အခန်း (၂၅၅)
Vol. 17 Ch. 255
လျိုစစ်ယန် ပြောလိုက်သည်။ “အဖိုးက နေသိပ်ကောင်းသေးတာမဟုတ်ဘူး။ အဖိုးနဲ့အဖွားတို့ မကြာခင် ငါတို့အိမ်မှာ လာနေတော့မှာ။ မင်းရဲ့အတန်းဖော်တွေကို ငါတို့အိမ် ခဏခဏ မဖိတ်နဲ့။ သူတို့ကို အနှောင့်အယှက်ဖြစ်စေလိမ့်မယ်။ဒါ့အပြင် အဲ့ကျီလင်းချန်၊ သူ့ရဲ့အထောက်အထားနဲ့ အဆင့်အတန်းက ထူးခြားတယ်။ သူက အရမ်းရှုပ်ထွေးတယ်။ ရှောင်နွမ်ကို ကျောင်းကနေ လာခေါ်တာတောင် သံသယတွေကို ရှောင်ပြီး သူတို့နဲ့ ဆက်ဆံရနည်းအောင် မင်းသိထားရမယ်။ သူက ရှောင်နွမ်ရဲ့ယောကျ်ားဖြစ်ပေမဲ့ သူက မင်းအတွက် သူစိမ်းဖြစ်နေတုန်းပဲ။”
လျိုစစ်ယွီ ပြောလိုက်သည်။ “ညီမ သိပါတယ်။ အစ်ကို၊ ညီမကို သတိပေးစရာမလိုဘူး။ ညီမ သိတယ်။"
“ဟုတ်ပြီ” လျိုစစ်ယန် ပြန်ဖြေလိုက်သည်။ သူကားမောင်းနေစဉ် မသိစိတ်က သူ့ညီမ၏ လက်မောင်းကို တစ်ချက်ကြည့်ကာ ဘာမှပြန်မပြောခဲ့ပေ။
ကျီလင်းချန်က သူ့ဇနီးလေးကို သူ့ရုံးခန်းကို ခေါ်သွားခဲ့သည်။ ဖန့်ရှောင်နွမ်က ဆိုဖာပေါ်တွင် ကွေးပြီး ဂိမ်းကစားနေစဉ်တွင် သူကတော့ ကွန်ပြူတာအသုံးပြုပြီး အလုပ်လုပ်နေခဲ့သည်။ သူ ဇနီးဖြစ်သူ၏ အနားသို့ လျှောက်သွားခဲ့သော်လည်း လျစ်လျူရှုခံခဲ့ရသည်။ ဇနီးဖြစ်သူရဲ့ ဖတ်စာအုပ်ကို ကောက်ယူပြီး ဖွင့်ကြည့်လိုက်သည်။ စာအုပ်၏ စာမျက်နှာတစ်ခုတွင် ရေးသားထားသည်က “ကျီလင်းချန်က အင်တာနက်ခေတ်ဟု အင်တာဗျူးတစ်ခုတွင် ဖော်ပြခဲ့သည်။ အချက်အလက်ကြီး…” အဲဒီမှာ သူ့နာမည်ဘေးမှာ လက်ရေးနဲ့ဆွဲထားသည့်ငှက်တစ်ကောင်ကို သူတွေ့လိုက်သည်။ ငှက်ကလေးက သူ့နာမည်ကို ဆိတ်နေပုံရသည်။ ငှက်ကလေးမှလွဲ၍ သူ “ ..ရဲ့ဇနီး” ဟုဖတ်မိသည်။ တည်းဖြတ်မှုနှင့်အတူ ဖတ်လိုက်သောအခါတွင် အဲ့တာက "ကျီလင်းချန်၏ ဇနီးအား တွေ့ဆုံမေးမြန်းခဲ့သည်..."ဖြစ်သည်။
သူ့မိန်းမလား? နူးညံ့ပြီး ချစ်ဖို့ကောင်းတဲ့ ဇနီးလေးကို ကြည့်ဖို့ ခေါင်းကို လှည့်လိုက်သည်။ သူမက တကယ်ကို မိုက်မဲခဲ့တာ။ သူမ ဂိမ်းရှုံးတော့မည်ဖြစ်သောကြောင့် ဖြစ်နိုင်သည်မှာ ဖန်သားပြင်ပေါ် ဒေါသတကြီး ပုတ်နေခြင်းဖြစ်သည်။
ကျီလင်းချန်က သူမကို မနှောင့်ယှက်ဘဲ သူမ၏ ဖက်စာအုပ်ကို ဆက်လှန်ကြည့်ခဲ့သည်။ မျှော်လင့်ထားသလိုပဲ သူနဲ့ပတ်သက်တဲ့ အပိုင်းတွေ အများကြီးရှိသည်။ "ကျီလင်းချန်သည် ကျီ ကော်ပိုရေးရှင်းအား ခေတ်၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွင် ရှေ့တန်းမှ ဦးဆောင်နေသည်။"
ဖန့်ရှောင်နွမ်က သူ့နာမည်နံဘေးမှာ ပဲ့ပိုင်းအပုံ တစ်ပုံဆွဲထားပြီး မှတ်ချက်တောင်လုပ်ထားသည်။ “သူက လူသားဖြစ်ပေမဲ့ လူနဲ့တူတယ်လို့တော့ မထင်ဘူး” တဲ့။ စာသားကို သူမ နားမလည်သောကြောင့် ခင်ပွန်းသည်၏ စကားပြောပုံမှာ မှားယွင်းသည်ဟု ယူဆသည်။
ကျီလင်းချန် ပြုံးလိုက်ပြီး သူ့ရဲ့ ပုလဲလိုတောက်ပနေတဲ့ သွားတွေကို ထုတ်ဖော်လိုက်သည်။ သူ့ကို အရမ်းပျော်အောင် လုပ်ပေးနိုင်တဲ့ အရာတွေဆိုတာ အရမ်းရှားသည်။ သူ့ကိုယ်သူ သက်ပြင်းချလိုက်သည်။ အနာဂတ်တွင် သူသည် ရိုးရိုးရှင်းရှင်းနှင့် ပြတ်ပြတ်သားသား ပြောဆိုရမည်ဟု ထင်ရသည်။ မဟုတ်ရင် သူ့ကြောင်ပေါက်လေးက နားမလည်ဘူးဆိုရင် သူ့ကို အပြစ်တင်လိမ့်မည်။
ကျီလင်းချန် ဆက်ဖတ်တော့မယ့်အချိန်မှာ ဖန့်ရှောင်နွမ် က ရုတ်တရက် စာအုပ်ကို လုယူသွားသည်။ "ရှင် ဘာလို့ ကျွန်မ စာအုပ်ကိုဖတ်နေတာလဲ"
ကျီလင်းချန် စိတ်အခြေအနေ ကောင်းနေသည်။ "အတန်းထဲမှာ ကိုယ့်သူငယ်ချင်းလေး အာရုံစိုက်နေလားဆိုတာ ကိုယ်သိချင်လို့ "
ဖန့်ရှောင်နွမ်က စာအုပ်ကိုပိတ်ကာ သူမ၏ခင်ပွန်းဖြစ်သူအား ဖတ်ခွင့်မပေးဘဲ သူမတင်ပါးအောက်တွင် ထားလိုက်သည်။
"ဘာလို့ ကိုယ့်ကို မကြည့်ခိုင်းတာလဲ" ကျီလင်းချန် မျက်ခုံးပင့်လိုက်သည်။
"အကြောင်းပြချက်မရှိဘူး" ဖန့်ရှောင်နွမ် အပြစ်ကင်းစွာပြောလိုက်သည်။ ကျန်တဲ့အကြောင်းအရာများကို ခင်ပွန်းဖြစ်သူက မြင်ခွင့်မပြုနိုင်ပေ။
ပထမအနည်းငယ်ကိုတော့ မေ့လိုက်တော့။ သူ့ရဲ့ပုံတွေအကုန်လုံးကို ဝက်တစ်ကောင်လိုဖြစ်အောင် သူမ ဆွဲထားတာကို သူမြင်ရင် သူမဖင်ကို ရိုက်မှာလား။
“ကျန်တာတွေကိုယ့် ကြည့်ပါရစေဦး” ကျီလင်းချန် ပြောလိုက်သည်။
"ဘာမှမရှိဘူး၊ ရှင် ကြည့်စရာဘာမှမရှိဘူး" ဖန့်ရှောင်နွမ် ပြန်ဖြေလိုက်သည်။
သူ့ဇနီး၏ ရှုပ်ထွေးနေတဲ့ အမူအရာကိုမြင်သောအခါတွင် အကြောင်းအရာက ထင်သလောက်မရိုးရှင်းကြောင်း ကျီလင်းချန် သိလိုက်သည်။ သူ့အတွက် "အံ့အားသင့်စရာ"က စောင့်မျှော်နေနိုင်သည်။
"စာအုပ်ကို ထပ်ကြည့်မယ်" ကျီလင်းချန် ပြောလိုက်သည်
ဖန့်ရှောင်နွမ်က အခြားစာအုပ်တစ်အုပ်ကို ကောက်ယူလိုက်ပြီး ခင်ပွန်းဖြစ်သူ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ "ဒါကိုကြည့်!"
ကျီလင်းချန်က ထိုစာအုပ်ကို ဘေးဖယ်ထားလိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ သူ့ဇနီးလေးဆီ သွားခဲ့သည်။ သူမရဲ့ခါးကို ဖက်ပြီး လက်တစ်ဖက်ဖြင့် သူ့ပေါင်ပေါ် တင်လိုက်သည်။ သူမ၏ တင်ပါးသေးသေးလေးက မျက်နှာချင်းဆိုင်မှာရှိနေတာကြောင့် သူမကို ရိုက်ဖို့လွယ်ကူသည်။
ဖန့်ရှောင်နွမ်က ထိုအမျိုးသား၏ ခြေထောက်တွေပေါ်တွင် ခြေပစ်လက်ပစ်ထိုင်နေပြီး သူမ ရုန်းထနိုင်ဖို့ ကြိုးစားခဲ့သည်။ "ယောကျ်ား၊ ရှင်က လူယုတ်မာပဲ!"
ကျီလင်းချန် ကျောင်းသုံးစာအုပ်ကို အောင်မြင်စွာ ရယူနိုင်ခဲ့သည်။ အဲ့တာက သူ့မိန်းမ တက်ထိုင်ထားလို့ နွေးနေခဲ့သည်။ သူ အဲဒါကို ပြန်ပြီးလှန်ကြည့်လိုက်သည်။
ဖန့်ရှောင်နွမ် ပြန်ထချင်ပေမယ့် ခင်ပွန်းဖြစ်သူက သူမရဲ့ လည်ပင်းကနေကိုင်ပြီး ဖိချလိုက်တာကြောင့် သူမ လုံးဝမလှုပ်နိုင်ခဲ့ပေ။ “ယောကျ်ား၊ ရှင့်ကိုညကြည့်ခွင့်မပေးဘူး။ ကျွန်မကိုလွှတ်!”
သူမက သူမ၏လက်တွေကို ဆက်လှုပ်ယမ်းနေသော်လည်း သူမ၏လှုပ်ရှားမှုများကို ကန့်သတ်ထားသောကြောင့် သူမ သူ့ကို လုံးဝမရိုက်နိုင်ပေ။
စာမျက်နှာ ၅၆၊ ကျီလင်းချန်ရဲ့ ပုံတူက ဝက်ခေါင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
စာမျက်နှာ ၇၃၊ သူမှာ မလိုက်ဖက်တဲ့ နှာတံနှင့် ကျောက်ပေါက်နေတဲ့ မျက်နှာတစ်ခုရှိသည်။
စာမျက်နှာ ၁၂၅၊ သူ့မှာလူသားတစ်ဦး၏ အခြေခံအင်္ဂါရပ်များပင် မရှိခဲ့ပေ။ သူ့ကြောင်ပေါက်လေးက ကြွက်သွားတွေနဲ့ ကြောင်ပါးသိုင်းမွေးတွေကို ဆွဲထားသည်။ သူ့ဆံပင်က အနီရောင်ဖြစ်နေပြီး သူ့ခေါင်းမှာ ဝက်နားရွက်တစ်စုံ ရှိသည်။ အောက်ခြေရှိ အမည်ကိုလည်း ဖြတ်တောက်ပြီး “ကျူးပါကျဲ” ဟု ပြောင်းလဲထားသည်။
ဖျန်း!
ဖန့်ရှောင်နွမ်ရဲ့တင်ပါးကို လက်ဖြင့် ရိုက်လိုက်သည်။
ရှက်လွန်းလို့ သူမမျက်နှာက ခရမ်းချဉ်သီးတွေလို နီရဲလာသည်။ “ယောကျ်ား!”
“ပန်းချီဆွဲရတာ ဝါသနာပါရင် မင်းကို ကိုယ် ပန်းချီသင်တန်းတက်ခိုင်းမယ်။”
ဖန့်ရှောင်နွမ် လှည့်ကြည့်ဖို့ ကြိုးစားပြီး ဒီတစ်ကြိမ်မှာတော့ ကျီလင်းချန်က သူမရဲ့ လှုပ်ရှားမှုတွေကို မကန့်သတ်ထားပေ။ ခင်ပွန်းသည်၏ ပေါင်ပေါ်၌ ပက်လက်ပြန်လှန်လိုက်ပြီးနောက် ခင်ပွန်းသည်၏ ပခုံးကို အသုံးပြု၍ မိမိကိုယ်ကို ပြန်ထလိုက်သည်။ သူမ ချွဲကာပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မ မသင်ချင်ဘူး!"
ကျီလင်းချန်က သူ့ဇနီးလေးကို တစ်ချက်ကြည့်လိုက်သည်။ သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး သူ့မိန်းမအတွက် drawing board ကောင်းကောင်းလေး မှာပေးဖို့ အတွင်းရေးမှုး စုန့်ကို အမိန့်ပေးတော့မည်ပင်။ ဒီလိုနည်းနဲ့ သူ့ကြောင်ပေါက်လေးက ပန်းချီဆရာတစ်ယောက် ဖြစ်လာနိုင်သည်။