← Chapters

အခန်း (၂၄၃)

Vol. 17 Ch. 243

အခန်း (၂၄၃)

Vol. 17 Ch. 243

“နောက်တစ်ခါ မင်း ဆိုးရွားတဲ့ဟာလုပ်ဖို့ မင်းအဒေါ်ကိုခေါ်သွားခဲ့တယ်ဆိုရင် မင်းခြေထောက်တွေကို ငါရိုက်ချိုးပစ်မယ် ” ကျီလင်းချန် ပြောလိုက်သည်။

“မလုပ်တော့ဘူး!” ကျီဝမ် ထိတ်လန့်စွာ ခေါင်းခါလိုက်သည်။ "ကျွန်တော်အဒေါ့်ကို ထပ်ပြီးမခေါ်သွားတော့ပါဘူး!"

ဒါပေမယ့်လည်း ဖန့်ရှောင်နွမ် သူ့ကို မကောင်းတဲ့ဟာတွေ လုပ်နေတယ်လို့ မပြောမိဖို့လည်း သူ သေချာအောင် လုပ်ရမည်။ ဖန့်ရှောင်နွမ်က နာခံမှုအရှိဆုံးမိန်းကလေးမဟုတ်ပေ။

ကျီဝမ် ပြောလိုက်သည်။ “ဦးလေး၊ ဖန့်ရှောင်နွမ်နဲ့ ကျွန်တော့်ရဲ့ဆက်ဆံရေးက သာမန်မဟုတ်ဘူး ဒါပေမယ့်…”

"ဘာ " ကျီလင်းချန် အနည်းငယ် မပျော်ရွှင်နေပေ။ သူ့မိန်းမနဲ့ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးရှိတယ်လို့ သူဘယ်လိုပြောရဲရတာလဲ။ သူ့မျက်နှာကိုတောင်ကြည့်ပြီး ပြောနေသေးတယ်။

"ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက တစ်ယောက်နဲ့တစ်ယောက် သိလာခဲ့ကြတာဆိုပေမယ့်" ကျီဝမ် စကားပြန်ပြောဖို့ ရပ်တန့်သွားသည်။ ဒါက မဟုတ်သေးဘူး။

"မှန်တယ်" ကျီဝမ် ပြောလိုက်သည်။ “ကျွန်တော်တို့ သူငယ်ချင်းဖြစ်ခဲ့တာ နှစ်အတော်ကြာပြီ။ ပြောရမယ်ဆိုရင်တော့ သူက စည်းကမ်းကို လိုက်နာရတာ ကြိုက်တဲ့သူတော့ မဟုတ်ဘူး”

"ငါသိတယ်" ကျီလင်းချန် ခဏတိတ်ဆိတ်ပြီးနောက် ပြန်ဖြေလိုက်သည်။

ကျီဝမ် အံ့သြသွားသည်။ သူ့ဦးလေးလည်း သိတာလား?

“မင်းကို တခြားတစ်ယောက်အကြောင်း မေးချင်လို့ ခေါ်လိုက်တာ။ လျိုစစ်ယွီဆိုတဲ့ တစ်ယောက်။ မင်းသူ့အကြောင်းသိသမျှအကုန် ငါ့ကိုပြောပြ"

ကျီဝမ် မေးလိုက်သည်။ "ဦးလေး၊ စစ်ယွီ ရဲ့ အချက်အလက်ကို ဘာလို့ လိုချင်နေတာလဲ။ ဖန့်ရှောင်နွမ်သာ ဦးလေး တခြားအမျိုးသမီးအကြောင်း မေးနေတာတွေ့သွားရင် သူ ဦးလေးရဲ့ မျက်နှာကို လာကုတ်လိမ့်မယ်။ ဦးလေးက သူ့အချစ်ဆုံးသူငယ်ချင်းအကြောင်း မေးနေရင်တောင်.."

ကျီလင်းချန်က သူ့တူလေးကို ဒေါသတကြီး စိုက်ကြည့်နေသည်။ “ဒါဆို မင်း သူ့ကို မပြောနဲ့ပေါ့။ ငါ့ကို မြန်မြန်ပြော!"

ကျီဝမ်က သူ့ဦးလေးရဲ့ ပြစ်ဒဏ်ပေးချင်နေတဲ့ပုံစံကိုကြည့်ပြီး သူသိသမျှကို ရိုးရိုးသားသားပြောပြလိုက်သည်။

ထိုအချိန်တွင် ဖန့်ရှောင်နွမ် ယလည်း အားနေခဲ့သည်။

သူမ ဖန်ချီဆီသို့ တည့်တည့်သွားကာ သူမရဲ့လက်ကိုဆွဲပြီး ပြောခဲ့သည်။ "ယောက်မ ကျွန်မ မိသားစုရဲ့ ဓာတ်ပုံဟောင်းတချို့ကို ကြည့်ချင်တယ်"

"ဘာလို့ ဓါတ်ပုံဟောင်းတွေကို ချက်ခြင်းကြည့်ချင်သွားတာလဲ။" ဖန်ချီ ပဟေဠိဖြစ်နေသည်။

ဖန့်ရှောင်နွမ် ပြုံးလိုက်သည်။ "ဘာမှတော့မဟုတ်ပါဘူး။ ကျွန်မ ယောက်ျားက ဘယ်လိုပုံစံရှိခဲ့လဲဆိုတာ သိချင်လို့။”

ဖန်ချီ ပြုံးနေသည်။ အခုခေတ်လူငယ်တွေ ဓါတ်ပုံတွေကနေတစ်ဆင့် တစ်ယောက်ကိုတစ်ယောက် သိအောင်ကြိုးစားကြတာ တော်တော်နည်းသည်။ သူမ လုပ်နေတာတွေကို ချလိုက်ပြီး ဖန့်ရှောင်နွမ်ကို အိပ်ခန်းထဲပြန်ခေါ်သွားခဲ့သည်။ ထို့နောက် သူမကည် ဗီရိုတစ်ခုမှ ထူထဲလှတဲ့ ဓာတ်ပုံအယ်လ်ဘမ်တစ်ခုကို ထုတ်ယူလိုက်သည်။

ဖန်ချီ ပြောလိုက်သည်။ "လင်းချန် ငယ်ငယ်တုန်းက သူ့မွေးနေ့မှာ ဓာတ်ပုံရိုက်ဖို့ပိုစ့်တစ်ခုလေး လုပ်ခဲ့တာတော့ရှိတယ်။ နောက်ပိုင်းကျတော့ သူ ဒီလိုတောင်မလုပ်တော့ဘူး။”

ဖန့်ရှောင်နွမ် ဓာတ်ပုံအယ်လ်ဘမ်ကို ကောက်ယူလိုက်ပြီး ၎င်းပေါ်ရှိ ဖုန်မှုန့်ကို ညင်သာစွာ ပွတ်လိုက်သည်။

“ဒီအယ်လ်ဘမ်ကို ဘယ်သူမှ မကြည့်ကြဘူး၊ ဒါကြောင့် ဖယ်ထားလိုက်တာ” ဖန်ချီ ပြောလိုက်သည်။

နှစ်ယောက်သား ဆိုဖာပေါ်ထိုင်ကာ ဓာတ်ပုံအယ်လ်ဘမ်ကို လှန်ကြည့်လိုက်ကြသည်။

သူမ အယ်လ်ဘမ်ကိုဖွင့်ပြီး ပထမဆုံးဓာတ်ပုံမှာ ကျီ မိသားစု၏ မိသားစုပုံဖြစ်သည်။

ဖန်ချီက ဓာတ်ပုံထဲက ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီးကို ညွှန်ပြခဲ့သည်။ "သူက ငါတို့ယောက္ခမလေ "

ဖန့်ရှောင်နွမ် ခေါင်းညိတ်ခဲ့သည်။ "သူမကို ကြည့်ရတာ နူးညံ့သိမ်မွေ့ပုံရတယ်။"

"မှန်တယ်။ သူမက ငါတွေ့ဖူးသမျှထဲမှာ အနူးညံ့ဆုံးလူပဲ” သူမ စကားပြောနေစဉ်တွင် ဖန်ချီက သူမ၏ မှတ်ဉာဏ်များဆီပြန်ရောက်သွားခဲ့သည်။

သူတို့နှစ်ဦး ဓာတ်ပုံအယ်လ်ဘမ်ကို ဆက်၍လှန်ကြည့်ကြပြီး ဓာတ်ပုံများတွင် ကလေးနှစ်ယောက် တဖြည်းဖြည်း ပေါ်လာသည်။

ဖန်ချီ ပြောလိုက်သည်။ “အပြာရောင်နဲ့တစ်ယောက်က ရှောင်ဝမ်လေ နောက်တစ်ယောက်က…”

ဖန်ချီက ဓာတ်ပုံအယ်လ်ဘမ်ရှိ ကလေးမလေးအား ကြည့်ကာ ငြိမ်ကျသွားသည်။

"ဒါက ရှောင်ယွီ ဖြစ်ရမယ်" ဖန့်ရှောင်နွမ် ပြောလိုက်သည်။

ဖန်ချီက ဖန့်ရှောင်နွမ်ကို တအံ့တသြကြည့်နေသည်။

"ယောက်မ" ဖန့်ရှောင်နွမ်က ဖန်ချီ ကို ပြုံးပြီး ပြောလိုက်သည်။ “ကျွန်မကို ဖုံးကွယ်ထားစရာ မလိုဘူး။ ကျွန်မယောကျ်ားက ကျွန်မကို အကုန်ပြောပြပြီးပြီ။”

ဓာတ်ပုံအယ်လ်ဘမ်ကို ကြည့်ချင်တာက ကျီလင်းချန်ကိုကြည့်ချင်လို့ဆိုတဲ့ တစ်ခုတည်းသောအကြောင်းပြချက်ကြောင့်တော့ မဟုတ်ပေ။ အမှန်တော့ သူမက ကျီရှောင်ယွီရဲ့ ပုံစံကို မြင်ချင်တာ။

ဖန်ချီ သက်ပြင်းချလိုက်သည်။ "လင်းချန်ရဲ့စိတ်ထဲမှာ ကိစ္စအများကြီးရှိနေတယ် မင်းကသာ သူ့ကို ပိုပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်။ ရှောင်နွမ်၊ ဘာပဲဖြစ်ဖြစ် မင်း လင်းချန်ကို နာကျင်အောင်မလုပ်ပါဘူးလို့ ငါ့ကို ကတိပေး"

ဖန့်ရှောင်နွမ်က ဖန်ချီကို ပြုံးပြပြီးပြောလိုက်သည်။ "ယောက်မ၊ ယောက်မ နောက်နေတာ ဖြစ်ရမယ်။ ကျွန်မ သူ့ကို အရမ်းချစ်တယ်။ သူ့ကို နာကျင်အောင် ကျွန်မဘယ်လိုလုပ်လုပ်မှာလဲ။ ကျွန်မ သူ့အနားမှာ အမြဲရှိနေပေးမယ်လို့ ကတိပေးတယ်။"

ဖန်ချီရဲ့ အကြည့်သည် လေးနက်နေသည်။

“ယောက်မ ရှောင်ယွီအကြောင်း ပြောပြလေ။ ကျွန်မယောကျ်ားက ကျွန်မကို အများကြီး မပြောပြထားဘူး” ဖန့်ရှောင်နွမ် ပြောလိုက်သည်။

"ရှောင်နွမ်၊ မင်း ဒီကိစ္စကို သိပြီးရင် လင်းချန် ကို အထင်သေးတာမျိုးမလုပ်ဖို့ ငါ မျှော်လင့်တယ်" ဖန်ချီက တွေးတောပြီးနောက် ပြောလိုက်သည်။

ဖန့်ရှောင်နွမ် အလျင်စလို ခေါင်းညိတ်လိုက်သည်။

"အဖေ နိုင်ငံရေးမှာ ပါဝင်ခဲ့ဖူးတာ မင်းသိလား" ဖန်ချီ ဖြည်းညှင်းစွာ မေးလိုက်သည်။

ဖန့်ရှောင်နွမ်သည် သခင်ကြီးကျီက သူမရဲ့အဖိုးနဲ့ အသက်တူကြောင်း မသိခဲ့ပေ။ သူမအတွက်၊ သခင်ကြီး ကျီ တွေ့ကြုံခဲ့ရသောအရာတွေက သမိုင်းစာအုပ်များကဲ့သို့ ဝေးကွာလှသည်။

ဖန်ချီ ပြောလိုက်သည်။ “အဲဒီတုန်းက အဖေက အစိုးရမှာ အရေးကြီးတဲ့ ရာထူးတစ်ခုယူထားရတယ်။ သူက ရက်စက်ကြမ်းကြုတ်ပြီး ဖြောင့်မတ်တယ်။ လူတော်တော်များများက သူ့ကိုမုန်းခဲ့ကြတယ်။ အဲဒီနောက်မှာတော့ လူတချို့က သူ့ကို အကျင့်ပျက်ခြစားမှုတွေနဲ့ လျှို့ဝှက်တိုင်ကြားခဲ့တယ်။ အစိုးရရှေ့နေရုံးက လူတွေကလည်း စုံစမ်းစစ်ဆေးမှုကို တမင်အချိန်ဆွဲထားခဲ့ကြတယ်လေ။ သူတို့က သူ့ကို လအနည်းငယ်ကြာ စုံစမ်းခဲ့ကြတယ်။ နောက်ဆုံးတော့ အဖေ ဒေါသအရမ်းထွက်ပြီး စုံစမ်းမှုတွေ ပြီးပြီးချင်း အလုပ်ကနေ ထွက်လိုက်တယ်”

ထိုနှစ်တွင် စုံစမ်းစစ်ဆေးမှုအတွင်း၊ သခင်ကြီးကျီသည် အိမ်တွင် တစ်နှစ်ခွဲကြာနေထိုင်ခဲ့ပြီး အခြေအမြစ်မရှိသော စွဲချက်အချို့ကြောင့် သူ့ကလေး၏ စာသင်ကြားမှုကို နှောင့်နှေးစေလုနီးပါးဖြစ်ခဲ့ရသည်။

လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်က ဖခင်တစ်ဦးက အကျင့်ပျက်အရာရှိတစ်ဦးဖြစ်ရင် ကလေးကို ကျောင်းက လက်ခံမည်မဟုတ်ပေ။

နှစ်ဝက်ကြာအောင် စောင့်ပြီးမှ နောက်ဆုံးတွင် အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့သည်။

ကြေညာချက်ထုတ်လိုက်တာနဲ့ သခင်ကြီးကျီက ချက်ချင်းအလုပ်ကနေ နှုတ်ထွက်ပြီး စီးပွားရေးလောကကို ပြောင်းရွှေ့ခဲ့သည်။

All Chapters