← Chapters

အခန်း (၂၄၉)

Vol. 17 Ch. 249

အခန်း (၂၄၉)

Vol. 17 Ch. 249

လျိုစစ်ယွီ နှုတ်ခမ်းစူပြီး ခုခံချင်သော်လည်း လျိုစစ်ယန်၏ ငြင်းလို့မရတဲ့ အကြည့်ကို မြင်လိုက်ရသောအခါ သူမ ကြောက်လန့်သွားသည်။ "ကောင်းပြီ ညစာစားပြီးမှ ဆက်ကြည့်မယ်"

ဖန့်ရှောင်နွမ်ရဲ့လက်ကို ဆွဲထုတ်လိုက်သည်။ "သွားကြရအောင်။ သွားစားရအောင်။ ငါ့အစ်ကိုက ချက်ထားပြီးနေပြီ"

ဖန့်ရှောင်နွမ်က လျိုစစ်ယန်ကို ကြည့်ပြီးနောက် ဓာတ်ပုံအယ်လ်ဘမ်ကို လှည့်ကြည့်လိုက်သည်။ သူမ မေးချင်သော်လည်း လျို မိသားစုကို alarm ပေးမိသွားမှာကို သူမ ထိတ်လန့်ကြောက်ရွံ့နေမိသည်။ ဘာပဲဖြစ်ဖြစ် သူတို့ နှစ်ယောက်က သူငယ်ချင်းကောင်းတွေမို့ အဝေးကြီးကို မသွားနိုင်ဘူး။ ထို့အပြင် သူမက ယနေ့တွင် သူမ၏ အချစ်ဆုံးသူငယ်ချင်းကို အသုံးချခဲ့တဲ့အတွက် အပြစ်ရှိသည်ဟု ခံစားမိနေရသေးသည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ " ရှောင်ယွီ၊ ငါ ဒီမှာ မစားတော့ဘူး။ ငါ့ယောကျ်ား မကြာခင် ငါ့ကို လာခေါ်တော့မှာ။ ငါ တံခါးနားမှာစောင့်နေလိုက်မယ်။ နင့်တို့ပဲသွားစားကြပါ " ထိုစကားကိုပြောပြီးနောက် ဖန့်ရှောင်နွမ် လှည့်ထွက်သွားတော့မည်။

လျိုစစ်ယွီနဲ့ လျိုစစ်ယန်က မတ်တပ်ရပ်ပြီး သူမကို လိုက်ပို့ပေးခဲ့သည်။

ဝင်ပေါက်မှာ ခဏစောင့်ပြီးနောက် ကျီလင်းချန်ရဲ့ကားရောက်လာသည်။

သူ့မိန်းမ ဘာကိုဆိုလိုချင်တာလဲဆိိုတာကို သူသိသည်။လျိုစစ်ယွီဆီ လူကိုယ်တိုင်လာတွေ့ပြီး သံသယရှိမှုများကို ဖယ်ရှားနိုင်စေရန် သူမက သူ့အား လာစေချင်တာဖြစ်သည်။ ဇနီးဖြစ်သူ၏ ကြင်နာမှုကို အလွန်ကျေးဇူးတင်ခဲ့ပြီး သူ ကိုယ်တိုင်ကိုယ်ကျ မောင်းနှင်လာခဲ့သည်။

“ကျွန်မယောကျ်ား ကျွန်မကို လာခေါ်ဖို့ ရောက်လာပြီ။ အခု သွားတော့မယ်နော်"

ကျီလင်းချန် ကားတံခါးကိုဖွင့်လိုက်ရာ ဇနီးသည်နှင့် အရပ်အမောင်းတူတဲ့ မိန်းကလေးတစ်ဦးကိုမြင့်တွေ့ခဲ့ပြီး သူနဲ့ အကြိမ်အနည်းငယ်လောက် တွေ့ဆုံဖူးတဲ့ ဗိုလ်ကြီးလျို ကိုလည်း တွေ့လိုက်ရသည်။

သူက ရှေ့ကို လှမ်းပြီး လျိုစစ်ယန် နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့သည်။ "မင်္ဂလာပါ၊ ကျွန်တော်က ကျီလင်းချန်။ ဖန့်ရှောင်နွမ်ရဲ့အမျိုးသားပါ"

လျိုစစ်ယန် ပြောလိုက်သည်။ "ခင်များအကြောင်း အများကြီး ကြားဖူးပါတယ်။ ဒီနယ်ပယ်က အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ခင်များကို မမှတ်မိတဲ့သူမရှိပါဘူး စီအီးအို ကျီ။ ကျွန်တော်က ရဲမှူး လျိုစစ်ယန်ပါ။"

ဖန့်ရှောင်နွမ်က သူတို့နှစ်ယောက်ကို ကြည့်ပြီး လေထုက မမှန်ဘူးလို့ ခံစားလိုက်ရသည်။ သူမသည် ရှေ့သို့ အလျင်အမြန်သွားကာ ခင်ပွန်းဖြစ်သူ၏ လက်မောင်းကို တင်းကြပ်ဖက်ကာ အာရုံလွှဲလိုက်ပြီး လျိုစစ်ယွီကို ကြည့်ခိုင်းလိုက်သည်။ "ယောကျ်ား၊ ဒါက ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ရှောင်ဝမ်ရဲ့ အချစ်ဆုံးသူငယ်ချင်းလေး လျိုစစ်ယွီလေ "

ကျီလင်းချန်က လျိုစစ်ယွီကို Silver Field တွင် ဖမ်းခဲ့ဖူးသည်။ သူမက သူ့ကို ကိုးရိုးကားရားနိုင်စွာကြည့်ကာ သူ့အစ်ကို့နောက်မှာ ကြောက်လန့်တကြား ပုန်းနေခဲ့သည်။

ကျီလင်းချန်က သူမကို လှမ်းကြည့်ခဲ့သော်လည်း ဘာမှ မပြောခဲ့ပေ။

" ရှောင်နွမ်ကို လာခေါ်ဖို့ ကျွန်တော်ရောက်လာတာပါ။ ကျွန်တော်တို့ အရင်သွားနှင့်တော့မယ်။ နောင်မှာ ထပ်တွေ့ကြတာပေါ့ ” ကျီလင်းချန်၏ အမူအရာက လျိုစစ်ယွီနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းကဲ့သို့ တည်ငြိမ်နေခဲ့သည်။

လျိုစစ်ယွီက ခေါင်းညိတ်ပြပြီး သူ့သူငယ်ချင်းရဲ့ ကားထွက်သွားတာကို ကြည့်နေခဲ့သည်။ ကားမောင်းထွက်သွားပြီးနောက် သူမအစ်ကိုဆီမှ ထွက်လာသော အန္တရာယ်ရှိတဲ့ စွမ်းအင်ကို ခံစားလိုက်ရသဖြင့် သူမ မျက်မှောင်ကြုတ်လိုက်သည်။

"ရှောင်ယွီ၊ အိမ်ထဲ လိုက်ခဲ့" သူ့ညီမဘက်သို့ လှည့်ခဲ့သည်။

"ကောင်းပြီ" လျိုစစ်ယွီ ပြောလိုက်သည်။

ဖန့်ရှောင်နွမ်ရဲ့ အိမ်ဟောင်းကို ပြန်တဲ့ လမ်းမှာ သူမ က မေးခဲ့သည်။ "ရှင် တစ်ခုခု ရှာတွေ့ခဲ့လား"

ကျီလင်းချန်က သူ့ရဲ့ အတွေးအမှန်ကို ထုတ်မပြခဲ့ပေ။ အဲဒီအစား သူ့မိန်းမလိုချင်တဲ့ အဖြေကိုပေးခဲ့သည်။ “ဟင့်အင်း၊ ကိုယ်မတွေ့ခဲ့ဘူး”

နောက်ရက်အနည်းငယ်တွင် ဖန့်ရှောင်နွမ်သည် သူမ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သူအပေါ် သူ့ရဲ့သံသယများကို ဖယ်ရှားရန်နှင့် သူမယောကျ်ားအား ဘာက အစစ်အမှန်ဖြစ်သည်ကို မြင်တွေ့နိုင်စေရန် ကူညီပေးခဲ့သည်။ သူမ အားတဲ့အခါတိုင်း လျို မိသားစုထံ သွားလည်ခဲ့သည်။

သခင်ကြီးကျီက မနာလိုဖြစ်နေသည်။ “မင်း ငါ့ကို စားဖို့တောင် ခေါ်မသွားသေးဘူးလား။ မင်းရဲ့အချစ်ဆုံးသူငယ်ချင်းနဲ့ပဲ သွားသွားနေတယ်။ ဒါကဘာလဲ"

ထိုနေ့တွင် ဖန့်ရှောင်နွမ်သည် လျို မိသားစုအိမ်သို့ ထပ်သွားခဲ့သည်။ လျိုစစ်ယန်က အိမ်မှာမရှိတာကြောင့် သူတို့နှစ်ယောက်ကို ဘယ်သူမှ မနှောင့်ယှက်ခဲ့ပေ။ အဲဒီနေ့က မကြည့်ရသေးတဲ့ ဓာတ်ပုံအယ်လ်ဘမ်ကို ဖွင့်ကြည့်ခဲ့ကြသည်။

လျိုစစ်ယွီက ဓာတ်ပုံကို ညွှန်ပြခဲ့သည်။ "ဒါက ငါ ငယ်ငယ်တုန်းက ဓာတ်ပုံလေ"

ဓာတ်ပုံတွင် စာတန်းတစ်ခု ရှိသည်။ "လျိုစစ်ယွီ၊အသက် ငါးနှစ်"

ဤဓာတ်ပုံတွင် လျိုစစ်ယွီမှာ ဆံမြိတ်လေးတွေ မရှိ သော်လည်း ကျီရှောင်ယွီမှာ သပ်ရပ်တဲ့ ဆဆံမြိတ်တွေရှိသည်။ ကလေးနှစ်ယောက်က လုံးဝမတူဘူး။ သူမ နောက်ထပ် သံသယဖြစ်စရာ မလိုတော့ပေ။ ဖန့်ရှောင်နွမ်သည် လျိုစစ်ယွီက သူမ၏ယောက်မလေးမဟုတ်ကြောင်း သေချာနေပြီဖြစ်သည်။ ဓါတ်ပုံတွေက အတုဖြစ်နေရင်တောင်မှ ဆယ်စုနှစ်တုန်းက ဓာတ်ပုံအတုတွေကို သူတို့ မထုတ်လုပ်နိုင်လောက်ဘူး မဟုတ်လား။

ဒါ့အပြင် သူမငယ်ငယ်ကတည်းက သူမရဲ့ ဓာတ်ပုံတွေလည်း ရှိနေသည်။

ဖန့်ရှောင်နွမ် မေးလိုက်သည်။ "နင် ခြောက်နှစ်တုန်းက ဓာတ်ပုံတွေကော ရှိလား"

"နင် မမှတ်မိတော့ဘူးလား" လျိုစစ်ယွီ မေးလိုက်သည်။ “အဲဒီနှစ်က ငါ ရေကျောက်ပေါက်နေတာလို့ နင့်ကိုပြောဖူးတယ်လေ မဟုတ်ဘူးလား။ အဲဒီအထဲမှာ ငါ့ကိုကာထားတယ်လေ ”

ဖန့်ရှောင်နွမ်သည် လျိုစစ်ယွီ ထိုနှစ်က သူမ ဓါတ်ပုံမရိုက်ဖူးကြောင်း ပြောခဲ့သည်ကို အမှန်ပင် ကြားခဲ့ရသည်။

ရေကျောက်က ကူးစက်ရောဂါဖြစ်ပြီး သူမကို ဘယ်သူမှ မထိရဲပေ။ သူမရဲ့ မွေးနေ့မှာ သူမနဲ့ ဓာတ်ပုံရိုက်ဖို့ ဘယ်သူ့ကိုမှ ဖိတ်ကြားခဲ့ခြင်း မရှိခဲ့ပေ။

လျိုစစ်ယွီ ခုနစ်နှစ် အရွယ်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေကို သူမ ဆက်ကြည့်ခဲ့သည်။

"မျက်နှာတစ်ပြင်လုံးမှာ ခရင်မ်တွေပေနေတဲ့သူက နင်လား။" ဖန့်ရှောင်နွမ်က ဓာတ်ပုံထဲက လူတစ်ယောက်ကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။

လျိုစစ်ယွီ ခေါင်းညိတ်လိုက်သည်။ "မှန်တယ်။ အဲဒီနှစ်က အစ်ကို့မွေးနေ့လေ။ အစ်ကို့မျက်နှာကို ကိတ်မုန့်တစ်တုံးနဲ့ တို့လိုက်မိတော့ သူလည်း မထိန်းထားနိုင်တော့ဘူး။ သူ ကိတ်မုန့်တစ်ခုလုံးကို ငါ့မျက်နှာပေါ် ဖိပစ်လိုက်တာ။ ငါ့မိဘတွေက အရူးလိုရယ်ပြီး ဒီပုံကို ရိုက်ထားကြတာပဲ"

သူမက အဲ့တာတွေကို ကြည့်ရင်းနဲ့ လျိုစစ်ယွီရဲ့ မျက်နှာက တဖြည်းဖြည်း ပိုကြီးလာသည်။ ထို့နောက် အလယ်တန်းကျောင်းသူ၏ ဓာတ်ပုံတစ်ပုံကို တွေ့လိုက်ရသည်။ ထိုမျက်နှာကို ဖန့်ရှောင်နွမ် မှတ်ထားတဲ့ မျက်နှာနဲ့ ယှဥ်ကြည့်ခဲ့သည်။

" ရှောင်ယွီ၊ ငါတောင်းပန်ပါတယ်" ဖန့်ရှောင်နွမ် ပြောလိုက်သည်။

လျိုစစ်ယွီက ရုတ်တရက် တောင်းပန်လာမှုကြောင့် အံ့သြသွားသည်။ "ဘာဖြစ်လို့လဲ"

ဖန့်ရှောင်နွမ်က မရှင်းပြဘဲ ရေချိုးခန်းထဲဝင်သွားပြီး မျက်နှာသစ်လိုက်သည်။ ပြန်ထွက်လာပြီးနောက် ခင်ပွန်းဖြစ်သူနှင့် တွေ့ဆုံဖို့ တက္ကစီစီးသွားချင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျီလင်းချန်က ငယ်စဉ်ကရိုက်ထားခဲ့သော လျိုစစ်ယွီ၏ ဓာတ်ပုံကို ကိုင်ထားသည်။ သူ စကားတစ်ခွန်းမှ မပြောဘဲ ကြည့်နေခဲ့ပြီး လက်ထောက်လျိုက ဆက်ပြောဖို့ တုံ့ဆိုင်းနေခဲ့သည်။

“ဆက်ပြော” ကျီလင်းချန်ပြောလိုက်သည်။

All Chapters