အခန်း (၂၄၆)
Vol. 17 Ch. 246
“ဒါက မဖြစ်နိုင်ဘူး” ဖန်ချီက သူ့ဆုံးဖြတ်ချက်ကို ချက်ချင်း ငြင်းပယ်လိုက်သည်။
ကျီဝမ် ပြောလိုက်သည်။ “အမေ၊ ဦးလေး ဒီအချိန်မှာ ဒီရောက်နေပြီပဲ။ သူ့ကို ဒီမှာနေအောင်လို့ ကျွန်တော် 'မကောင်းတာ' ဘာမှလုပ်စရာမလိုတော့ဘူး"
"မင်း ကိုယ့်ဘာသာကိုယ် နေချင်တာလား။ မင်းအဒေါ်ကို ဘယ်သူက ကျောင်းကို ကားမောင်းပို့ပေးမှာလဲ" ဖန်ချီက လျစ်လျူရှုစွာ ပြောလိုက်သည်။ “သူမက ကားဒါရိုက်ဘာကို သူမကို လိုက်မပို့ခိုင်ဘူး။”
ကျီဝမ် ပြိုကွဲလုနီးဖြစ်နေပြီဖြစ်သည်။ "ဒါဆို ကျွန်တော့်ကို အိမ်မှာဆက်နေဖို့ ပြောနေတာက ဖန့်ရှောင်နွမ်ရဲ့ ဒါရိုက်ဘာလုပ်စေချင်လို့လား"
ဖန်ချီသည် သူမ၏စကားကြောင့် သူ့သားကို ထိခိုက်နစ်နာစေကြောင်း သိလိုက်ရသောကြောင့် သူမ ချက်ချင်း ရှင်းပြလိုက်သည်။ "မင်း ဒီမှာနေမယ်ဆိုရင် အမေ မင်းကို ပိုဂရုစိုက်ပေးနိုင်တယ်"
"အမေက ဖန့်ရှောင်နွမ်ကို ဂရုစိုက်နေတာလေ ဟုတ်တယ်မလား" ကျီဝမ် မေးလိုက်သည်။
ဖန်ချီမှာ အပြစ်ရှိနေပုံပေါ်ပြီး တစ်ကြိမ် ရယ်မောလိုက်သည်။
နေ့ခင်းဘက်တွင် ကျီလင်းချန်က ဇနီးဖြစ်သူကို ကားဝယ်ပေးဖို့ ခေါ်သွားပြီး ကျီဝမ်လည်း အတူ တူပါလာခဲ့သည်။
"ရှောင်နွမ်၊ Bentley က ကြည့်ကောင်းတယ်။ သွားကြည့်ရအောင်။"
ဖန့်ရှောင်နွမ်က သူ့ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။ “မကြိုက်ဘူး။ ငါ မလိုချင်ဘူး။"
"ငါလိုချင်တယ်" ကျီဝမ် ပြောလိုက်သည်။
"နင်လိုချင်ရင် ဆုတောင်းလေ " ဖန့်ရှောင်နွမ် ပြန်ပြောလိုက်သည်
ကျီဝမ် ပြောစရာစကားမဲ့သွားသည်။
“ကားရဲ့ အပြင်ပိုင်းကို ကြည့်ရုံနဲ့ မရဘူး” ကျီလင်းချန် ပြန်ပြောခဲ့သည်။
“ဒါပေမယ့် ကျွန်မ အပြင်ပိုင်းကို မကြိုက်ဘူးဆိုရင် အဲဒါကို အဆင်ပြေတယ်မခံစားရဘူး” ဖန့်ရှောင်နွမ် ပြောလိုက်သည်။
"ပြိုင်ကားဆိုရင်ကော " ကျီလင်းချန် မေးလိုက်သည်။ "ကောင်းတယ် မလား"
ဖန့်ရှောင်နွမ် အံ့သြစွာ ခေါင်းညိတ်လိုက်သည်။
"လိုချင်လား" ကျီလင်းချန် မေးလိုက်သည်။
ဖန့်ရှောင်နွမ် မျက်မှောင်ကြုတ်ပြီး ခေါင်းယမ်းလိုက်သည်။
ကျီလင်းချန်က သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုဖြင့် သူ့ဇနီး၏ လက်ကို ဆုပ်ကိုင်ကာ Bentley ဆီသို့ လျှောက်သွားခဲ့သည်။
မန်နေဂျာက သူတို့အနားသို့ လျှောက်လာကာ ကားတစ်စီးစီ၏ အားသာချက်များနှင့် လုပ်ဆောင်ချက်များကို စိတ်ပါလက်ပါ ရှင်းပြခဲ့သည်။
ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူ၏ လက်ဖဝါးကို ညှစ်ကာ မှိန်းစက်နေတဲ့ အမူအရာဖြင့် လုံးဝ နားမလည်ဘူးဆိုတဲ့ မျက်လုံးများကို အသုံးပြုကာ သူ့ကို ကြည့်နေသည်။
ထိုလူသည် V8 အင်ဂျင်၏ ကောင်းကျိုး ဆိုးကျိုးများကို နားလည်ခဲ့ပြီး တိုင်ကီပိတ်ရခြင်း၏ အဓိပ္ပါယ်ကိုပင် သိရှိခဲ့သည်။ ဒါပေမယ့် ဖန့်ရှောင်နွမ် စိတ်ထဲ၌ မေးခွန်းတစ်ခုပဲရှိသည်- ဒါတွေအားလုံးက ဘာတွေလဲ။
ကျီဝမ်လည်း ဂရုတစိုက် နားထောင်နေသည်။
ကျီလင်းချန်က မန်နေဂျာကို ကြားဖြတ်နှောင့်ယှက်ပြီး သူ့တူကိုပြောလိုက်သည်။ "ရှောင်နွမ်ကို အဲ့အကြောင်း ရှင်းရှင်းလင်းလင်းလေး ရှင်းပြပေးလိုက်"
"ဘာအကျိုးကျေးဇူးရှိလို့လဲ"
ကျီလင်းချန် သူ့ကို အေးတိအေးစက် ကြည့်လိုက်တော့ ကျီဝမ်က လင်မယားနှစ်ယောက်ကို အနိုင်ယူဖို့ စိတ်ကူးယဉ်နေခဲ့ရာမှ ချက်ချင်း တုန်လှုပ်သွားခဲ့သည်။
ကျီဝမ် ပြောလိုက်သည်။ “ရှင်းရှင်းပြောရရင် ဒီကားကို အဆင့်မြင့်ဘရန်းတစ်ခုက ဖန်တီးထားတာ။ ထိုင်ခုံတွေက အရမ်းသက်တောင့်သက်သာရှိပြီး လည်ပတ်ရလွယ်ကူတယ်၊ ဒီဇိုင်းက ပြီးပြည့်စုံတယ်၊ ဖွဲ့စည်းမှုက ပထမတန်းစားဖြစ်ပြီး အိတ်ဇောလည်း အရမ်းကောင်းတယ်။ အရှိန်ကို သတ်မှတ်ပြီး မင်းရှေ့က ကားနောက်ကို လိုက်ရုံပဲ။ ဘာမှစိုးရိမ်စရာမရှိပါဘူး၊ ဆီစားလည်းသက်သာတယ်။”
ကျီဝမ်က ဖန့်ရှောင်နွမ် နားလည်ဖို့ လုံလောက်တယ်လို့ ခံစားရသည်။
၎င်းကို ရှင်းပြပြီးနောက် ဖန့်ရှောင်နွမ်က အချက်အလက်ကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။
“ဒါပေမယ့် ဒီကားက ရှည်ပြီးကျယ်တယ်။ ကားပါကင်နေရာဆီ ငါ ပြန်ဆုတ်နိုင်မယ်လို့ မထင်ဘူး” ဖန့်ရှောင်နွမ် ပြောလိုက်သည်။
ကျီဝမ်က ကားတံခါးကို တိုက်ရိုက်ဖွင့်လိုက်ပြီး ခင်းကျင်းထားတာကို ညွှန်ပြခဲ့သည်။ "နောက်ဆုတ်ဖို့ ၃၆၀ ဒီဂရီကင်မရာပါတယ်။ ဝက်က ကားမောင်းနေရင်တောင် သူ အဲ့တာတောင် ရပ်နိုင်တယ်။”
ဖန့်ရှောင်နွမ် သူမရဲ့ လက်သီးများကို တင်းတင်းဆုပ်ထားသည်။
ကျီဝမ်က ဖန့်ရှောင်နွမ်ရဲ့ လက်တွေကိုမြင်ပြီး မျက်တောင်ခတ်လိုက်သည်။ “အတိုချုပ်ပြောရရင် ဒီကားက ဘယ်နည်းနဲ့မဆို ကောင်းတယ်။ မင်းလို အသစ်လေးတွေအတွက် အထူးသင့်တော်တယ်။”
ကျီလင်းချန်က ကားကို အတော်လေး ကျေနပ်နေတာကြောင့် သူ မေးလိုက်သည်။ "မင်းကြိုက်လား"
“ယောကျ်ား၊” ဖန့်ရှောင်နွမ် ရိုးရိုးသားသားပြောလိုက်သည်။ “ဒီကားက တကယ်စျေးကြီးတယ်။ ရှင့်အတွက်ပိုက်ဆံ အများကြီး ကုန်လိမ့်မယ်။"
ကျီလင်းချန် တုန်နေအောင်ချစ်သလို ပြုံးလိုက်သည်။ "ဒါက ဘာမှမဟုတ်ပါဘူး။ ကိုယ် ပိုက်ဆံတွေ ပြင်ဆင်ပြီးပြီ။ မင်းရဲ့ ကားမောင်းစွမ်းရည်ကျွမ်းကျင်လာတာနဲ့ မင်းကို နှစ်တိုင်း ဇိမ်ခံကားတစ်စီး ပေးမယ်။"
ဖန့်ရှောင်နွမ် ခင်ပွန်းဖြစ်သူကို ပွေ့ဖက်ရင်း ပြုံးလိုက်သည်။ "ယောကျ်ား၊ ရှင် ဒီလိုဆက်သွားရင် ကျွန်မကို အလိုလိုက်နေမိလိမ့်မယ်"
“အဲ့လိုမျိုးပဲ ” ကျီလင်းချန်က သူ့လက်ကို ဇနီးဖြစ်သူရဲ့ ခါးမှာ ဖက်ထားသည်။
သူတို့အနားတွင်၊ ကျီဝမ်ရဲ့မျက်နှာက ချဥ်နေပြီး ကြမ်းပြင်ပေါ်သို့ ရေရွတ်နေသည်။ "ထွီ ချစ်တာကို လူရှေ့သူရှေ့လာပြနေလိုက်ကြတာ ဘယ်လောက် ရွံရှာစရာကောင်းလိုက်လဲ!"
သူအကျယ်ကြီး မပြောရဲပေ။
ကျီလင်းချန်က သူ့မိန်းမကို ချစ်တဲ့စိတ်က သူ့ကို လက်တွေ့အသုံးဝင်တဲ့ကားအဖြစ် သုံးဖို့ သန်းအနည်းငယ်တန် ဇိမ်ခံကားတစ်စီး ဝယ်ဖို့ ဆွဲဆောင်ခဲ့သည်။ သူမ ကောင်းကောင်းလုပ်နိုင်ပြီး သူ့အရည်အချင်းတွေ ပိုကောင်းလာမယ်ဆိုရင် နှစ်တိုင်း ဇိမ်ခံကားသစ်တစ်စီး ပေးမယ်လို့တောင် ပြောခဲ့သည်။
ဒါက ကျီဝမ်ကို မနာလိုဖြစ်စေသည်။ သူ့ကားကို သုံးနှစ်လောက် မောင်းလာခဲ့ပြီး အမြဲပြောင်းချင်နေပေမယ့် မပြောရဲခဲ့ပေ။
ကျီလင်းချန်က မန်နေဂျာကိုပြောလိုက်သည်။ "ကောင်းပြီ၊ ဒီတစ်စီးယူမယ်" ထိုစကားကိုပြောပြီးနောက် ဇနီး၏ လက်ကို ကိုင်ကာ အခြားကားများကို ကြည့်ရှုခဲ့သည်။ ကျီဝမ်က သူတို့နှစ်ယောက်နောက်ကို လိုက်လာရင်း အသံတိုးတိုးဖြင့် ညည်းညူခဲ့သည်။
“မြန်မြန်ဒီကိုလာ။ ငါ အခု မင်းကို ကားပြမယ်" ကျီလင်းချန်က လှည့်မကြည့်ပေမယ့် သူ့စကားက သူ့နောက်က လိုက်နေတဲ့လူကို သေချာပေါက် ရည်ရွယ်နေသည်။
ကျီဝမ် အံ့အားသင့်သွားသည်။
"ဘာလဲ။ ကားအသစ် မလိုဘူးလား"
ကျီဝမ် သတိပြန်ဝင်လာပေမယ့် သူ ရှောခ့်ရနေသည်။ တကယ်တော့ ဒါက သူ့ကိုအံ့အားသင့်စေခဲ့သည်။ သူ အလျင်အမြန်လျှောက်လာပြီး ဦးလေး၏ လက်ကို လှမ်းဆွဲလိုက်သည်။ "ဦးလေး၊ ကျွန်တော့်ကို ကားတကယ် ဝယ်ပေးမို့လား"
သဝန်တိုနေတဲ့ ဖန့်ရှောင်နွမ်က တုံ့ပြန်လိုက်သည်။ "ရှောင်ဝမ်၊ နင့်ရဲ့ခွေးလက်သည်းတွေကို ဖယ်လိုက်။ ငါ့ယောက်ျားရဲ့ လက်ကို ငါပဲ ကုတ်လို့ရတယ်”
ကျီလင်းချန်က ဇနီးဖြစ်သူ၏ တုံ့ပြန်မှုကို အလွန်ကျေနပ်ခဲ့သည်။ သူမကို ပျော်ရွှင်စေရန်အတွက် သူက ကျီဝမ်၏ လက်ကို ပြတ်ပြတ်သားသား ခါထုတ်လိုက်သည်။
ကျီဝမ်သည် ယခုအချိန်တွင် ထိုကိစ္စကို ဂရုမစိုက်နိုင်တော့ပေ။ ကားအသစ်တစ်စီးဝယ်ဖို့ စိတ်ကူးနဲ့ လုံး၀ လုံးလုံးလျားလျား လုံးထွေးနေခဲ့သည်။ သူ အရမ်းစိတ်လှုပ်ရှားလွန်းလို့ ခုန်ပေါက်လုနီးပါးပဲ။ ဝမ်းသာလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ပေ။ သူ့ဦးလေးကို ပွေ့ဖက်ချင်လွန်းတဲ့အထိ စိတ်လှုပ်ရှားနေမိသည်။ ဒါပေမယ့်၊ ထိုအရာက သူက သူမ၏ တူလေးပင်ဖြစ်သော်လည်း တစ်စုံတစ်ဦးကို အလွန်သဝန်တိုစေမိလိမ့်မည်။