ငါ့ကို ဘာလို့ လက်ဖက်ရည်သောက်ဖို့ ဖိတ်တာလဲ"

ကျီလင်းချန်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က လူများစွာကို တွေ့ခဲ့သော်လည်း ၎င်းတို့တွင် ရင်းနှီးသော အမာရွတ်တစ်ခုမျှ မရှိခဲ့ပေ။ ထိုနေ့တွင် သူ့မျက်လုံးတွေက သူ့ကိုလှည့်စားနေနိုင်သည်ဟုပင် သံသယဝင်လာမိသည်။ ဒါပေမယ့် သူ ထိုလူကို အမှန်တကယ် ဖမ်းမိခဲ့ပြီး ထိုမိန်းကလေးမှာ အမာရွတ် ရှိနေသည်။ သူ မအိပ်ခင် လွန်ခဲ့တဲ့ညတွေက သူ့ခေါင်းထဲမှာပြန်မြင်ယောင်ခဲ့သည်။ သူ့ကိုယ်သူ ရူးသွပ်စွာ မောင်းနှင်နေခဲ့သည်။

ကျီလင်းချန် ပြောလိုက်သည်။ "မုပိုင်၊ ငါ ရှောင်ယွီ ကိုရှာမတွေ့သေးဘူး။ လူတော်တော်များများကို ငါ စုံစမ်းကြည့်ခဲ့ပေမယ့် သူတို့ထဲက တစ်ယောက်မှာမှ သူ မဟုတ်ဘူး”

ရှောင်ယွီ ဆိုတဲ့ နာမည်ကို ယဲ့မုပိုင် ကြားလိုက်တဲ့အခါ သူ့မျက်နှာက လေးနက်သွားသည်။ "လင်းချန်၊ ကိုယ့်ကိုကိုယ် အရမ်းဖိအားမပေးနဲ့။ အဲ့အချိန်က မင်းက ဆယ်ကျော်သက်အရွယ်လေးပဲရှိသေးတာ ပြီးတော့ သူ့ကိုကာကွယ်ဖို့ မင်း အသက်စွန့်ခဲ့တယ်။ ဒါပေမယ့် မင်း ရှောင်ဝမ် ကို ကာကွယ်ခဲ့မယ်ဆိုရင် ရှောင်ယွီဆီမှာ ဖြစ်ပျက်ခဲ့တာကို မင်းမထိန်းနိုင်ဘူး။ ရှောင်ယွီကို မင်းကာကွယ်ခဲ့မယ်ဆိုရင် ရှောင်ယွီ ခေါ်သွားခံရလိမ့်မယ်။ ဦးလေးဖြစ်ဖြစ် အစ်ကိုဖြစ်ဖြစ် မင်း အရမ်းကောင်းကောင်းလုပ်ခဲ့ပါတယ်။ မင်းအမေက အရမ်းနေမကောင်းဖြစ်လို့ ဆုံးသွားရတာ။ မင်း ကိုယ့်ကိုယ်ကို ဒီလိုမျိုး နှိပ်စက်နေတာကို သူ မြင်ချင်မှာမဟုတ်ဘူး"

အရင်တုန်းက ကျီလင်းချန်က သူ့ရဲ့ ဝမ်းနည်းမှုတွေကို နစ်မြှုပ်ဖို့ အရက်ကို သုံးစွဲခဲ့ပေမယ့် အခုချိန်မှာတော့ နှလုံးသားထဲက ဝမ်းနည်းမှုတွေကို ဖြေဖျောက်ဖို့ လက်ဖက်ရည်ကို သောက်နေခဲ့သည်။

ကျီလင်းချန် ပြောလိုက်သည်။ "မုပိုင်၊ ငါ အဲ့ဒီတုန်းက သူတို့ကို တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့ရင် ရှောင်ယွီကို ဆုံးရှုံးရမှာ မဟုတ်ဘူး၊ အမေ ဒီလောက်စောပြီး သေမှာမဟုတ်ဘူး။ ငါ့မိသားစုက အရင်အတိုင်းပဲရှိနေမှာ ”

ကျီလင်းချန်သည် လွန်ခဲ့သည့် နှစ်တွေကတည်းက ကိုယ့်ကိုယ်ကို အပြစ်တင်နေခဲ့သည်။ တူဖြစ်သူအတွက်ကြောင့် သူ့ညီမကို ဆုံးရှုံးခဲ့ရပြီး သူ့အမေလည်း ဝမ်းနည်းပူဆွေးကာ သေဆုံးသွားခဲ့သည်။

သူ့ မျက်စိထဲမှာ သူ့အဖေ တစ်သက်လုံး ဆုံးရှုံးခံလိုက်ရတာကို မြင်လိုက်ရတော့ ကျီလင်းချန် ရှက်လွန်းလို့ သူ့မှာ ရွေးစရာလမ်းမရှိတော့ဘဲ အိမ်က စောစောထွက်သွားခဲ့သည်။ သူ့အစ်ကိုအကြီးဆုံးမှာ သူ့မိသားစုရှိပြီး ကျီလင်းချန်က ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ပေ။ ထို့ကြောင့် ဆယ်ကျော်သက်အရွယ်မှစ၍ သူသည် Spirit Creek Villa တွင် တစ်ဦးတည်းနေထိုင်ခဲ့သည်။

ယဲ့မုပိုင်က သူ့သူငယ်ချင်း၏ နှလုံးသားထဲက ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းကို စကားလုံးအနည်းငယ်ဖြင့် ဖြေရှင်း၍ မရကြောင်းကိုသိသည်။ သူက သူ့ဖိနပ်ထဲမှာ ရှိနေတာ မဟုတ်သဖြင့် သူ့အပြည့်အဝကြီးတော့ မစာနာနိုင်ခဲ့ပေ။ ကျီလင်းချန်ရဲ့ သူငယ်ချင်းတွေအားလုံးက တူညီတဲ့အရာလို့ပဲ ထင်ခဲ့ကြသော်လည်း ကျီလင်းချန် ကို ဘယ်သူကမှ မပြောရဲကြပေ။

တစ်ခါက ဝမ်ယွီပေါ် ပြောခဲ့ဖူးသည်။ "လင်းချန်၊ ရှောင်ယွီ သေသွားတာဖြစ်နိုင်တယ်။ မင်းအဖေက မင်းကို ပိုပြီးမနာကျင်စေချင်လို့ မင်းကို လျှို့ဝှက်ထားတာဖြစ်နိုင်တယ်။ မဟုတ်ရင် မင်းအဖေက ရှောင်ယွီကို ဘာလို့ ဆက်မရှာရတာလဲ။"

ထိုစကားကြောင့် ကျီလင်းချန်နဲ့ ဝမ်ယွီပေါ်တို့ ကြီးမားသော ရန်ပွဲသို့ ရောက်သွားခဲ့သည်။ အဲဒီနောက်မှာတော့ ရှောင်ယွီ သေဆုံးသွားပြီလို့ ဘယ်သူကမှ ကျီလင်းချန်ကို မပြောရဲခဲ့ကြပေ။

ဒါတောင် ညီအစ်ကိုအားလုံး ရှောင်ယွီ သေသွားပြီဆိုတာ ဖြစ်နိုင်ခြေ မြင့်မားတယ်လို့ ခံစားမိသည်။ ကျီလင်းချန် ကသာ ရှောင်ယွီ အသက်ရှင်နေသေးတယ်လို့ အခိုင်အမာပြောနေတုန်းဖြစ်သည်။

ယဲ့မုပိုင် သက်ပြင်းချကာ သူ့သူငယ်ချင်းကောင်းနဲ့ လက်ဖက်ရည် ဆက်သောက်ခဲ့သည်။

လက်ဖက်ရည် အလွန်အကျွံသောက်ခြင်းက အိပ်မပျော်ခြင်းကို ဖြစ်စေသော်လည်း ကျီလင်းချန်က စိုးရိမ်ခြင်းမရှိပေ။ ဒါကလည်း ကောင်းပါတယ်။ ထို့နောက် အမြဲတမ်းနောက်ကျတဲ့အထိနေတဲ့ သူတစ်ယောက်နဲ့ စကားစမြည်ပြောလို့ရသည်။

ယဲ့မုပိုင် အလွန်အကူအညီမဲ့သွားသည်။ ကုတင်ပေါ်မှာ လဲလျောင်းနေပြီး လုံးဝအိပ်မပျော်ခဲ့ပေ။ "ဒီနေ့ နေ့လည်တုန်းက ငါ့သူငယ်ချင်း ငါ့ကိုလှည့်စားခဲ့တာလား"

ဒါပေမယ့် သူကိုယ်တိုင်လည်း လက်ဖက်ရည်သောက်သည်။ ကျီလင်းချန်က သူ့ကိုယ်သူ သောက်ဖို့ အတင်းအကြပ် မလုပ်ခဲ့သဖြင့် သူ အိပ်ပျော်ရန် မတတ်နိုင်တော့ပေ။

ကျီ မိသားစု၏ အိပ်ခန်းထဲတွင် ဖန့်ရှောင်နွမ်က mask ကပ်ပြီး ခင်ပွန်းဖြစ်သူနှင့် ဗီဒီယို call ပြောခဲ့သည်။ "ယောကျ်ား၊ ကျွန်မ ရှောင်ဝမ်ကို ရိုက်ခဲ့တယ်။ ကျွန်မက ကျွန်မမျက်လုံးအောက်က dark circle တွေကို ရှင့်ကို surprise အဖြစ် ပေးမှာလို့ သူ ပြောလိုက်လို့ "

ကျီလင်းချန်က သူ့မျက်နှာမှာ အပြုံးတစ်ခုနဲ့ စကားပြောလိုက်သည်။ "မှန်တယ်။ မင်းရဲ့အစွမ်းအစနဲ့ သူ့ကိုရိုက်ပစ်လိုက်"

ဖန့်ရှောင်နွမ် ရယ်လိုက်သည်။ သူမရဲ့mask ပုံစံကလည်း ကြောင်တစ်ကောင်လို ပုံစံနဲ့တူသွားအောင် နေရာရွေ့သွားခဲ့သည်။ သူမ ချွဲပြီးကွန်ပလိန်းတက်နေသည်။ “ယောကျ်ား၊ စကားထပ်မပြောတော့ဘူး။ ကျွန်မကို ကြည့်ဦး။ ကျွန်မကိုရယ်အောင် မလုပ်နဲ့။ မဟုတ်ရင် ကျွန်မရဲ့mask ရွေ့ သွားလိမ့်မယ်။”

All Chapters