← Chapters

အခန်း (၂၄၇)

Vol. 17 Ch. 247

အခန်း (၂၄၇)

Vol. 17 Ch. 247

"ဦးလေး၊ ဦးလေးကို ချစ်တယ်။"

ဖန့်ရှောင်နွမ်လည်း သူဘယ်လောက် စိတ်လှုပ်ရှားနေလဲဆိုတာကို ကြည့်ပြီး ရယ်လိုက်သည်။ “ငါ့ယောကျ်ားက နင့်ကို ကားတစ်စီးလေးဝယ်ပေးတာကို။ နင် အရမ်းစိတ်လှုပ်ရှားနေစရာ လိုလို့လား"

သူ့တူလေးရဲ့ ပျော်ရွှင်မှုက ကျီလင်းချန်ကိုလည်း ထိမိသွားစေသည်။ သူ ပြုံးပြီးပြောလိုက်သည်။ “မင်းက မင်းအဒေါ်ရဲ့ ကားဒါရိုက်ဘာလုပ်ရမှာ ပြီးတော့ သူ့ကို ကားမောင်းတတ်အောင်သင်ပေး။ ဒါက လက်ဆောင်တစ်ခုပဲ။ ကားသွားရွေးလိုက်"

ကျီလင်းချန်က သူ့တူဖြစ်သူကို ဘဏ်ကတ်ကို ပေးလိုက်သည်။ “မင်းရွေးချယ်ပြီးသွားရင် ချက်ချင်းငွေပေးချေလို့ရတယ်။ မင်းအဒေါ်ရဲ့ကားကိုလည်း ပေးချေလိုက်”

သူ့မိန်းမကို စမ်းသပ်မောင်းနှင်ခိုင်းကြည့်ဖို့ ခေါ်သွားတော့မည်။

ကျီဝမ်က ကျီလင်းချန်ရဲ့ ဘဏ်ကတ်ကို ယူလိုက်ပြီး သူ့ချစ်တဲ့ ကားကို ရှာဖွေဖို့ ချက်ချင်း လှည့်လိုက်သည်။

ထိုညတွင် ဖန့်ရှောင်နွမ်နဲ့ ကျီဝမ်တို့က ကားအသစ်တစ်စီးစီနဲ့ အိမ်ကို အသီးသီး မောင်းလာခဲ့ကြသည်။

သခင်ကြီးကျီသည် သူ၏ ဒုတိယချွေးမ ကြီးပြင်းလာသည်ဟု ခံစားမိသည်။ သူမက ကားမောင်းနည်းကို သင်ယူခဲ့သည်။ သူက သူမကိုကြည့်ပြီး လျှို့ဝှက်စွာမေးခဲ့သည်။ "ရှောင်နွမ်၊ ဘယ်အချိန်အားမှာလဲ။ အစားကောင်းကောင်းထမင်းစားဖို့ ငါ့ကို ခေါ်သွားပေးလို့ရမလား" သူမ သူ့ကိုကတိပေးထားတဲ့ ကတိတစ်ခုကိုတောင် သူ မစားရသေးဘူး။

"ကျွန်မ ယောကျ်ား ရှာမတွေ့ပါဘူး" ဖန့်ရှောင်နွမ် တိုးတိုးလေးပြန်ဖြေခဲ့သည်။ “တစ်နေ့ သူ လူမှုရေးလုပ်ငန်းအတွက် အပြင်ထွက်ရင် ကျွန်မတို့ ခိုးထွက်ကြမယ်”

သခင်ကြီးကျီက သူ့ချွေးမကို ပိုပိုပြီး ကျေနပ်လာသည်။ သူ စိတ်လှုပ်ရှားစွာနဲ့ပြောလိုက်သည်။ "ကောင်းပြီ!"

ကျီလင်းချန်က အပြင်ထွက်ပြီးကောင်းတဲ့အစားအစာသွားစားကြမည့် သူတို့၏ လျှို့ဝှက်အစီအစဉ်ကို မကြားချင်ယောင်ဆောင်ခဲ့သည်။

နောက်တစ်နေ့၌။

ကျီဝမ်က သီတင်းပတ်အကုန်က မွေးရပ်မြေ၌ လျိုစစ်ယွီ ဖြစ်ပျက်ခဲ့တာတွေကို သိရှိခဲ့သည်။

"F*ck!" သူ စိတ်လှုပ်ရှားစွာပြောလိုက်သည်။ "ငါက ဘယ်လိုသူငယ်ချင်းမျိုးလဲ"

တစ်ယောက်က သူလိုချင်တဲ့ ဘယ်သူ့ကိုမဆို ရိုက်မယ့် စိတ်တိုလွယ်တဲ့ ဖန့်ရှောင်နွမ် ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ပါးစပ်ကြီးပြီး ညစ်ပတ်တဲ့ ဟာသတွေကို အရသာခံနေတဲ့ လျိုစစ်ယွီ ဖြစ်သည်။ ဒါပေမယ့် ဖန့်ရှောင်နွမ်က နူးညံ့ပြီး ချစ်စရာကောင်းတဲ့ ကလေးမလေးတစ်ယောက်လိုဖြစ်နေတာ ရှင်းရှင်းလင်းလင်းပင်။ လျိုစစ်ယွီလည်း အလွန်အပြစ်ကင်းပုံပေါက်သည်။

သူတို့သုံးယောက်ထဲမှာ သူက သာမန်လူတစ်ယောက်ပဲ။ တိုက်ပွဲတွင် ဖန့်ရှောင်နွမ်ကို အနိုင်မယူနိုင်ခဲ့ပေ။ ညစ်ညမ်းသော ပြက်လုံးများနှင့်ပတ်သက်၍ လျိုစစ်ယွီလိုမျိုး သူ အများကြီးမသိပေ။

လျိုစစ်ယွီ ပြောလိုက်သည်။ “ အဲ့တာတောင် မဟုတ်ဘူး။ မနေ့က တစ်နေ့လုံး ငါ့အစ်ကိုက ငါ့ကို တကျည်ကျည်လုပ်နေတာ။ ငါ နားပင်းတော့မယ်"

"အစ်ကိုလျို နင့်ကို ရိုက်ခဲ့လား။"

လျိုစစ်ယွီ ပြောလိုက်သည်။ "သူ ငါ့ကို မရိုက်ခဲ့ပေမယ့် အရမ်းဒေါသထွက်နေတာ"

လျိုစစ်ယန်က သူ့လက်ကို အကြိမ်အနည်းငယ် မြှောက်ခဲ့သော်လည်း သူမကို မထိခဲ့ပေ။ နောက်ဆုံးတော့ သူအမြဲတမ်း လက်လျှော့ခဲ့သည်။ သူမကို ဘောလုံးလေးထဲသို့ ကွေးကောက်နေသည့်ပုံစံကို မြင်လိုက်ရသောအခါတွင် လက်မြှောက်အရှုံးပေးကာ သနားစရာကောင်းသည့် အမူအရာနဲ့ သူမကို ရိုက်ဖို့ သူ့ကိုယ်သူ မလုပ်ဆောင်နိုင်ခဲ့ပေ။ နောက်ဆုံးတော့ သူ့ကိုယ်သူပဲ ဒေါသတဝက်လောက်ကို သတ်ပစ်ခဲ့သည်။

အခုတော့ သူမရဲ့ သူငယ်ချင်းကောင်းနှစ်ယောက်က ကားတွေဝယ်လာကြပေမယ့် သူမရဲ့အစ်ကိုကိုတော့ တစ်စီးလောက် မတောင်းဆိုရဲတော့ပေ။ နောက်ဆုံးတော့ သူမက သူ့ဒေါသကိုဆွခဲ့ပြီး သူ့ကို ပစ္စည်းတွေ ထပ်မပူဆာရဲပေ။ သူမ ဘာမှ မပြောနိုင်ဘူး။

"ရှောင်ယွီ၊ ဒီနေ့ ငါ နင့်ကို အိမ်လိုက်ပို့ပေးမယ်လေ" ဖန့်ရှောင်နွမ်ရဲ့ မျက်လုံးတွေက လှည့်ပတ်နေသည်။

“မလိုပါဘူး ငါ့အစ်ကို ငါ့ကို လာကြိုမှာ” လျိုစစ်ယွီပြောလိုက်သည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "နင် ငါ့ကားကို ခုထိ မစီးရသေးဘူး။ ငါ နင့်ကို လိုက်စီးခိုင်းမယ်။ ငါ နင့်အိမ်ကို မရောက်တာကြာပြီလေ"

ကျီဝမ် စိတ်ရှုပ်ပြီး ဒုက္ခရောက်နေသည်။ “ဒီည မင်း မင်းမိဘအိမ်ကို ငါ့ဦးလေးနဲ့ ပြန်မှာမဟုတ်ဘူးလား။ နင် သူ့ကိုလိုက်ပို့ပြီး အိမ်ပြန်နောက်ကျမှာ မကြောက်ဘူးလား”

စားပွဲအောက်မှာ ဖန့်ရှောင်နွမ်က ကျီဝမ် ရဲ့ ခြေထောက်ကို အားအပြည့်နဲ့ နင်းလိုက်သည်။ "နင့်ပါးစပ်ကို သတိထား ပေါက်ကရစကားတွေ မပြောနဲ့!"

ကျီဝမ် မှားသွားသလို ခံစားလိုက်ရသည်။ သူဘာလုပ်ခဲ့လို့လဲ။

လျိုစစ်ယွီကလည်း ပြောခဲ့သည်။ "ရှောင်နွမ်၊ နင် ငါ့ကို နောက်နေ့ မှ လိုက်ပို့ပေးလည်းရပါတယ်။ ငါခဏလောက်တော့ လိမ်လိမ်မာမာ နေမှရမယ်။ အစ်ကို့ကို စိတ်ဆိုးအောင်တော့ ထပ်လုပ်လို့မရဘူး။ မဟုတ်ရင် ဒေါသထွက်သွားနိုင်တယ်။”

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ငါ နင့်ရဲ့အိမ်ကို မကြာမကြာ လာလည်လို့ရပါတယ်။ ငါအဲ့မှာရှိရင် နင့်အစ်ကိုက နင့်ကို အရှက်ရအောင်တော့လုပ်မှာ မဟုတ်ပါဘူး။”

လျိုစစ်ယွီ သူမခေါင်းကို ကုတ်လိုက်ပြီး ဖန့်ရှောင်နွမ်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူမနဲ့ပတ်သတ်ပြီး တစ်ခုခုလွဲနေသလို ခံစားရတာက ဘာကြောင့်လဲ။

“ငါ့ကို အမှန်အတိုင်းပြော။ နင့်ယောကျ်ားနဲ့ ထပ်ပြီး ရန်ဖြစ်ထားတာလား။ ငါ့အိမ်မှာ ခိုလှုံချင်နေတာလား”

ကျီဝမ်ရဲ့ ပါးစပ်က မဲ့သွားပြန်သည်။ “မဟုတ်ဘူး၊ သူ ဒီမနက် မထွက်လာခင်မှာ သူ့ယောက်ျားကို ငါ့ရှေ့မှာ နမ်းလာတာ။ သူတို့ ရန်ဖြစ်ထားတာ မဟုတ်ဘူး ဆိုတာ သေချာတယ်။”

လျိုစစ်ယွီက မကျေနပ်ပေ။ "ရှောင်နွမ်၊ နင် နေ့တိုင်း အပြင်မထွက်ခင် နင့်ယောက်ျားကို နမ်းတာလား။ အာ မင်း တကယ်ကြီးပြင်းလာပြီပဲ။ ဘယ်လိုနမ်းရမှန်းတောင် သိနေပြီ။ ငါ့ကို အဲ့အကြောင်း မြန်မြန်ပြောပြစမ်း"

ဖန့်ရှောင်နွမ် အံကြိတ်ကာ သူ့တူလေးဘက်သို့ လှည့်လိုက်သည်။ " ရှောင်ဝမ် ငါ နင့်ကိုသတ်မယ်!"

ကျီဝမ်လည်ပင်းကို ပုကာ ကိုယ်ကိုကျုံ့ထားသည်။ သူဘာမှမပြောခဲ့သင့်ဘူး။

ဖန့်ရှောင်နွမ် လျိုစစ်ယွီ ဘက်ကိုလှည့်လိုက်သည်။ "တကယ်တော့ နင့်ရဲ့စာအုပ်တစ်အုပ်ကို ငါငှားချင်လို့"

လျိုစစ်ယွီ၏ မျက်လုံးတွေ ချက်ချင်း တောက်ပလာသည်။ "တစ်ခုခုပဲ..."

ဖန့်ရှောင်နွမ်က ပြောင်မြောက်လှတဲ့ အပြုံးကို ပေးကာ သူမ တွေးနေသည့်အတိုင်း လိုက်သွားခဲ့သည်။ “ဟုတ်တယ် အဲဒါပဲ”

လျိုစစ်ယွီ ပြောလိုက်သည်။ "နင် စောစော ပြောသင့်တာပေါ့။ ငါ့မှာ နင့်အတွက် စာအုပ်တွေ သေချာပေါက်ရှိတယ်။ ဒီနေ့ ငါနဲ့အိမ်လိုက်ခဲ့"

ဖန့်ရှောင်နွမ်သည် နောက်ဆုံးတွင် သူမ၏ ရည်မှန်းချက်ကို အောင်မြင်ခဲ့သည်။

နေ့ခင်းဘက်မှာတော့ လျိုစစ်ယန်က သူ့ညီမလေးကို လာခေါ်တဲ့အခါ ဖန့်ရှောင်နွမ်က နောက်ကလိုက်သွားခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း လျိုစစ်ယွီက ကားထဲတွင် အလွန်နာခံနေခဲ့ပြီး လျိုစစ်ယန်က သူမအား ပြစ်တင်ဆုံးမတာမျိုး မလုပ်ခဲ့ပေ။

All Chapters