အခန်း (၂၄၄)
Vol. 17 Ch. 244
ဖန်ချီ ပြောလိုက်သည်။ “အဖေက ထက်မြက်ပြီး ဉာဏ်ကောင်းတဲ့သူ။ သူက စီးပွားရေးလောကမှာ အမြန်လမ်းခင်းဖို့ သူ့ အဆက်အသွယ်ဟောင်းတွေကို အသုံးပြုခဲ့တယ်။ နှစ်အနည်းငယ်အတွင်း ကျီ ကော်ပိုရေးရှင်းက ပိုပြီးကြီးသထက်ကြီးလာပေမယ့်လည်း သူတို့ ထပ်ပြီးပြဿနာတက်ခဲ့ကြတယ်။ ကျီ ကော်ပိုရေးရှင်းက ကြီးလာလေလေ ဝင်ငွေပိုရလာလေပဲ။ များများရလေ၊ တခြားသူတွေ ဝင်ငွေနည်းလာကြလေပဲပေါ့"
“ဒါပေမယ့် အဲဒီအရွယ်မှာ မိသားစုက ပိုပိုပြီး အားကောင်းလာခဲ့တယ်။ ယောက္ခမကြီးက ရှောင်ယွီကို အသက်ကြီးတဲ့အချိန်မှ မွေးခဲ့တာ။ ပြီးတော့ ရှောင်ဝမ်ကို မွေးခဲ့တယ်။ တစ်မိသားစုလုံး အခမ်းအနားမျိုးစုံ ကျင်းပခဲ့ကြတယ်။ ကျီမိသားစုက ကလေးတွေကို အဲဒီလို လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ ခေါ်သွားခဲ့ပြီး ကလေးနှစ်ယောက်က ကျီမိသားစုရဲ့ အားနည်းချက်ဖြစ်လာခဲ့တာပေါ့ ”
ဖန့်ရှောင်နွမ် ဆိုဖာပေါ်တွင် ထိုင်ကာ အာရုံစိုက် နားထောင်နေသည်။
ဖန်ချီ ဆက်ပြောပြခဲ့သည်။ “တစ်နေ့မှာ ရှောင်ဝမ်နဲ့ ရှောင်ယွီတို့ ဂိမ်းတစ်ခုကစားခဲ့ကြတယ်။ လူတစ်စုက အိမ်ထဲသို့ ပြေးဝင်လာပြီးတော့ ရှောင်ဝမ်ကို ခေါ်သွားပြီး သူ့ကိုလည်း ခေါ်သွားချင်ခဲ့ကြတယ်။ လင်းချန်က အားလပ်ရက်တွေအတွင်း အိမ်မှာ ရှိနေခဲ့တာပေါ့။ သူက ကလေးနှစ်ယောက်ကို ပြုစုစောင့်ရှောက်နေပြီး ရှောင်ဝမ်ကို ခေါ်သွားတော့မှာကို မြင်တော့ သူ ရှောင်ဝမ်ကို အသဲအသန် ဆုပ်ကိုင်ဆွဲခဲ့တယ်။ ဆူပူအုံကြွမှုကြီးက တစ်မိသားစုလုံးရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တာ။ အဲ့လူအုပ်စုက ရှောင်ဝမ်ကို ပြန်ပေးဆွဲဖို့ စွန့်လွှတ်ပြီး ရှောင်ယွီ ယကိုပဲ ခေါ်သွားဖို့ လှည့်ခဲ့တယ်"
"ကျွန်မ ယောကျ်ားကကော " ဖန့်ရှောင်နွမ်က သူ့ယောကျ်ားကိုသာ ဂရုစိုက်ခဲ့သည်။
ဖန်ချီ ထိုနေ့ကို ပြန်တွေးမိသည်။ “သူက ပြန်ပေးဆွဲသမားရဲ့ ခြေထောက်တစ်ဖက်ကို ဖမ်းဆွဲထားပြီး ရှောင်ယွီကို ခေါ်သွားမှာကို တားဆီးဖို့ ကြိုးစားခဲ့တယ်။ ပြန်ပေးဆွဲသူတွေက သူ့ကိုလည်း ဖမ်းသွားကြတယ်။”
ဖန့်ရှောင်နွမ် မျက်ခုံးပင့်လိုက်သည်။ သူမယောကျ်ား ပြန်ပေးဆွဲခံခဲ့ရကြောင်းကိုလည်း သူမ မမျှော်လင့်ထားပေ။
"ဒါဆို နောက်ဆုံးမှာ ရှောင်ယွီက ဘာလို့ ပျောက်နေတာလဲ" ဖန့်ရှောင်နွမ် မေးလိုက်သည်။
ဖန်ချီ ခေါင်းခါလိုက်သည်။ သူမ မသိပေ။ ထိုအချိန်တွင် တစ်မိသားစုလုံး ထိတ်လန့်တုန်လှုပ်နေခဲ့ကြသည်။ ရှောင်ဝမ်က ပြန်ပေးဆွဲခံရလုနီးပါးဖြစ်ခဲ့သည်။ သူမစိတ်တွေ ဗလာဖြစ်နေခဲ့တာ။ ပြန်ပေးဆွဲသူတွေက ကျီ မိသားစုကို ၁၀ ဘီလီယံ တောင်းခဲ့တယ်လို့ သူမရဲ့မိသားစုဆီက သူမ ကြားခဲ့ရတာဖြစ်သည်။
သခင်ကြီးကျီက ရဲကို ချက်ချင်းဖုန်းဆက်ခဲ့ပြီး ပြန်ပေးဆွဲသမားက လင်းချန်ရဲ့ ဓာတ်ပုံကို ပေးခဲ့သည်။သူက သွေးတွေနဲ့ ဖုံးလွှမ်းနေပြီး အရိုက်ခံထားရသည့်ပုံပေါ်သည်။ မိဘတိုင်းက သူတို့ကလေးကို ဒီလိုအခြေအနေမျိုးနဲ့ ကြည့်ချင်ကြမှာမဟုတ်ပေ။ သူ့သားနဲ့သမီး သွေးတွေ ရွှဲနေတာတွေ့တော့ မစ္စစ်ကျီ ချက်ခြင်း မူးလဲသွားသည်။
နောက်ပိုင်းတွင် ကျီ မိသားစုသည် ပြန်ပေးဆွဲသမားတွေရဲ့ တောင်းဆိုချက်အရ ငွေသား ၁၀ ဘီလီယံကို စုဆောင်းပြီး ၎င်းတို့ပေးထားသည့် နေရာကို ပို့ပေးခဲ့သည်။
ဒါပေမယ့်လည်း ကျီလင်းချန် တစ်ဦးတည်းသာ ပြန်ရခဲ့ပြီး ကျီရှောင်ယွီကတော့ ပျောက်နေခဲ့သည်။
"အဲဒါပြီးတော့ ဘာဖြစ်သွားလဲ" ဖန့်ရှောင်နွမ်ရဲ့ မျက်လုံးတွေက စိုးရိမ်မှုဖြင့် ပြည့်နှက်နေသည်။
ဖန်ချီ ပြောလိုက်သည်။ "လင်းချန်ကို လင်း မိသားစုက ကယ်ခဲ့တာ။ လင်းရိုရဲ့အဖေက သူ့ကို ကယ်ပေးထားခဲ့တာ။ ဒါကြောင့် ငါတို့မိသားစုက လင်း မိသားစုကို ဒီနှစ်ပေါင်းများစွာ အကူအညီပေးခဲ့တာလေ။ လင်းချန်ကို မင်းနဲ့လက်ထပ်ပေးပြီးမှပဲ ကျီ မိသားစုက လင်း မိသားစုနဲ့ အဆက်အသွယ်အားလုံး ဖြတ်ပစ်လိုက်တာ"
" ရှောင်ယွီ ပျောက်သွားပြီး သိပ်မကြာခင်မှာပဲ မစ္စစ် ကျီက အပြင်းအထန် နေမကောင်းဖြစ်ပြီး အိပ်ယာပေါ်မှာပဲ ဆုံးသွားခဲ့တယ်။ အဲ့အချိန်ကစပြီး လင်းချန်က သူ့ညီမကို မကာကွယ်နိုင်ခဲ့တဲ့အတွက် သူ့ကိုယ်သူ အပြစ်တင်ခဲ့တယ်။ သူ ဆေးရုံဝတ်စုံဝတ်ထားရတဲ့အချိန်တွေမှာတောင် ရှောင်ယွီကို နေ့တိုင်းလိုက်ရှာခဲ့တာ။ သူအမေရဲ့သေဆုံးမှုက သူ့အတွက် ပိုပြီးကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာခဲ့တယ်။ သူအသုံးမကျလို့ သူ့အမေ ဆုံးသွားတာလို့ သူ ခံစားနေရတာပေါ့"
“သူ ၁၃ နှစ်သားအရွယ်မှာ အိမ်ကထွက်သွားပြီး Spirit Creek Villa မှာ တစ်ယောက်တည်း နေခဲ့တယ်။ ဘယ်သူ့အကူအညီမှ လက်မခံဘူး။ တစ်ခါက ငါ သူ့အဝတ်အစားတွေကို လျှော်ဖို့သွားပေမယ့် သူက ငါ့ကို နှင်ထုတ်ခဲ့တယ်။ အဖေ့ကိုတောင် သူ့ခွင့်ပြုချက်မရှိဘဲ Spirit Creek Villa ထဲကို ၀င်ခွင့်မပေးခဲ့ဘူး"
"ရှောင်နွမ်၊ သူ မင်းကို ချစ်မိသွားတဲ့နေ့ကတည်းက မင်းတို့နှစ်ယောက်စလုံး တစ်နေ့နေ့မှာတော့ Spirit Creek Villa ကို ပြောင်းသွားမှာပဲ။ မင်း သူ့ကို အိမ်ဆိုတဲ့အရာပေးနိုင်မယ်လို့ ငါ မျှော်လင့်တယ်။ သူ့ကို နောက်တစ်ကြိမ် အထီးမကျန်ခွင့်မပေးပါနဲ့ ဒါမှမဟုတ် ရှောင်ယွီ အကြောင်းကို သူပြန်ပြီးစဥ်းစားနိုင်တယ်"
ဖန့်ရှောင်နွမ် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ “စိတ်မပူပါနဲ့ ယောက်မ။ ကျွန်မ သူ့ကိုအိမ်ဆိုတဲ့အရာကိုပေးမှာပါ။ သူကလည်း ကျွန်မအားကိုးလို့ရနိုင်တဲ့သူတစ်ယောက်ပါ”
ဖန်ချီက သူရဲ့မရီး ဖြစ်ပေမယ့်လည်း သူမက ကျီလင်းချန်ကို စိုးရိမ်နေသေးသည်။ ကျီလင်းချန် က အားလပ်ရက်များတွင် နှစ်သစ်ကူးညစာစားဖို့ အိမ်သို့ ပြန်လာဖို့ ငြင်းဆန်ခဲ့ပြီး အားလပ်ရက်တွေမှာ သူ့ဘာသာ နေခဲ့သည်။
ရွေးချယ်စရာမရှိသော ဖန်ချီသည် ကျီဝမ်ကိုသာ လိမ်လည်နိုင်ခဲ့သည်။ “သားလေး သွားပြီးတော့ ဆိုးတဲ့ဟာတစ်ခုခုလုပ်လာခဲ့”
"အမေ၊ ကျွန်တော့်ရဲ့ဦးနှောက် ဒါမှမဟုတ် အမေ့ရဲ့ဦးနှောက်က တစ်ခုခုမှားနေတာလား။" ကျီဝမ် မေးလိုက်သည်။
ဖန်ချီက မီးဆိုင်းပဒေသာကို ညွှန်ပြပြီး ကျီဝမ်ကိုပြောလိုက်သည်။ "သား၊ တုတ်တစ်ချောင်းယူပြီး မီးဆိုင်းကို ရိုက်ချလိုက်"
ကျီဝမ် မီးဆိုင်းပဒေသာကို ကြည့်လိုက်သည်။ ဘာကြောင့် သူ့ကို ရိုက်ချခိုင်းချင်နေတာလဲ။ ဒါပေမယ့် ဖန်ချီက သူ့ကို ဒီလိုလုပ်ဖို့တိုက်တွန်းခဲ့သည်။ ကျီဝမ် သည် ထိုအချိန်က ငယ်ရွယ်သေးတာကြောင့် သူမ ပြောသည့်အတိုင်း လုပ်ခဲ့သည်။
ထို့နောက် သူ့ကို လူဆိုးဖြစ်အောင် အတင်းအကြပ် ခိုင်းစေခဲ့တဲ့ သူ့အမေက ဖုန်းကို ကောက်ကိုင်လိုက်ပြီး ကျီလင်းချန် ကို ဖုန်းဆက်ခဲ့သည်။ "လင်းချန်၊ ပြန်လာခဲ့ဦး၊ မင်းရဲ့တူလေးကို လာဂရုစိုက်ပေးစမ်းပါဦး။ သူ အရမ်းမိုက်မဲလွန်းတယ် မီးဆိုင်းပဒေသာကို ရိုက်ပြီးပြုတ်ကျအောင်လုပ်ခဲ့တာ ငါတို့ကို ထိခိုက်လုနီးပါးပဲ ”
ကျီဝမ် ပြောစရာစကားမရှိဖြစ်သွားသည်။
မကြာခင်မှာပဲ ကျီလင်းချန် အိမ်ပြန်လာပြီး ကျီဝမ်ကို ဖမ်းပြီး ကောင်းကောင်းကြီးရိုက်ခဲ့သည်။
နှစ်သစ်ကူးအကြိုနေ့တွင် အိမ်တစ်အိမ်လုံးတွင် သခင်လေးကျီရဲ့ ငိုသံများဖြင့် ပြည့်နှက်နေခဲ့သည်။ ဒါပေမယ့် ကျီမိသားစုတွင် ဘယ်သူမှ ဒေါသမထွက်ကြပေ။ ယင်းအစား သူတို့၏ မျက်နှာတွေမှာ ရွှင်လန်းမှုအပြည့်ရှိသည်။ ကံမကောင်းလှတဲ့ကလေး ကျီဝမ်က သူ့တင်ပါးအရမ်းနာသွားတာကြောင့် နှစ်သစ်ကူးညစာကို မတ်တပ်ရပ်ပြီးပဲ စားခဲ့ရသည်။
နောက်ပိုင်းကာလများတွင် ဖန်ချီက သူ့သားကို ဆက်ပြီးအရူးလုပ်ခဲ့သည်။ "ရှောင်ဝမ်၊ အမေပြောတာ နားထောင်နော်။ သွား လမ်းလျှောက်နေ "
"မလျှောက်ဘူး!"
ကျီလင်းချန်ကို ကိုင်တွယ်ခွင့်ပေးတာကလွဲလို့ သူတို့မှာ ရွေးချယ်စရာမရှိတော့ပေ။ နောက်ပိုင်းတွင် ကျီလင်းချန် အိမ်သို့ပြန်လာခဲ့ပြီး ကျီဝမ် ထပ်ပြီးရိုက်ခံရပြန်သည်။