← Chapters

အခန်း (၂၅၀)

Vol. 17 Ch. 250

အခန်း (၂၅၀)

Vol. 17 Ch. 250

လက်ထောက် လျို ဆက်ပြောခဲ့သည်။ “လျိုစစ်ယွီရဲ့ မွေးဖွားခြင်းဆိုင်ရာ မှတ်တမ်းတွေက အရမ်းပြည့်စုံတယ်။ အတွင်းရေးမှူး လျိုရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေဆီ လျိုစစ်ယွီရဲ့ မွေးရပ်မြေနဲ့ လျိုစစ်ယွီရဲ့ အတန်းဖော်ဟောင်းတွေဆီ ကျွန်တော် သွားပြီးပါပြီ။ လျိုစစ်ယွီက တကယ် လျိုမိသားစုရဲ့ ကလေးဖြစ်ကြောင်း ကျွန်တော်တို့ အတည်ပြုလို့ရပါတယ်"

" မစ္စ လျိုစစ်ယွီက ဘယ်တော့မှ မပျောက်ခဲ့ဖူးပါဘူး။ မစ္စ ရှောင်ယွီရဲ့ ဓာတ်ပုံနဲ့လည်း ပတ်မေးပြီးပါပြီ။ အနီးနားက အိမ်နီးချင်းတွေက ပျောက်နေတဲ့ ရှောင်ယွီကို တစ်ခါမှ မမြင်ဖူးဘူးလို့ ပြောကြတယ်။ အဲ့တာကြောင့် လျိုစစ်ယွီက မစ္စ ရှောင်ယွီ မဟုတ်ဘူးဆိုတာ အခွင့်အအရေးများပါတယ်"

ကျီလင်းချန် ဓာတ်ပုံကို စိုက်ကြည့်နေသည်။

ခဏအကြာတွင် လျှို့ဝှက်ဓာတ်လှေကားအတွင်းမှ အမျိုးသမီးလေး တစ်ယောက်ကို စောင့်ကြည့်ကင်မရာဖြင့် တွေ့လိုက်ရသည်။ သူ ဓာတ်ပုံကို ဖယ်ထားလိုက်သည်။ “သွားတော့။ ရှောင်နွမ် မကြာခင် ဒီရောက်လာတော့မယ်။ ဒါကို သူမကို မပြောနဲ့"

လက်ထောက် လျို လှည့်ထွက်သွားတော့ ဖန့်ရှောင်နွမ်က တံခါးဝဆီ တစ်ချိန်တည်း ရောက်လာခဲ့သည်။ သူမ တံခါးကို တွန်းဖွင့်ပြီး အော်လိုက်သည်။ "ယောကျ်ား !"

"ရောက်ပြီလား" ကျီလင်းချန်က သူမကိုမြင်တော့ ပြုံးလိုက်သည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မ စုံစမ်းပြီးပြီ။ ရှောင်ယွီက ရှင့်ညီမ မဟုတ်ဘူး။ သူ့ပုံတွေ အကုန်ကြည့်ပြီးပြီ။ သေချာတာကတော့ သူမ မဟုတ်ဘူး။"

ကျီလင်းချန်က သောက်စရာကို ကောက်ယူလိုက်ပြီး အဖုံးကိုဖြုတ်ကာ ဇနီးလေးဆီ ပေးလိုက်သည်။

"ရှင် လူမှားနေတာဖြစ်မယ်။" ဖန့်ရှောင်နွမ်က သူမရဲ့သောက်စရာကို တစ်ငုံသောက်လိုက်သည်။

"ဟုတ်တယ် ကိုယ်မှားသွားတာ " ကျီလင်းချန် ပြန်ဖြေလိုက်သည်။

"ရှောင်နွမ်၊ ကိုယ်တို့ ဒိတ်ကြမလား" သူ့ကွန်ပြူတာကို ပိတ်လိုက်သည်။

"ရှင် ဒိတ်ချင်လား"

ဖန့်ရှောင်နွမ်နဲ့ သူမယောက်ျားက နှစ်ရက်သုံးရက်တစ်ကြိမ် ဒိတ်လုပ်ကြသည်။ ယင်းကြောင့် ဒိတ်လုပ်ခြင်းသည် အလွန်သာမန်ကိစ္စဖြစ်ကြောင်း သူမအား ခံစားရစေပြီး သူမက ယခင်ကကဲ့သို့ ၎င်းကို မမျှော်လင့်တော့ပေ။ တစ်ခါက သူမ အိပ်ပျော်ခါနီးမှာ ခင်ပွန်းဖြစ်သူက သူမကို နှိုးပြီး ကြယ်တွေကို ကြည့်ဖို့ တောင်ထိပ်ကို ခေါ်သွားခဲ့သည်။ “ကြယ်တွေကိုကြည့်ရတာလည်း ဒိတ်တစ်မျိုးပဲ ” လို့ ခင်ပွန်းဖြစ်သူက ပြောခဲ့သည်။

တစ်ခါက အိမ်မှာ ဘာမှလုပ်စရာမရှိလို့ ပျင်းတယ်လို့ပြောခဲ့သည်။ ခင်ပွန်းသည်က သူမကို Happy Valley သို့ ချက်ချင်းခေါ်သွားကာ ထိုနေရာတွင် တစ်နေကုန် နားနေခဲ့သည်။ အိမ်ပြန်ရောက်မှပဲ အဲဒီနေ့က သူမ အတန်းတက်ခဲ့သည်။

“မင်းက ကျောင်းအုပ်လေ။ အတန်းပျက်လို့ ဘယ်သူကပြောရဲမှာလဲ"

“ယောကျ်ား” ဖန့်ရှောင်နွမ် စကားပြောကောင်းခဲ့သည်။ “ကျွန်မ ကျောင်းမတက်ရင်တောင် ဘွဲ့လက်မှတ်ရတုန်းပဲ။ ကျွန်မက ကျောင်းအုပ်ကြီးဖြစ်နေတာကြောင့်မို့လေ ဟုတ်တယ်မလား" ကျီလင်းချန် ပြောစရာစကားပျောက်ရှသွားပြန်သည်။

ဤကာလအတွင်း၊ ဖန့်ရှောင်နွမ် သည် ရုပ်ရှင်ရုံသို့လာရောက်လည်ပတ်တိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။ Happy Valley သွားဖို့ စိတ်မဝင်စားသလို ပင်လယ်ကိုသွားကြည့်တဲ့အခါလည်း ပင်ပန်းနွမ်နယ်နေခဲ့သည်။ အသားစားပြီးမှသာ စွမ်းအင်ပြည့်ဝမှာ။ သူမက ရှု့ရှန်း ဥယျာဥ် တွင် နာရီပေါင်းများစွာစားပြီး အချိုပွဲဆိုင်များပိတ်သည်အထိ စားနိုင်သည်။

"မင်းက အစားကြုးတဲ့သူလေးပဲ!" ကျီလင်းချန်က နိဂုံးချုပ်ပေးခဲ့သည်။

ဖန့်ရှောင်နွမ်က အပြစ်ကင်းတဲ့ အမူအရာဖြင့် သူမယောကျ်ားကို ကြည့်ခဲ့သည်။ "ဘာလဲ။ ရှင် အဲ့တာကို မင်းမတတ်နိုင်တော့ဘူးလား။ ဒါဆို တခြားသူကို ဂရုစိုက်ခွင့်ပေးခိုင်းလိုက်လို့ရတယ်နော် ”

ကျီလင်းချန်က သူ့မိန်းမကို ပွေ့ဖက်ထားရင်း ကြည့်ခဲ့သည်။ သူ တိုးတိုးလေး ပြောလိုက်သည်။ "ကိုယ်ပဲ မင်းကို ဂရုစိုက်ပေးမှာ။ ကိုယ် အစားကြူးသေးသေးလေးကိုလည်း ဂရုစိုက်ပေးလို့ရတယ်။”

ကျီလင်းချန်လည်း သူ့ကြောင်ပေါက်လေးက အနုပညာကို သိပ်အလေးမထားဘူးဆိုတာကိုလည်း နားလည်ခဲ့သည်။

တစ်နေ့မှာတော့ ကျီလင်းချန် မေးခဲ့သည်။ "ရှောင်နွမ် Chopin က အသက်မွေးဝမ်းကြောင်းအတွက် ဘာလုပ်တယ်ဆိုတာကို မင်းသိလား"

ဖန့်ရှောင်နွမ်က “သူက အနုပညာရှင်တစ်ယောက် ထင်တယ်” လို့ တုံ့ပြန်ခဲ့သည်။

"Van Gogh က ဘယ်သူလဲ"

"သူ သီချင်းတီးတာလား"

"အက်ဒီဆင်က ဘယ်သူလဲ"

"ရှင် ဒါကိုတောင် မသိဘူးလား။ သူက အရမ်းကျော်ကြားတဲ့ တီထွင်သူလေ။ သူက မီးသီးကို တီထွင်ခဲ့တဲ့သူပဲ” ဖန့်ရှောင်နွမ်က အနည်းငယ် အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။

ခင်ပွန်းသည်၏ IQ က ထိုမျှမမြင့်တော့ဘူးဟု ရုတ်တရက် ခံစားလိုက်ရသည်။

ကျီလင်းချန် စိတ်သက်သာရာရသွားသည်။ ကံကောင်းထောက်မစွာ သူ့ဇနီးလေးက သူမ၏ ကျောင်းသင်ခန်းစာများမှ အချို့သောအရာများကို မှတ်မိဆဲဖြစ်သည်။ အများကြီးမဟုတ်ပေမယ့် နည်းနည်းတော့ မှတ်မိနေတယ်။

ခဏကြာတော့ ဖန့်ရှောင်နွမ်က ရုတ်တရက် တစ်ခုခုကို တွေးမိပြီး ချက်ချင်းမေးလိုက်သည်။ "ယောကျ်ား၊ Newton က ပန်းသီးကို ထိခဲ့တဲ့သူ မဟုတ်လား "

" ရှောင်နွမ်၊ မင်း သိပ္ပံပညာကို စလေ့လာတုန်းက လစ်ဘရယ်အနုပညာကို လေ့လာရတုန်းပဲ မဟုတ်လား"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ရှင် ဘာလို့မေးတာလဲ။ ကိစ္စရှိလို့လား"

ကျီလင်းချန် ခေါင်းခါလိုက်သည်။ သူ့ဇနီးလေးလို အရူးလေးတစ်ယောက် တက္ကသိုလ်ထဲ ရောက်လာအောင် ဘယ်လိုလုပ်ခဲ့လဲဆိုတာ သူသိချင်ရုံပဲ။

"ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ မင်း လိမ်ခဲ့တာလား။"

ဖန့်ရှောင်နွမ် ချက်ချင်း ခေါင်းယမ်းကာ ဒေါသကြီးတဲ့လေသံဖြင့်ပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မ မလိမ်ရဲဘူး။ ဖမ်းမိသွားရင် ထောင်ထဲရောက်မယ်လို့ ဆရာက ပြောထားတယ်။”

ကျီလင်းချန် ခါးသက်စွာ ရယ်လိုက်သည်။ သူ့ရဲ့ ဇနီးလေးက ကောလိပ်တက်ခွင့်ရတာ အရမ်းကံကောင်းသည်။ စာမေးပွဲမေးခွန်းတွေကို နားလည်နိုင်လောက်အောင် သူမ ကံမကောင်းခဲ့ရင် စာရွက်ပြင်ဆင်ပေးသူကို သူမ ဆူဆဲပစ်လိမ့်မယ်။ သူမနဲ့ လျိုစစ်ယွီတို့သည် အချစ်ဆုံး သူငယ်ချင်းတွေဖြစ်တာကြောင့် သူ့ညီမကိုရှာဖွေရာတွင် သူ့ဇနီးအား သူ့ကိုဆက်ကူညီခိုင်းစေလိုခြင်းမရှိပေ။ သူမက ဘက်လိုက်တယ်။ ထိုနေ့က ကိုက်ထားတဲ့အမာရွတ်ကို သူ အမှန်ပင် မြင်ခဲ့သည်။ လျိုစစ်ယွီသာ သူ့ညီမသာဆိုလျှင် ရှောင်နွမ် အလယ်မှာပဲ ဖမ်းမိလိမ့်မည်။

"ကိုယ် မင်းကို ကစားဖို့ ခေါ်သွားပေးမယ်" ကျီလင်းချန် ပြန်ပြောလိုက်သည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မ ဒါကို အရင်ပြောမယ်။ ပြတိုက် ဒါမှမဟုတ် ပန်းချီပြခန်းကို မသွားဘူးနော်”

"အစားအသောက်လမ်းကော "

ဖန့်ရှောင်နွမ် ချက်ချင်း တခစ်ခစ်ရယ်ပြီး ခင်ပွန်းဖြစ်သူ၏ လက်မောင်းကို ပွေ့ဖက်လိုက်သည်။ သူမ ခေါင်းကို သူ့ပခုံးပေါ် မှီပြီး ချွဲကာပြောလိုက်သည်။ "ယောကျ်ား၊ ရှင်က အကောင်းဆုံးပဲ"

ကျီလင်းချန် သူ့ကြောင်ပေါက်လေးကို ကြည့်လိုက်သည်။ သူမကို မပြုံးပြဖို့ဆိုတာက ခက်ခဲသည်။ ဇနီးဖြစ်သူ၏ လက်ကို ကိုင်ကာ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။

All Chapters