← Chapters

အခန်း (၂၄၈)

Vol. 17 Ch. 248

အခန်း (၂၄၈)

Vol. 17 Ch. 248

သူတို့ အိမ်သို့ရောက်သောအခါတွင် လျိုစစ်ယွီက ဖန့်ရှောင်နွမ်၏ လက်ကို ဆုပ်ကိုင်ကာ သူမ၏ အခန်းသို့ပြန်သွားခဲ့သည်။ သူမက ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ကုတင်အောက်မှ အိတ်တစ်လုံးကို ထုတ်ယူလိုက်သည်။ အဲ့ထဲမှာ သူမ စုဆောင်းထားတဲ့ ဝတ္ထုတွေနဲ့ ပြည့်နေသည်။

ဖန့်ရှောင်နွမ်က သူမဘေးနားရှိ စာအုပ်စင်မှ "ဆာလောင်နေတဲ့ အင်ပါယာ" အမည်ရှိ စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်သည်။ "ဒီစာအုပ် ငှားချင်တယ်"

"ဘာ " လျိုစစ်ယွီ ကြက်သေသေသွားသည်။ "ဗိုလ်ကျလွန်းတဲ့ CEO တစ်ယောက်အကြောင်း ဝတ္ထု မဖတ်ချင်ဘူးလား"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ ငါ့ယောကျ်ား ဗိုလ်ကျလွန်းတဲ့ CEO မဟုတ်ဘူးလား။ သူ့ကိုပဲကြည့်မှာပေါ့။ ငါဘာလို့ ဝတ္ထုတွေဖတ်နေမှာလဲ"

လျိုစစ်ယွီက ဖန့်ရှောင်နွမ် ကိုင်ထားတဲ့ စာအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး တစ်ခုခုလွဲနေပြီလို့ ခံစားလိုက်ရသည်။ သူမက ဝတ္ထုတွေကို ကုတင်အောက်ထဲ ပြန်ထည့်ကာ ဖန့်ရှောင်နွမ်ဆီသို့ လျှောက်သွားကာ စာအုပ်ကို ယူလိုက်သည်။ "ဘာလို့ ဒီစာအုပ်ကို ဖတ်ချင်ရတာလဲ။"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ငါ့ယောကျ်ားက ကျွန်မကို သမိုင်းအကြောင်း ပိုလေ့လာခိုင်းတာ။ ဒီစာအုပ်က အရသာရှိတဲ့ အစားအစာတွေကနေတစ်ဆင့် နေအင်ပါယာရဲ့သမိုင်းအကြောင်း ပြောထားတာကို ငါကြားဖူးတယ်။ စိတ်ဝင်စားဖို့ကောင်းတယ်၊ အဲဒါကိုငါ စစ်ဆေးကြည့်ချင်လို့။”

သူမရဲ့ အလွန်ရိုးသားသော အသံကြောင့် သူမ သူ့ကိုယ်သူ ယုံမိလုနီးပါးပင်။

လျိုစစ်ယွီ ပြောလိုက်သည်။ “နင် ဒီစာအုပ်ကို ဖတ်ချင်တယ်လို့ ပြောရင် ငါ မနက်ဖြန် ကျောင်းကို ယူလာပေးမှာပေါ့။ နင် ဒီကိုလိုက်လာစရာတောင် မလိုဘူး!"

ဖန့်ရှောင်နွမ် ပြန်ပြောလိုက်သည်။ "ငါ ဒါကိုယူဖို့လာတာက ဒီစာအုပ်ကို လေးစားတဲ့ပုံစံလေ "

လျိုစစ်ယွီ ပြောလိုက်သည်။ "ရှင်ရဲ့ဦးနှောက် တစ်ခုခုမှားနေပြီထင်တယ်"

"ဟမ့်၊ နင့်အစ်ကို မကြာသေးခင်က နင့်ကို ဆိုးဆိုးရွားရွား ဆူခဲ့တဲ့အတွက် ဒီနေ့တော့ ငါ နင့်ကို ခွင့်လွှတ်ပေးလိုက်မယ်" ဖန့်ရှောင်နွမ် ပြန်ပြောခဲ့သည်။

သူငယ်ချင်းနှစ်ယောက် ကုတင်ပေါ်ထိုင်ကာ စကားစမြည်ပြောနေကြသည်။

"ရှောင်ယွီ၊ နင့်အခန်းထဲမှာ နင့်ရဲ့ငယ်ဘဝဓာတ်ပုံတွေ ဘာလို့မရှိရတာလဲ" ဖန့်ရှောင်နွမ် ရည်ရွယ်ချက်ရှိရှိပြောလိုက်သည်

“ငါငယ်ငယ်တုန်းက ဓာတ်ပုံတွေက သိပ်ကြည့်ကောင်းတာမဟုတ်ဘူး။ ဒါကြောင့် ငါ့မှာ အသက်ကြီးလာတဲ့ ဓါတ်ပုံတွေပဲ ရှိတယ်” လျိုစစ်ယွီက ပြန်ပြောခဲ့သည်။

“နင့်ရဲ့ အချစ်ဆုံး သူငယ်ချင်းနဲ့ လက်တွေ့ကျကျ ညီအစ်မ တစ်ယောက်အနေနဲ့ နင် ငယ်ငယ်က ဘယ်လိုပုံစံရှိလဲဆိုတာ ငါသိလို့မရနိုင်ဘူးလား။ မြန်မြန်လေး နင့်ရဲ့ ငယ်ဘဝပုံလေးတွေကို ပြပေးပါဦး။" ဤသည်မှာ ဖန့်ရှောင်နွမ်၏ စစ်မှန်သော စိတ်ရင်းဖြစ်သည်။ သူမက လျိုစစ်ယွီရဲ့ ငယ်ဘဝဓာတ်ပုံများကို ကြည့်ချင်သည်။ လျိုစစ်ယွီက ကျီရှောင်ယွီ ဖြစ်သည်ဆိုတဲ့ အယူအဆကို သူမယောကျ်ားအား စွန့်လွှတ်စေဖို့အတွက် ဒါက တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

“ကောင်းပြီ၊ ငါ့ကို အချိန်ခဏပေး။ အစ်ကို သူ့ဓာတ်ပုံအယ်လ်ဘမ်ကို ဘယ်မှာထားထားလဲလို့ မေးကြည့်လိုက်ဦးမယ်" လျိုစစ်ယွီက စကားပြီးသည်နှင့် အခန်းမှထွက်သွားသည်။ သူမ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ အောက်ထပ်မှာ ချက်ပြုတ်နေတဲ့ လျိုစစ်ယန်ကို တွေ့လိုက်ရသည်။

“အစ်ကို၊ ညီမတို့ဓာတ်ပုံအယ်လ်ဘမ် ဘယ်နားမှာလဲ၊ ရှောင်နွမ်နဲ့ ညီမတို့ ဓာတ်ပုံတွေ ကြည့်ချင်လို့”

"ဘာလို့ ဓာတ်ပုံတွေကြည့်ချင်တာလဲ"

“ညီမ ငယ်ငယ်တုန်းက ရုပ်ဆိုးတဲ့ ဓာတ်ပုံတွေကိုပဲ ရှာကြည့်ချင်တာပါ။ အဲ့တာတွေ ဘယ်ရောက်နေလဲပြောဦး၊ညီမ ကိုယ်တိုင်သွားယူလိုက်မယ်" လျိုစစ်ယွီ ပြောလိုက်သည်။

လျိုစစ်ယန် ပြောလိုက်သည်။ “အဲ့တာ အမေတို့ စာကြည့်ခန်းထဲမှာ ရှိတယ်။ သွားရှာလိုက်။"

“ကောင်းပြီ၊” လျိုစစ်ယွီ ပြန်ဖြေလိုက်သည်။ သူ့အမေတို့ရဲ့ စာကြည့်ခန်းထဲကို ပြေးသွားခဲ့သည်။

သူမထွက်သွားသည်နှင့် လျိုစစ်ယန်က မီးဖိုကိုပိတ်လိုက်သည်။ သူ အပေါ်ထပ်သို့ တက်သွားတော့ သူ့ညီမရဲ့တံခါးကို ပိတ်ထားသည်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးတွေကို မှေးကျဥ်းရင်း နားမလည်နိုင်အောင် ဖြစ်နေသည်။

ခဏအကြာတွင် လျိုစစ်ယွီက သူမအခန်းသို့ ပြန်လာခဲ့သည်။

"ရှောင်နွမ် နင်ကြည့်လို့ရပြီ"ပြောပြီးတာနဲ့ ဓာတ်ပုံအယ်လ်ဘမ်ကို ဖွင့်လိုက်သည်။

ဖန့်ရှောင်နွမ်နဲ့ လျိုစစ်ယွီ တို့ အတူတူထိုင်ကာ ငယ်ဘဝပုံများကို လှန်ကြည့်ခဲ့ကြသည်။

“ဒါက ငါ မွေးတုန်းကလေ။ အမေ အရမ်းပင်ပန်းပြီး မူးလဲမတတ်ဖြစ်ခဲ့ပေမယ့် သူက ငါ့ကို နမ်းနေတုန်းပဲ”

ဓာတ်ပုံထဲမှာတော့ ချွေးတွေထွက်နေတဲ့ အမျိုးသမီး တစ်ယောက်က ကလေးလေးကို နမ်းနေသည်။

"ဒါက ငါ တစ်လသားအရွယ်တုန်းက ဓာတ်ပုံ၊ ဒါက ငါရက်တစ်ရာပြည့်တုန်းက ဓာတ်ပုံ" လျိုစစ်ယွီက ရှင်းပြနေသည်။

" ရှောင်ယွီ နင်ကြီးလာတဲ့ ဓာတ်ပုံတွေရှိသေးလား" လို့ ဖန့်ရှောင်နွမ် ရုတ်တရက် မေးလိုက်သည်။

"ဘာတွေအလျင်လိုနေတာလဲ။ ငါ့ရဲ့ရုပ်ဆိုးပုံတွေကို နင်မကြည့်ချင်တော့ဘူးလား။ သူတို့ကို အချိန်နဲ့ တပြေးညီ ကြည့်သင့်တယ်!” လျိုစစ်ယွီ ပြောလ်ုက်သည်။

ဖန့်ရှောင်နွမ်မှာ ပြောစရာမရှိပေ။ သူမ စိတ်လှုပ်ရှားစွာ စာမျက်နှာများကို လှန်ကြည့်ချင်ခဲ့သည်။

“ဒါက သုံးနှစ်သားတုန်းက ငါ့ပုံ။ ငါ့ကို ချီထားတဲ့သူက ငါ့အစ်ကိုလေ” လျိုစစ်ယွီက ဆက်ပြောခဲ့သည်။ ကျောင်းတက်တုန်းက လျိုစစ်ယန်ရဲ့ပုံပါ။ ထိုနေ့က မိဘဆရာတွေ့ဆုံပွဲနေ့ဖြစ်ပြီး သူမ၏မိဘတွေက သူမအား အစည်းအဝေးသို့ ခေါ်ဆောင်သွားခဲ့သည်။ ကျောင်းမှမထွက်မီ လျိုစစ်ယန်က သူ့ညီမကိုချီပြီး ဓာတ်ပုံရိုက်ခဲ့သည်။

လျိုစစ်ယွီက ဓာတ်ပုံတိုင်းရဲ့ နောက်ကွယ်က ဇာတ်လမ်းကို ဖန့်ရှောင်နွမ်အား ပြောပြခဲ့သည်။

“ဒါက ငါ လေးနှစ်လောက်က။ ငါ့မိဘတွေက ငါ့အစ်ကိုနဲ့ ငါ့ကို ခရီးခေါ်သွားပေးတာ"

"နင် ငါးနှစ်သားတုန်းက ဓာတ်ပုံကော"

ဒီအချိန်မှာ တစ်စုံတစ်ယောက်က တံခါးလာခေါက်ခဲ့သည်။

ထို့နောက် လျိုစစ်ယွီ၏ အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ လျိုစစ်ယန်က သူတို့နှစ်ယောက်ကို "ရှောင်ယွီ၊ ရှောင်နွမ် ထွက်ပြီး လာစားတော့" ဆိုပြီး အော်လိုက်သည်။

လျိုစစ်ယွီက သူ့အစ်ကိုကို လှည့်ကြည့်လိုက်သည်။ “အစ်ကို” လို့ သူမပြောလိုက်သည်။ "ဘာလို့ တံခါးမခေါက်ဘဲ ဝင်လာတာလဲ"

လျိုစစ်ယန် ပြောလိုက်သည်။ “အဲ့တာကိုဖြတ်ပြီး မြန်မြန်လာစား။ ပြီးရင် ငါ ရဲစခန်းသွားရဦးမယ်၊ ဒီည အိမ်ပြန်မလာဘူး။ ဒေါ်လေး ဒီကို မကြာခင်ရောက်လာလိမ့်မယ်။ ဒီည သူ မင်းနဲ့အဖော်နေပေးလိမ့်မယ်"

"အစ်ကို လျို၊ ညီမ ဒီမှာ မစားတော့ဘူးနော် " လို့ ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ညီမယောကျ်ားက ခဏနေရင် ညီမကိုလာခေါ်မှာ။ ညီမတို့ မိဘတွေဆီ သွားလည်ကြမလို့လေ"

ထို့နောက် သူမက လျိုစစ်ယွီ၏ အာရုံကို ဓာတ်ပုံများဆီသို့ ပြန်လည်ဆွဲယူခဲ့သည်။

လျိုစစ်ယွီ စာမျက်နှာကို လှန်ခါနီးတွင် လျိုစစ်ယန်ကဓာတ်ပုံအယ်လ်ဘမ်ကို ပိတ်လိုက်သည်။ သူ မျက်မှောင်ကြုတ်ကာ မပျော်နေဘူးဆိုတာ သိသာနေသည်။ “ညစာစားပြီးမှ ကြည့် ဒါမှမဟုတ်ရင် မကြည့်တော့နဲ့”

All Chapters