အခန်း (၂၂၈)
Vol. 16 Ch. 228
ကျီလင်းချန် အသားအရေထိန်းသိမ်းမှုလုပ်နေတဲ့ သူ့မိန်းမကိုကြည့်ပြီး စပ်စုကာမေးလိုက်သည်။ “အဲ့ဒီတုတ်နှစ်ချောင်းလေးက ဘာလုပ်တာလဲ”
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဒါတွေက beauty stick လေ "
ကျီလင်းချန် ပြောလိုက်သည်။ "မင်းက အရမ်းငယ်သေးတယ်။ အသားအရေထိန်းသိမ်းဖို့က နည်းနည်းစောသေးနေတယ် မဟုတ်လား”
ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ “မဟုတ်ပါဘူး၊ စောသေးတာက ကောင်းတယ်။ အခုချိန်မှာ ကျွန်မရဲ့အသားအရည်ကို ဂရုမစိုက်ရင် နောင်အနာဂတ်မှာ ကျွန်မမျက်နှာပေါ်မှာ တင်းမာတဲ့ အရေးအကြောင်းတွေ ရှိနေမှာပေါ့။ အဲဒီလိုဖြစ်ရင် ကျွန်မယောကျ်ားက တခြားမိန်းကလေးတွေကို နှာဘူး မျက်လုံးတွေနဲ့ ကြည့်ကောင်းကြည့်နေလိမ့်မယ်။ အဲ့ခါကျရင် ကျွန်မက အေးစက်တဲ့နန်းတော်ကြီးထဲမှာ မျက်နှာအဝါရောင်အဖွားဖြစ်လာရင် ကျွန်မမျက်နှာသာ ပေးခံရမှာ မဟုတ်ဘူး။”
ကျီလင်းချန် ပြောစရာစကားမဲ့သွားသည်။
ကျီလင်းချန် တစ်နေ့တာလုံး စိတ်ပျက်စရာများကြုံခဲ့ရသည်။ သူ့ကို ပျော်ရွှင်စေခဲ့တဲ့ တစ်ခုတည်းသော အရာကတော့ သူ့မိန်းမနဲ့ ဒီဗီဒီယို ခေါ်ဆိုမှုသာ ဖြစ်သည်။ နေ့တိုင်း သူသည် ရှောင်ယွီ ဖြစ်နိုင်သည့် ထိုမိန်းကလေးများနှင့် တွေ့ဆုံပြီး ၎င်းတို့၏ လက်များကို ကြည့်ခဲ့သည်။ သူသည် ကနဦးမျှော်လင့်ချက်ကို အမြဲခံစားရသော်လည်း စိတ်ပျက်အားငယ်မှုက လျင်မြန်စွာ လိုက်လာခဲ့သည်။ ညစဉ်ညတိုင်း ဗီဒီယိုခေါ်ဆိုမှုတွင် တက်ကြွနေတဲ့ ဇနီးလေးကို မြင်လိုက်ရမှ သူ့စိတ်နှလုံးက အနည်းငယ် ငြိမ်သက်သွားသည်။ သူဘာမှပြန်မပြောဘဲ mask ကပ်ထားတဲ့ သူမကိုကြည့်နေတာတောင် ကျီလင်းချန်က အဝေးကို မကြည့်နိုင်ခဲ့ပေ။
နှစ်ယောက်သား ညနက်တဲ့အထိ ဗီဒီယို chatခဲ့ကြသည်။ ထို့နောက်တွင်၊ ဖန့်ရှောင်နွမ်က သူမ မျက်လုံးအောက်တွင် dark circleတွေ မဖြစ်စေဖို့ လှပသော အိပ်စက်ခြင်းကို လိုချင်ကြောင်း ပြောခဲ့သည်။ ထို့နောက် သူမ ဖုန်းချသွားသည်။
နောက်တစ်နေ့တွင် ဖန့်ရှောင်နွမ် စောစောထခဲ့သည်။
သူမ ဆေးကြောသန့်စင်ဖို့ ရေချိုးခန်းထဲ ဝင်သွားခဲ့ပြီးနောက် ဖန်ချီရဲ့ တံခါးဆီ ပြေးသွားခဲ့သည်။ သူမ တံခါးခေါက်ခဲ့သည်။ "ယောက်မရေ နိုးပြီလား"
ဖန်ချီ ပြောလိုက်သည်။ "နိုးနေပြီ။ ခဏနော် တံခါးဖွင့်ပေးမယ်"
စောင်ကို မပြီး တံခါးဖွင့်ဖို့ အိပ်ရာက ထွက်လာခဲ့သည်။ မြို့တော်ဝန် ကျီက မေးလိုက်သည်။ "ဘာဖြစ်တာလဲ။ မင်းဘာလို့ ဒီလောက်အလျင်လိုနေတာလဲ" သူက ဘာတွေဖြစ်နေတာလဲ ဆိုတာ ကြည့်ဖို့သူလည်း ထချင်သည်။
ဖန်ချီ ပြောလိုက်သည်။ "မထနဲ့။ လင်းချန် ဒီနေ့ အိမ်ပြန်လာမှာ။ ရှောင်နွမ်က သူမ ဘာဝတ်ရမယ်ဆိုတာ ဆုံးဖြတ်ဖို့ ကျွန်မကို ကူညီပေးခိုင်းစေချင်တာ ဖြစ်နိုင်တယ်”
တံခါးကိုဖွင့်လိုက်တော့ ဖန့်ရှောင်နွမ်က သူမ မျှော်လင့်ထားသလိုပဲ တံခါးနားမှာ ရပ်နေတာကို တွေ့လိုက်ရသည်။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ယောက်မ၊ ကျွန်မကို အဝတ်စား ကူရွေးပေးပါဦး။ ဘာဝတ်ရမှန်းမသိဘူး"
သူမက ဖန်ချီလက်ကို စိတ်အားထက်သန်စွာ ဆုပ်ကိုင်လိုက်သည်။
ဖန်ချီက သူမကို နှစ်သိမ့်ပေးဖို့ ပြုံးပြီး သူမရဲ့အခန်းထဲလိုက်သွားသည်။ သူမရဲ့အိပ်ရာက အဝတ်တွေနဲ့ အမှိုက်ပုံကြီးဖြစ်နေပြီ။
ဖန်ချီ ပြောလိုက်သည်။ “အဝတ်အစားတွေ အများကြီးပဲ…”
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ဒါတွေကို အခုလေးတင်ပဲ စမ်းဝတ်ကြည့်ထားတာ။ ယောက်မ အခုပြန်စမ်းဝတ်ကြည့်မယ်။ ဘယ်ဝတ်စုံက ပိုလှလဲဆိုတာ ပြောပြပါဦး။"
ထို့ကြောင့် ဖန့်ရှောင်နွမ်က အပြာရောင်ဝတ်စုံကို ကုတင်ပေါ်မှ ကောက်ယူလိုက်ပြီး သူမဆံပင်ကို မြင်းမြီးပုံစံ ချည်နှောင်လိုက်သည်။ "ယောက်မ ဒီဟာ ဘယ်လိုနေလဲ"
ဖန်ချီက သူမယောက်မ လှပတဲ့ ခြေထောက်တွေကို လစ်ဟပြထားသည်ကို တွေ့လိုက်ရပြီး ခေါင်းယမ်းလိုက်သည်။ "ဒီနေ့က နည်းနည်းအေးတယ်။ လင်းချန်က ရိုးသားတဲ့သူ။ သူ မင်းကိုတွေ့ရင် မင်းအေးနေလား မအေးဘူးလား ဆိုတာကို ဂရုစိုက်လိမ့်မယ်။ မင်းဘယ်လောက်လှနေတယ်ဆိုတာ ကို သူဂရုစိုက်နေမှာမဟုတ်ဘူး။"
ဖန့်ရှောင်နွမ် သူ့ယောက်မပြောတဲ့စကားကို မှန်ကန်သည်ဟု ထင်သောကြောင့် သူမ ချက်ချင်း အခြားအဝတ်အစားလဲလိုက်သည်။
ဖန်ချီ ပြောလိုက်သည်။ “ဒါက ရွှင်လန်းတက်ကြွမနေတဲ့ပုံမပေါ်ဘူး။ ချိန်းတွေ့ဖို့သွားတာနဲ့ မတူဘူး။”
ထို့ကြောင့် ဖန့်ရှောင်နွမ်က နောက်ဆုံးတွင် သူမကျေနပ်သည့်အရာတစ်ခုကို ရှာတွေ့သည်အထိ ဝတ်စုံများကို လဲခဲ့သည်။ သူမရဲ့ ၀တ်စားဆင်ယင်မှုအပြီးမှာ မိတ်ကပ်လိမ်းခဲ့သည်။ တစ်မနက်လုံး ဒီအတိုင်းပဲ ကုန်ဆုံးသွားသည်။
ဖန့်ရှောင်နွမ်က သူမရဲ့မိတ်ကပ်ကို ထိန်းထားဖို့အတွက် အစာစားရင်းနဲ့ သူမရဲ့ပါးစပ်ကို ကျယ်ကျယ်ဖွင့်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ သူမ ပါးစပ်ကို ကျယ်ကျယ်ဖွင့်လိုက်တော့ ပါးစပ်ထဲကို ကြက်ဥတစ်လုံးလုံး ဝင်သွားအောင်ဆန့်သည်။
ကျီဝမ်က ရှောင်နွမ်ရဲ့ ပါးစပ်ကို ပွင့်ထွက်သွားမှာကို စိုးရိမ်နေခဲ့သည်။
ကျီဝမ် မေးလိုက်သည်။ "ရှောင်နွမ်၊ မင်း မေးရိုး မနာဘူးလား"
ဖန့်ရှောင်နွမ်က သူမပါးစပ်ထဲကို ကြက်ဥတစ်လုံးလုံးထည့်လိုက်သည်။ သူမ ပါးစပ်က ပြည့်နေပြီး စကားလုံးဝမပြောနိုင်ခဲ့ပေ။
သခင်ကြီးကျီ ပြုံးပြီးပြောလိုက်သည်။ " ရှောင်နွမ် မင်းက အံ့သြစရာကောင်းတာပဲ။ မင်း ပါးစပ်ထဲကို ကြက်ဥတစ်လုံးလုံးထည့်နိုင်တယ်။ ဆပ်ကပ်ပွဲတစ်ခုလိုပဲ။”
သူစကားပြောနေစဉ်တွင် သခင်ကြီးကျီက နောက်ထပ် ကြက်ဥတစ်လုံးကို အခွံခွာပြီး ဖန့်ရှောင်နွမ်ရဲ့ရှေ့ ချလိုက်သည်။ "ရှောင်နွမ်၊ ငါ့ကို ထပ်ပြပါဦး"
ဖန့်ရှောင်နွမ်ရဲ့ ပါးစပ်က ပြည့်နေပြီ။ သူမရှေ့မှာရှိတဲ့ သခင်ကြီးကျီရဲ့ ကြက်ဥကို ကြည့်ပြီး ငြိမ်သွားသည်။
ကျီလင်းချန် လေယာဉ်ပေါ်တက်ပြီးနောက် ဖန့်ရှောင်နွမ်က အိမ်မှထွက်ခွာသွားခဲ့သည်။
သူမ ကားကို စမမောင်းခင် ကျီဝမ်က ထပ်ခါတလဲလဲသတိပေးခဲ့သည်။ "ဖြည်းဖြည်းမောင်း သတိထားဦး"
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ပြင်းထန်စွာလေ့ကျင့်ပြီးနောက်၊ ဖန့်ရှောင်နွမ်က အနည်းငယ် ယုံကြည်မှုရှိလာခဲ့သည်။ သူမ ကားကို စမောင်းခဲ့ပြီး လေဆိပ်သို့ သွားခဲ့သည်။ သူမ ကားစမောင်းသည်နှင့် နောက်ကားတစ်စီးက သူမ နောက်လိုက်လာသည်ကို သူမ မသိလိုက်ပေ။
ဖန်ချီနဲ့ သခင်ကြီးကျီတို့က ရှောင်နွမ် တစ်ယောက်တည်း ကားမောင်းတာအတွက် လုံးဝမစိုးရိမ်ခဲ့ကြပြီး ကျီဝမ်ကို သူမနောက်မှ လျှို့ဝှက်စွာမောင်းခိုင်းခဲ့သည်။
ဖန့်ရှောင်နွမ်က ကားမောင်းသူအသစ်တစ်ဦးဖြစ်သောကြောင့် သူမနောက်သို့ လိုက်နေကြောင်းကို လုံးဝမသိခဲ့ပေ။ လေဆိပ်သို့ ရောက်သောအခါ ဖန့်ရှောင်နွမ် ကားပါကင်သို့ မောင်းဝင်သွားခဲ့သည်။
ကျီဝမ်က တုန်လှုပ်ချောက်ချားစွာဖြင့် နောက်မှလိုက်ကာ သူမကို ကြည့်နေသည်။
ကားကိုရပ်ပြီးနောက် ဖန့်ရှောင်နွမ် သူမရဲ့အိတ်ကိုယူကာ ထွက်လာခဲ့သည်။ သူမက ကားရပ်နားရာနေရာ၏ အမှတ်စဉ်နံပါတ်ကိုပင် မကြည့်ဘဲ ခင်ပွန်းဖြစ်သူရှိမည့် ဆိုက်ရောက်ခန်းမဆီသို့ GPS ညွှန်ကြားချက်များကို တိုက်ရိုက်လိုက်ခဲ့သည်။
ကျီဝမ် ပြောလိုက်သည်။ "F*ck! ဖန့်ရှောင်နွမ်ရဲ့ ဦးနှောက်ထဲမှာ ရေတွေ ပြည့်နေတာဖြစ်ရမယ်!”
ကားပါကင်နံပါတ်ကို သူမ မကြည့်မိပေ။ သူမ သူ့ဦးလေးကို ကြိုလာပြီးရင် သူမရဲ့ကားကို ပြန်ရှာတွေ့ဖို့ တော်တော်ခက်လိမ့်မည်။
ဖန်ချီက သူ့နောက်ကျောကို ပုတ်လိုက်တဲ့အခါ ကျီဝမ် က မကျေမနပ်ဖြစ်တာ ပြီးသွားပါပြီ။ "ဘယ်လိုပြောလိုက်တာလဲ။ အဲဒါ မင်းအဒေါ်။”
ဖန့်ရှောင်နွမ်သည် လှပတဲ့ ၀တ်စုံဖြင့် ချစ်လှစွာသော ခင်ပွန်းကို ကြိုဖို့ သွားခဲ့သည်။ သူမက မီးခိုးပြာရောင်ဝတ်စုံနှင့် အနက်ရောင်လေကာအင်္ကျီကို ဝတ်ဆင်ထားသည်။ သူမ လက်ထဲမှာ Hermes အိတ်သေးသေးလေးကိုင်ပြီး ထွက်ပေါက်မှာ ရပ်နေသည်။ သူမသည် များစွာသော အာရုံစူးစိုက်မှုကို ရရှိခဲ့သည်။