← Chapters

အခန်း (၂၅၂)

Vol. 17 Ch. 252

အခန်း (၂၅၂)

Vol. 17 Ch. 252

သခင်ကြီးကျီ ဒေါသတကြီး နှာမှုတ်လိုက်ပြီး သူ့ ဒုတိယချွေးမရဲ့ စကားတွေကို ရှုတ်ချခဲ့သည်။

ဖန့်ရှောင်နွမ်က ရတနာတစ်ခုကို လက်ဆောင်ပေးနေသလိုမျိုး သူမလက်ထဲမှာ ဇလုံကို ကိုင်ထားသည်။ "တာဒါ! အဖေ၊ အထဲမှာ ဘာရှိလဲ ကြည့်လိုက်ပါဦး”

သခင်ကြီးကျီက အမွှေးရနံ့ကို အကြာကြီး အနံ့ခံနေသော်လည်း သူ အဲ့တာကို မသိပေ။

ဖန့်ရှောင်နွမ်က သူမရဲ့ ဖိနပ်တွေကိုလဲခဲ့ပြီး သခင်ကြီးကျီအား သူမဝယ်လာခဲ့တဲ့ မုန့်တွေကို ပေးရန်အတွက် လမ်းလျှောက်လာခဲ့သည်။ “အဖေ၊ အဖေရဲ့သားက တာဝန်မကျေပွန်ပေမယ့် ကျွန်မက အရမ်းတာဝန်ကျေပွန်ပါတယ်နော်။ ကျွန်မ အဖေ့ရဲ့နောက်ကွယ်မှာ အစားအသောက်ကောင်းတွေ အများကြီးစားခဲ့ပေမယ့် ကျွန်မစားတဲ့အခါတိုင်း အဖေ့ကို သတိရနေတုန်းပါပဲ။ ဒါကြောင့် ဒီဟာတွေကို အဖေ့အတွက် အထူးအနေနဲ့ ကျွန်မပြန်သယ်လာပေးခဲ့တာ"

“အဲ့လိုမှပေါ့” သခင်ကြီးကျီ ပြောလိုက်သည်။ အဆာပြေ မုန့်တွေကို ထမင်းစားခန်းထဲ ယူသွားခဲ့သည်။

သူစားနေစဉ်တွင် ကျီဝမ်က သူ့ကို လျစ်လျူရှုထားတယ်လို့ ဖန့်ရှောင်နွမ်ဆီ ကျီဝမ်အကြောင်းကို တိုင်ပြောခဲ့သည်။

"အဖေ၊ စိတ်မပူနဲ့။ အဖေ့အစား လက်စားသွားချေပေးမယ်!” ဖန့်ရှောင်နွမ်က သူမရဲ့အင်္ကျီလက်တွေကို လှန်လိုက်ပြီး ကျီဝမ်ကိုရှာရန် အပေါ်ထပ်သို့တက်သွားသည်။

သခင်ကြီးကျီ အလွန်ပင် ပေါ့ပေါ့ပါးပါး ခံစားခဲ့ရပြီး ပို၍ပင် ပျော်ရွှင်စွာ စားသောက်ခဲ့သည်။

ကျီလင်းချန် ကြားဖြတ်ပြောခဲ့သည်။ "အဖေ၊ အရမ်းကြီးမစားနဲ့။ ကိုယ့်ကိုကိုယ် ထပ်ပြီး ဆေးရုံတက်ရအောင်မလုပ်နဲ့”

သူတို့ Snack Street မှာရှိတုန်းကတော့ လျှော့ဝယ်ဖို့ သူ သူ့မိန်းမကို ပြောခဲ့ပေမယ့် သူမက လုံးဝနားမထောင်ပေ။ သူမကမြင်သမျှ အကုန်ဝယ်ပြီး စက္ကူဇလုံပြည့်လုနီးပါးရှိမှ အိမ်ပြန်ချင်ခဲ့သည်။

"ဝတ္တရားမကျေပွန်တဲ့သား!"

ကျီလင်းချန်က သူ့နှာခေါင်းကို ကိုးရိူးကားရားနိုင်စွာ ပွတ်သပ်လိုက်သည်။ “ဒါတွေက ကလေးတွေအတွက်။ အဖေက မငယ်တော့ဘူး။ အရမ်းစားရင် ဗိုက်က မခံနိုင်တော့ဘူး။ ဝမ်းနုတ်ဆေး ပြင်ထားပြီး ဒီည အိပ်ယာဘေးမှာ ထားထားလိုက်။”

"ငါ့ကို ကျိန်ဆဲမနေနဲ့” သခင်ကြီးကျီက မကျေနပ်စွာပြောလိုက်သည်။

ထိုအချိန်တွင် ကျီလင်းချန်၏ ဖုန်းမြည်လာသည်။ သူ့အဖေကို စိုးရိမ်တကြီးကြည့်ကာ အပေါ်ထပ်သို့ ဖုန်းကိုင်ရင်းတက်သွားလိုက်သည်။

ဖန့်ရှောင်နွမ်က ကျီဝမ်ရဲ့ အခန်းထဲမှာ ကစားဖို့သွားခဲ့ကာ ကျီလင်းချန် ဖြတ်သွားတော့ အတွင်းမှရယ်သံကိုကြားလိုက်ရသည်။ တူဖြစ်သူ၏ အခန်းတံခါးကို တွန်းဖွင့်ကာ ရွှင်မြူးစွာ ပြုံးနေသော ဇနီးဖြစ်သူကို ကြည့်လိုက်သည်။ "ခဏပဲ ကစား ပြီးရင် အခန်းထဲ ပြန်လာ။ ဒီည စောစောအိပ်"

ဖန့်ရှောင်နွမ် ပြန်ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ"

သူမက ကျီလင်းချန်ရဲ့သမီးနဲ့တူနေသည်။ သူမက အပြင်ထွက်ကစားပြီး သူက သူမကို အိမ်ကို စောစောပြန်လာဖို့ သတိပေးနေသည်။

ကျီလင်းချန် စာကြည့်ခန်းသို့ သွားကာ ဖုန်းကို ကောက်ကိုင်လိုက်သည်။ "နှိုင်းယှဉ်မှုရဲ့ရလဒ်က ဘယ်လိုလဲ"

ဖုန်း၏အခြားတစ်ဖက်က လက်ထောက်လျို ဖြစ်သည်။ “ဦးခေါင်းခွံတွေကို ခွဲခြမ်းစိတ်ဖြာမှုအရ မစ္စ ရှောင်ယွီနဲ့ လျိုစစ်ယွီတို့ရဲ့ ဓာတ်ပုံတွေက 60% ဆင်တူတယ်။ ဒါပေမယ့် လျိုစစ်ယွီက အခုချိန်မှာ သူမရဲ့ငယ်ငယ်တုန်းကပုံစံနဲ့ ပိုပြီးတော့တူနေတယ်"

"စောင့်ကြည့်ရေးမှတ်တမ်းကို မင်းရှာတွေ့ပြီလား"

လက်ထောက် လျို ပြောလိုက်သည်။ “ကျွန်တော် ဘာမှ ရှာမတွေ့ခဲ့ပါဘူး။ လျိုစစ်ယွီ အဲ့နေ့က ဆွယ်တာအင်္ကျီခပ်လျော့လျော့လေးကို ၀တ်ထားတော့ သူ့ရဲ့ လက်မောင်းပေါ်က အမာရွတ်ကို အုပ်ထားသလိုဖြစ်နေတယ်။ ဒါ့အပြင် စီအီးအို ဖော်ပြခဲ့တဲ့တည်နေရာက စောင့်ကြည့်ကင်မရာမှာ ဖမ်းယူဖို့ခက်ခဲတယ်။"

ကျီလင်းချန် စာကြည့်ခန်းထဲတွင် အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့သည်။

“CEO ကျီ ” လက်ထောက် လျို ခေါ်လိုက်သည်။ “စီအိိးအို မလုပ်နိုင်ဘူးဆိုရင် ကိုက်ထားတဲ့ အမှတ်အသားတွေကို အတည်ပြုဖို့ မဒမ်ကို အကူအညီတောင်းလိုက်ပါလား။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ကောင်းမွန်တာကြောင့် သူ့လက်မောင်းကို ကြည့်ဖို့ လွယ်တာဏော့။”

"ငါ ၁၀၀% မသေချာခင် ရှောင်နွမ်ကို လုပ်ခွင့်မပေးနိုင်ဘူး" ကျီလင်းချန် တည်ငြိမ်စွာ ပြန်ဖြေခဲ့သည်။ "သူမနဲ့ လျိုစစ်ယွီက အရမ်းခင်တဲ့သူငယ်ချင်းတွေ။ သူတို့သိသွားရင် အနာဂတ်မှာ သူတို့ရဲ့ ခင်မင်ရင်းနှီးမှုကို ထိခိုက်စေနိုင်တယ်။”

အတည်မပြုနိုင်သေးသော အရာတစ်ခုကြောင့် သူ့ဇနီးသည်၏ သူငယ်ချင်းကောင်းကို ဆုံးရှုံးလိုက်ရသည့် အန္တရာယ်ကို သူ မလိုလားပေ။ ထို့အပြင်၊ ဤကိစ္စသည် သူမ၏အချစ်ဆုံးသူငယ်ချင်း၏ မိသားစုကို ထိခိုက်စေနိုင်ဖွယ်ရှိသောကြောင့် ဇနီးသည်ကို နှိုးဆော်ခြင်းမပြုလိုပေ။

သူတို့မိဘတွေရဲ့ သားသမီးမဖြစ်နိုင်ဘူးလို့ အပြောခံရတဲ့သူတိုင်း ဒေါသထွက်ကြလိမ့်မယ်။ သူ့ဇနီးလေးကို သူယုံကြည်မှုအပြည့်ရှိမှပဲ ပြောမည်။

“မစ္စတာလျိုနဲ့ မစ္စစ်လျိုတို့ရဲ့ သွေးအမျိုးအစားတွေက A နဲ့ AB ဆိုတာကို ငါမှတ်မိတယ်။ လျိုစစ်ယန်ရဲ့ အမျိုးအစား ကလည်းA ပဲ" ကျီလင်းချန် ရုတ်တရက် ပြောလိုက်သည်။

လက်ထောက် လျိုက CEO ဘာကိုဆိုလိုသည်ကို နားမလည်ပေ။

“ ရှောင်ယွီရဲ့ သွေးအမျိုးအစားက O” လို့ ကျီလင်းချန်က ထပ်ပြောခဲ့သည်။

လက်ထောက် လျို နားလည်သွားသည်။ “ဒါပေမယ့် CEO၊ ကျွန်တော်တို့ မစ္စ လျိုစစ်ယွီနဲ့ ဆက်သွယ်ဖို့ အခွင့်အလမ်း မရှိဘူး။ ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုအရ လျိုစစ်ယန်က သူ့ကို နေ့တိုင်း ကျောင်းလာကြိုတာ။ သူမ ကျောင်းတက်နေချိန်မှာ သူမက မဒမ်နဲ့အတူ အမြဲရှိနေတာ။ သန့်စင်ခန်းတောင် အတူတူသွားကြတာ”

ထိုအချိန်တွင် လက်ထောက် လျိုသည် မိန်းကလေးများကြား ခင်မင်ရင်းနှီးမှုကို နားမလည်နိုင်ခဲ့ပေ။ အတူတူ ဈေးဝယ်ထွက်ကြတာ နားလည်နိုင်ပေမယ့် ဘာလို့ အတူတူ သန့်စင်ခန်းသွားကြတာလဲ။ အမွှာပူးလား? ခွဲခွာရရင် အသက်မရှင်နိုင်တဲ့ အမျိုးအစားလား ? အထူးဆန်းဆုံးကတော့ တစ်ခါတလေ မဒမ်က သန့်စင်ခန်းတောင် မသွားဘူး။ သူမ တံခါးဝမှာ စောင့်နေတာ။ သူတကယ် နားမလည်နိုင်ခဲ့ပေ။ မဒမ်က အဲဒီမှာရှိနေခဲ့ပြီး လက်ထောက် လျိုက မဒမ်ရဲ့ ယှဉ်ပြိုင်မှု ဗီဒီယိုကို မြင်ထားတာကြောင့် သူမကို စော်ကားဖို့ လုံးဝမဝံ့ရဲခဲ့ပေ။ သူတို့ကို နောက်ယောက်ခံလိုက်နေတဲ့အချိန်မှာ အဝေးကပဲ လိုက်ရဲသည်။ ကျောင်းပြီးသောအခါတွင် ရဲမှူး လျိုစစ်ယန်မှာ စဉ်းစားဖို့ကျန်နေသေးသောကြောင့် သူတို့ မပိတ်ရဲကြသေးပေ။

ကျီလင်းချန် သည် ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုမှတ်တမ်းရှိသင့်သည်ဟု တွေးထင်ခဲ့သည်။ "လျိုစစ်ယွီ မွေးတုန်းက အဲ့မှာလည်း မှတ်တမ်းတစ်ခုရှိရမယ်။ ဒီမှတ်တမ်းနှစ်ခုကို နှိုင်းယှဉ်ကြည့်ဖို့ပဲ လိုတော့တယ်။”

လက်ထောက် လျို ရုတ်တရက် ဉာဏ်အလင်းရသွားသည်။ တကယ်ကို လိမ္မာပါးနပ်တဲ့ CEO တစ်ယောက်ပဲ။

"နားလည်ပါပြီ CEO။ ကျွန်တော် ချက်ချင်းစုံစမ်းလိုက်မယ်!" လက်ထောက် လျိုက ဖုန်းချပြီး စုံစမ်းစစ်ဆေးရန် သွားခဲ့သည်။

All Chapters