အခန်း (၂၄၅)
Vol. 17 Ch. 245
နောက်ပိုင်းမှာတော့ ကျီဝမ်က သူ့မိသားစု ဘာတွေတွေးနေလဲဆိုတာ သိလာခဲ့သည်။ နွေဦးပွဲတော်တိုင်း၊ သူက အပြင်မှာ ပုန်းရှောင်နေခဲ့ပြီး နှစ်သစ်ကို အတူဖြတ်သန်းဖို့ လျိုစစ်ယွီနဲ့ ဖန့်ရှောင်နွမ်ကို ဖိတ်ခဲ့သည်။ သူအိမ်ပြန်သွားရင် သူ့မိသားစုက သူ့ကို မကောင်းတာတွေ လုပ်ခိုင်းလိမ့်မည်။ မလိုက်နာဘူးဆိုရင်တောင် အကြောင်းပြချက်မရှိဘဲ အရိုက်ခံရလိမ့်မည်။ နွေဦးပွဲတော်တစ်ခုတွင် သူ့မိသားစုက သူ့ကို အိမ်ပြန်လာဖို့ ခေါ်ခဲ့သော်လည်း သူကပြန်မသွားဖို့ ငြင်းဆန်ခဲ့သည်။
ကျီဝမ် အိမ်ပြန်မလာတာကိုမြင်တော့ ဖန်ချီက အကြံတစ်ခုရပြီး ကျီလင်းချန်ဆီ ဖုန်းဆက်လိုက်သည်။ "လင်းချန်၊ ရှောင်ဝမ် ပျောက်နေတယ်။ သူဖုန်းလည်း မကိုင်ဘူး”
သိပ်မကြာခင်မှာပဲ Maybach ကားက ဘာမှမရှိနေတဲ့လမ်းမကြီးမှာ လမ်းလျှောက်နေတဲ့ တူဖြစ်သူကို ရှာတွေ့ခဲ့ပြီး ပျောက်နေတဲ့တဲ့ တူလေးကို ခေါ်တင်သွားခဲ့သည်။ ကျီလင်းချန် ကားထဲကနေ ဆင်းစရာတောင် မလိုပေ။ ကျီဝမ်က လိုင်စင်နံပါတ်ပြားကို မြင်တာနဲ့ မျက်ရည်ကျအောင်ကြောက်ကာ သူ့ဘာသာ ကားပေါ် တက်လာခဲ့သည်။
ကံကြမ္မာပါပဲ။ အဲဒီနေ့မှာပဲ ဖန့်ရှောင်နွမ်က အဲ့မှာ ရှိနေသည်။ သူမက မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားတဲ့ အဝတ်ထူထူနှင့် ပဝါတစ်ထည်ကို ပတ်ထားပြီး ကျီလင်းချန်ရဲ့ကား သူမဆီကနေ ဖြတ်သွားလိုက်တာကိုကြည့်နေခဲ့သည်။
ကျီလင်းချန်က လမ်းပေါ်မှာ ရပ်နေတဲ့ ပင်ဂွင်းကဲ့သို့ ၀တ်စားထားသည့် ကလေးမလေးအား သတိမထားမိခဲ့ပေ။ သူတို့ရဲ့ ကံကြမ္မာကို ကြိုတင်သတ်မှတ်ထားခဲ့တာ ဖြစ်နိုင်သည်။ သူတို့နှစ်ယောက် ဓာတ်ပုံအယ်လ်ဘမ်ကို ဆက်မလှန်ခင် အချိန်အတော်ကြာ စကားစမြည်ပြောခဲ့ကြသည်။
မြို့တော်ဝန် ကျီသည် တံခါးဝသို့ ဝင်လိုက်သည်နှင့် သူတို့နှစ်ဦးကို တွေ့လိုက်ရသည်။ " ရှောင်နွမ် ဒီရောက်နေတာလား"
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “အစ်ကို၊ ကျွန်မဓာတ်ပုံဟောင်းလေးတွေ ကြည့်နေတာ။ ကျွန်မယောကျ်ား နဲ့ ရှောင်ယွီတို့ ဒီထဲမှာရှိတယ်။”
မြို့တော်ဝန် ကျီက ဓာတ်ပုံအယ်လ်ဘမ်ကို တစ်ချက်ကြည့်လိုက်ပြီး နှစ်ယောက်၏ မျက်နှာချင်းဆိုင်မှာ ထိုင်ခဲ့သည်။
မြို့တော်ဝန် ကျီက တိုးတိုးလေး သက်ပြင်းမချမီ ခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။ သူ ဖန့်ရှောင်နွမ်ကို အဓိပ္ပါယ်ရှိတဲ့ လေသံနဲ့ပြောခဲ့သည်။ "ရှောင်နွမ်၊ လင်းချန်က အခု မင်းပြောတာကို နားထောင်လိမ့်မယ်။ မင်း ရှောင်ယွီအကြောင်းပြောတော့ ငါ့မိန်းမက မင်းကို အဖြစ်အပျက်တွေကို အကုန်ပြောပြပြီးပြီလို့ ငါထင်တယ်။ ငါ မင်းကို တောင်းဆိုပါတယ်။ ကျေးဇူးပြုပြီး လင်းချန်ကို လိုက်ရှာနေတာကို စွန့်လွှတ်ပြီး ရပ်တန့်လိုက်ဖို့ အကြံပေးပေးပါ။ ဒီအတိုင်းဆက်သွားရင် သူ တကယ်ရူးသွားလိမ့်မယ်။"
ဖန့်ရှောင်နွမ် ခေါင်းခါလိုက်ပြီး သူမအကြည့်က တည်ငြိမ်သွားသည်။ “အစ်ကို တောင်းပန်ပါတယ်။ ဒါကို ကျွန်မ ကတိမပေးနိုင်ဘူး။ အစ်ကိုက သူ့အကျိုးအတွက် လုပ်နေတယ်ဆိုတာကို ကျွန်မသိပါတယ် ဒါပေမယ့် ကျွန်မ သူ့ကို ယုံကြည်ဖို့ ရွေးချယ်တယ်။ ကျွန်မ သူ့ကိုလက်လျှော့ဖို့ မစည်းရုံးနိုင်ဘူး။ သူ ဆက်ပြီးရှာချင်နေသရွေ့ ကျွန်မက သူ့ကို ခြွင်းချက်မရှိ ပံ့ပိုးပေးပြီး သူ့အနားမှာ ရှိနေပေးမှာ ”
“တစ်ယောက်တည်း ရှာတယ်ဆိုတာက ခက်ခဲတယ်။ သူ့အနားမှာ ကျွန်မရှိနေရင် ကျွန်မယောကျ်ား တစ်ဘဝလုံး သူမကိုလိုက်ရှာနေရင်တောင် သူ ရူးသွားမှာ မဟုတ်ဘူး။”
ဒါကိုကြားတော့ မြို့တော်ဝန် ကျီ တိတ်ဆိတ်သွားသည်။
ဖန်ချီက သူ့ယောက်မကို ကြည့်ကာ ဖန့်ရှောင်နွမ် ၏လက်ကို ပုတ်လိုက်သည်။ " ရှောင်ယွီ ပျောက်ဆုံးသွားတဲ့အတွက် ငါတို့ အရမ်းအပြစ်ရှိသလို ခံစားခဲ့ရတယ်။ ရှောင်ဝမ် အတွက် မဟုတ်ဘူးဆိုရင် ရှောင်ယွီ ပျောက်သွားမှာမဟုတ်ဘူး၊ အမေလည်း ဆုံးမှာမဟုတ်ဘူး။”
ဖန့်ရှောင်နွမ်က နားလည်သဘောပေါက်ပြီး သူ့ကိုယ်သူ အပြစ်တင်နေတဲ့ ယောက်မကို နှစ်သိမ့်ပေးလိုက်သည်။ “အဲ့လူတွေ ရှောင်ဝမ်ရဲ့နောက်ကို လိုက်ခဲ့တယ်ဆိုတာက သူက ကျီ မိသားစုရဲ့ အကြီးဆုံးမြေးမလို့လေ။ သူ့ကို ပြန်ပေးဆွဲတာက ရှောင်ယွီကို ပြန်ပေးဆွဲတာထက် ပိုအသုံးဝင်တယ်။ ကျွန်မယောကျ်ားက အဲဒီတုန်းက ငယ်သေးတဲ့အတွက် သူတို့ထဲက တစ်ယောက်ကိုပဲ ကယ်တင်နိုင်ခဲ့တာ။ ရှောင်ဝမ်သာ ပြန်ပေးဆွဲခံရပြီး နှစ်အတော်ကြာအောင် ပျောက်နေခဲ့မယ်ဆိုရင် ယောက်မ၊ ယောက်မလည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး။”
အဆုံးတွင် ဖန်ချီက ဒီမှတ်ဉာဏ်ကို မမေ့နိုင်ဖြစ်ပြီး နေမကောင်းဖြစ်သွားနိုင်သည်။
ဘယ်သူပဲ ပျောက်သွားပါစေ ကျီလင်းချန်က သူ့အမှားလို့ ခံစားရပြီး သူ့ကိုယ်သူ အပြစ်တင်နေမှာ။
မြို့တော်ဝန် ကျီက ဖြေးဖြေးချင်းမပြောခင်မှာ သူ အချိန်ကြာကြီး တုံ့ဆိုင်းနေခဲ့သည်။ "ဒါပေမယ့် ရှောင်နွမ် သေပြီးသားလူကို ငါတို့ ဘယ်လိုလိုက်ရှာကြမှာလဲ"
"အဆင်ပြေပါတယ်" ဖန့်ရှောင်နွမ်က စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ကျွန်မတို့ အသက်ရှင်နေသရွေ့ ယုံကြည်ချက်ထားလို့ရတယ်။"
သူမ ပြောပြီးသည်နှင့် မတ်တတ်ထရပ်ကာ သူတို့မိန်းမောနေတာကို အခွင့်ကောင်းယူပြီး သူမရဲ့ဖုန်းနောက်မှာ ဓာတ်ပုံတစ်ပုံကို လျှို့ဝှက်ပြီးဝှက်ဖို့ အခွင့်ကောင်းယူလိုက်သည်။ "အစ်ကို၊ ယောက်မ၊ ကျွန်မ အရင်ပြန်လိုက်ဦးမယ်။"
အခန်းထဲမှ ထွက်သွားသည်နှင့် သူမသည် ကျီလင်းချန်၏ စာကြည့်ခန်းမှ ထွက်လာတဲ့ ကျီဝမ်နဲ့ ဆုံခဲ့သည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
"မင်းဘာလို့ ငါ့အမေနဲ့ရှိနေတာလဲ"
"နင် ငါ့ယောကျ်ားရဲ့ စာကြည့်ခန်းမှာ ဘာလုပ်နေတာလဲ"
နှစ်ယောက်သား တစ်ချိန်တည်းမှာ တစ်ယောက်နဲ့တစ်ယောက် မေးခွန်းထုတ်ခဲ့ကြသည်။
ဒါပေမယ့် သူတို့နှစ်ယောက်က သူတို့လုပ်ခဲ့တာတွေကို တခြားသူတွေကို ပြောပြဖို့ ဆန္ဒမရှိသလို တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်ရုံပဲ တတ်နိုင်ခဲ့သည်။
ထို့နောက် နှစ်ယောက်သား လမ်းလျှောက်လာရင်း သူတို့ရှာနေတဲ့ မိသားစုဝင်များထံ သွားခဲ့ကြသည်။
ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူ၏ စာကြည့်ခန်းသို့ ဝင်ခဲ့ပြီး ကျီဝမ်က သူ့ မိဘတွေရဲ့ အိပ်ခန်းသို့ သွားခဲ့သည်။
"ယောကျ်ား၊ ရှင် ဘာလို့ ကျီဝမ်ကို ဒီကိုလာခိုင်းတာလဲ"
"ကိုယ်တို့ အမှောင်ခန်းလေးအကြောင်းပြောနေတာ။ မင်းဘယ်သွားနေတာလဲ"
ဖန့်ရှောင်နွမ်ရဲ့ မျက်လုံးတွေက လှည့်ပတ်နေကာ သူမ နောက်တီးနောက်တောက်နဲ့ ပြောလိုက်သည်။ "ရှင့်ကို မပြောပြဘူး"
ဒီနေ့ သူမရဲ့လည်ပင်းပေါ်က ဆွဲကြိုးက တောက်ပနေခဲ့သည်။ ကျီလင်းချန်၏ စိတ်က ကြည်လင်လာသည်။ သူ ကုလားထိုင်ပေါ်တွင်ထိုင်ကာ လက်နှစ်ဖက်ကိုဖွင့်လိုက်သည်။ "ဒီကိုလာ"
ဖန့်ရှောင်နွမ်က သူမရဲ့ နှုတ်ခမ်းတွေကိုဖိကာ ပြုံးပြီး ခင်ပွန်းဖြစ်သူ၏ ရင်ခွင်ထဲသို့ ပြေးသွားခဲ့သည်။
တစ်ဖက်မှာတော့ ဖန်ချီ ရဲ့ အိပ်ခန်းထဲ၌..
" အခု ဘာလုပ်နေတာလဲ" ဖန်ချီ မေးလိုက်သည်။
ကျီဝမ် ပြောလိုက်သည်။ "ကျွန်တော် ဘာဆက်လုပ်ရမလဲ။ ဦးလေးက စာကြည့်ခန်းမှာ ကျွန်တော့်ကိုခေါ်ပြီးဆူတယ်။ အသံအရမ်းကျယ်တာကို မကြားဘူးလား"
ကျီဝမ်က သူ့ကိုယ်သူ ရေတစ်ခွက်လောင်းထည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "အမေ၊ အဖေ၊ ကျွန်တော် အမေတို့နဲ့ ဆွေးနွေးချင်တာတစ်ခုရှိတယ်"
"ဘာလဲ" ဓာတ်ပုံအယ်လ်ဘမ်ကို ဖယ်လိုက်ပြီး ဖန်ချီ ပြောလိုက်သည်။
ကျီဝမ် ပြောလိုက်သည်။ "ကျွန်တော် အပြင်ထွက်ပြီး တစ်ယောက်တည်း နေချင်တယ်"
ဒီအိမ်က သူ့အတွက် သင့်တော်တယ်လို့ မခံစားမိတော့ပေ။ ဖန့်ရှောင်နွမ်နဲ့ သူ့ဦးလေးတို့က လောလောဆယ် ထွက်သွားတော့မှာ မဟုတ်ဘူးလို့ သူခံစားမိတယ်။ သူသာ ဒီမှာပဲ ဆက်နေမယ်ဆိုရင် တစ်နေ့နေ့မှာ သေတဲ့အထိ အရိုက်ခံရလိမ့်မယ်။