အခန်း (၂၅၁)
Vol. 17 Ch. 251
သူတို့နှစ်ယောက် ထွက်သွားပြီးနောက် လက်ထောက် လျိုနဲ့ အတွင်းရေးမှူး စုန့်တို့ အချင်းချင်း တိုးတိုးပြောခဲ့ကြသည်။ "အတွင်းရေးမှူးစုန့်၊ မဒမ် လာတိုင်း CEO ကဘာလို့အလုပ်ကိုပစ်ထားတာလဲ။"
"ဘာလို့ ငါ့ကိုမေးတာလဲ" အတွင်းရေးမှူးစုန့်က မေးလိုက်သည်။
“မင်းလည်း အိမ်ထောင်ရှိပြီးသားမလို့ပေါ့”လို့ လက်ထောက် လျိုက ပြန်ဖြေခဲ့သည်။
ကျီလင်းချန် လက်မထပ်ခင်တုန်းက ရုံးထဲမှာတောင် သူအိပ်ခဲ့သည်။ အိမ်ထောင်ကျပြီးကတည်းက သူ့မိန်းမနဲ့တွေ့တိုင်း အလုပ်ကိစ္စတွေကို မေ့သွားတတ်သည်။ ဇနီးဖြစ်သူနဲ့ အချိန်ဖြုန်းဖို့သာ သိတဲ့သူဖြစ်လာခဲ့သည်။
အတွင်းရေးမှုး စုန့် ပြောလိုက်သည်။ “အိမ်ထောင်သည်အားလုံးက အတူတူမဟုတ်ဘူး။ ကျေးဇူးတင်ပါတယ်။ CEO က တခြားအရာပဲ။ ကျန်တဲ့ငါတို့တွေက သေမျိုးတွေချည်းပဲ။”
လူမဆန်ဘူးလို့ သူတို့ထင်ထားခဲ့တဲ့ ကျီလင်းချန် က သူ့မိန်းမကို Snack Street ကို ခေါ်သွားခဲ့သည်။ အိမ်မှာရှိနေသည့် သခင်ကြီး ကျီက ဒါကို သိလိုက်ရသောအခါတွင် ဒေါသတကြီး ခံစားလိုက်ရသည်။ သူသည် သူ့မြေး၏ လက်ကို ဆုပ်ကိုင်ကာ လင်မယားနှစ်ယောက်လုံးကို လှောင်ပြောင်နေခဲ့သည်။
“မြေးလေး၊ သွားရအောင်။ အတူတူ သွားဖမ်းကြမယ်!"
"ကျွန်တော်မသွားဘူး" ကျီဝမ်က သူ့ဂိမ်းကိုဆော့ရင်း ပြောလိုက်သည်။
"သူတို့ နှစ်ယောက်ကို ငါ ရှာတွေ့ရင် သူတို့ကို မင်းကို ရိုက်ခိုင်းဦးမယ်!"
ကျီဝမ်က သူ့ဖုန်းကိုပဲကြည့်ရင်း ပြောလိုက်သည်။ "အခုတော့ အဖိုးက ကျွန်တော့်ကို အဖိုးရဲ့မြေးလို့တွေးနေတာလား။ အဲဒါအတွက် အရမ်းနောက်ကျသွားပြီ!"
သူက ပြိုင်ကားဂိမ်းကို ကစားနေပြီး ၎င်းကို စွဲလန်းနေခဲ့သည်။
သခင်ကြီးကျီက သူ့ဘေးမှာ ငြီးတွားနေပေမယ့် သူ့မြေးရဲ့ ဖုန်းစခရင်ကို မြင်လိုက်တာနဲ့ သူ စိတ်ဝင်စားသွားသည်။ "ဘယ်ဘက်ကိုသွားလေ အရမ်းတုံးတာပဲ! ဘယ်ဘက်ကို ဘာလို့မသွားတာလဲ။ မင်း ဒီလောက်ဆိုးရွားရလား။ လာ၊ ငါ မင်းကို ဘယ်လိုလုပ်ရမလဲဆိုတာ ပြမယ်။"
စကားပြောနေစဉ်တွင် သခင်ကြီးကျီက သူ့မြေး၏ ဖုန်းကို ဖမ်းယူရန် လက်လှမ်းလိုက်သည်။
ကျီဝမ်က သူ့ဖုန်းကို အမြန်ကိုင်လိုက်သည်။ "အဖိုးမှာ ဖုန်းမရှိလို့လား။ သွား ကိုယ့်ဟာကိုယ် ကစား"
သခင်ကြီးကျီက သူ့အိတ်ကပ်ထဲက ဖုန်းကို ထုတ်လိုက်သည်။ “ဒါဆို ငါ့အတွက် ဒီဂိမ်းကို ဒေါင်းလုဒ်လုပ်ပေး။ငါ မင်းဟာနဲ့ အရင်ကစားနေမယ်"
ကျီဝမ်က သူ့ကို မပေးချင်တာကြောင့် သခင်ကြီး ကျီ က တိုက်ရိုက် လုယူသွားခဲ့သည်။ သူ့အဖိုးက သူ့ဖုန်းကို လှမ်းကိုင်လိုက်ပြီး ကျီဝမ်က သူ့လက်ထဲက ဖုန်းကို ယူဖို့ ကြိုးစားရင်း ဆိုဖာပေါ်က ပြုတ်ကျသွားသည်။ သူအော်ဟစ်အကူအညီတောင်းခဲ့သည်။ "အေမေ၊ ကယ်ပါဦး။ အဖိုး ကျွန်တော့်ဖုန်းကို ယူနေတယ်။ ကျွန်တော့်ကိုကယ်ပါဦး!”
ဖန်ချီက ရုန်းရင်းဆန်ခတ်ဖြစ်သံကိုကြားပြီး တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ကာ အခန်းထဲသို့ ပြန်ဝင်သွားသည်။ ဘာကိုမှ မမြင်ခဲ့သလို ပြုမူခဲ့သည်။
ကျီဝမ် ပြောစရာစကားမဲ့သွားသည်။
နောက်ဆုံးတော့ သခင်ကြီး ကျီက ဖုန်းကို ကောက်ကိုင်နိုင်ခဲ့သည်။ ၎င်းကို ကောက်ယူပြီး ဂိမ်းတွေ စတင်ကစားခဲ့သည်။ သူ့အတွက် အမိုက်စား မော်တော်ဆိုင်ကယ်ကိုတောင် ရွေးခဲ့သည်။
"ကျွန်တော့်အဆင့်နဲ့ လာ မရှုပ်နဲ့" ကျီဝမ် ပြောလိုက်သည်။
“အဲ့တာက မဖြစ်နိုင်ဘူး” သခင်ကြီးကျီက ပြောလိုက်သည်။သူ ငယ်ငယ်က ဆိုင်ကယ်စီးတာ အရမ်းတော်သည်။
သူစကားပြောပြီးသည်နှင့် စတင်အချက်ပြမှု ပြတ်တောက်သွားကာ သခင်ကြီးကျီရဲ့ ဆိုင်ကယ်က လမ်းဘေးရှိ နံရံကို တိုက်မိသွားသည်။
သခင်ကြီးကျီ စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။
ကျီဝမ် ပြောစရာစကားပျောက်ရှသွားသည်။ သူတော်တော် တော်နေတယ်လို့ ထင်နေတာလား?
"အဖိုး ကျွန်တော့်ကို ဖုန်းပြန်ပေးတာ ပိုကောင်းမယ် " ကျီဝမ်က သူ့ဖုန်းကို ပြန်ယူကာ သူ့ဘာသာသူ ဆက်ကစားခဲ့သည်။
သခင်ကြီးကျီရဲ့ မျက်လုံးတွေက ဖန်သားပြင်ပေါ်တွင် ကပ်နေသည်။ "မြန်မြန်လုပ်! ကျော်တက်!”
သူ့မြေးဖြစ်သူက ကားကို ကျော်တက်ဖို့ ပျက်ကွက်နေတာကို မြင်လိုက်ရတော့ သခင်ကြီးကျီက ပြောလိုက်သည်။ “မင်းရဲ့ ယာဉ်မောင်းစွမ်းရည်ကို ကြည့်လိုက်ဦး။ အရမ်းဆိုးရွားနေတာပဲ မင်း ဒီလမ်းညွှန်အတိုင်းမောင်းလို့ရတယ်လေ!"
ကျီဝမ် ပြောလိုက်သည်။ “ဒီမှာ၊ ဒီမှာ၊ ဒီမှာ။ အဖိုး တော်တယ်ဆိုရင် ဒီလမ်းညွှန်အတိုင်းမောင်းလေ"
သခင်ကြီးကျီက ရှုပ်ထွေးတဲ့မြေပုံကို တစ်ချက်ကြည့်လိုက်ပြီး သူအခုမှလုပ်ခဲ့တာတွေကို တွေးကြည့်ခဲ့သည်။ သူ့လက်ကို ကျောနောက်မှာထားလိုက်သည်။ "မလိုပါဘူး ငါ မင်းကိုလမ်းပြမယ်"
ကျီဝမ် ပြောလိုက်သည်။ "ဘယ်လိုလုပ်ရမလဲဆိုတာတောင် အဖိုး မသိဘူးလို့ထင်တယ်"
"မင်းအရိုက်ခံရတော့မယ် ထင်တယ်နော်!" သခင်ကြီးကျီက သူ့မြေးကို ကြောက်သွားအောင် သူ လမ်းလျှောက်တုတ်ကို မြှောက်ခဲ့သည်။
အဘိုး-မြေး အတွဲက တခဏမျှပင် တိတ်ဆိတ်သွားခြင်းမရှိပေ။ သူတို့ ဂိမ်းကစားနေချိန် ဧည့်ခန်းထဲတွင် ရန်ဖြစ်သံများဖြင့် ပြည့်နေသည်။
သခင်ကြီးကျီက တခြားသူတွေကို သင်ပေးရတာ ကြိုက်သည်။ သူ့မှာ ဘာမှလုပ်စရာမရှိတဲ့အခါ အကြံဥာဏ်တွေ ပေါ်လာတတ်ပေမယ့် အချိန်တိုင်းတော့ ပျက်သွားတတ်သည်။ ဒါပေမယ့် ရှုံးနိမ့်မှုသည် အောင်မြင်မှု၏ မိခင်ဖြစ်သည်ဟု အမြဲပြောလေ့ရှိပြီး အကြံဉာဏ်များ ဆက်ပေးသည်။
နောက်ဆုံးတော့ ဂိမ်းက ပြီးသွားသည်။ သခင်ကြီးကျီ ၏ လမ်းညွှန်မှုဖြင့် ကျီဝမ်ရဲ့ အဆင့်သည် အဆင့် ၉ မှ အဆင့် ၆ သို့ကျသွားသည်။ အဖိုးနှင့် မြေးတို့သည် သူတို့ လုပ်ဆောင်ခဲ့သော ဆိုးရွားလှသော တိုးတက်မှုကို ကြည့်ကာ နှုတ်ဆိတ်သွားသည်။
ညစာစားချိန်မှာတော့ သခင်ကြီးကျီက သူ့မြေးကို နှစ်သိမ့်ဖို့ ကြိုးစားခဲ့သည်။ "ရှောင်ဝမ်၊ အာ..."
ကျီဝမ် ပြောလိုက်သည်။ “ကျွန်တော့်ကို စကားလာမပြောနဲ့။
သခင်ကြီးကျီ - "ငါအခု နည်းနည်းကြောက်နေပြီ"
"ကျွန်တော့်ကို မထိနဲ့" ကျီဝမ် ပြောလိုက်သည်။
သခင်ကြီးကျီ ပြောလိုက်သည်။ "အာ! ငါနေ့ခင်းဘက် လမ်းလျှောက်မှာ "
ကျီဝမ် ပြောလိုက်သည်။ “ကျွန်တော့်ကို စကားလာမပြောနဲ့လို့"
သခင်ကြီးကျီက စကားပြောချင်တိုင်း ကျီဝမ်က သူ့ကို ကြားဖြတ်ပြောခဲ့သည်။
ဖန်ချီ၏ အမူအရာက မည်းမှောင်သွားသည်။ သူ့သားက သူ့အဖိုးအား အရမ်းအရိုအသေမဲ့နေတယ်လို့ သူမ ပြောလိုက်သည်။
“အိုး၊ စိတ်မဆိုးပါနဲ့။ ရှောင်ဝမ်က တော်တော်လေး မြေးတာဝန်ကျေပွန်ပါတယ် ပြီးတော့ ငါ့ကို လေးစားတယ်။ ကလေးကို အပြစ်ပေးလို့ မရဘူး။ ကျီဝမ်က ငါတို့ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ" သခင်ကြီးကျီက ယခုအခါ သူ့မြေးကို ကာကွယ်စောင့်ရှောက်ပေးသော ကြင်နာတတ်တဲ့ အဖိုးတစ်ဦး ဖြစ်လာခဲ့သည်။ သူ့မြေးကို ဆိုဖာပေါ်မှာ လှောင်ပြောင်ခဲ့ပြီး ဖုန်းကို လုယူခဲ့တာကို သူ လုံးဝ မေ့သွားခဲ့သည်။
ထိုညတွင် ဖန့်ရှောင်နွမ်သည် ခင်ပွန်းဖြစ်သူနှင့် ချိန်းတွေ့ပြီးနောက် အိမ်သို့ပြန်လာခဲ့သည်။ Snack Street မှ အရသာရှိသော အစားအစာများဖြင့် ပြည့်နေသော စက္ကူပန်းကန်လုံးကြီးကို သူမလက်ထဲတွင် ကိုင်ထားသည်။
"အဖေ အိပ်နေပြီလား" ဖန့်ရှောင်နွမ် မေးလိုက်သည်။
သခင်ကြီး ကျီက သရုပ်ဆောင်ကောင်းသည်။ သူက လှေကားကဆင်းလာပြီး ပြောလိုက်သည်။ “အိုး၊ အကြင်နာမဲ့တဲ့သူ နှစ်ယောက် ပြန်လာကြပြီပဲ ”
ဖန့်ရှောင်နွမ် သဘောကျစွာ ပြုံးပြီး ပြောလိုက်သည်။ “အဖေ၊ ကျွန်မပြောမယ် အဲ့တာ ကျွန်မယောကျ်ားရဲ့ အပြစ်ပဲ။ သူကျွန်မကို Snack Street ကို ခေါ်သွားပြီး သူ ဘာကောင်းတာလုပ်ခဲ့တယ်လို့ထင်လဲ။ ကျွန်မ အရမ်းစားပြီး ကိုယ်အလေးချိန်တက်လာတော့မှာ သေချာတယ်။”