အခန်း (၂၄၂)
Vol. 17 Ch. 242
သူမအစ်ကိုက ရဲစခန်းသွားတော့မယ်ဆိုတာကိုကြားတော့ လျိုစစ်ယွီ ချက်ခြင်း ပြန်ပြီးလန်းဆန်းရွှင်ပျလာသည်။ အဝတ်လဲဖို့ ရေချိုးခန်းကို အမြန်သွားပြီးနောက် တံခါးဝမှာ စောင့်နေလိုက်သည်။
"ဘာလို့ အဝတ်စားလဲထားတာလဲ" လျိုစစ်ယန် ဒေါသတကြီး မေးလိုက်သည်။ သူ ဒေါသထွက်နေတုန်းပဲ။
လျိုစစ်ယွီက သူ့အစ်ကိုရဲ့လက်ကို ချက်ချင်း ပွေ့ဖက်လိုက်သည်။ "အစ်ကို၊ ညီမ အစ်ကိုနဲ့လိုက်ခဲ့မယ်"
လျိုစစ်ယန် မေးလိုက်သည်။ "မင်းက ဘာလိုက်လုပ်မှာလဲ။ ကိုယ့်ကိုကိုယ် ပိုပြီးအရှက်ရအောင် လုပ်မို့လား"
လျိုစစ်ယွီ စကားပြန်မပြောရဲဘဲ ခေါင်းငိုက်စိုက်ကျသွားသည်။
နောက်ဆုံးမှာတော့ လျိုစစ်ယန်က သူမကို ဟိုတယ်မှာ တစ်ယောက်တည်း မထားခဲ့ချင်တာကြောင့် သူမကို ရဲစခန်းကို ခေါ်သွားခဲ့သည်။
လျိုစစ်ယန် ပြောလိုက်သည်။ “လိမ်လိမ်မာမာနဲ့ဒီမှာပဲထိုင်နေ။ ပတ်ပြေးမနေနဲ့။ မင်း အိမ်သာသွားမယ်ဆိုရင်တောင် ငါ့ကို အရင်ဆုံးသတင်းပို့"
လျိုစစ်ယန် စကားပြောလို့ပြီးသွားချိန်မှာ လျိုစစ်ယွီက "သတင်းပို့ပါတယ်"လို့ပြောလိုက်သည်။
"ပြော" လျိုစစ်ယန် အံကြိတ်ထားတဲ့ သွားများဖြင့် ပြောလိုက်သည်။
လျိုစစ်ယွီ ပြောလိုက်သည်။ "အစ်ကို၊ ညီမ အိမ်သာသွားဖို့လိုနေလို့။ ထိန်းလို့မရတော့ဘူး။"
လျိုစစ်ယန်က သူမကို သန့်စင်ခန်းထဲ ခေါ်သွားပြီး တံခါးဝမှာ စောင့်နေသည်။
ရဲအရာရှိတွေက ရယ်ချင်နေတာကို ထိန်းထားကြသည်။ သူတို့စပြီး အတင်းအဖျင်း ပြောလာကြသည်။
"ဗိုလ်ကြီး လျိုကတော့ ဒေါသထွက်ပြီး သေတော့မယ်။"
"ဒီလို ညီမ တစ်ယောက်ရှိနေတာက ကောင်းချီးလား ကျိန်စာလားတောင် မသိတော့ဘူး"
“သူက သူ့ရဲ့ညီမဖြစ်နေလို့ ကောင်းသွားတယ်။ သူ့ရည်းစားသာဖြစ်ခဲ့ရင် သူ ဒေါသူပုန်ထနေလိမ့်မယ်”
စစ်ဆင်ရေးမှာ မပါဝင်တဲ့သူတွေက စပ်စုကာမေးခဲ့ကြသည်။ “ဘာဖြစ်တာလဲ”
ထိုအရာရှိအနည်းငယ်က ပါးစပ်ပိတ်ပြီး နှုတ်ဆိတ်နေသော်လည်း သူတို့အားလုံးက ပြုံးနေကြသည်။
သူက လျိုစစ်ယွီကို သူမ၏ထိုင်ခုံဆီသို့ ပြန်ခေါ်လာခဲ့သည်။ သူမက နာခံစွာထိုင်ပြီး လျိုစစ်ယန် ကို ကတိပေးခဲ့သည်။ "အစ်ကို၊ ညီမ အစ်ကို့ကိုပြောမယ် ကတိပေးတယ်။ ညီမ လျှောက်ပတ်မပြေးဘူး။ ဒီမှာထိုင်ပြီး ဖုန်းနဲ့ကစားနေမယ်"
လျိုစစ်ယန်က သူမရဲ့ နဖူးကို လက်ဖြင့် တောက်လိုက်သည်။ နောက်ဆုံးတော့ သူမကို မရိုက်နိုင်တော့ဘဲ လှည့်ပြီး အစည်းအဝေးခန်းထဲကို ဝင်သွားလိုက်သည်။
ထိုအချိန်တွင် သူမ၏ရဲ့ သူငယ်ချင်းကောင်းက သူမကို ဖုန်းခေါ်ခဲ့သည်။
…
ကျင်းမြို့တော် တွင်အဝေးမှာရှိနေတဲ့ ဖန့်ရှောင်နွမ်က သူမ၏ သူငယ်ချင်း ပြောပြတာကို ကြားလိုက်ရသဖြင့် အလွန် ရှောခ့်ရသွားသည်။ သူမရဲ့ မေးရိုးတောင့ ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည်။ "လျိုစစ်ယွီ နင် အရမ်းလွန်လွန်းတာပဲ။ နင် ဘာလို့အရာအားလုံးကို စပ်စုချင်နေရတာလဲ"
လျိုစစ်ယွီက သူ့သူငယ်ချင်းကို အဖြစ်အပျက်တွေအား ပြောပြခဲ့သည်။ “တီဗွီရီမုတ်ကွန်ထရိုးကို ရှာရင်း အဲဒါကို မြင်သွားတာ။ ဒီအကြောင်းကို လေ့လာချင်ပေမယ့် ကံတရားက ငါ့ဘက်မှာ မရှိခဲ့ဘူး။ ငါ ရေချိုးပြီးသွားတော့ ပြည့်တန်ဆာကို နှိမ်နင်းချင်တဲ့ ရဲတပ်ဖွဲတွေနဲ့ ကြုံလိုက်ရတာပဲ။”
ဖန့်ရှောင်နွမ်ပြောလိုက်သည် "ငါ့ကို နံပါတ်နည်းနည်းလောက် မြန်မြန်ပြော။ မနက်ဖြန် နင့်ကိုကူပြီးထီထိုးပေးမယ်။ နင့်ရဲ့ကံကောင်းမှုနဲ့ နင် jackpot ကို သေချာပေါက်နိုင်မှာ။ နင်မလုပ်နိုင်ရင် စက်ရုံကို ငါကိုယ်တိုင် ဖျက်ဆီးပစ်လိုက်မယ်"
ကျီလင်းချန် ရေချိုးခန်းထဲက ထွက်လာတဲ့အထိ သူတို့နှစ်ယောက် စကားစမြည် ပြောဖြစ်ကြသည်။
သူမက လျိုစစ်ယွီနဲ့ စကားစမြည်ပြောနေခဲ့ပြီး ကျီလင်းချန် အိပ်ရာထဲပြန်ဝင်လာတာကို သတိမထားမိခဲ့ပေ။
လျိုစစ်ယွီ ပြောလိုက်သည်။ "နင့်ရဲ့ယောကျ်ား ဒီနေ့ပဲ အိမ်ပြန်လာတာမလား။ သူ့ကို အချိန်ပေးလိုက်ဦး။ နင့်မှာ ငါနဲ့ စကားပြောဖို့ အချိန်ရှိနေလား"
ဖန့်ရှောင်နွမ်ရဲ့နားထဲကို တိုးလျသောဆွဲဆောင်မှုရှိလှသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ "သူက တွယ်ကပ်တတ်ပေမယ့် အဲဒီလောက်လည်း မတွယ်ကပ်တော့ပါဘူး"
ဖန့်ရှောင်နွမ် အံ့သြလွန်းလို့ ဖုန်းချလုနီးပါးပဲ။ ခင်ပွန်းဖြစ်သူကို လှည့်ကြည့်လိုက်သည်။ "ဘယ်တုန်းက ပြန်ရောက်လာတာလဲ"
"အဲ့တာ လျိုစစ်ယွီလား" ကျီလင်းချန် မေးလိုက်သည်။
ဖန့်ရှောင်နွမ် ခေါင်းညိတ်လိုက်သည်။
ကျီလင်းချန်က ဇနီးဖြစ်သူ၏ နှုတ်ခမ်းတွေကို ကြည့်ကာ တဖြေးဖြေးနဲ့အောက်ကိုရောက်လာသည်။
ဖန့်ရှောင်နွမ် အန္တရာယ်ကို ချက်ချင်းခံစားရပြီး ဖုန်းကို ချက်ချင်းချလိုက်သည်။ သူမ စောင်ကို ဆွဲမလိုက်ပြီး ခေါင်းကို အုပ်လိုက်သည်။ “ယောကျ်ား၊ နောက်ကျနေပြီ။ အိပ်ရာဝင်တော့"
ကျီလင်းချန်ရဲ့ နှုတ်ခမ်းတွေ အပြုံးအဖြစ်သို့ ကွေးညွတ်သွားကာ လှဲနေရင်းနဲ့ သူ့ဇနီးဘေးကို သူ့လက်မောင်းပေါ် တင်ထားလိုက်သည်။
"ရှောင်နွမ်၊ ကိုယ်တို့ ဒိတ်တာကို အချိန်ဘယ်လောက်ထိလုပ်မှာလဲ"
ထို့နောက် ဖန့်ရှောင်နွမ်ရဲ့ အသက်ရှူသံ တည်ငြိမ်လာသည်ကို သူ ကြားလိုက်ရသည်။ သူမ အိပ်ပျော်နေပြီ။
ကျီလင်းချန်နဲ့ ပွေ့ဖက်ရတာက သက်တောင့်သက်သာရှိတာကြောင့် လှဲလိုက်တာနဲ့ သူမ အိပ်ပျော်သွားသည်။
သူ့ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သူ့ဇနီးလေးကို ကြည့်လိုက်သည်။ သူမက သူ့လက်မောင်းပေါ်မှာ လှဲနေရုံတင် မဟုတ်ဘူး သူ့လက်ကိုပင် ဆုပ်ကိုင်ထားသည်။ သူ တိုးတိုးလေး ရယ်ခဲ့သည်။
နောက်တစ်နေ့၌..
ကျီလင်းချန် အိပ်ရာမှထွက်လာတော့ ကျီဝမ်ကို အောက်ထပ်မှာ တွေ့လိုက်ရသည်။ "ဒီကို ခုချက်ချင်းလာခဲ့။"
ကျီဝမ်က သူ့ကို ဘာကြောင့် ခေါ်တာလဲဆိုတာ သိတော့ ခေါင်းငုံ့ပြီး အပေါ်ထပ်ကို တက်သွားသည်။ ကျီလင်းချန်ရဲ့ စာကြည့်ခန်းထဲကို သူဝင်ပြီးတာနဲ့ ကျီလင်းချန် ပြောတာကို မစောင့်ဘဲ သူ့အမှားကို ဝန်ခံခဲ့သည်။ “ဦးလေး၊ ကျွန်တော် အမှောင်ခန်းလေးကို တိုက်ခဲ့မိပါတယ်။ ကျွန်တော့်အဒေါ်က ကားထဲမှာ မရှိခဲ့ပါဘူး။”
ကျီလင်းချန် နှာမှုတ်ပြီး အေးစက်စွာပြောလိုက်သည်။ "မင်း အထက်တန်းကျောင်းပြီးကတည်းက ဒါကို စီစဉ်နေခဲ့တာလေ။ မင်း နောက်ဆုံးတော့ လုပ်ပြီးသွားပြီပဲ။ အသုံးကိုမကျဘူး။”
ကျီဝမ်က သူ့ဦးလေးအား အံ့သြစွာ ကြည့်လိုက်သည်။ “ဦးလေး” လို့ ပြောလိုက်သည်။ "ကျွန်တော် အထက်တန်းကျောင်းပြီးကတည်းက ဒါကိုစီစဉ်နေခဲ့တာ ဦးလေး ဘယ်လိုသိတာလဲ"
ကျီလင်းချန် လှောင်ရယ်လိုက်သည်။ အဲဒါကို သူ သိခဲ့တာ ထင်ရှားသည်။
ကျီဝမ် အထက်တန်းကျောင်းတက်တုန်းက အိမ်နောက်ဖေးကို မကြာခဏသွားပြီး အဆောက်အဦးရဲ့ အစိတ်အပိုင်းကို ဖျက်ဆီးပစ်ဖို့ အင်အားဘယ်လောက်လိုအပ်မယ်ဆိုတာ တွက်ချက်လေ့ရှိသည်။
ကျီလင်းချန်က မျက်ကန်းမဟုတ်ပေ။ သူ့တူလေး ဘယ်လောက်တောင် သတ္တိရှိလဲ၊ သူတကယ်ပဲ ဖြိုချနိုင်မလားဆိုတာ သူကြည့်ချင်ခဲ့သည်။ အဆုံးမှာတော့ သူ စောင့်ဆိုင်းပြီးရင်း စောင့်ဆိုင်းခဲ့သော်လည်း သူ ၎င်းကို မဖြတ်သန်းခဲ့ပေ။ ဒါပေမယ့် ယခုနှစ်တွင်မူ အမှောင် အခန်းငယ်လေးက နောက်ဆုံးတွင် ပျက်စီးသွားခဲ့သည်။ သူ စဉ်းစားစရာတောင် မလိုဘူး။ ကျီဝမ်က တရားခံဖြစ်ကြောင်း အစကတည်းက သူသိသည်။
အမှောင်ခန်းငယ်လေး ဖျက်ဆီးခံလိုက်ရသည့်အတွက် ကျီလင်းချန် စိတ်ဆိုးခြင်းမရှိပေ။ ဒါပေမယ့် သူက သူ့ဇနီးကို လမ်းလွဲအောင်လုပ်ခဲ့သည့်အတွက် ဒေါသထွက်ခဲ့သည်။